YU KI KO Vlog

YU KI KO Vlog Yhteystiedot, kartta ja reittiohjeet, yhteydenottolomake, aukioloajat, palvelut, arvostelut, kuvat, videot ja ilmoitukset YU KI KO Vlog, Digitaalisen sisällön sisällöntuottaja, Tampere :ltä.

𝗔 𝗕𝘂𝗿𝗺𝗲𝘀𝗲 𝘀𝗼𝘂𝗹 𝗶𝗻 ဖင်လန်

🇫🇮🇹🇭🇲🇲

ဖင်လန်နိုင်ငံအကြောင်း၊ ဗီဇာအကြောင်း၊ ရွှေ့ပြောင်းနေထိုင်မှုများအကြောင်း

YT ချန်နယ်မှာ ဖင်လန်နဲ့ပတ်သက်တဲ့ video များ တင်ထားပါတယ်။

Taking a break for inner peace. 🌿Happy New Year ✨ Wishing you all the best in the year ahead ! #2026
01/01/2026

Taking a break for inner peace. 🌿
Happy New Year ✨

Wishing you all the best in the year ahead !
#2026

31/12/2025

Finland မှာ immigrants တွေအတွက် ဥပဒေအပြောင်းအလဲတွေကို နားလည်ထားဖို့ ကြိုးစားရင်း အခု video လေးမှာ အရေးကြီးတာတွေကိုအနှစ်ချုပ် တင်ပြလိုက်ပါတယ်။
၂၀၂၅ ကတော့ ဥပဒေ ပြောင်းလဲမှုတွေ အတည်ဖြစ်မှုတွေ အင်မတန်များတဲ့ နှစ်လို့ ဆိုရမှာပါပဲ။
PR ဆိုလည်း နှစ်ပိုများသွားသလို ကန့်သတ်ချက် ပိုများ သွားပါတယ်။ ၂၀၂၆ ခုနှစ်ကလည်း ပြင်ဆင်လိုက်တဲ့ ဥပဒေတွေ အသက်ဝင်ဖို့ အဆင်သင့် ဖြစ်နေပုံပါပဲ 😁။
#ဖင်လန်အကြောင်း

‼️ 𝙅𝙪𝙯 𝙖 𝙡𝙞𝙩𝙩𝙡𝙚 𝙖𝙣𝙣𝙤𝙪𝙣𝙘𝙚𝙢𝙚𝙣𝙩 ‼️ကျေးဇူးပြုပြီး အဆုံးထိ ဖတ်ပေးပါ။ဒီနှစ်တစ်နှစ်ပတ်လုံးမှာ မက်ဆင်ဂျာကနေ မေးခွန်းတွေ အများကြီ...
28/12/2025

