Yangon Thu Michelle

Yangon Thu Michelle Life Style Of A Yangon Girl A women who still living in her girl's era.

✨၂၀၁၈ က ပုံအဟောင်း ✨
27/07/2025

✨၂၀၁၈ က ပုံအဟောင်း ✨



Martyrs’s Day
19/07/2025

Martyrs’s Day

သင့်တော်ရာတစ်ပုံ ရွေးချယ်ပါ 😜
14/07/2025

သင့်တော်ရာတစ်ပုံ ရွေးချယ်ပါ 😜



Vietnam moment in Hanoi
04/07/2025

Vietnam moment in Hanoi





01/07/2025

၂၀၂၅ ရဲ့ ပထမ ခြောက်လကတော့ ထားလိုက်တော့

ချစ်ရတဲ့မိတ်ဆွေတို့ရေအရမ်းကြိုက်နေတဲ့ makeup ဘရမ်းတစ်မျိုး ပြောပြချင်လို့။ အဲ့ဒီလောက်ကောင်းမယ်ကို မထင်ထားခဲ့တာ။ “တရုတ်” ...
29/06/2025

ချစ်ရတဲ့မိတ်ဆွေတို့ရေ

အရမ်းကြိုက်နေတဲ့ makeup ဘရမ်းတစ်မျိုး ပြောပြချင်လို့။ အဲ့ဒီလောက်ကောင်းမယ်ကို မထင်ထားခဲ့တာ။ “တရုတ်” ဘရမ်းဖြစ်လို့ စိတ်မချဘူး။ မသုံးချင်ဘူးဆိုလည်းရပါတယ်နော် …။ တစ်တော့မှာ trend ဖြစ်နေလို့ စိတ်ဝင်စားတာနဲ့ စမ်းရင်း ကြိုက်သွားတာမို့ ကိုယ့်အကြိုက်နဲ့ ကိုယ်ပါပဲ။

Aztk ရဲ့ပါးနီ JC 04 ပါ။ တခြားနံပါတ်တွေရှိရဲ့သားနဲ့ ဒီအရောင် ဒီနံပါတ်က အားလုံးထဲမှာ အလှဆုံးပါ။ ပန်းရောင်နဲ့ ခရမ်းရောင်ကြားထဲက အရောင်မို့ ငယ်သွေးကြွယ်လှနေတဲ့ အရောင်မျိုးပါ။ warm tone/cool tone မဆို လိုက်တာမို့ အဝယ်မမှားတဲ့ အရောင်ပါ။ blend လုပ်ရလွယ်တယ်။ အရောင်စွဲပြီး တစ်နေကုန်ခံတယ်။ ဒါပေမဲ့ ပါးပါးကြည်ကြည် sheer ဖြစ်တာမို့ အရောင်တောက်တာ ကြိုက်ရင် Azkt ကို မကြိုက်လောက်ပါဘူး။ Rare beauty Blush ကြိုက်ရင် Aztk က ပါးတယ်လို့ ခံစားရပါလိမ့်မယ်။ နောက်ထပ် Aztk နှုတ်ခမ်းနီလည်း ကြိုက်တယ်။ စိုရွဲရွဲကိုမှ ရေဓာတ်ဖြည့်ပေးတော့ နှုတ်ခမ်းကွဲ၊ ခြောက်တာ သက်သာတယ်။ gloss type/Jelly type မို့ အရောင်တော့ မစွဲဘူး။

မီရှဲကတော့ နေ့တိုင်းသုံးလို့လွယ်တာမို့ ဒါပဲသုံးဖြစ်တယ်။ စျေးကတော့ ၂၉၀၀၀ ကနေ ၃၅၀၀၀ ဝန်းကျင်ရောင်းကြပါတယ်။ မိတ်ကပ်မလိမ်းချင်ရင် ပါးနီတို့၊ နှုတ်ခမ်းနီဆိုးလိုက်တာနဲ့ ရုပ်ကသပ်သပ်ရပ်ရပ်ဖြစ်သွားပြီ။ ကိုယ်တစ်ယောက်တည်းလှနေမှာစိုးလို့ ချစ်မိတ်ဆွေအမျိုးသမီးများလည်း ပိုက်ဆံကုန်ရအောင် အဲ့လေ လှရအောင် ညွန်းလိုက်ပါတယ်နော် …






Hanoi’s Day
23/06/2025

Hanoi’s Day





အပိုင်း (၂) မဟုတ်တဲ့ အခန်းဆက် ကိုပြောရရင် မက္ကာမြို့ကို ရောက်တဲ့ စစချင်းရက်ပိုင်းက တော်တော်မျက်စိလည်တယ်။ ကိုယ်နေတဲ့နေရာက...
22/06/2025

အပိုင်း (၂) မဟုတ်တဲ့ အခန်းဆက် ကိုပြောရရင် မက္ကာမြို့ကို ရောက်တဲ့ စစချင်းရက်ပိုင်းက တော်တော်မျက်စိလည်တယ်။ ကိုယ်နေတဲ့နေရာကို မမှတ်မိနေသေးတာလည်းပါတယ်။

