17/08/2025
ဖင်လန်ရောက်တာ၂နှစ်ပြည့်လာပြီဆိုတော့ဘယ်လိုအတွေ့အကြုံတွေဆီ သွားမလဲလို့တွေးကြည့်မိတယ်။
၂ နှစ်ဆိုပေမယ့်လဲ အတွေ့အကြုံအသစ်တွေကလဲ မနည်းဘူး။
ပထမတစ်နှစ်ကို တကယ့်ပထမဆုံးအတွေ့အကြုံအနေနဲ့ supermarket မှာ အချိန်ပြည့်ဝန်ထမ်းအဖြစ် စတင်ခဲ့တယ်။ 😮 အရင်တုန်းကတော့ ဟိုတယ်နယ်ပယ်ထဲမှာပဲ အလုပ်လုပ်ဖူးတာမို့ အရောင်းပိုင်းအတွေ့အကြုံက မရှိခဲ့ဘူး။
ပုံမှန်ဆိုရင် အဲလိုအလုပ်မှာ အင်္ဂလိပ်ဘာသာစကားနဲ့ အချိန်ပြည့်ဝန်ထမ်းအနေနဲ့ အလုပ်ရဖို့ဆိုတာ တော်တော်မလွယ်တဲ့အရာတစ်ခုပါ။
ဖင်လန်ဘာသာစကားပြောတက်ပြီး ဒီမှာနေတာကြာပြီဖြစ်တဲ့သူတွေတောင် လွယ်လွယ်နဲ့ရဖို့မလွယ်ပါဘူး။
အဓိကကတော့ ဒီနိုင်ငံမှာက အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာရယ် နောက်တစ်ခုက အခုနောက်ပိုင်း သူတို့ရဲ့အလုပ်သဘာဝအရ ကိုယ့်ကိုထောက်ခံပေးတဲ့သူရှိမှ အလုပ်ရနိုင်ခြေများတယ်။
ကိုယ်တွေက ကံကောင်းစွာနဲ့ဘဲ ဒီမှာရောက်တာတော်တော်ကြာပြီဖြစ်တဲ့ အကိုတစ်ယောက်နဲ့သိခွင့်ရခဲ့ပြီး သူကတစ်ဆင့်ပြောပေးလို့ အဲအလုပ်ကို ရခဲ့တာ။
အဲဒီလိုကိုယ်တွေရဲ့ဖင်လန်မှာ ကနဦးအခြေအနေဟာ အများကြီးအဆင်ပြေစေခဲ့တယ်။ ကိုယ်တွေရဲ့ ခရီးလမ်းသစ်အစမှာ အကိုလိုခင်ရတဲ့အဲ့ဒိအကိုရဲ့ကျေးဇူးတွေကြောင့်ဘဲ ဘယ်အချိန်ဘဲပြန်တွေးနေပါစေ တွေးတဲ့အချိန်တိုင်းမှာ စိတ်ထဲမှာသူ့ကိုကျေးဇူးတင်နေရပါတယ်။
ဒီမှာကလဲ အချိန်ပြည့်နဲ့အချိန်ပိုင်းဝန်ထမ်း အလုပ်စာချုပ်တွေကလဲ ကွာခြားမှုရှိတယ်။အထူးသဖြင့် အချိန်ပြည့်အလုပ် စာချုပ်နဲ့ဆို နေထိုင်ခွင့်သက်တမ်းဆက်လက်တိုးတဲ့အခါမှာ တော်တော်အရေးပါတယ်။
အဲလိုနဲ့ အလုပ်သစ် ပတ်ဝန်းကျင်အသစ် နေရာအသစ်ကလူအသစ်တွေနဲ့ အသားကျအောင်ကြိုးစားရင် ပထမတစ်နှစ်ကိုတော့ အကောင်းဆုံးကြိုးစားပြီး ဖြတ်ကျော်ခဲ့လိုက်ပါပြီ။
အလုပ်ထဲက အတွေ့အကြုံအချို့နဲ့ ဒုတိယနှစ်ရဲ့ မတူညီတဲ့ အတွေ့အကြုံ အကြောင်းအရာလေးတွေကိုတော့ နောက်မှ ဆက်ရေးပါအုံးမယ်။
အခုကတော့ ကလေးအဖေဖြစ်လာပြီဆိုတော့ စာရေးနေရင်းကလေးနိုးလာတော့ ကလေးထိန်းလိုက်ပါအုံးမယ်🤣