‼️ 𝙅𝙪𝙯 𝙖 𝙡𝙞𝙩𝙩𝙡𝙚 𝙖𝙣𝙣𝙤𝙪𝙣𝙘𝙚𝙢𝙚𝙣𝙩 ‼️
ကျေးဇူးပြုပြီး အဆုံးထိ ဖတ်ပေးပါ။

ဒီနှစ်တစ်နှစ်ပတ်လုံးမှာ မက်ဆင်ဂျာကနေ မေးခွန်းတွေ အများကြီးမေးကြတာ ရှိခဲ့ပါတယ်။
ကျွန်မရဲ့ ပေ့ချ်‌လေးက ဖင်လန်နိုင်ငံအကြောင်း သိသရွေ့ တတ်သရွေ့ မျှဝေရင်း ကိုယ့်အတွေ့အကြုံလေးတွေကို အလျဥ်းသင့်သလို တင်ရုံမျှသာ စွမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။ ကျွန်မ မသိတဲ့အကြောင်းအရာမျိုးတွေလည်းရှိသလို အတွေ့အကြုံကသင်ပေးတဲ့ အချို့ အရာတွေလည်း ပိုပြီး သိရှိလာတာလည်း ရှိပါတယ်။
ပထမဆုံးစာကြောင်းကို ပြန်ဆက်ရရင် ကျွန်မ ဖြေနိုင်သလောက် scope အတွင်းမှာတော့ တတ်နိုင်သလောက် ဖြေပေးခဲ့ပါတယ်၊ မသိတဲ့ zone ထဲက အကြောင်းအရာတွေကိုတော့ မသိကြောင်း ပြောပြဖြစ်ခဲ့သလို မအားလပ်တဲ့အချိန်တွေမှာတော့ စာကို အချိန်နဲ့ တပြေးညီ reply မပြန်နိုင်တာလည်း ဖြစ်ရပါတယ် (ကျွန်မတို့က တိုင်းတပါးမှာ survive လုပ်ကြရာမှာ အဓိက လုပ်ဆောင်ရတာသည် vlog/blog မဟုတ်ပါ၊ စားဝတ်နေရေး၊ ပညာရေး အစရှိသဖြင့် အဓိကကြိုးစားရုန်းကန်ရတဲ့ အခြေအနေလေးတွေ မရှိမဖြစ် ရှိကြရပါတယ်။)
ဒီနေရာမှာ ဘာကို အဓိကပြောချင်တာလဲဆိုရင် ကျွန်မအနေနဲ့ (တစ်ဦးတည်းအနေနဲ့) ဒီပေ့ချ်ကနေ မေးသမျှ ဖြေပါမယ်ဟု၊ အချိန်အတိအကျ ဖြေပါမယ်ဟု တစ်ခါမှ commitment ပေးခဲ့တာမျိုး မရှိတဲ့အကြောင်းပါ။ ဒီအတွက် ‌ (အကြောင်းမပြန်ဖြစ်ခဲ့တာကြောင့်သော်လည်းကောင်း)နောက်ကျမှ reply ပြန်ဖြစ်ရတာမျိုးတွေ ရှိခဲ့ရင်သော်လည်းကောင်း စိတ်အဆင်မပြေ ဖြစ်ခဲ့ရတာရှိရင် ဒီစာစု‌လေးကနေပဲ တောင်းပန်ပါတယ်။
ဆိုပေမယ့် တစ်ခြားတစ်ဖက်မှာကျပြန်တော့ ကိုယ့်အတွက် မေးလာတဲ့ မေးခွန်းတွေကို ဦးနှောက်က လိုက်ပါ တွေးခေါ်စဥ်းစားရသလို တစ်ချို့ဟာတွေအတွက် စာတွေ ပြန်ရှာဖတ်ပြီးမှ ပြန်ဖြေရတာတွေရှိခဲ့တာမှာ ကျွန်မအတွက်ကလည်း ကိုယ်ပိုင်အချိန်လေးထဲက ဖဲ့ပေးခဲ့ပြီး (ကိုယ်လည်း စိတ်ပါဝင်စားစွာနဲ့ voluntarily) အတတ်နိုင်ဆုံး ဖြေပေးခဲ့ပါတယ်။ ဒါပေမယ့် ဖြေပေးရတဲ့အတွက် ကျေးဇူးတင်စကားပင် မဆို၊ ကျွန်မရဲ့ ပြန်စာကို ဖတ်ကြည့်ပြီး ဒီတိုင်းလေး ပြန်ထွက်သွားကြတာတွေလည်း အများကြီး ကြုံရပါတယ်။ လူအားလုံးမဟုတ်သော်လည်း အများစုက ပြန်ဖြေပြီးရင် ဒီအတိုင်း ပစ်ထားခဲ့ကြတာများပါတယ်။