စရောက်တဲ့အချိန် ညနေ ၃ ခွဲ ဝန်းကျင် လမ်းပေါ်ကလူတွေအကုန် ခပ်သုတ်သုတ်နဲ့ တစ်နေရာတည်းကို ဦးတည်သွားနေတော့ ဘာများဖြစ်လို့လဲ လိုက်ကြည့်ရသေးတယ်။ တစ်ခုခုပြေးရမယ်ဆိုလည်း ကြိုပြေးလို့ရအောင်လို့လေ …။ နောက်မှ အစွရ်အချိန် နာမားဇ်ဖတ်ဖို့ ဗလီသွားနေမှန်းသိတယ်။ လူအုပ်လိုက်ကြီး တချိန်တည်း ဗလီသွားတယ်ဆိုတာ မမြင်ဖူးခဲ့ဘူးလေ။

ပထမဆုံးအကြိမ် ဆိုက်ရောက်အွမ္မာရာလုပ်ဖို့ လိုလာတော့ အရင်ရောက်ဖူးတဲ့တစ်ယောက်ရဲ့ လွယ်အိတ်ကြိုးကို အလွတ်မခံ အတင်းလိုက်ဆွဲပြီး သူ့အတိုင်း လိုက်လုပ်လိုက်တာနဲ့ ဆိုက်ရောက်အွမ္မာရာပြီးမြောက်သွားတယ်။ စဖာရ်၊ မရဝါရ်တောင် စအီပြေးတဲ့နေရာ မှာ တောင်ကို ပတ်ပြေးရတယ်ဆိုလို့ တောင်လိုက်ရှာတာ တောင်လည်းမတွေ့ဘူး။ ခေါင်းပေါ်က မီးချောင်းအရောင် အစိမ်းနေရာ ပြေးရမယ်လို့ လမ်းညွန်စာအုပ်ထဲရေးထားတဲ့အတိုင်း ပြေးတာပဲ။ နောက်ရက်တွေ မျက်စိလည်ပြီး မြေအောက်ထပ်ကို ရောက်သွားမှ တောင်ထိပ် ဆိုတဲ့ ကမူသာသာ ကျောက်တုံးပုံထိပ် ကို တွေ့တော့တယ်။

ပြီးတော့ သွာဝါးဖ်လှည့်ဖို့အရေး ကာဗာအတုံးနားရောက်ဖို့ကို ဘယ်အပေါက်က ဝင်ရမလဲ လမ်းအစရှာရတာ တစ်လုပ်။ အပေါ်ထပ်တက်ပြီး အဲ့ဒီနေရာကနေလည်း ပတ်ဖူးချင်တယ်ဆိုတော့ ဘယ်ကဝင်လဲ အစောင့်တွေကိုမေးရင် ညွန်းတဲ့နေရာက တလွဲ။ ဝင်ပေါက်ရှာရင်းနဲ့ အပြင်ကနေ ရင်ပြင်ကို တစ်ပတ်ပတ်ပြီးသွားပြီ။ နေ့တိုင်း တစ်နေရာ တစ်ပေါက်ကဝင်ရင်း ခေါင်းထဲ ကာဗာကျောင်းဝန်းကျင်ကို ပုံပေါ်လာတော့ လမ်းမပျောက်တော့ဘူး။ ဘန်ဒါဝတ် တာဝါထဲကနေ ခဏခဏဖြတ်ပြီး ကာဗာကျောင်းသွားတဲ့လမ်းက နည်းနည်းပိုများတယ်။ ရှော့ပင်ထက် ဟိုကြည့် ဒီကြည့် လျှောက်ပတ်ပြီးသွားတော့ နေရာတွေပိုသိသွားတာပေါ့ :P ။

သွာဝါးဖ်လှည့်ရင်း လူလည်ကျတာ ရှိသေးတယ်။ ကာဗာ အတုံးနား နဲ့ အနီးကပ်ပြီး ပတ်လေ၊ စက်ဝန်းပိုကျဉ်းတော့ လမ်းလျှောက်ရတဲ့ အတိုင်းအတာတိုလေပဲ။ အဲ့ဒီတော့ တက်နိုင်သမျှ လူတိုးပြီး ကာဗာနဲ့အနီးဆုံးနားမှာ ပတ်တယ်။ သူများတွေ အပေါ်ထပ်ကနေ ၇ပတ်/တစ်ကြိမ် ဆို ကိုယ်တွေက ၂၁ပတ်/သုံးကြိမ်လောက် ရနေပြီ။ နေ့ခင်းဆို နေအရမ်းပူတော့ တစ်နေကုန် အခန်းအောင်းပြီး ညနေ အစ္စရ်ချိန်ကနေ အီရှာချိန်ထိ ကာဗာကျောင်းထဲ နေတယ်။ အီရှာချိန် ထမင်းပြန်စား ပြီးရင် ပြန်ထွက် ည ၂ နာရီလောက်ထိနေ။ မဟုတ်လည်း မနက် ဖဂျရ်အထိနေတယ်။ အခန်းပြန်ရောက်ရင် တစ်နေလည်လုံးအိပ်။ ညနေမှ ပြန်ထွက်။ အဲ့ဒါနဲ့ပဲ ကနဦးရက်တွေကုန်ဆုံးသွားတာပါပဲ။

ဟာ့ဂျ် ၅ရက်ရောက်တဲ့အချိန်ကျတော့ “မီနာ” ဆိုတဲ့ နေရာကို စသွားရတယ်။ မျက်စိတစ်ဆုံး အဖြူရောင်တဲ အပြည့်နဲ့။ ကားနဲ့ သွားရတာဆိုတော့ မပင်မပန်းနဲ့ ရောက်သွားတယ်။ ရောက်တဲ့ နေ့လယ်ကနေ နောက်နေ့ မနက်ထိ နေရတယ်။ နာမားဇ်ဖတ်၊ ဒိုအာတောင်းနဲ့ တစ်ရက်ပြီးသွားတယ်။

