11/08/2026
ဒီတခါတော့ အားလုံးသိပီးသားဖြစ်တဲ့ jälkeen နဲ့ kuluttua ဆိုတဲ့ စာလုံးတွဲပြောပါမယ်။
English လို after လို့ အဓိပ္ပါယ်ရတဲ့ စာလုံး ၂ခုပါ။
စာလုံး ၂ခု လုံးက Genetiivi နဲ့ တွဲသုံးရပါတယ်။
Jälkeen - after a specific event or point in time
တိကျတဲ့ အချိန်၊ နာရီ၊ အဖြစ်အပျက် ကို ရည်ညွှန်း ပြောချင်တဲ့အခါ တွေမှာ သုံးပါတယ်။
E.g kurssin jälkeen - after the class
Mennään kahville oppitunnin jälkeen.
စာသင်ချိန်ပြီးရင်ကော်ဖီဆိုင်သွားရအောင်၊
Kuluttua - in/ after a duration of time (for future)
နာရီ၊ ရက်၊ လ၊ နှစ် အရေအတွက် အတိကျ ကို ( အခု လက်ရှိပြောနေချိန်ကစပြီးတော့) ရေတွက်တဲ့အခါမှာ သုံးပါတယ်။
Eg. tunnin kuluttua - in an hour / after one hour
Muutan Suomeen vuoden kuluttua.
I will move to Finland in a year.