ကျွန်မ အထက်ကဆိုခဲ့သလို ဒီပေ့ချ်ဟာ မေးခွန်းလာမေးကြသူတွေထံက အခကြေးငွေ တစ်စုံတစ်ရာ ရယူထားတဲ့ service လုပ်ငန်းပေ့ချ်တစ်ခု မဟုတ်ပါ။ ကိုယ်ပိုင်အချိန်မှာ voluntarily ဖြေဆိုတာဖြစ်တယ်၊ ကိုယ်သိထားတဲ့ knowledge, experience အစရှိသည်တို့ကို အသုံးပြုပြီး ဆီလျော်အောင် ဖြေဆိုခဲ့တာပါ၊ မသိတဲ့အရာလည်း မသိသလို မသိကြောင်း ဖြေဆိုပေးခဲ့တာပါပဲ။ မေးတဲ့အပေါ် ဖြေပြီးရင် လုံးဝ မသိကျိုးကျွံပြုလျက် acknowledge တစ်ခွန်းတစ်လေမျှ ပြသမှု မရှိခြင်းဆိုတဲ့ အရေအတွက်က အရမ်းများလာပါတယ်။ ကျေးဇူးတင်ဖို့၊ မုန့်ကျွေးဖို့တို့ လိုအပ်တာ မဟုတ်ပါ၊ acknowledge ဆိုတဲ့နေရာမှာ ဥပမာအားဖြင့် react တစ်ခုခုသော်လည်းကောင်း၊ တစ်စုံတစ်ရာ ပြသမှုကို ဆိုလိုပါတယ်။ ကျွန်မက social ပိုင်းမှာ အားနည်းသူ ဖြစ်တာကြောင့် socialize မလုပ်တတ်တာကို နားလည်သူဖြစ်ပါတယ်၊ အလာပ သလာပ စကားဆိုဖို့ ဝန်လေးတာကြောင့် အဲလိုမျိုးတွေလည်း ကိုယ်က မလုပ်တတ်သလို လုပ်လာဖို့လည်း မမျှော်လင့်ပါ၊ ဒါပေမယ့် ကိုယ့်လုပ်ရပ်ဟာ ရိုင်းပြခြင်းမဖြစ်အောင်တော့ အင်မတန်ကြိုးစားပါတယ်။ ကိုယ်က သိချင်လို့ တစ်စုံတစ်ယောက်ထံမှာ မေးမြန်းပြီးတော့ ပြန်ဖြေလာခဲ့ရင် ထိုတစ်စုံတစ်ယောက်ကို အနည်းဆုံး ကျေးဇူးတင်စကား ဆိုမိပါမယ်၊ အဖြေကို မကျေနပ်သေးရင် ဆက်ပြီး ကိုယ့်ဟာကိုယ် လေ့လာ စုံစမ်းပါမယ်၊ ဒါပေမယ့် ကိုယ်မေးခဲ့တဲ့သူကိုတော့ ကိုယ့်မေးခွန်းကို acknowledge ပြန်လုပ်တဲ့အပေါ် အပြန်အလှန်လေးစားမှု (mutual respect) ရှိတဲ့အနေနဲ့ acknowledge ပြန်လည် ပြသမှုရှိပါတယ်။ ဒါက ရိုင်းပြမှုကို မဖြစ်စေတဲ့ လူ့ကျင့်ဝတ်ထဲက တစ်ခုပဲလို့ ကျွန်မ ယုံကြည်ထားတာ ဖြစ်ပါတယ်။
စာစုကို အဆုံးသတ်ရရင် ကျွန်မ reflect ပြန်လုပ်ရင်းနဲ့ ကိုယ့်ရဲ့ self-value ကို ရှေးရှုဖို့အတွက် ရှေ့လျှောက်ကို မည်သည့်မေးခွန်းကိုမျှ messenger မှာ ဖြေဆိုခြင်း လုံးဝ မပြုဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မအနေနဲ့ စိတ်ကို ယဥ်ကျေးအောင်၊ ဒေါသချုပ်ငြိမ်းအောင် တရားတော် ၄ပုဒ်ခန့် နာယူပြီးမှ အခုစာကို အယဥ်ကျေးဆုံး အသုံးအနှုန်းတွေကိုပဲ သုံးစွဲထားပါတယ်။ ရိုင်းစိုင်းတဲ့ ကွန်မန့်တွေ လာမမန့်ဖို့ စိတ်ရင်းနဲ့ ကြိုတင် မေတ္တာ ရပ်ခံပါရစေ။ စာအတွက်လည်းစိတ်အနှောင့်အယှက် မဖြစ်ကြပါနဲ့။
စာကြွင်း။ ။ သေချာမေးမြန်းပြီးတဲ့နောက် သေချာ acknowledge ပေးတဲ့ မိတ်ဆွေအချို့လည်း ရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖင်လန် နယ်မြို့လေးရဲ့ ခရစ္စမတ်ည .. သရောက်ခြဲချင်စရာလေး👻
25/12/2025

