𝗬𝗨 𝗞𝗜 𝗞𝗢 - 𝗩𝗹𝗼𝗴𝘃𝗲𝗻𝘁𝘂𝗿𝗲

  • Koti
  • Suomi
  • Tampere
  • 𝗬𝗨 𝗞𝗜 𝗞𝗢 - 𝗩𝗹𝗼𝗴𝘃𝗲𝗻𝘁𝘂𝗿𝗲

𝗬𝗨 𝗞𝗜 𝗞𝗢 - 𝗩𝗹𝗼𝗴𝘃𝗲𝗻𝘁𝘂𝗿𝗲 Yhteystiedot, kartta ja reittiohjeet, yhteydenottolomake, aukioloajat, palvelut, arvostelut, kuvat, videot ja ilmoitukset 𝗬𝗨 𝗞𝗜 𝗞𝗢 - 𝗩𝗹𝗼𝗴𝘃𝗲𝗻𝘁𝘂𝗿𝗲, Digitaalisen sisällön sisällöntuottaja, Tampere :ltä.

🇲🇲 𝗔 𝗕𝘂𝗿𝗺𝗲𝘀𝗲 𝘀𝗼𝘂𝗹 𝗶𝗻 𝗙𝗶𝗻𝗹𝗮𝗻𝗱 🇫🇮

ဖင်လန်နိုင်ငံအကြောင်း၊ ဗီဇာအကြောင်း၊ ရွှေ့ပြောင်းနေထိုင်မှုများအကြောင်း

YT ချန်နယ်မှာ ဖင်လန်နဲ့ပတ်သက်တဲ့ videoများကို တင်ဆက်ပေး​နေပါတယ်။
https://youtube.com/?si=iv4S8CFMbwntQLL8

မိတ်ဆွေရဲ့ ကိုယ်ပိုင်ဘဝမှာ ဘယ်လိုတွန်းအားမျိုးတွေနဲ့ ရှေ့ဆက်နေလဲ?စိတ်ဓါတ် ခွန်အားလိုချင်တဲ့အခါတိုင်း ဖတ်ခွင့်ရချင်လို့ မ...
08/08/2025

မိတ်ဆွေရဲ့ ကိုယ်ပိုင်ဘဝမှာ ဘယ်လိုတွန်းအားမျိုးတွေနဲ့ ရှေ့ဆက်နေလဲ?
စိတ်ဓါတ် ခွန်အားလိုချင်တဲ့အခါတိုင်း ဖတ်ခွင့်ရချင်လို့ မိတ်ဆွေတို့ရဲ့ စကားသံလေးတွေ သိခွင့်ရမယ်ဆိုရင် ကြားသိပါရစေ၊ ကွန်မန့်မှာ တစ်ကြောင်းတစ်လေလောက် ဖြစ်ဖြစ် ရေးပြီးမျှဝေပေးသွားပါဦးလို့ …။
တစ်ယောက်ချင်းစီရဲ့ တွေးပုံတွေကို သိခွင့်ရတာက အတော်ပညာရတာပါပဲ။ သိခွင့်ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရပါတယ်။

** ဒီစာစုကိုတော့ ခွန်အားဖြည့်စာစု တစ်ခုအနေနဲ့ အမြဲ သိမ်းထားချင်ပါတယ် **

Muumipäivä! 💙𝙈𝙤𝙤𝙢𝙞𝙣 World☀️🦦ကာတွန်းထဲက 𝙈𝙤𝙤𝙢𝙞𝙣 လေးရဲ့ Valley ကို အပြင်မှာ ရောက်သွားရသလိုပဲ ….ဖင်လန်ရဲ့ အထင်ကရ ဇာတ်ကောင် 𝙈...
03/08/2025

Muumipäivä! 💙
𝙈𝙤𝙤𝙢𝙞𝙣 World☀️🦦

ကာတွန်းထဲက 𝙈𝙤𝙤𝙢𝙞𝙣 လေးရဲ့ Valley ကို အပြင်မှာ ရောက်သွားရသလိုပဲ ….

