Update News

Update News media

30/06/2024
29/06/2024

📫 ယနေ့ကြေးနန်း 📬
⏰ ၂၉-၆-၂၀၂၄.....................................
သတင်းပိတ်-7:30 pm
တင်-7:30 pm ......................................

ဘုတလင်မြို့နယ် သံဃာတော်များက အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး သပိတ်မှောက်သည့် မြို့နယ် ၁၀ ခု အထိ ရှိလာ

🛑 မြင်းခြံခရိုင်
**************
♦နံနက်ပိုင်းက ဆုံရွာဘက်က ဝင်လာတဲ့ စခကား၂စီး မရိုးကုန်းရွာဘက် ရောက်လာပြီး အပြန်မိုင်းဆွဲခံရ။
♦တောင်သာမြို့နယ်၊ခြုံကြီး(န)ရွာမှ နေအိမ်(၃)အိမ်ကို စခများမှ မီးရှို့။
♦ယမန်နေ့က စခကားနှစ်စီး အင်အား ၄၀ခန့်ဟာ နွားထိုးကြီးမြို့နယ် လက်ဝဲရွာထဲ ဝင်ရောက်သွား။
ပြည်သူ့အိမ် ၅ လုံးမီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ယောက်ကို လက်နက်ငယ်နဲ့ပစ်ရာ ညာခြေသလုံး ရှပ်မှန် ဒဏ်ရာရခဲ့။ ထိုမှတစ်ဆင့် မြင်းခြံမြို့နယ် ကန်ဆင့်(မ)ရွာထဲသို့ ဝင်ရောက်သွား။ ကန်ဆင့် ရွာမှ အထွက်မှာ မိုင်းဆွဲ၊စခ ၅ကောင် သေလို့သိရ
♦မနက်က ငါန်းဇွန်မြို့နယ်မှူး ရဲမှူး သက်ဆွေ မြို့သာမြို့ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

NUG
*******
♦မြန်မာ့အရေး စိတ်ဝင်စားသော အမေရိကန် အောက်လွှတ်တော်အမတ်များနှင့် ဖွဲ့စည်းထားသည့် Congressional Burma Caucus တရားဝင် စတင်သည့် အခမ်းအနားသို့ NUG ဝန်ကြီးများတက်ရောက်

🎯 တိုက်ပွဲ၊ EAOs & PDF
**********************
♦ယနေ့မွန်းတည့်က ရှမ်းမြောက်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့နှင့် ၁၂ မိုင်အကွာတွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး ဆင်တောင်မှ စစ်ကောင် စီ တပ်က အမြောက်ဖြင့် လက်နက်ကြီးများ ပစ်ကူပေး
♦ယနေ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ရှုခင်းသာရှိ ခလရ ၁၄၆ တပ်စခန်းကို TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့
♦မနေ့ညနေက ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် ပေါ်တာဆွဲရန် ပြင်ဆင်နေသည့် စစ်သားများကို မိုင်းဆွဲ
♦မနေ့က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် တပ်စွဲရန် ပြင်နေသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စခ သေထိခိုက်မှုများ၊ စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက် ၈ လက် သိမ်း ပိုက်ရရှိ
♦မနေ့က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံ့သာရွာစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်မှု ခလရ-၆ တပ်ရင်းမှ ဗိုလ်ကြီး ပြုံးမောင်မောင် အပါ ၁၄ ဦးသေ၊ လက်နက်မျိုးစုံ ၂၀ လက်ရ
♦၂၇ရက်နေ့က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း လှည့်နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ၊ ၂ ဦး သေ
♦ ၂၇ ရက်နေ့က ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် စစ်တပ်၊ ရဲ၊ ထွေအုပ်၊ စည်ပင် တို့ပါဝင်သော မိုးရာသီ လမ်းဘေးသစ် ပင်စိုက် ပျိုးပွဲကို မိုင်းဆွဲ၊ ၃ ဦးသေ
♦ ၂၇ရက်နေ့က ဘုတလင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တော်လှန်ရေး တပ်ဖွဲ့များ တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်၊ မြို့ပေါ် စစ်ဆင်ရေးများ စတင်ပြီဟု တော်လှန်ရေးတပ်ဖွဲ့များ အသိပေး
♦ ၂၅ ရက်နေ့က မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် စစ်ကြောင်းထိုး လာသော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်၊စခ ၄ ဦးသေ
♦၂၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့

♦တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ပွိုင့် ၃၀၀၀ စခန်းကို ၁၀ ရက်ကြာ ပိတ်ဆို့ထားပြီးနောက် ၂၇ ရက်နေ့တွင် စခန်းတွင်းရှိ စစ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွား

◾ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AAတို့တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက အင်အား ၁၀၀၀ ကျော်ဖြင့် ခုခံစစ်ပြင်ထား