ဖင်လန် နယ်မြို့လေးရဲ့ ခရစ္စမတ်ည ..
သရောက်ခြဲချင်စရာလေး👻

ဒီလောက်ဆိုရင် “ငါးသည်” လုပ်လို့ရပြီလား🤭🇫🇮 Finland မှာ ?အခုတစ်ခေါက်တော့ Suomi ရဲ့ Rainbow Trout ပါတဲ့။   Just for fun!
25/12/2025

ဒီလောက်ဆိုရင် “ငါးသည်” လုပ်လို့ရပြီလား🤭
🇫🇮 Finland မှာ ?

အခုတစ်ခေါက်တော့ Suomi ရဲ့ Rainbow Trout ပါတဲ့။
Just for fun!

24/12/2025

ဖင်လန်လူမျိုးတွေရဲ့ ခရစ္စမတ်ပွဲတော် (Finnish Christmas) ဟာ အင်မတန် ရိုးရှင်းပြီး အေးအေးချမ်းချမ်း မိသားစုတွေနဲ့ အတူ ဖြတ်သန်းကြတဲ့ စရိုက်လက္ခဏာရှိကြလေရဲ့။

ရောင့်ရဲတတ်တဲ့ သဘာဝက ပင်ကိုရှိကြလေသလား မသိပေမယ့် ရောင့်ရဲနိုင်အားကို တော်တော်လေး အံ့ဩမိရသေးတယ်။
လမ်းတွေ၊ အိမ်တွေမှာ ရှိတာလေးတွေနဲ့ အလှဆင်ထားတာလေးတွေမြင်ရတယ်။
အခုပုံဆို လယ်ကွင်းတွေနားက အိမ်တွေက မြက်ထုံးတွေနဲ့ Hyvää Joulu (Happy Christmas) decoration လေး လုပ်ထားတာ ချစ်ဖို့ကောင်းလို့ ⛄️

🎅 ခရစ္စမတ်ဖိုးဖိုးကြီးရဲ့ ဇာတိမြို့လေးအကြောင်း “Lapland ဖင်လန်” ခရစ္စမတ်ချိန်ခါ ရောက်လာပြီမို့ ဒီ video လေးကို ဝေမျှလိုက...
23/12/2025

🎅 ခရစ္စမတ်ဖိုးဖိုးကြီးရဲ့ ဇာတိမြို့လေးအကြောင်း “Lapland ဖင်လန်”
ခရစ္စမတ်ချိန်ခါ ရောက်လာပြီမို့ ဒီ video လေးကို ဝေမျှလိုက်ရပါတယ်။

❄️ နှင်းတွေကြားမှာ စွပ်ဖားလှည်းစီးပြီး ခရစ္စမတ်ရောက်တိုင်း ကလေးတွေဆီကို လက်ဆောင်ထုပ်လေးတွေ လိုက်ပို့ပေးတ...

