
30/07/2025
(သတင်းဆောင်းပါး)-Article
သီဟိုဠ်စွယ်တော်၊ ပေါ်တူဂီဘုရင်ခံချုပ်နှင့်ဘုရင့်နောင်တို့၏သမိုင်းကပြောသောစကားသံ
═══════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐉𝐮𝐥𝐲 , 𝟐𝟖 , 𝟮𝟬𝟐𝟓 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { Article }
(သတင်းဆောင်းပါး)-Article
သီဟိုဠ်ကျွန်း (သီရိလင်္ကာ) တွင်တည်ရှိသော စွယ်
တော်မြတ် သည် ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာ၊ တန်ဖိုးထားအမြတ်ထားသော ဓာတ်တော်ဖြစ်သည်။
သို့သော် ခရစ်တော်ဘာသာကြီးကြပ်မှုအောက်ရှိ ဂိုအာရှိ ပေါ်တူဂီဘုရင်ခံချုပ်နှင့် ဘုရင့်နောင်မင်းတရားကြီး ကြားတွင် ယင်းစွယ်တော်နှင့် ပတ်သက်ပြီး ရောင်းဝယ်မှု၊ ပျက်စီးမှု၊ ပြန်လည်ရရှိမှုများ စသည်ဖြင့် ထူးခြားသည့် သမိုင်းဖြစ်ရပ်တစ်ရပ်ဖြစ်ပေါ်ခဲ့သည်။
ဂျက်ဖနာမှလုယက်ခံလိုက်ရသည့် စွယ်တော်
---------------------------------------------
၁၆ ရာစုခန့်၌ ပေါ်တူဂီတို့သည် သီဟိုဠ်ကျွန်းသို့ ကျူးကျော်လာကာ ဂျက်ဖနာမြို့ကိုဖျက်ဆီးပြီး များစွာသော ဘုရားပစ္စည်းများနှင့်အတူရွှေနှင့် စွယ်တော်မြတ်ကိုလည်း လုယူသွားခဲ့သည်။
ထိုစွယ်တော်သည် ကန္ဒီဘုရင်မှ ဂျက်ဖနားဘုရင်ထံ ခေတ္တအပူဇော်ခံ ပေးပို့ထားသည့် အစစ်စွယ်
တော် ဖြစ်ကြောင်း သတင်းများထွက်ပေါ် လာ
သည်။
ဘုရင့်နောင်၏ ဝမ်းနည်းခြင်းနှင့် စွယ်တော်ကို ထိန်းသိမ်းလိုမှု
----------------------------------------------
ဤသတင်းကိုကြားသိသော (၁၅၆၀) ခုနှစ်တွင် ဘုရင့်နောင်သည် တန်ဖိုးကြီးသောစွယ်တော်မုန်းတီးခြင်းခံရသည်ကို သိရသဖြင့် စိတ်မထဲမ
ချမ်းမသာဖြစ်ခဲ့ရသည်။
၎င်းသည် စွယ်တော်ကို မီးပူဇော်ခြင်း၊ ဆီမီးပူ
ဇော်ခြင်း၊ တံမြက်အလှူ စသည်ဖြင့် ဆက်လက်
ကြည့်ညိုထားသူတော်ဖြစ်သည်။ ထို့ကြောင့် ဘုရင့်နောင်သည် ဂိုအာဘုရင်ခံချုပ်ထံ ဥရောပငွေခြောက်သောင်းနှင့် မြန်မာငွေခုနှစ်သိန်းပေး၍ စွယ်တော်ကို ဝယ်ယူမည်ဟုကမ်းလှမ်းခဲ့သည်။
ဘာသာရေးကန့်ကွက်မှုနှင့် ဖျက်ဆီးခံရသော စွယ်တော်
-----------------------------------------------
ပေါ်တူဂီဘုရင်ခံချုပ်က အဆိုပါကမ်းလှမ်းမှုကို လက်ခံခဲ့သော်လည်း ဂိုအာရှိ ခရစ်ယာန်ဂိုဏ်း
ချုပ်မှ “ရုပ်တုကို ကိုးကွယ်ခြင်း”သည် ခရစ်
ယာန်ကျမ်းစာနှင့် ဆန့်ကျင်သည်ဟုဆိုကာ စွယ်