ဖင်လန်ရဲ့ အထင်ကရ ဇာတ်ကောင် 𝙈𝙤𝙤𝙢𝙞𝙣 လေး တို့ရဲ့ ကာတွန်းကမ္ဘာသို့ အလည် တစ်ခေါက်..
in photos 📸

PS. ကလေးတွေက Moomin ကာတွန်း အရမ်းကြိုက်တော့ ဇာတ်ကောင်လေးတွေကို အပြင်မှာ ကိုင်ချင်ကြ၊ သူတို့တွေလည်း လက်မလည်တဲ့ကြားက ကလေးတောထဲ တိုးပြီး ဓါတ်ပုံတော့ ရိုက်နိုင်ခဲ့သေးတယ် ☺️😄

🎓 ကျမ fail ခဲ့ဖူးတဲ့ ကျောင်းလျှောက်လွှာများတကယ်တော့ အခု ဖင်လန်နိုင်ငံမှာ လက်ရှိတက္ကသိုလ်မေဂျာ မရခင်အထိ ကျောင်းလျှောက်လွှ...
27/07/2025

🎓 ကျမ fail ခဲ့ဖူးတဲ့ ကျောင်းလျှောက်လွှာများ

တကယ်တော့ အခု ဖင်လန်နိုင်ငံမှာ လက်ရှိတက္ကသိုလ်မေဂျာ မရခင်အထိ ကျောင်းလျှောက်လွှာ reject ပေါင်းများစွာ ပြီးသွားမှ ကျောင်းရခဲ့တာပါ။ ဘာလို့ ဒါကိုပြောပြချင်လဲလို့ဆိုရင် တကယ်တော့ ကျမတို့တွေ မပြောပြဖြစ်ခဲ့တဲ့ ကျရှုံးမှုတွေရဲ့ အကြောင်း မြင်သာစေဖို့၊ တစ်ချို့တစ်ချို့အတွက်လည်း စိတ်အားတက််ဖွယ် (ဖြစ်ကောင်း ဖြစ်လေမလားတော့ မသိ) ဖြစ်နိုင်ဖို့လို့ ပြောရမလိုပဲ။
ကိုယ့်အကောင့်ကိုယ် ကြည့်မိတော့ အမှတ်စာရင်းလေးတွေပြလိုက်၊ ကိုယ့် milestones လေးတွေပြလိုက်နဲ့မို့ ရုတ်တရက်တော့ ကိုယ်က အရမ်းတော်၊ အရမ်းမိုက်နေသော ဆိုသလိုမျိုးများ interpret လုပ်မိနေသလိုဖြစ်နေသလားလို့ တွေးမိလာတာကြောင့်လည်း ပါပါတယ်။ တကယ်တော့ ဆိုရှယ်မီဒီယာမှာက တင်တဲ့အခါ ကောင်းတာလေးတွေ ပိုရွေးတင်တတ်တာများတဲ့ သဘာဝအရမို့ တင်နေမိတာ၊ တကယ်တော့ အရမ်းလည်းမတော်သလို ကြိုးစားလိုက်၊​ ကျရှုံးလိုက်၊​ စိတ်ကျလိုက်၊​ ပြန်ထူလိုက် သာမာန်ရုန်းကန်ဖြစ်နေခဲ့တာပါပဲ။ ဒီလိုနဲ့ နည်းနည်းပိုပြီးသိလာတော့ တအားကြီး fail မသွားရုံ၊ resilience ပိုကောင်းလာရုံ။ long run (ရှေ့ကိုပိုပြီးမျှော်ကြည့်) ပိုကြည့်တတ်လာတာမို့ အတွေးအမြင် (အရင်ထက်) ပိုကျယ်ပြန့်လာတဲ့ သဘော ရှိလာရုံပါပဲ။
လိုရင်းကို ဆက်ရရင် ကျမ ကိုဗစ်ကာလ မတိုင်ခင်တည်းက abroad study အတွက် ကြိုးစားခဲ့ပေမယ့် တစ်ခုမှ ရွေးချယ်ခြင်းမခံရတာတွေချည်းပါပဲ။ အခုရေးပြတဲ့ list က အကုန်လုံးတောင် မဟုတ်သေးဘူး။ ဒီအကြောင်းအရာကို ပြောပြတာက အဲလောက်ခက်ခဲကြောင်း ညွှန်းဆိုချင်တာမဟုတ်ဘဲ၊ လူတိုင်းဟာ ကျရှုံးတတ်တဲ့အကြောင်း၊ လူတွေက အဆင်ပြေတာတွေပဲ ရွေးပြတတ်တဲ့အခါမျိုးမှာ ငါက သူ့လောက် မရပါလားဆိုတာ မဖြစ်သွားဘဲ ကိုယ်နဲ့ သင့်တော်တဲ့ အဆင််ပြေမှုမရောက်သေးတာပဲ ဖြစ်တဲ့အကြောင်း သတိရစေချင်တာကြောင့်ပါပဲ။
👩‍💻 ဖင်လန်မတိုင်ခင် ကျမ လျှောက်ဖြစ်ခဲ့တဲ့နိုင်ငံတွေ -
ဆွီဒင်၊​ဂျာမနီ၊​အမေရိကန်၊​အိုင်ယာလန်၊ ဩစတေးလျ …. တစ်ကျောင်းမှ မရခဲ့ပါဘူး။