🧙‍♀️Juz being wicked 🧙‍♀️
07/12/2025

🧙‍♀️Juz being wicked 🧙‍♀️

06/12/2025

Hyvää itsenäisyyspäivää!
🇫🇮🇫🇮🇫🇮

၁၀၈ ကြိမ်မြောက် Finland နိုင်ငံလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲ 🎼🎸🎼

Finnish Independence Day #ဖင်လန်

🎉 Congratulations! UK မှာ MBA မာစတာဘွဲ့အတွက် ကျောင်းရသွားတဲ့ မိတ်‌ဆွေညီမလေးအတွက် ဝမ်းသာရပါတယ်။ (application letter တွေမှ...
05/12/2025

🎉 Congratulations!
UK မှာ MBA မာစတာဘွဲ့အတွက် ကျောင်းရသွားတဲ့ မိတ်‌ဆွေညီမလေးအတွက် ဝမ်းသာရပါတယ်။ (application letter တွေမှာ ကျမ proofread ကူလုပ်ပေးခဲ့ပါတယ်)

တကယ်ကတော့ school application အတွက် အက်ဆေးတွေကို ဝိုင်းကူကြည့်ပေးရုံပါ၊ partial scholar အတွက်ရောပေါ့။ အဓိကအားထုတ်တဲ့သူကိုယ်တိုင်က ကျောင်းလျှောက်တဲ့သူကိုယ်တိုင်ပါ၊ ကျမကတော့ just supporting ပါ။ အပြည့်အဝတော့လည်း ကူမစစ်နိုင်တော့ နှမ်းလေးပဲ ဝိုင်းဖြူးတာမျိုးလောက်ပါ။ အခု ကျောင်းရတယ်ဆိုတော့ ကိုယ်လည်းဝမ်းသာရပါတယ်။ ဒါနဲ့ပတ်သက်လို့ မှတ်တမ်းလေးတင်ထားတဲ့ပို့စ်လေးပါ။ (conditional offer က လောလောဆယ် IELTS ဖြေပေးဖို့လောက်ပဲ ကျန်တာမို့ ပြီးရင် အိုကေပါပြီ)

P.S. အေဂျင်စီ မညွှန်းတတ်ပါ၊ ဘာသာစကား မသင်ပေးတတ်ပါ။ ကျောင်းလျှောက်ပေးတာတို့၊ ဗီဇာကိစ္စတို့ ဝန်ဆောင်မှု ကိစ္စရပ်များလည်း မလုပ်ပေးပါ။ consultation လည်း လုပ်မပေးပါဘူး။ တာဝန်ကြီးပြီး ကိုယ်တိုင်ကလည်း အချိန်မရှိလို့၊ ပြီးတော့လုပ်နိုင်တဲ့ capacity လည်း မရှိသေးလို့ပါ။

03/12/2025

ဒီမှာ (Finland) ကျောင်းတက်ရတဲ့ အတွေ့အကြုံတစ်ချို့ထဲမှာ presentation တို့၊ အခုဗီဒီယိုထဲကလို pitch တို့၊ debate တို့ဆိုတာမျိုးက အမြဲလို ထိတွေ့ရတာများတယ်။ ဒီက တက္ကသိုလ်တွေမှာ စာသင်တဲ့ ပုံစံ ဘယ်လိုလဲ ဆိုတာ မေးကြတဲ့အခါ ပြန်ဖြေတဲ့အထဲမှာ တစ်စိတ်တစ်ပိုင်းက ဒါမျိုးပုံစံလေးတွေပါပါတယ်ဆိုတာပါ။
Just example မို့ အသံနဲ့ရုပ်ကတော့ သည်းခံပေးပါ 🤐
#ဖင်လန်

Osoite

Tampere

Nettisivu

Hälytykset

Tiedä ensimmäisenä ja anna meille oikeus lähettää sinulle sähköpostitse uutisia ja promootioita YU KI KO Vlog :ltä. Sähköpostiosoitettasi ei käytetä muihin tarkoituksiin, ja voit perua milloin tahansa.

Jaa