နောက်ရက်မနက်ကျတော့ အာရဖတ်ကွင်းပြင်ကို သွားရတယ်။ ကားနဲ့ပဲ။ ညနေရောက်တော့ မွတ်ဖ်သီက ဒီနေရာမှာ ငိုပြီး ဒိုအာတောင်းရတယ် ပြောပြီး ဒိုအာတောင်းပါလေရော ….။ မွတ်ဖ်သီလည်း ဒိုအာတောင်းရင် ငိုသံ ပါနေပြီ။ မီရှဲ ဘေးပတ်ဝန်းကျင်ကြည့်တော့လည်း ပတ်လည်အမျိုးသမီးတွေက ငိုနေကြပြီ။ ငါလဲ အားကျမခံ မျက်ရည်ထွက်အောင် ငိုရမယ် ဟဲ့ ဆိုပြီး အတင်းညှစ်ထုတ်တာပဲ။ တစ်စက်မှလည်း ထွက်မလာဘူး။

တောင်းတဲ့ဒိုအာတွေကလည်း ကိုယ့်အတွက်၊ လက်ရှိအခြေအနေအတွက်၊ အမျိုးတွေ အတွက်၊ ကွယ်လွန်ပြီးချိန် နောက်ပိုင်း တောင်းကြတာဆိုတော့ “ကိုယ့်အတွက်ကိုယ်တောင်းတာ တော်တော်များနေပြီ” လို့ တွေးမိလို့လည်းနေမယ်။ ဒီနေရာရောက်လည်း ဒီဆုတောင်း၊ ဟိုနေရာရောက်လည်း ဒီဆုတောင်းဆိုတော့ ဘယ်နေရာကတောင်းတောင်း တစ်နေရာရာကနေတော့ ပြည့်မှာပဲလို့ တွေးပြီး ဒိုအာတောင်းကြတာလား။ ခေါင်းထဲ ဟိုဟိုဒီဒီလျှောက်တွေးနေတယ်။

ညရောက်တော့ ပျင်းလာတာနဲ့ တဲထဲ မနေနိုင်လို့ ဟိုနား ဒီနားလျှောက်ကြည့်ရင်း မုန့်ဝေတော့မယ်ကားကို မြင်တာနဲ့ အဲ့ဒီနားပဲ ယောင်ပေပေနဲ့ ရပ်စောင့်နေလိုက်တယ်။ မုန့်ဝေတဲ့လူကလည်း ကိုယ်တစ်ယောက်တည်းရပ်နေတာကို မြင်တော့ ဘေးဘီဘယ်ညာကြည့်ပြီး မုန့်သုံးဘူး ပေးပြီး သွားတော့ .. ဆိုပြီး မောင်းထုတ်လိုက်တယ်။ ခဏနေတော့ အဲ့ဒီနားမှာ ဝရုန်းသုန်းကားနဲ့ မုန့်ဝေနေပြီ။ အလျင်မှီသွားလို့ တော်သေးတယ်။

နောက်ရက်အထိ အေးဆေး။ တဲထဲမှာပဲ နာမားဇ်ဖတ်၊ ဘေးနားက အစ်မတွေနဲ့ စကားပြော ….။ ပြောစရာစကားကုန်လာတော့ အစ်မတို့ မောင်တွေ၊ အကိုတွေနဲ့ ကျမ ကို မပေးစားချင်ဘူးလား ဆိုပြီး ခေါင်းလိုက်စားတယ်။ ညနေရောက်တော့ မူဇလစ်ဖာကွင်းပြင်ကို လမ်းစလျှောက်ဖို့ မီးကျည်လွှတ် အချက်ပြရတာကို လမ်းမပေါ်မှာ စောင့်ရတယ်။ စောင့်နေရတဲ့လူအုပ်က သိန်းချိတဲ့အတွက် ဟယ်လီကော်ပတာနဲ့ လိုက်ရိုက်ပြီး တီဗီကနေ တိုက်ရိုက်ထုတ်လွှင့်တယ်။

မီးကျည်လွှတ်တာနဲ့ လမ်းလျှောက်ရတော့တာပဲ။ လူတွေ ပြောပြောနေကြတဲ့ ဟာ့ဂျ်မှာ ခံစားရတဲ့ဒုက္ခက အဲ့ဒီမှာ စတယ် ထင်တာပဲ။ အရှေ့က ဦးဆောင်တဲ့ လူကလည်း မြန်လိုက်တာဆိုတာ မပြေးရုံတမယ်လိုက်ရတယ်။ လူပျောက်မှာစိုးလို့ အရှေ့က အန်တီလွယ်အိတ်ကို မလွတ်တမ်းဆွဲထားရတယ်။ လမ်းတစ်ဝက်ရောက်တော့ “ဖြေးဖြေးဆွဲကြပါ သမီးတို့ရယ်၊ အန်တီလန်ကျတော့မယ်၊ ပခုံးတွေလည်း ပွန်းနေပါပြီ” တဲ့။ ဖြစ်မှာပေါ့ … ညီအစ်မနှစ်ယောက် လွယ်အိတ်ကြိုး တစ်ဖက်တစ်ချက်ကို တစ်ယောက်စီကိုင်ပြီး လိုက်တာကိုး။ အန်တီလည်း သနားပါတယ်။ မကိုင်ထားရင်လည်း လမ်းပျောက်မှာစိုးတယ်။ အစ်ကိုတော်လည်း ဘယ်ဆီရောက်သွားလဲ ရှာမတွေ့တော့ဘူး။