တော်ကို ဖျက်ဆီးဖျက်သိမ်းရမည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်တွင် ခရစ်ယာန်ဘာသာရေးခုံရုံး (Inquisition) မှ ပြင်ပတွင်ဖျက်ဆီးရန် အမိန့်ချပြီး ဂိုအာဘုရင်ခံချုပ်သည် အမိန့်အတိုင်းအများ
ရှေ့တွင် စွယ်တော်မြတ်ကို ကျောက်ငရုတ်ဆုံဖြင့်ထောင်းချ၍ မီးရှို့ပြီး ပြာများကိုပင်လယ်သို့ ပစ်လိုက်သည်။
ဘုရင့်နောင်မှ တုံ့ပြန်မှုနှင့် စွယ်တော်ပြန်လည်ရရှိမှု
--------------------------------------------------
ထိုသမိုင်းဖြစ်ရပ်မှ (၁၃) နှစ်ကြာသော်လည်း ဘုရင့်နောင်သည် ကိုလံဘိုဘုရင်ထံသို့ သံအဖွဲ့ပေးပို့လိုက်သည်တွင် ကိုလံဘိုဘုရင်က ၊ စွယ်တော်
အစစ်တစ်ဆူနှင့် မင်းသမီးတော်တစ်ဦးကိုပြန်
လည် တုံ့ပြန်ပေးခဲ့သည်။ ကိုလံဘိုဘုရင်သည် မိမိပေးသော စွယ်တော်သည် ဂျက်ဖနာဘုရင်က ဝှက်ထားသော အစစ်ဖြစ်ကြောင်း ကျိန်ဆိုခဲ့သည်။
ထို့အပြင်ပေါ်တူဂီတို့ဖျက်စီးသွားသောစွယ်တော်
သည် လဲလှယ်ထားသောအတုဖြစ်သည်ဟုလည်း အမြင်တချို့ကထုတ်ဖော်ပြောကြသည်။
သမိုင်းကပြောသောအမှန်စကား
---------------------------------
သို့သော် သမိုင်းပညာရှင်တော်ကြီး D.G.E. Hall နှင့် အခြားသမိုင်းမှတ်တမ်းအရ ပေါ်တူဂီတို့ရသွားသည့်စွယ်တော်နှင့် ပြန်လည်ပေးပို့ခံရသည့်စွယ်တော်များသည် အစစ်မဟုတ်ဘဲ စွယ်တော်ပွားများသာဖြစ်ပြီး ကိုလံဘိုဘုရင်၏ သမီးတော်မှာလည်း သမီးအရင်းမဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော ကိုလံဘိုဘုရင်၌ သမီးတော်တစ်ယောက်မျှပင် မရှိလေသောကြောင့်တည်း။ (D.G.E. Hall.)
ပတ္တမြားစီချယ် ရွှေကြုတ်ရယ်နဲ့စွယ်တော်
မဟာစေတီ ဌာပနာပျော်
--------------------------------------------
ခရစ်နှစ် (၁၅၇၆) ခုနှစ်တွင် စွယ်တော်နှင့်အတူ မင်းသမီးတို့သည် မြန်မာပြည်သို့ရောက်လာကြရာတွင် ခမ်းနားကြီးကျယ်စွာ ကြိုဆိုပူဇော်လေ၏။ စွယ်တော်ကို မြနှင့်ပတ္တမြားများစီချယ်ထားသော ရွှေကြုတ်အတွင်းထည့်၍ ပဲခူးရှိ မဟာစေတီတော်တည်ရာ၌ ဌာပနာပြုလှူဒါန်းခဲ့လေ၏။
အမြင်လှဲ့စားကလီကမာများ
-----------------------------
ဤမှတ်တမ်းအရ စွယ်တော်အစစ်သည် ဂျက်ဖနားဘုရင့်ထံမှ ပေါ်တူဂီတို့ထံပါသွားပြီး ဖျက်ဆီးခံရသည်ဟု မှတ်ယူရမည်ဖြစ်သကဲ့သို့ ပေါ်တူဂီတို့ရသွားသည့်စွယ်တော်သည် အတုဖြစ်ပြီး အစစ်ကို ကိုလံဘိုဘုရင်မှတဆင့် မြန်မာဘုရင် ဘုရင့်နောင်ထံသို့ ရောက်ရှိသွားသည်ဟု ယူဆရမည်ဖြစ်သည်။
သို့သော်လည်း အမှန်မှာမူ ထိုစွယ်တော်နှစ်ဆူလုံးသည် အစစ်များမဟုတ်ကြဘဲ စွယ်တော်ပွားများသာဖြစ်သည်။
