06/10/2026
"ယာဂင်ကလော့ပ်အတွက် ကစားခွင့်ရမယ့် အခွင့်အရေးကို ရရှိခဲ့မယ်ဆိုရင် ပရော်ဖက်ရှင်နယ်ဘက်မှာရော ကိုယ်ရေးကိုယ်တာဘက်မှာပါ အရာများစွာကို စွန့်လွှတ်ပေးဆပ်သွားဖို့ ကျွန်တော် ဆန္ဒရှိခဲ့တယ်။
လီဗာပူးလ်ဆီ ကလော့ပ် တကယ်လာတော့မယ်ဆိုတာကို အဲဒီအချိန်တုန်းကသာ ကျွန်တော် သိခဲ့မယ်ဆိုရင် လီဗာပူးလ်ကနေ ထွက်ခွာဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် မချခဲ့လောက်ပါဘူး။
သူလာမယ်ဆိုတာ သိခဲ့ရင် ကျွန်တော် စွန့်စားပြီး အသင်းမှာ ဆက်နေခဲ့မယ်။ ကျွန်တော့်ကို ကလော့ပ် အထင်ကြီးလာအောင် ကြိုးစားပြီး၊ ကျွန်တော့်ရဲ့ ကစားသမားဘဝကို သူ့လက်အောက်မှာ ကစားရင် အနားယူခွင့်ရနိုင်မယ့် အခွင့်အရေးကို ရယူဖို့ ကြိုးစားခဲ့မှာပါ။
ဒါပေမယ့် ကံမကောင်းစွာနဲ့ ကျွန်တော် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုနောက်ပြန်ကြည့်လိုက်တဲ့အခါ ကျွန်တော် အသင်းမှာ ဆက်နေပြီး အဲဒီအခွင့်အရေးကို စွန့်စားယူခဲ့သင့်တယ်လို့ ထင်တယ်။”
🗣️စတီဗင်ဂျရတ်