🎓 လျှောက်ဖြစ်ခဲ့တဲ့ ပရိုဂရမ်တွေ၊​ပညာသင်ဆုတွေ -
Prospect Burma, DAAD, Lincoln, Fulbright, YSEALI, … ဒါတွေအကုန် တစ်ခါမက တစ်နှစ်မက အငြင်းခံခဲ့ရပြီးသားပါ။
၂၀၂၂ မှာ ဖင်လန်တက္ကသိုလ်တွေဝင်လျှောက်ခဲ့တဲ့ ပရိုဂရမ်ပေါင်း ၇ခုမကပါ၊​ waiting list တစ်ခု ပါပြီး ကျန်တာ reject ပါ။

✅ ၂၀၂၃ မှပဲ​အခုတက်တဲ့မေဂျာနဲ့ ကျောင်းဝင်ခွင့်က ရခဲ့တာပါ။
အခုချိန်မှာ စကော်လာတစ်ပြားမှမရဘဲ တက်နေတာ ဖြစ်ပေမယ့် ကျောင်းလခ အလုံးစုံကင်းလွတ်ခွင့် ရထားတာမို့ မဆိုးလှဘူး ပြောရမှာပါပဲ။

ကျမတို့တွေက လူတိုင်းတစ်ယောက်နဲ့ တစ်ယောက် timeline တူကြတာမဟုတ်လို့ ကိုယ့် timeline နဲ့ကိုယ် သွားကြတာ ပိုလို့ အဆင်ပြေနိုင်ကြမှာပဲ မဟုတ်ပါလား။

📍 𝙉𝙖𝙖𝙣𝙩𝙖𝙡𝙞 Finland 🇫🇮
20/07/2025

📍 𝙉𝙖𝙖𝙣𝙩𝙖𝙡𝙞 Finland 🇫🇮

Bachelor ဘွဲ့ကိုပဲ နှစ်ခါပြန်တက်ဖြစ်မယ်လို့ မထင်ခဲ့ပေမယ့် ကျောင်းသူဖြစ်ဖို့ကံက ရှောင်လွှဲမရသောအခါ …Abroad မှာ ဘဝပြန်စရတာ...
19/07/2025