ညနေကနေ ညသန်းခေါင်လောက်ထိ လမ်းလျှောက်ရတယ်။ လမ်းကလျှောက်နေတာပဲ … မူဇလစ်ဖာကွင်းပြင်ဆိုတာ ရောက်ကိုမရောက်နိုင်ဘူးပေါ့ …။ ဘယ်ဟုတ်မလဲ ... ရောက်နေပြီ။ မူဇလစ်ဖာကွင်းပြင်နယ်နမိတ်အစွန်းထိ ရှေ့ဆောင်က ခေါ်သွားတာကိုး။ ဒါမှ မနက်ကျရင် လမ်းလျှောက်ရသက်သာမှာတဲ့။ အိပ်ဖို့နေရာ လိုက်ကြည့်၊ နေရာလွတ်တွေ့ရင်ပြော ဆိုတာနဲ့ နေရာလွတ် ကွက်ကွက်လေး တွေ့တာနဲ့ ဖျာပြေးခင်းပြီးနေရာလုရတယ်။

နေရာချပြီး ပတ်ဝန်းကျင်ကိုကြည့်တော့ ဘေးနား စတည်းချနေတဲ့ လူတစ်စုက အဆင်တော့ ..။ မျက်လုံး အစိမ်းရောင်၊ ဆံပင်ကောက်ကောက်လေးနဲ့။ ခဏနေဦး... ပြီးတော့မှ ဆက်စဉ်းစားမယ်။ လောလောဆယ် အပေါ့သွား၊ ဝူဇူလုပ်ဖို့ အိမ်သာလိုက်ရှာရဦးမယ်။ အနီးအနားက အမျိုးသမီးအိမ်သာကိုလည်း ယောက်ျားထုကြီး အုပ်လိုက် အပိုင်စီးထားတယ်။ တစ်နေရာပြီး တစ်နေရာရှာရင်း ယောက်ျားလွတ်တဲ့အမျိုးသမီးအိမ်သာတွေ့တော့မှ ကိစ္စဝိစ္စရှင်း၊ ဝူဇူလုပ်ရတယ်။ အိပ်တဲ့နေရာနဲ့ တမျှော်တခေါ်အဝေးကြီး လျှောက်ရပြန်တယ်။

မူဇလစ်ဖာကွင်းပြင်မှာ စားစရာလာဝေတဲ့လူအများကြီးပဲ။ မီရှဲလည်း ညစာအတွက် ဘာစားရမလဲ ရှာရင်း ဆယ်ဘီးကားပေါ် လူတစ်ဆန့်စာအိုးအပြည့်တင်ထားတဲ့ ဒန်ပေါက်ကား ကိုတွေ့ပါလေရော။ ဝေနေတာများ အပင်တူးတဲ့ဂေါ်ပြားဆိုဒ်နဲ့ ကျုံးထည့်ပေးနေတာ အားရစရာကြီး။ အနီးအနားစျေးသည်ဆီကနေ ကျွတ်ကျွတ်အိတ်တစ်လုံးတောင်းပြီး ကားအနောက်ကနေ ဝေနေတာကို လူအုပ်မတိုးနိုင်လို့ ကားဘေးဘက်နေ တွယ်တက်ပြီး အထဲကိုလှမ်းအော်တောင်းတော့တာပဲ။

ငါဟဲ့ မိန်းမသား ဆိုပြီး ကျော်ခွတက်တောင်းနေတုန်းရှိသေးတယ် … ကားဘေးကနေ လူတစ်ယောက်က မီရှဲကိုကြည့်ပြီး ပြန်ဆင်းခဲ့ဆိုတဲ့ အမူအရာနဲ့အော်နေတယ်။ တစ်ကမ္ဘာလုံးရောက်နေတော့ ဘယ်ဘာသာနဲ့ပြောနေလဲ မသိဘူး။ ကိုယ်တိုင်ကလည်း အရှေ့ပဲ စားစရာရဖို့ အာရုံရနေတယ်။ အမူအရာကြည့်ပြီး ဒီလူ ဘာလဲ ဆိုပြီး ဆင်းလာတော့မှ ခြေဟန်လက်ဟန်နဲ့ မိန်းကလေးဆိုတာ မတက်ရဘူး အထာနဲ့ပြောနေတော့တာပဲ။ အူကြောင်ကြောင်ဖြစ်နေတုန်း အဲ့ဒီလူက လက်ထဲက အိတ်ကို ယူ … သူကိုယ်တိုင် ကားဘေးတက်ပြီး စားစရာသွားတောင်းလေရဲ့ …။ ရလာတော့ စားစရာအိတ်ကို လက်ထဲသေချာထည့် ... နောက် အဲ့ဒီလို မတက်နဲ့ … ဒီနေရာပြန်မလာနဲ့ သွားတော့ ဆိုတဲ့ အမူအရာနဲ့ ပြန်လွှတ်တယ်။ အဲ့ဒီတစ်ထုပ်က လူငါးယောက် စားမကုန်ဘူး။

