10/09/2026
ဒဏ်ရာရ ပြိုင်ဖက် ကစားသမား အတွက် ရော်နယ်ဒိုရဲ့ လေးစားဖွယ် လုပ်ရပ်
ခရစ်တီယာနို ရော်နယ်ဒိုရဲ့ အယ်နက်ဆာ အသင်းဟာ မနေ့ညက ကစားသွားတဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ အက်ဘ်ဟာ အသင်းကို ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့သလို၊ ရော်နယ်ဒို ကိုယ်တိုင်လည်း ဂိုးသွင်းခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပွဲအပြီး ပြိုင်ဖက် အသင်းရဲ့ အရန်ခုံဆီ သွားပြီး၊ ပွဲတွင်း ဒဏ်ရာ ရသွားခဲ့တဲ့ အက်ဘ်ဟာ ကစားသမားကို သွားရောက် နှစ်သိမ့်ခဲ့သလို၊ အက်ဘ်ဟာ အတွက် ချေပဂိုး တဂိုး သွင်းယူခဲ့တဲ့ ပြင်သစ် ကွင်းလယ်လူ နာဘီလ် ဖက်ကီယာကိုလည်း လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။
ဒီအခြင်းအရာအပေါ် တွစ်တာပေါ်က ဘောလုံးဖန်တွေကတော့ ရော်နယ်ဒိုဟာ လက်ရှိ အချိန်အထိ ဘောလုံးနဲ့ ပတ်သက်တဲ့ ချစ်မြတ်နိုးစိတ်၊ အပြန်အလှန် လေးစားမှု ရှိခြင်းနဲ့ အားကစားစိတ်ဓာတ် အပြည့် ရှိနေဆဲ ဖြစ်ကြောင်း ချီးကျူးနေကြပါတယ်။