Bachelor ဘွဲ့ကိုပဲ နှစ်ခါပြန်တက်ဖြစ်မယ်လို့ မထင်ခဲ့ပေမယ့် ကျောင်းသူဖြစ်ဖို့ကံက ရှောင်လွှဲမရသောအခါ …
Abroad မှာ ဘဝပြန်စရတာ ဟိုးအစပြန်ရောက်နေတော့ .. သူငယ်ချင်းတစ်ယောက်ကို လှမ်းပြောဖြစ်သေးတယ်၊ ငယ်ချင်ယောင်ဆောင်ရတာ ပျင်းတောင်လာပြီလို့ 😆
😅
ဒီက ဖင်းလူမျိုးတွေကလည်း အထက်တန်းကျောင်းသူအရွယ် မှတ်မှတ်နေကြတာက ပြဿနာ ..🤌

⁉️Finland ကိုလာချင်တယ်၊ ဘယ်ကစပြီး လုပ်ရမလဲ မသိဘူး … ဒီမေးခွန်းအတွက် ဒီလို ကျမ ဖြေချင်တယ်။(ကျမနားလည်ထားသလို ရေးတတ်သလို ဗာ...
19/07/2025

⁉️Finland ကိုလာချင်တယ်၊ ဘယ်ကစပြီး လုပ်ရမလဲ မသိဘူး …
ဒီမေးခွန်းအတွက် ဒီလို ကျမ ဖြေချင်တယ်။(ကျမနားလည်ထားသလို ရေးတတ်သလို ဗားရှင်းလေးနဲ့ပဲ ရေးပြလိုက်ပါတယ်. ဘယ်လိုတွေ ပြောပြထားဦးတော့ စိတ်ဝင်စားတဲ့သူ လူသစ်တွေအတွက်က အခြေခံသဘောတရားလေးတွေ မသိတဲ့အခါ ဘာတွေ ပြောနေလဲ မသိဘူး ဖြစ်ကြတဲ့အတွက် ဒီလိုလေး ခဏခဏ မေးလေ့ ရှိကြပါတယ်။ တော်တော်လေး သိပြီးသား သူတွေအတွက် မဟုတ်ဘဲ ဖင်လန်အကြောင်း ခုမှစလို့ ပြီး သိချင်တဲ့သူတွေအတွက် ပိုသင့်တော်တဲ့ စာလို့ ပြောရမှာပါ …။
=============================
🛄 ဘယ်လိုနည်းနဲ့ လာမလဲ 🛄
ဖင်လန်ကို လာလို့ရတဲ့လမ်းကြောင်းထဲမှာ အဆင်ပြေလွယ်ကူနိုင်ဆုံးက “ကျောင်းတက်” တာပါ။ အဆင်ပြေလွယ်ကူတယ်ဆိုတဲ့နေရာမှာ ဖင်လန်အတွက်သီးသန့်ပြောတာဖြစ်ပြီး တစ်ခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြောတာမဟုတ်ပါ။
အဓိကအားဖြင့် ကျောင်းလျှောက်ဆိုတဲ့နေရာမှာ နှစ်မျိုးရှိပါတယ် -
✅ ပထမတစ်မျိုးက တက္ကသိုလ် (university/yliopisto)၊ အသုံးချသိပ္ပံတက္ကသိုလ် (university of applied sciences/ammattikorkeakoulu) နဲ့
✅ ဒုတိယ တစ်မျိုးက သက်မွေးဝမ်းကျောင်း သင်တန်းကျောင်း (vocational school/
ammattikoulu) တို့ပဲ ဖြစ်တယ်။
ဒီနေရာမှာ အထက်တန်း (lukio) ကိုတော့ ချန်လှပ်ထားခဲ့ပါတယ်၊ ကျမသေချာ မသိသော သေချာ ကျွမ်းကျွမ်းကျင် မပြောနိုင်သော အကြောင်းအရာမို့ပါ၊ (စကားချပ်) အဓိကက ၁၈နှစ်ကျော်တဲ့ လူတွေအတွက်က အခုပြောထားတဲ့ တက္ကသိုလ်နဲ့ vocational က ပိုလို့ နီးစပ်သင့်တော်တာကြောင့်လည်း ဖြစ်ပါတယ်။
💰 ကျောင်းလခ 💰