စားပြီးသောက်ပြီး ဖျာခင်းအိပ်။ စောစောက အဆင်အုပ်စုနဲ့ ကပ်နေတော့ အန်တီတစ်ယောက်က ကပ်နေတဲ့နေရာမှာ သူအိပ်ပေးမယ်ဆိုပြီး သူလည်း ကျောပေးအိပ်တော့ အဆင်ပြေသွားတယ်။ လူပေါင်းစုံက ကိုယ့်ပတ်လည်ကျော်ခွသွားနေလည်း ဂရုမစိုက်အားတော့ဘူး။ ပင်ပန်းလွန်းလို့ အဆင်အုပ်စုကိုတောင် ထပ်မကြည့်နိုင်ဘူး။ ကွင်းခေါင်ခေါင်၊ အမိုးအကာမရှိ၊ စောင်မရှိ၊ လွယ်အိတ်ခေါင်းအုံး အုံးထားတာတောင် တချိုးတည်းအိပ်ပျော်သွားတယ်။ ဖျာကိုတောင် သယ်လာရမယ်ပြောထားလို့ အိပ်စရာနေရာရှိတယ်။ မဟုတ်ရင် မြေကြီးပေါ်အိပ်ရမှာ။

မနက်ကျရင် ရှိုက်တန်ခဲပေါက်ဖို့ ထရဦးမယ် …..။
ဆက်ရန် ……….

ခက်ဆစ်
ဆိုက်ရောက်အွမ္မရာ - မက္ကာရ်မြို့ကို ရောက်ရောက်ချင်း လုပ်ရတဲ့ကျင့်စဉ်။ စဖာရ်၊ မရဝါရ် ဆိုတဲ့ တောင် ၂လုံးကို ၇ ပတ် ပတ်ရတယ်။ ယောက်ျားလေးဆို မီးအစိမ်းထွန်းထားတဲ့နေရာရောက်ရင် ခပ်သုတ်သုတ်ပြေးရလို့ “စအီပြေးတယ်” ခေါ်တယ်။ မိန်းကလေးဆို ပြေးစရာမလိုဘူး။

သွာဝါးဖ်လှည့် - အမဲရောင်လေးထောင့်အတုံး(ကာဗာ)ကို ပတ်လျှောက်တာကို ပြောချင်တာပါ။ ၇ ပတ်ပြည့်ရင် တစ်ကြိမ်ပြီးမြောက်တယ် သတ်မှတ်ပါတယ်

ဘန်ဒါဝတ် တာဝါ - ကာဗာ နဲ့အနီးဆုံး၊ အမြင့်ဆုံး ရှော့ပင်းမောလ် + ဟိုတယ် + အကုန်ရှိတဲ့ complex ။ တည်းတဲ့အခါ ဘန်ဒါဝတ်နဲ့အနီးဆုံးတည်းရင် ကာဗာကို လျှောက်ရတဲ့အကွာအဝေး တိုပါတယ်။

ဘုရားရှိခိုးချိန် (နာမားဇ်အချိန်)
ဖဂျရ် - နေမထွက်ခင်/ရောင်နီမမြင်ရခင်အချိန်ကနေ နေထွက်ချိန်ထိ
ဇဟိုရ် - နေမွန်းလွဲ
အစ္စရ် - နေအရိပ်နှစ်ပြန်ကြတဲ့အချိန်
မဂ္ဂရရ် - နေစဝင်ချိန်ကနေ အလင်းရောင်မကုန်ခင်အထိ
အီရှာ - နေလုံးဝဝင်ပြီး မှောင်သွားချိန်ကနေ နောက်ရက် ဖဂျရ်ချိန်ထိ

ဟာ့ဂျ်အချိန် သွားရတဲ့နေရာ
မီနာ > အာရဖတ်ကွင်းပြင် > မူဇလစ်ဖာကွင်းပြင် > ရှိုက်တန်ခဲပေါက်တဲ့နေရာ






Hime Haircut တော့ ညှပ်ပြီးပြီ။ Psychopath ဗီလိန်ဇာတ်ရုပ်သရုပ်ဆောင်ဖို့ပဲ ကျန်တယ်။ မင်းသမီးလိုရင် သတိရကြပါဦး …။ မင်းသားနဲ...
21/06/2025

Hime Haircut တော့ ညှပ်ပြီးပြီ။ Psychopath ဗီလိန်ဇာတ်ရုပ်သရုပ်ဆောင်ဖို့ပဲ ကျန်တယ်။ မင်းသမီးလိုရင် သတိရကြပါဦး …။ မင်းသားနဲ့ အရံသရုပ်ဆောင်တွေကို နှိ/ပ်စ/က်ရတဲ့ ဇာတ်ဝင်ခန်းတော့ များများပါပလေ့စေနော် …




Hạ Long Bay in Vietnam 🇻🇳
16/06/2025

Hạ Long Bay in Vietnam 🇻🇳





31/05/2025

၂၀၂၅ ရဲ့
ပထမငါးလ ကတော့
ထားလိုက်တော့

ချစ်ရတဲ့ မိတ်ဆွေတို့ရေ ….သူများတွေ ဟာ့ဂျ်သွားနေကြပြီဆိုတော့ ကိုယ်တွေ ဟာ့ဂျ်သွားခဲ့တာ ဆယ်နှစ်မကကျော်နေပေမဲ့ အတင်းချချင် အ...
30/05/2025

ချစ်ရတဲ့ မိတ်ဆွေတို့ရေ ….

