Adam - A Burmese Red

Adam - A Burmese Red Bringing the Anfield spirit to Myanmar

တော့တင်ဟမ်နဲ့ပွဲအတွက် ပွဲထွက်လူစာရင်း ထွက်လာပါပြီဘရက်ဒလေ ပြန်ပါလာပြီး LB မှာ ကာကက်ဇ် ပွဲထွက်လာပါတယ်။ အက်ကီတီကေက တိုက်စစ်...
20/12/2025

တော့တင်ဟမ်နဲ့ပွဲအတွက် ပွဲထွက်လူစာရင်း ထွက်လာပါပြီ

ဘရက်ဒလေ ပြန်ပါလာပြီး LB မှာ ကာကက်ဇ် ပွဲထွက်လာပါတယ်။ အက်ကီတီကေက တိုက်စစ်ကို ဦးဆောင်လာပြီး ဗစ်ဇ်၊ ဂျုံးစ်၊ မက်ကာလစ္စတာ၊ ဂရာဗီ၊ ဆိုဘော့ဇ်လိုင်း ဆိုပြီး ကွင်းလယ်မှာ လူစုံပါတယ်။

အားပေးတာပေါ့


တော့တင်ဟမ် Vs လီဗာပူးလ်ပွဲကြိုသုံးသပ်ချက်စနေနေ့ညမှာတော့ လီဗာပူးလ်ဟာ မြောက်လန်ဒန်‌ဆီ သွားရောက်ပြီး တော့တင်ဟမ်နဲ့ ပရီးမီးယ...
20/12/2025

တော့တင်ဟမ် Vs လီဗာပူးလ်ပွဲကြိုသုံးသပ်ချက်

စနေနေ့ညမှာတော့ လီဗာပူးလ်ဟာ မြောက်လန်ဒန်‌ဆီ သွားရောက်ပြီး တော့တင်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားရမှာဖြစ်ပါတယ်။ ဒီတော့ London Stadium မှာ အမြင့်ပျံမှာ မြောက် လ န် ဒ န် ကြ က် ဖ လား.. ကြိုး ကြာ နီလား...

တော့တင်ဟမ်က ဖိအားတွေအောက်ရောက်နေတဲ့အတွက် ဒီညမှာ ရလဒ်ကောင်းဖို့ လိုနေသလို လီဗာပူးလ်ကလည်း လမ်းကြောင်းမှန်ဖို့ ပြန်ရောက်ဖို့ အရှိန်ယူနေတဲ့အချိန်မှာ ခြေထပ်ချော်ချင်မှာ မဟုတ်ဘူး။ ဒါ့‌ကြောင့် ဒီ၂သင်းရဲ့ ယှဉ်ပြိုင်မှုက အကြိတ်အနယ် ရှိပါလိမ့်မယ်။

အမှတ်ပေးဇယား ရပ်တည်မှုကို ကြည့်မယ်ဆိုရင် တော့တင်ဟမ်က အဆင့်၁၁နေရာမှာ ရှိနေပြီး လီဗာပူးလ်က အဆင့်၇နေရာမှာ ရှိနေပါတယ်။ တော့တင်ဟမ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ၁၁ပွဲမှာ ၂ပွဲသာ အနိုင်ရထားပြီး လီ‌ဗာပူးလ်က ပြိုင်ပွဲစုံနောက်ဆုံး၁၀ပွဲမှာ ၅ပွဲနိုင် ၂ပွဲသရေ ၃ပွဲရှုံးဆိုတဲ့ ရလဒ်ထွက်ပေါ်ထားပါတယ်။

တော့တင်ဟမ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ နည်းနည်စလေး ရုန်းကန်နေရပြီး အိမ်ကွင်းရလဒ်ကလည်း အကောင်းကြီး မဟုတ်လှဘးး။ ဒီရာသီလိဂ်အိမ်ကွင်းပွဲစဉ်၈ပွဲမှာ ၂ပွဲနိုင် ၂ပွဲသရေ ၄ပွဲရှူံးထားပြီး ပရီးမီးယားလိဂ်နောက်ဆုံး၇ပွဲမှာ ၁ပွဲသာ နိုင်ထားတယ်။ ပြိုင်ပွဲစုံနောက်ဆုံး၈ပွဲမှာလည်း ၂ပွဲသာအနိုင်ရထားတာကြောင့် ဖိအားတွေအောက်က မြောက်လန်ဒန်သားတွေဟာ ဒီညအိမ်ကွင်းမှာ အကောင်းဆုံး အားထုတ်ယှဉ်ပြိုင်ပါလိမ့်မယ်။

အသင်းက ပြိုင်ပွဲစုံ၂ပွဲဆက်အနိုင်နဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ အရှိန်ရစပြုနေပါပြီ။ ပြိုင်ပွဲစုံနောက်ဆုံး၁၀ပွဲမှာ ၅ပွဲနိုင် ၂ပွဲသရေ ၃ပွဲရှူံးထားပြီး လိဂ်နောက်ဆုံး၆ပွဲမှာ ၂ပွဲနိုင် ၂ပွဲသရေ ၂ပွဲရှူံးထားတာက အားရစရာ်ရှိပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းရဲ့တိုးတက်မှုတွေ၊ ပြောင်းလဲမှုတွေကို မြင်နေရတာက ကျေနပ်စရာပါ။