🤡 ဖွတ်ကောင်စီ
**************
😎ထောင်ကျ စစ်ဗိုလ်ချုပ်များဖြစ်သည့် စိုးထွဋ် ၊ မိုးမြင့်ထွန်း၊ ကိုကိုမောင် နှင့်မြတ်သက်ဦးတို့ကို ပေးအပ်ထားသော ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များကို မင်းအောင်လှိုင်က ပြန်ရုပ်သိမ်း
😎တကျော့ပြန် ရှမ်းမြောက်တိုက်ပွဲမှာ ပြည်သူ့စစ်တွေက စစ်ကောင်စီဘက်က ဝိုင်းကူမတိုက်တာကြောင့် ပေးထားတဲ့လက်နက်တွေ ပြန်သိမ်းဖို့ စစ်ခေါင်းဆောင် မနေ့က ညွှန်ကြားခဲ့
😎အမှတ် ၂ အကြီးစားစက်မှုလုပ်ငန်းမှ CDM ဝန်ထမ်း ၁၀၆ ဦး ချေးယူခဲ့သည့် လစာ ၂ ဆ ချေးငွေ သိန်း ၄၀၀ နီးပါးကို Non CDM များက စိုက်ထုတ်ပေးဆပ်ရန် စစ်ကောင်စီက ညွှန်ကြား
😎မန္တလေးတိုင်း၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို စစ်ကောင်စီ က ဟန်ပြ ဖမ်းဆီးထားပြီး စစ်ကြောရေးသို့ ပို့ဆောင်ထားဟု သတင်းလွှင့်

👹 စစ်ကောင်စီရဲ့ ယုတ်မာအကြမ်းဖက်မှု
*******************************
◾အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့နှင့်ဆက်သွယ်ထားသည့် တံတား ၂ စင်း အပါ အဝင် တံတား ၅ စင်းကို မိုင်းခွဲဖျက်ဆီး
◾ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်အတွင်းရှိ ကျေး ရွာ များကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီး
◾မနေ့မွန်းလွဲက ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ရှိ ကောက်မဲ့သူရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့
◾မိုးကုတ်မြို့နယ်၊ အရှေ့ပိုင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဥယျာဉ်ကျောင်းတိုက်မှ အသက် ၁၃ နှစ်အရွယ် ကိုရင်ကုသလ ပျံလွန်တော်မူ
◾ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နှင့် အုတ်ဖိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာချင်း ဆက်သွယ်ထားသော ဂဝံလမ်းကို အကြမ်းဖက် စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့

🔳ဖမ်းဆီးအကြမ်းဖက်
******************
◾ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား ၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီက အမှုဖွင့်တရားစွဲ
◾မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်မှာ PDF အဖွဲ့တွေနဲ့ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ လူမှုကူညီရေးအဖွဲ့ဝင် ၄ ယောက်ကို ၁၅ ရက် ကြာတဲ့အထိ အဆက်အသွယ်မ‌ရ
◾DMG သတင်းထောက်နှင့် ဝန်ထမ်းကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်စီချမှတ်

💀 သာရေး
***********
♦ဇွန် ၂၈ ရက်နေ့ ထုတ်ပြန်ချက်များအရ အနည်းဆုံး စစ်ခွေးဝဲစား ၆၅ ဦးသေ

🌐နိုင်ငံတကာ
************
♦မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လူပုဂ္ဂိုလ် ၆ ဦးကို ဖမ်း၀ရမ်းထုတ်ရန် အာဂျင်တီးနားအစိုးရရှေ့နေများက တရားရုံးသို့ တင်ပြတောင်းခံ
♦မြန်မာစစ်တပ်အတွက် စစ်လက်နက်တွေဝယ်ယူရာမှာ ကူညီခဲ့တာမရှိဘူးလို့ ထိုင်းဘဏ်တွေ ဗြောင် ငြင်းဆန်
♦မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာသစ်မှာ ဖော် ပြထားတဲ့အတိုင်း အာဏာသိမ်းစစ်ကောင်စီထံ လေယာဉ်ဆီလွှဲပြောင်းပေးမှု ပိတ်ပင်တားဆီးဖို့ အမေရိ ကန်နိုင်ငံက ကုလအဖွဲ့ဝင်နိုင်ငံတွေကို အပြင်းအထန် တောင်းဆို
♦အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ ကုလအကြီးအကဲရဲ့ အထူးကိုယ်စားလှယ်တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

🔊 စစ်ဘေးရှောင်
***************
♦ကျောက်မဲမြို့မှ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ နီးပါး ဘုန်းကြီး ကျောင်းများတွင် စုပေါင်းနေထိုင်နေရပြီး စား၊ ဝတ်၊ နေရေး အခက်အခဲဖြစ်ပေါ်နေ
♦ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ရာသီတုတ်ကွေး ဖျားနာသူ ၂၀၀ နီးပါးဖြစ်ပွားပြီး ဆေးဝါများ အရေးပေါ်ကူညီလိုအပ်နေ

⭕ လူမှုစီးပွား
***********
♦ပြည်တွင်းတွင် ဆေးဝါးများ ပြတ်လပ်နေသဖြင့် ဆေးဝါးစျေးနှုန်းများ ၁၀ ဆကျော်မြင့်တက်ပြီး ကျောက်ကပ်ဆေးသည့် ဆေးရည် ပြတ်လပ်မှုများ ဖြစ်ပေါ်