သူများတွေ ဟာ့ဂျ်သွားနေကြပြီဆိုတော့ ကိုယ်တွေ ဟာ့ဂျ်သွားခဲ့တာ ဆယ်နှစ်မကကျော်နေပေမဲ့ အတင်းချချင် အဲ့လေ ပြန်ပြောချင်သေးတာ …။

စိတ်ထဲရှိတာ ပေါက်ကရ မြင်ရာကို ထင်သလိုရေးမှာမို့ ဟာ့ဂျ်နဲ့ ပတ်သတ်ပြီး အရမ်းစန်းစန်းတင့်ဆို ဆက်မဖတ်ပါနဲ့။ ရောက်သွားတဲ့နောက်ကွယ်က ကိစ္စကလည်း ၂၀၁၃ Miss Universe Myanmar ဝင်ပြိုင်ဖြစ်တယ်။ ရေကူးဝတ်စုံနဲ့ တစ်နိုင်ငံလုံး ရုပ်မြင်သံကြား၊ အင်တာနက်ကနေတစ်ဆင့် မြင်အောင် စင်ပေါ်တက်ပြီးသကာလ အဖေက ဟာ့ဂျ်သွားတော့ ဆိုပြီး လုပ်ပါလေရော…။

သတင်းကြားကြားချင်း လူက အီလည်လည်နဲ့ ။ ရွလို့မဝသေးတော့ ဟာ့ဂျ်မသွားချင်ဘူး လို့လည်း ပြောမထွက်ဘူး။ အလကားနေ ငရဲကြီးဦးမယ်။ သူများသွားချင်နေရဲ့နဲ့ မသွားရတဲ့ကြားထဲ ကိုယ်က သွားဖို့အခွင့်အရေးရှိတာကို မသွားရင်လည်း မကောင်း။ ဒါပေမဲ့လည်း ၂၀၁၃ ကတစ်ယောက်တည်းဖြစ်နေတာရယ်၊ အရမ်းရက်ကပ်သွားလို့ရယ် ပေါင်းပြီး မသွားလိုက်ရဘူး။

၂၀၁၄ ကျမှ ညီမအငယ်ဆုံး၊ အကိုအကြီးဆုံးနဲ့ အတူတူဟာ့ဂျ်ကို ရောက်ဖြစ်တော့တယ်။ သွားရတော့မယ် သေချာပြီဆိုတော့ ပို့ပေးတဲ့တိုးကုမ္ပဏီက မက္ကာရ်ရောက်ရင် ဘာလုပ်ရမယ်၊ ဘယ်လိုဖတ်ရွတ်ရမယ်၊ ဆောင်ရန် ရှောင်ရန် သင်တန်းပေးတယ်။ သုံးရက်တည်းရယ် ….။ မဟာဗန္ဓုလလမ်းနဲ့ မောင်ထော်လေးလမ်းထောင့်က ဗလီပဲ။ ရုတ်တရက် နာမည်မေ့နေပြီ။

မနက် ၇ နာရီ စတာဆိုတော့ ပထမတစ်ရက်က အိပ်ရာထနောက်ကျလို့ မရောက်ဘူး။ ဒုတိယတစ်ရက်က နောက်ကျပြီးရောက်သွားတယ်။ တတိယတစ်ရက်က ပျင်းလို့ မထဘူး။ ရောက်သွားတဲ့ရက်မှာလည်း အမျိုးသမီးဘက်ခြမ်း ဟောခန်းထဲကို ညီအစ်မနှစ်ယောက်အသည်းအသန် ဆံပင်ဖားလျားနဲ့ နောက်ဆုံးမှ ဝင်ထိုင်တာဆိုတော့ ဟောခန်းအပြည့် ပဝါခြုံထားတဲ့အမျိုးသမီးများ ဝိုင်းကြည့်တာခံရပါလေရော…။ ထုတ်ခြုံဖို့ ပဝါလည်းမပါဘူး။ နာမားဇ်ဖတ်မှာမဟုတ်လို့ မသယ်လာဘူး။ ခပ်တည်တည်ပဲ။ တချိန်လုံး side eyes ကြည့်ခံနေရတယ်။ 😝

ဟောပြောနေတဲ့အကြောင်းအရာက ကာဗာကျောင်းတော်ရဲ့ ဘယ်နေရာရောက်ရင် ရွတ်ဖတ်ရမဲ့စာအကြောင်း၊ ကာဗာရ်ကျောင်းရဲ့ပုံစံ/ဝင်ပေါက် ဘယ်လိုပုံစံရှိတယ်၊ ဘယ်တံခါးကဝင်ရင် ဘယ်ကိုရောက်တယ်၊ ဝတ်စားဆင်ယင်တဲ့စည်းကမ်းက ဘယ်လို စသည်ဖြင့် နားထောင်ရတယ်။ ဒါပေမဲ့ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ပြတာ မဟုတ်တော့မျက်စိထဲမမြင်ယောင်ပဲ ရေဒီယိုနားထောင်ပြီး စိတ်ထဲမှာပဲ ပုံဖော်နေရတယ်။ ကြာတော့ ခေါင်းထဲမှာ “မျက်မမြင်ပုဏ္ဏားခြောက်ယောက်” ပုံပြင်ကိုပဲ တွေးနေမိတယ်။ တစ်ခါမှမသိနေတဲ့နေရာကို ဘယ်လမ်းကြောင်းဘယ်လိုသွားလို့လမ်းညွန်နေခြင်းက မီရှဲခေါင်းထဲ ဝင်္ကဘာတစ်ခုထည့်ပေးတာနဲ့ တူတူပဲ။ ဘာမှလည်း မမှတ်မိနေဘူး။ ဒါပေမဲ့ ဟောပြောပွဲအပြီး ကျွေးတဲ့ အာလူးစမူဆာပူပူလေးနဲ့ လက်ဖက်ရည်ကောင်းတယ်ဆိုတာပဲ မှတ်မိတယ်။

