19/09/2026
Tom Cruiseကိုအဘိုးကြီးအနေနဲ့မြင်ရမဲ့Digger ရုပ်ရှင်ကဘာအကြောင်းလဲ? ဒီကားမှာ အသက်အရွယ်နဲ့မလိုက်အောင်နုပျိုနေပြီး Stunt တွေလဲကိုယ်တိုင်လုပ်နေစဲဖြစ်တဲ့ သန်တုန်းမြန်တုန်းဖြစ်နေတဲ့ မင်းသားကြီးTom Cruiseကို အခုလိုပုံနဲ့မြင်လိုက်ရတာပရိသတ်အတွက်တော့အဆန်းဖြစ်သွားစေခဲ့ပါတယ် Diggerအကြောင်းကိုနည်းနည်းပြောပြရရင်”ဒီကားမှာ Tom Cruiseက အရမ်းချမ်းသာပြီးကိုယ်ကျိုးဘဲကိုယ်ကြည့်တဲ့ရေနံတူးဖော်ရေးလုပ်ငန်းပိုင်ရှင်သူဌေးကြီးDigger Howellအနေနဲ့ပါဝင်ထားပါတယ် အဲ့လိုသူ့ရဲ့ရေနံမဆင်မခြင်တူးမှုကြောင့်Greenlandမှာတကမ္ဘာလုံးကိုထိရောက်နိုင်တဲ့ crisisကြီးကိုဖြစ်ပေါ်စေနိုင်တဲ့အထိ ကြီးမားတဲ့မြေထုအက်ကွဲမှုကြီးဖြစ်ပေါ်သွားခဲ့ပါတယ် ဒီလိုရှေ့မကြည့်နောက်မကြည့်လုပ်ရပ်ကိုပြန်လည်ပြင်ဆင်ပေးဖို့ အမေရိကန်သမ္မတကကြီးကသူ့ကိုအမိန့်ပေးလိုက်ပါတယ် အဲ့မှာ Diggerအနေနဲ့လဲ သူ့ရဲ့ဂုဏ်သိက္ခာ၊သူ့စည်းစိမ်တွေနဲ့ပိုင်ဆိုင်မှုတွေကိုထိပါးလာမဲ့ကိစ္စမို့ခေါင်းရှောင်နေလို့မရတော့ပါဘူး သူ့အနေနဲ့ လူသားမျိုးနွယ်ကိုကယ်တင်မဲ့သူဆိုတဲ့ဂုဏ်ပုဒ်ကိုခံယူချင်ရုံသက်သက်နဲ့ ဒီကိစ္စကိုဖြေရှင်းပေးဖို့သဘောတူလိုက်ပါတော့တယ်”
ဒီလိုဇာတ်ရုပ်မျိုးက Tom Cruiseလိုမင်းသားကြီးအတွက်တော့အဆန်းဖြစ်တာအသေအချာပါဘဲ ဘာလို့လဲဆို Tom Cruiseအနေနဲ့ Mission Impossible franchise မှာဘဲပါဝင်သရုပ်ဆောင်နေတာအပြင် တခြားရုပ်ရှင်ကားအများစုမှာ Action Starအနေနဲ့သရုပ်ဆောင်ခဲ့တဲ့မင်းသားကြီးဖြစ်တာကြောင့်မို့ပါဘဲ Tom Cruiseလိုမင်းသားကြီးအနေနဲ့ဒါကပရိသတ်အတွက်အမြင်အသစ်အဆန်းဖြစ်စေမှာတော့အသေအချာပါဘဲတဖက်ကကြည့်ရင်ဒီလိုရုပ်ရှင်မျိုးတွေကလက်ရှိအပြင်မှာNatural Resources တွေကိုကိုယ်ကျိုးအတွက်လက်ဝါးကြီးအုပ်ချင်နေတဲ့လူတွေကိုသယော်ထားတဲ့ Black comedy ရုပ်ရှင်မျိုးလဲဖြစ်ပါတယ်
DiggerကိုAlejandro González IñárrituကDirectorအနေနဲ့ရိုက်ကူးပေးထားပြီးTom Cruise အပြင် John Goodman,Sandra Hüller,Emma D’Arcy,Jesse Plemonsနဲ့Riz Ahmedတို့ကပါဝင်အားဖြည့်ထားပါတယ်
Diggerကို October 2ကျရုံတင်ပြသပါမယ်