🔲 အထွေထွေ
*************
♦ဆွစ်ဇာလန်နိုင်ငံသို့ ဆေးစစ်ရန်ဟုဆိုကာ ရောက်နေသည့် သီတဂူကို ဆွစ်ဇာလန်ရောက် မြန်မာများက ဆန့်ကျင်သည့် စတေကာကပ် လှုပ်ရှားမှု ပြုလုပ်
♦လားရှိုးအပါအဝင် ရှမ်းမြောက်ဒေသတချို့မှာ လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်နေလို့ ဒေသခံတွေ အခက် တွေ့
♦စစ်ရေးတင်းမာနေသည့် မတ္တရာမြို့တွင် တောင်ပြုံးပွဲကို ၈ ရက်ကြာကျင်းပမည်
♦စစ်မှုထမ်းဥပဒေကြောင့် ဒေသခံလူငယ်များထွက်ပြေးနေ၍ ဖျာပုံရှိတနိုင်တပိုင် ကျားဖောင်လုပ်ငန်းများ လုပ်သားရှားပါးမှုကို ရင်ဆိုင်နေရ
♦ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းတွေပေါ်မှာ အခုနှစ် ဇွန်လကစပြီး ခါးပိုက်နှိုက်မှုတွေ များပြားလာ
♦မီးမမှန်သည့်ရန်ကုန်တွင် မီးယာယီထပ်ပြတ်မည်

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၅၃၄၁ ဦး နှင့် ဖမ်းဆီးချုပ်ခံရသူ ၂၆၉၃၆ ဦး ရှိဟု ယမန်နေ့ ဇွန် ၂၈ ရက်နေ့တွင် AAPP ထုတ်ပြန်ထား

🌍 ကမ္ဘာ့ သတင်း
****************
🔹နျူကလီးယား ဒုံးကျည် ထုတ်လုပ်မှု ပြန်စမည်ဟု ပူတင် ပြော
🔹အမေရိကန်က အစ္စရေးကို ဒေါ်လာသန်း ၆၅၀၀ တန်ဖိုးရှိ လက်နက်များ ပေးပို့ခဲ့

🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

 #အမလစစ်တပ်အမြစ်ဖြတ်
02/02/2022

#အမလစစ်တပ်အမြစ်ဖြတ်

ကသာတွင် စစ်ကောင်စီတပ်နှင့် ABSDF တပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားကသာ - ဇန်နဝါရီ ၂၃၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ...
23/01/2022

ကသာတွင် စစ်ကောင်စီတပ်နှင့် ABSDF တပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွား

ကသာ - ဇန်နဝါရီ ၂၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် နတ်လိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်မတော် (ABSDF) တို့ ယနေ့နံနက် ၇ နာရီခွဲခန့်မှ စတင်ကာ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

နှစ်ဘက်တိုက်ပွဲပြင်းထန်နေချိန် ကသာမြို့အခြေစိုက် ခ.မ.ရ ( ၃၀၉) တပ်က လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

"စကစ နဲ့ ကျောင်းသားတပ်ဖြစ်နေတာ။ အပြန်အလှန်ပစ်ခတ်မှုရှိသလို ကသာမြို့ စစ်တပ်ကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ ဆက်တိုက်ပဲ အလုံးရေ မခန့်မှန်းနိုင်တော့ဘူး။ ကသာ ၃၀၉ တပ်ကနေ ရမ်းသမ်းပစ်တာပါ။" ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားသောကြောင့် ကျောင်းသားတပ် (ABSDF) ရဲဘော်တစ်ဦး နံစောင်ဘေးတွင် လက်နက်ကြီးစထိမှန်ခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သူကဆက်ပြောသည်။

အလားတူ ကသာမြို့နယ် နတ်လိုင်ကျေးရွာတွင်ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်မတော်တို့တိုက်ပွဲစစ်ပွားခဲ့ပြီး ဒေသခံပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းနှစ်စီးကို ကေအိုင်အေနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့က ဇန်နဝါရီ ၂၁ ရက်နေ့တွင် မော်လူးမြို့နှင့် ပေကုန်းကျေးရွာကြား နှစ်နေရာတွင် နှစ်ကြိမ်တိုင် လက်နက်ကြီးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်တစ်ဦးအပါအဝင် တပ်သား ၁၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပုံ - ၂၀၁၃ ခုနှစ်တွင် တွေ့ရသည့် ကျောင်းသားတပ်မတော် (ABSDF) တပ်ဖွဲ့ဝင်များ

29/10/2021

Adresse

Efel
Paris

TĂŠlĂŠphone

+8618488515694

Site Web

Notifications

Soyez le premier Ă  savoir et laissez-nous vous envoyer un courriel lorsque Update News publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisĂŠe Ă  d'autres fins, et vous pouvez vous dĂŠsabonner Ă  tout moment.

Contacter L'entreprise

Envoyer un message Ă  Update News:

Partager