တတိယနေ့ကျတော့ ငါ လမ်းညွန်စာအုပ်ပဲဖတ်လိုက်မယ် ဆိုပြီး တကူးတက အိပ်ရာထ၊ မသွားနေတော့ဘူး။ ကိုယ်တစ်ယောက်တည်း မသွားတာမဟုတ်ဘူး။ ကျန်တဲ့အကိုနဲ့ညီမလည်း မသွားဘူး။ (ငရဲကြီး/အပြစ်ရှိတယ်ဆိုရင် သူတို့ပါ ပါတယ်နော်။) နောက်ရက်တွေမှာ လိုတဲ့ပစ္စည်းတွေဝယ်၊ စားစရာဝယ်၊ အမျိုးတွေနဲ့ နှုတ်ဆက်ရင်း ရှုပ်ယက်ခက်နေတာပဲ။

ဒီနေရာမှာ အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့လူတွေကို ပြောချင်တာက ဟာ့ဂျ်မသွားခင် လိုက်နာရတဲ့အချက်ရှိတယ်။ ဆွေမျိုးမိတ်ဆွေတွေကို ဟာ့ဂျ်သွားမဲ့အကြောင်း ပြောပြနှုတ်ဆက်ရတယ်။ အိမ်/အလုပ်မှာ ကိုယ်မရှိတဲ့အချိန် အလုပ်မပျက်အောင် စီစဉ်စရာရှိတာ စီစဉ်ရတယ်။ အကြွေးရှိရင် ကျေအောင်ဆပ်ပြီးမှ သွားရတယ်။ အပြစ်ရှိတယ်ထင်ရင် တောင်းပန်ကျေအေးပြီးမှ သွားရတယ်။ မဟုတ်ရင် ဟာ့ဂျ်သွားတာ မပိုင်ဘူး။

မီရှဲကတော့ ဘယ်သူ့ကိုမှ ပိုက်ဆံမချေးဘူး။ အကြွေးလည်းမယူဘူး။ ဘယ်ကိစ္စကိုမှ အပြစ်ရှိတယ် မထင်တာနဲ့ တောင်းပန်တဲ့ကိစ္စ မလုပ်လိုက်ရဘူး။ 😝

အဲ့ဒါနဲ့ ရန်ကုန်လေဆိပ်ရောက်သွားရော …။

လေဆိပ်ရောက်တဲ့အချိန် မြင်ရတာကတော့ လိုက်ပို့နှုတ်ဆက်တဲ့လူအုပ်နဲ့တင် နည်းနည်းနောနောမဟုတ်ဘူး။ ရပ်ကွက်အလိုက် ချီတက်လာသလိုပဲ။ ဒါလဲ အပြစ်မဟုတ်ပါဘူး။ ကိုယ့်အမျိုးနဲ့တင် ကားလေးစီးစာ လိုက်ပို့ကြတာကိုး။ ပထမဆုံးအကြိမ် လေယာဉ်စီး၊ နိုင်ငံရပ်ခြားခရီးသွားရမှာဆိုတော့ “ဘာတွေကြုံရမလဲ” တွေးပျော်နေတာပဲ မှတ်မိတယ်။ ဒိုအာတွေက ကျက်တုန်း။

လေယာဉ်က Pakistan Airline ကို ချာတာဖလိုက်နဲ့သွားတာဆိုတော့ တစ်စီးလုံး မြန်မာနိုင်ငံက ဟာဂျီတွေချည်းပဲ။ ပြီးတော့ အရင်က ထင်ခဲ့တာ တစ်ခုရှိတယ်။ လေယာဉ်မယ်၊ လေယာဉ်မောင်ဆိုတာ လက်ရွေးစင် ရွေးထားတော့ အချောအလှ အဆင်ပဲဖြစ်ရမယ်။ ငါတော့ လေယာဉ်ပေါ်ရောက်မှ လိုက်ငမ်း အဲ့ လိုက်ကြည့်ဦးမယ်ပေါ့။ လေယာဉ်ပေါ်ရောက်တော့ လေယာဉ်မယ်၊ လေယာဉ်မောင်တွေကို မြင်လိုက်ရချိန် စိတ်ထဲတော်တော်လေသွားတယ်။ လေယာဉ်မယ်က အလည်ခေါင်လျှောက်လမ်းအပြည့် အကိတ်ဆိုဒ် အန်တီအရွယ်နဲ့။ လေယာဉ်မောင်ဆို မုတ်ဆိတ်နဲ့။ မုတ်ဆိတ်တောင် ဖြူနေပြီ။ မျှော်လင့်ချက်တွေ play ခံလိုက်ရသလိုပဲ။

