10/09/2026
ချစ်ရတဲ့ မိတ်ဆွေတို့ရေ …
ဆံပင်ရှည်လာတာနဲ့အမျှ ဆံပင်ဖားလျားနဲ့ အမြဲနေဖို့ မဖြစ်နိုင်တော့ဘူးပဲ။ ဆံညှပ်နဲ့ပဲ အချိန်ပြည့်မနေချင်ဘူး။ ဆံပင်ကို သပ်သပ်ရပ်ရပ်နဲ့ အပြင်သွားရင်လည်း အမြန်ဆုံးထုံးရလွယ်တဲ့ France roll လို့ခေါ်တဲ့ မြန်မာလို ခရုပတ်ဆံထုံး (လေယာဉ်မယ်ဆံထုံး)ကို ဆံထိုးကလစ်ပုံစံ အသစ်နဲ့ ထိုးထားတယ်။ ဆံပင်အမြင်ဆန်းချင်လို့ အခြေခံဆံပင်လုပ်တဲ့ပစ္စည်းတွေကို အများကြီးဝယ်ထားမိတယ်။
ဒီဆံပင်ပစ္စည်းတွေက အများကြီးပေမဲ့ တစ်ခါတည်းဝယ်တာမဟုတ်ပဲ လိုတော့မှ ဝယ်ရင်းနဲ့ များလာတာ။ အထူးအဆန်းဆို ဝယ်ရတာ ကြိုက်တယ်။ မရှိမဖြစ်ပစ္စည်း မဟုတ်ဘူး။ ရှိနေရင် ပိုကောင်းတယ်။ အသုံးဝင်ပုံချင်းမတူနေတော့ ပစ္စည်းတစ်ခုချင်းစီကို ဘယ်လိုသုံးရမလဲဆိုတာ နောက်မှ သုံးတဲ့ပုံကို တစ်ခု တစ်ပို့စ်နဲ့ပြောပြမယ်နော်။
မီရှဲသုံးတဲ့ပစ္စည်းတွေကို ဝယ်ချင်တယ်ဆိုရင်တော့ မီရှဲရဲ့ ရှော့ပီဆိုင်ကနေ ဝယ်လို့ရပါတယ်။
>>> https://collshp.com/yangonthumichelle?view=storefront