12/10/2025
အခုက Finland ရဲ့ autumn ပေါ့
အရွက်တွေကအဝါရောင်ပြောင်းပြီးကြွေလွင့်ကြပြန်ပြီပေါ့ သူ့အချိန်နဲ့သူပေါ့
ဘယ်လိုခံစားရလဲဆိုတော့ မကြာခင်နှင်းတွေမြင်ရမှာမို့ ပျော်တယ်ပေါ့
ဒါမယ့် နှင်းတွေကိုမြင်ရတဲ့ တစ်ဖက်ခြမ်းမှာ အမှောင်ထုကြီးကလဲဆီးကြိုနေတယ်
ဒါကိုဘဝသင်ခန်းစာအဖြစ်နဲ့ဘဲမှတ်ယူရမှာပေါ့
ဘယ်အရာမဆို ကောင်းတာနဲ့ဆိုးတာဒွန်တွဲတယ်
အဆိုးပြီးရင်အကောင်း အကောင်းပြီးရင် အဆိုးပေါ့
မှောင်မိုက်နေတဲ့အဆိုးကိုရင်ဆိုင်နေရချိန် နှင်းပွင့်တစ်ပွင့်လောက်လေးတောက်ပတဲ့ မျှော်လင့်ချက်သေးသေးလေးကိုလက်ဆုပ်လက်ကိုင်ထားပြီး ရှင်သန်ကြိုးစားရမှာကလူ့ဘဝမဟုတ်လား
ဒါကြောင့်လူ့ဘဝဆိုတာသူ့အချိန်နဲ့သူပါဘဲ ကျရှုံးချိန်မှာငိုရပြီး အောင်မြင်လာမယ့်ချိန်ကျတော့လဲ ပျော်ရတာဘဲမလား ဒီလိုနဲ့ဘဲသံသရာလည်ပတ်ရင်း ဘဝအတွက်တိုက်ပွဲဝင်ကြရအောင်………🧡💛