> တက္ကသိုလ်တွေမှာက နှစ်မျိုးရှိပါတယ်၊ (bachelor degree ပရိုဂရမ်ပဲ ဖြစ်ဖြစ်၊ master degree ပရိုဂရမ်ပဲ ဖြစ်ဖြစ်) English-taught (အင်္ဂလိပ်လိုသင်တဲ့) နဲ့ Finnish-taught (ဖင်းလိုသင်တဲ့) ပါ၊ English လိုသင်တာက ကျောင်းလခ ပေးရမယ်၊ ဖင်းလိုသင်တာက ပေးဖို့မလိုပါ။ ဒါပေမယ့် ဖင်းလိုသင်ဖို့ ခက်တဲ့အပြင် (thesis ကို ဖင်းလိုရေးရမယ်) ကျောင်းလျှောက်ရင်လည်း Finnish language proficiency အတွက် ပြရမယ့် certificate က ဖင်လန်မှာပဲ ဖြေလို့ရတဲ့( yki test)အတွက် ကျောင်းလျှောက်တဲ့ဟာမှာကိုက ရဖို့ မလွယ်ပါဘူး၊ (ဖင်လန်ရောက်ပြီးသားသူတွေအတွက်ကတော့ ပြေနိုင်ပါလိမ့်မယ်)။ အနှစ်ချုပ်ရရင် တက္ကသိုလ်ရဲ့ ကျောင်းလခက တစ်နှစ် ယူရို ၆၀၀၀ ဝန်းကျင်ကနေ ၁၅၀၀၀ ဝန်းကျင် ကုန်ကျစရိတ်သွားပါတယ်။

> vocational ကျောင်းအများစုက ကျောင်းလခ မပေးရပါ၊ တစ်ချို့ ကျောင်းတွေကတော့ ကျောင်းလခပေးရတာ ရှိတတ်ပါတယ်၊ ကိုယ်က ကျောင်းလခ မပေးရတဲ့ ကျောင်းကိုရွေးပြီး လျှောက်မယ်ဆို နေစရိတ်စားစရိတ် (living expense) ကိုပဲ စဉ်းစားဖို့ လိုမယ်။ နောက်ပိုင်း ဥပဒေ ပေါ်လစီ ပြောင်းလဲတာတွေ ဖြစ်လာခဲ့ရင်တော့ တစ်မျိူးဖြစ်နိုင်မယ်၊ ခုထိကတော့ ဒီအတိုင်းပါပဲ။
👩‍🎓ကျောင်းလျှောက်ခြင်း👨‍🎓
ကျောင်းလျှောက်တာကတော့ ကိုယ်တိုင်လျှောက်ကြသလို အေးဂျင့်နဲ့လည်း လျှောက်ကြတာ ရှိတာမို့ ဒါကတော့ ဘယ်လိုလျှောက်သင့်လဲ ဆိုရင်တော့ “Up to you” လို့ပဲ ပြောရမယ်ထင်ပါတယ်။ ကျောင်းလျှောက်တာ လွယ်သလားဆိုရင် ဘယ်အရာမှတော့ အထူးမလွယ်ကူလှပါဘူး၊ ကျောင်းရဖို့ (စကော်လာသမားဆို စကော်လာတစ်ခုရဖို့ မျိုးစုံ နှစ်ကြာအောင်ထိ ကြိုးစားရသလို) အများကြီးကြိုးစားရပါတယ်၊ ဒါကတော့လေ ဖင်လန်မှရယ်လို့ မဟုတ်ပါဘူး၊ ဘယ်အနောက်တိုင်းက ကျောင်း ဖြစ်ဖြစ် အားထုတ်ရတာတော့ အကုန် တူတူဖြစ်မှာပါပဲ။ ကျောင်းဘယ်လိုလျှောက်ရလဲ ဆိုတာပဲ ပြောပြနိုင်ကြမှာ ဖြစ်ပြီး ကျောင်းရဖို့ လွယ်တာခက်တာကတော့လည်း တစ်ယောက်နဲ့တစ်ယောက်individual အလိုက် တူမှာတော့ မဟုတ်ပြန်ပါဘူး ။ ကျောင်းတွေကို လျှောက်ဖို့ လိုအပ်ချက် requirements တွေ ရှာကြည့်မယ်ဆို ကျောင်းတွေရဲ့ website တွေမှာ ဝင်လေ့လာ၊ အထူးသဖြင့် studyinfo (ကွန်မန့်မှာ လင့်ခ်ပေးထားပါမယ်) မှာ ဝင်ပြီးလိုက်ဖတ်ကြည့်ရင်ကို ပြင်ဆင်ရမှာတွေကို အတော်လေး သိနိုင်ပါတယ်။ vocational (English program) ဆို Duolingo ဖြေဖို့လိုပြီး တက္ကသိုလ်က IELTS လိုပါတယ်။
ကျောင်းရရင်တော့ ဗီဇာလျှောက်ရတာ ခက်ခက်ခဲခဲ အပိုင်း မဟုတ်ဘဲ နည်းမှန်လမ်းမှန်သွားရင် အဆင်ပြေပြေရတတ်ပါတယ်။