မက္ကာနဲ့ အနီးဆုံးဂျစ်ဒါလေဆိပ်ကို တိုက်ရိုက်သွားရတာဆိုတော့ transit စီးစရာမလိုပဲ ၁၂ နာရီကျော်လောက် စီးရတယ်။ လမ်းမှာ လေယာဉ်မှူးက ဟာ့ဂျ်ခရီးစဉ် စတဲ့ ဂိတ်ကိုဖြတ်တဲ့အချိန် “လဗိုက်” ဖတ်ဖို့ ကြောငြာတယ်။ ဒါပေမဲ့လည်း အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ “လဗိုက်” ဖတ်လိုက်တယ် ထင်တာပဲ။ မှတ်မိနေတယ်ဆိုတော့ ဖတ်လိုက်တယ် နေမှာပါ။ ပြီးတော့ ပြန်အိပ်ပျော်သွားရော။ အခုပြန်စဉ်းစားကြည့်ရင် ဟာ့ဂျ်မှာ တောင်းခဲ့တဲ့ဒိုအာပြည့်တယ်ဆိုတော့ ဟာ့ဂျ်ပိုင်လို့နေမှာပါ။ ကိုယ့်ဘာသာပဲ ဖြည့်တွေးလိုက်တယ်။ အလ္လာက ခွင့်လွှတ်တတ်တဲ့အရှင် မဟုတ်လား။

အဲ့ဒါနဲ့ ဂျစ်ဒါလေဆိပ်ကိုရောက် … ။ immigration ဝင်၊ မြန်မာဟာဂျီတွေ အကုန်လုံးပြီးတဲ့အထိစောင့်၊ ကားရောက်လာတာကို စောင့်၊ ကားပေါ်မှာထပ်စောင့်၊ ဘာကိုစောင့်လို့ စောင့်နေရမှန်းမသိအောင်ကိုစောင့်ရတယ်။ ဗလီဆရာတွေ သည်းခံရမယ် လို့ တဖွဖွမှာတာ ဒီလိုကိစ္စ ကြုံရမယ်မှန်း သိနေလို့ဖြစ်မယ်။ မီရှဲအတွက် တစ်ခုကောင်းတာက ကားပေါ်ရောက်တာနဲ့ အိပ်ပျော်သွားတော့ ဘယ်လောက်ကြာလဲတောင် မသိတော့ဘူး။ လေဆိပ်ကနေ တည်းတဲ့နေရာကို ဆက်သွားတဲ့အချိန် လမ်းမှာ ဆော်ဒီအစိုးရက မုန့်ဘူးလာဝေမှပဲ နိုးတော့တယ်။

တည်းတဲ့ဟိုတယ်က ဘန်ဒါဝတ်တာဝါနဲ့ ၁၀ မိနစ်လောက်လျှောက်ရတယ်။ နိုင်ငံခြားရပ်ခြားမရောက်ဖူးတော့ မြင်မြင်သမျှအကုန် အထူးအဆန်းချည်းပဲ။ selfie stick တကူးတကထည့်လာတော့ ဓာတ်ပုံ အကုန်လျှောက်ရိုက်တာပဲ။ သွားတဲ့ ၄၅ ရက်ခရီးမှာ ဓာတ်ပုံချည်းပဲ ၈၀၀ ကျော်တယ်။ အခုပြန်ကြည့်မိတော့ ပုံတိုင်းအမှတ်တရအပြည့်နဲ့မို့ ဓာတ်ပုံများများသာ ရိုက်ထားပါ။ အဲ့ဒီတုန်းက ရခဲ့တဲ့ မိတ်ဆွေတွေလည်း ပုံမြင်မှ ပြန်မှတ်မိတော့တယ်။

တော်တော် စာရှည်သွားပြီ။ စိတ်ကူးပေါက်မှ တူတူသွားတဲ့ ဂရုထဲကလူတွေ ရန်ဖြစ်တဲ့ အကြောင်း၊ အချင်းချင်း ဘယ်လိုအတင်းပြောတယ်ဆိုတဲ့အကြောင်း၊ သူ့သား ကိုယ့်သမီး ပေးစားဖို့ လူဘယ်လိုရွေးကြကြောင်း၊ လူငယ်အချင်းချင်း အွန်လိုင်းမှာကြူ၊ အပြင်မှာ ဘယ်လိုဒိတ်ကြကြောင်း နောက်ကြုံမှ ပြောပြတော့မယ်။

မီရှဲဘယ်လိုပဲပေါက်ကရ ပြောနေပါစေ …. အခုချိန်မှာ အစ္စလာမ်ဘာသာနဲ့ ပတ်သတ်ပြီး အရင်ကထက် ပိုနားလည်လာပြီ။ အစ္စလာမ်ဘာသာရဲ့ကျင့်ကြံရတဲ့အပိုင်းက နေ့စဉ်ဘဝနဲ့ ပိုအလျဉ်းသင့် အံဝင်ခွင်ကြရှိလာပြီးမို့ နောက်တစ်ကြိမ် ချစ်သူနဲ့အတူ ဟာ့ဂျ်လုပ်ခွင့်ရချင်ပါသေးတယ်။ (လက်ရှိချစ်သူက ဟာ့ဂျ်သွားခဲ့ချိန်တောင်းခဲ့တဲ့ ဒိုအာထဲက ပြည့်ခဲ့တဲ့ ဒိုအာတစ်ခုပေါ့) အခု ဟာ့ဂျ်သွားနေကြတဲ့ မိတ်ဆွေများလည်း မီရှဲ စိတ်ကူးပေါက်သလိုရေးထားတဲ့ ဒီစာကို ဖတ်မိရင် ချစ်သူနဲ့ဟာဂျ်သွားခွင့်ရဖို့ ဒိုအာမှာ သတိရပါနော် ….။

ချစ်တဲ့
ရန်ကုန်သူမီရှဲ










Address

Ranchi

Alerts

Be the first to know and let us send you an email when Yangon Thu Michelle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Thu Michelle:

Share

Category