ယုတ္တိမတန် ပြယုဂ်ဟန်
-----------------------
ဂျက်ဖနားဒေသသည် အစဉ်အဆက် ဟိန္ဒူကျေးကုလားများ ကြီးစိုးရာဒေသဖြစ်သည်။ ၎င်းတို့သည် ရာစုနှစ်များစွာ ဗုဒ္ဓဘာသာအပေါ် အမြဲတစေတိုက်ခိုက်လေ့ရှိသည်။ ရှေးအခေါ်ကျေးကုလား ယခုအခေါ် တမီးလ်ကျားသူပုန်တို့သည် ၂၀၁၀ ပြည်တွင်းစစ်ကြီး အဆုံးသတ်သည်အထိ ဗုဒ္ဓဘာသာ၏အထွတ်အမြတ်နေရာများဖြစ်သည့် "ကန္ဒီစွယ်တော်တိုက်၊ မနုရာဓပူရရှိ ဇေယျာသီရိမဟာဗောဓိပင်နှင့် မဟာစေတီ" တို့ကို အကြိမ်ကြိမ်အကြမ်းဖက်တိုက်ခိုက်ခဲ့ကြသည်။
ထိုကဲ့သို့သော သူများကြီးစိုးရာဒေသသို့ ပေါ်တူဂီတို့ကျူးကျော်စစ်စသည့်နေသည့်အရပ်သို့ သီဟိုဠ်သားတို့၏ အသဲနှလုံးဖြစ်သောစွယ်တော်
ကိုပေးပို့ထားသည်ဆိုသည်မှ ယုတ္တိမတန်ချေ။
ဆောင်းပါးထဲကစကားလက်ဆောင်
------------------------------------
ဘုရင့်နောင်မင်းသည် ဓမ္မကိုသာလျှင်အမြင့်ဆုံးအဖြစ်အသိအမှတ်ပြုပြီး သံဃာ့အဖွဲ့၏တရားဥပဒေကိုလည်း လေးစားလိုက်နာသူတဦးဖြစ်ကြောင်းနှင့်ဓမ္မမျှတမှုအပေါ် ဦးစားပေး၍ ယုံကြည်ထားသူအဖြစ်မြင်တွေရပါသည်။
ဘုရင့်နောင်မင်း၏သက်တမ်းကာလအတွင်း သာသနာ
တည်မြဲစေခဲ့ခြင်း၊ ဗုဒ္ဓဘာသာနှင့် ဥပဒေအခြေခံမှုဖြင့် ပြည်သူပြည်သား စိတ်အေးမြခြင်းကို ပေးနိုင်ခဲ့သည်။
ဤသမိုင်းဖြစ်ရပ်သည် ဓမ္မတရား၏အထွတ်အမြတ်နှင့်
ဘာသာရေးဆိုင်ရာလေးစားမှုတို့ကိုဖော်ပြနေသကဲ့သို့၊
သက်တမ်းရှည်သော ယုံကြည်ခြင်းသည် တန်ဖိုးသစ်တစ်ခုကိုဖန်တီးနိုင်သည်ကိုလည်း သက်သေအဖြစ်ထင်ဟပ်ပြနေပေတော့သည်။
(သုခိတာဟောထ၊ ဒုက္ခာ မုစ္စထ- ချမ်းသာဟူသမျှ ပြည့်စုံပါစေ၊ ဆင်းရဲမှန်သမျှ ကင်းဝေပါစေ)
➖ဓမ္မဝီရ ဒေါက်တာအရှင်တေဇနိယ➖
(ဆောင်းပါးရှင်ဆရာတော်)
ကိုးကားစာအုပ်များ (References / Sources):
၁။ ဂျီအီးဟာဗီ (Harvey, G. E.)။ (၁၉၂၅)။ မြန်မာ့သမိုင်း (သုခထွန်းဘာသာပြန်)။
၂။ ဒီဂျီအီးဟောလ် (Hall, D. G. E.)။ (၁၉၅၅)။ အရှေ့တောင်အာရှသမိုင်း။
၃။ (၂၀၀၁)။ ကန္ဒီသွားတော်မြတ်နှင့် ၎င်း၏
သမိုင်းနောက်ခံ။ မြန်မာသမိုင်းသုတေသနဂျာနယ်၊ အမှတ် ၃။
#𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
#သီဟိုဠ်စွယ်တော် #သမိုင်းကပြောသောစကားသံ
#ဓမ္မဝီရ ဒေါက်တာအရှင်တေဇနိယ
#အရဟံဖောင်ဒေးရှင်း ၊ဓမ္မကောလိပ်
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 တွင်လည်းဖတ်ရှု့ရန်>>>>>
https://t.me/yangonnewsimage/5683