07/03/2024
နယ်စပ်ဒေသတရားမဝင် ဝင်ရောက်နေထိုင်သူ နိုင်ငံ
ခြားသား ၂၂၀၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်း
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐌𝐚𝐫𝐜𝐡 , 𝟔 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { နယ်စပ်ဒေသ }
နယ်စပ်ဒေသတရားမဝင် ဝင်ရောက်နေထိုင်သူ နိုင်ငံ
ခြားသား ၂၂၀၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းခဲ့ကြောင်း နစကသတင်းထုတ်
ပြန်သည်
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါ
အဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်
စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှ မတ်လ ၅ ရက်အထိ တရုတ်နိုင်ငံသား ၁၉၆၉ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃၈ ဦး၊ ထိုင်းနိုင်ငံသား ၉၃ ဦး၊ အိန္ဒိယနိုင်ငံသား ၃၃ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦးတို့ အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၂၂၀၁ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်အထိ တရုတ်နိုင်ငံသား ၅၀,၇၇၂ ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၂,၈၂၀ ဦးကို စိစစ်ဖော်ထုတ်၍ ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်ခဲ့ကာ သက်
ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံ စနစ်တ
ကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်သတင်းပုံရိပ်
#နယ်စပ်ဒေသတရားမဝင်
#ဝင်ရောက်နေထိုင်သူ
#နိုင်ငံခြားသား ၂၂၀၀ ကျော်
#သက်ဆိုင်ရာနိုင်ငံများသို့
#ထပ်မံလွှဲပြောင်း
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 တွင်လည်းဖတ်ရှု့ရန်>>>>
https://t.me/yangonnewsimage/4663
[Unicode]
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
https://t.me/yangonnewsimage/4663