🛂 ဗီဇာ 🛂
ဒီတော့ ကိုယ်တက်ဖို့ အဆင်ပြေမယ် ယူဆရတဲ့ ဘာသာရပ်ရွေး ကျောင်းရွေး ကျောင်းလျှောက်လို့ ကျောင်းရ (acceptance letterရ) တဲ့အခါမှာ ကျောင်းတက်ရမယ့် အချိန်ကာလပေါ်မူတည်ပြီးတော့ ၁နှစ်ခွဲ၊ ၂ နှစ်၊ ၃နှစ်ခွဲ အစရှိတဲ့ သက်တမ်းရှိ နေထိုင်ခွင့်ကတ် (residence permit) ကို လျှောက်ထားရယူနိုင်ပါတယ်။ [မှတ်ချက် ။ ။ဒီကတ်နဲ့ ဥရောပနိုင်ငံ အများစုမှာ ဗီဇာ သီးသန့် လျှောက်စရာမလိုဘဲ ခရီးထွက်လို့ရပါတယ်။]
ကျောင်းတက်ရင်း အလုပ်ရပြီး eligibility ဖြစ်တဲ့အခါ အလုပ်ဗီဇာပြောင်းလို့ရပါတယ်။ အလုပ်ဗီဇာက များသောအားဖြင့် ၄နှစ်ထိ ရကြပါတယ်။ အလုပ်ဗီဇာ ပြောင်းနိုင်ရင် PR တို့ဘာတို့ လျှောက်တဲ့အခါ ပိုလို့ အဆင်ပြေပါတယ်။
👩‍🏭👨‍🏭အလုပ်လုပ်ခွင့် (Student)
ကျောင်းသား status နဲ့နေသူအနေနဲ့ တစ်ပတ်ကို တရားဝင် အလုပ်ချိန် နာရီ ၃၀ ရရှိပါတယ်၊ တစ်ပတ်ကို အတိအကျ နာရီ၃၀အောက် လုပ်ရမှာမဟုတ်ဘဲ တစ်နှစ်စာပျမ်းမျှ တွက်ပြီး တစ်ပတ် နာရီ၃၀ ရှိနေရင် ရပါပြီ။ နွေရာသီလို တရားဝင် ပိတ်ရက်ရှည်တွေဆို full time လုပ်ခွင့်ရှိပါတယ်။ ဒါတွေက တရားဝင်ဖော်ပြထားပြီးသားအချက်အလက်တွေပဲ ဖြစ်ပါတယ်။
💶 နေစရိတ်၊ စားစရိတ် (living expense)
နေစရိတ်၊စားစရိတ်အတော်အတန်မြင့်ပါတယ်၊ တစ်လကို အနိမ့်ဆုံး ယူရို ၅၀၀/၆၀၀ လောက်ကနေ ၁၀၀၀ လောက်ထိ ကုန်ကျစရိတ် ရှိနိုင်ပါတယ်။
🔑ဘာသာစကားလိုအပ်ချက်
ဖင်လန်အတွက် လာဖို့ပြင်တဲ့အခါမှာ အရေးအကြီးဆုံးက ဘာသာစကားဖြစ်ပါတယ်။ ဘာသာစကားဆိုရာမှာ ဖင်းစကား (Finnish) ကို ဆိုလိုတာ ဖြစ်ပြီး အလုပ်ရှာရာမှာ အများကြီး အထောက်အကူပြုတဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ကျောင်းတက်ဖို့ ဖင်းစကားတတ်သင့်တာထက် ရေရှည် sustainability အတွက် တတ်သင့်တာ ဖြစ်ပါတယ်။
✅ အနှစ်ချုပ် ✅
ဖင်လန်လာဖို့
- ကျောင်းရအောင်လျှောက်မယ်
- ဖင်းဘာသာစကား (ဖြစ်နိုင်သမျှ) ပြင်ဆင်မယ်
- ကျောင်းရပြီဆို ဗီဇာလျှောက်မယ်
- ဗီဇာရရင် ရောက်ပါပြီ။ ဒါပါပဲ။
အတိုချုံ့လိုက်တော့သာ ဒါပဲဖြစ်သွားတာပါ၊ တကယ်တော့ ကျောင်းလျှောက်တဲ့အပိုင်းတွေမှာ လိုအပ်ချက်တွေ လေ့လာပြင်ဆင်ရဦးမယ်။ ဘက်ဂျက်တွေတွက်ဆရဦးမယ်၊ မေဂျာရွေးဖို့ စဉ်းစားရမယ်.. စသည်ဖြင့်ရှိတာတွေပါ။

ဒီအချက်အလက်တွေကို တွက်ဆထားပြီး ကိုယ်လာချင်တဲ့၊ လာနိုင်မယ့်၊ ကိုယ်နဲ့ ကိုက်ညီမယ့်အတိုင်းအတာကို ရွေးချယ် စဉ်းစားလို့ရမယ့် အိုင်ဒီယာရဖို့ အထောက်အကူ ပြုနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
𝗬𝗨 𝗞𝗜 𝗞𝗢 - 𝗩𝗹𝗼𝗴𝘃𝗲𝗻𝘁𝘂𝗿𝗲
#ဖင်လန်

🍓သဘာဝအတိုင်းပေါက်တဲ့ စတော်ဘယ်ရီ အရိုင်းလေးတွေ … ပထမဆုံး ခူးဖူးတာပဲ ✨✨✨ဘယ်လိုရှာတွေ့တာလဲ ဆိုတာ စွန့်စားခန်း နောက်ရက်မှ ပြ...
15/07/2025

🍓သဘာဝအတိုင်းပေါက်တဲ့ စတော်ဘယ်ရီ အရိုင်းလေးတွေ …
ပထမဆုံး ခူးဖူးတာပဲ ✨✨✨
ဘယ်လိုရှာတွေ့တာလဲ ဆိုတာ စွန့်စားခန်း နောက်ရက်မှ ပြောပြရဦးမယ်။ ☺️

ဖင်လန်မှာ တက္ကသိုလ်တက်တာ ဒုတိယနှစ်  credit 150 ထိတော့ ရပြီးသွားပြီ 😇
05/07/2025

ဖင်လန်မှာ တက္ကသိုလ်တက်တာ ဒုတိယနှစ် credit 150 ထိတော့ ရပြီးသွားပြီ 😇

Osoite

Tampere

Hälytykset

Tiedä ensimmäisenä ja anna meille oikeus lähettää sinulle sähköpostitse uutisia ja promootioita 𝗬𝗨 𝗞𝗜 𝗞𝗢 - 𝗩𝗹𝗼𝗴𝘃𝗲𝗻𝘁𝘂𝗿𝗲 :ltä. Sähköpostiosoitettasi ei käytetä muihin tarkoituksiin, ja voit perua milloin tahansa.

Jaa