အသင်း ဒီရာသီ ပရီးမီးယားလိဂ်အဝေးကွင်း ခြေစွမ်းကို ကြည့်မယ်ဆိုရင် ၈ပွဲမှာ ၃ပွဲနိုင်၊ ၅ပွဲရှုံးပြီး သရေကျထားခြင်း မရှိဘူး။ အခုလို အသင်းရဲ့ လိဂ်အဝေးကွင်းခြေစွမ်းကြောင့် မြောက်လန်ဒန်မှာ အနည်းငယ်တော့ ရုန်းကန်ကောင်း ရုန်းကန်ရနိုင်ပါတယ်။

တော့တင်ဟမ်ဘက်မှာ ဒဏ်ရာရပွဲပယ်ကစားသမားတွေ များပြားနေပြီး ပါပေဆား၊ ကူလူဆက်ဗ်စကီ၊ ဘစ်ဆူးမား၊ အူဒေါဂျီ၊ ဒရာဂူဆင်၊ မက်ဒီဆင်၊ ဆိုလန်ကီတို့က ဒီပွဲစဉ်မှာ ပါ၀င်နိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးလ်ဘက်မှာတော့ ဆာလာ၊ ဂိုမက်ဇ်၊ ဖရင်မ်ပေါင်၊ အန်ဒို၊ ဂတ်ပိုတို့က ဒီပွဲစဉ်ကို လွဲချော်ပါလိမ့်မယ်။

တော့တင်ဟမ်က ပြိုင်ပွဲစုံနောက်ဆုံး၇ပွဲမှာ Clean Sheet ၁ကြိမ်သာ ပိုင်ဆိုင်ထားပြီး ၁၄ဂိုးအထိ ခွင့်ပြုထားရတာ တွေ့ရပါတယ်။ လီဗာပူးလ်က ပြိုင်ပွဲစုံနောက်ဆုံး၁၀ပွဲမှာ Clean Sheet ၃ကြိမ်သာ ပိုင်ဆိုင်ထားတာကြောင့် ၂သင်းလုံးရဲ့ ခံစစ်စွမ်းဆောင်ရည် အရမ်းအကောင်းကြီးတော့ မဟုတ်ဘူး။

ဒါ့ကြောင့် ၂သင်းလုံးမှာ ခံစစ်လိုအပ်ချက်တွေ ရှိနေတဲ့ ဒီညမှာ အပြန်အလှန်သွင်းဂိုးတွေ များနိုင်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ လီဗာပူးလ်ခံစစ် နည်းနည်းပုံစံကောင်းပြန်ရနေတဲ့အတွက် ရစ်ချာလီဆင် ဦးဆောင်တဲ့ တော့တင်ဟမ်တိုက်စစ် ထိုးဖောက်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ရာသီ ဒီ၂သင်းတွေ့ဆုံရာမှာ လီဗာပူးလ်က ၃ကြိမ်နိုင်၊ တော့တင်ဟမ်က ၁ကြိမ်နိုင်ထားပါတယ်။ ဒီ၂သင်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့ လိဂ်ပွဲစဉ်၅ပွဲမှာ လီဗာပူးလ်က ၄ကြိမ်နိုင်၊ တော့တင်ဟမ်က ၁ကြိမ်နိုင်ထားတာ တွေ့ရပါတယ်။

တော့တင်ဟမ်ရဲ့ အိမ်ကွင်းမှာ လီ‌ဗာပူးလ် နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၅ကြိမ်မှာ လီဗာပူးလ်က ၂ကြိမ်နိုင်၊ တော့တင်ဟမ်က၂ကြိမ်နိုင်ပြီး ၁ကြိမ် သရေကျထားပါတယ်။
ဒီညမှာလည်း အသင်းဟာ အနိမ်ဆုံး သရေတစ်မှတ် ရယူမှာဖြစ်ပြီး မရှူံးနိမ့်နိုင်ဘူးလို့တော့ ယုံကြည်မိပါတယ်။

အပြောင်းကြတာပေါ့



သတိရဆဲပါ ဂျိုတာဘရန်ဖို့ဒ်ကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူခဲ့ပြီးနောက် ဟန်ဒိုက ဒီယေဂိုဂျိုတာရဲ့ အောင်ပွဲခံဟန်အတိုင်း ပွဲ...
14/12/2025

သတိရဆဲပါ ဂျိုတာ

ဘရန်ဖို့ဒ်ကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူခဲ့ပြီးနောက် ဟန်ဒိုက ဒီယေဂိုဂျိုတာရဲ့ အောင်ပွဲခံဟန်အတိုင်း ပွဲခံသွားခဲ့တာ တွေ့ရပါတယ်။

ကြိုး ကြာ နီ ရပ်၀န်းက မင်းကို သတိရနေဆဲပါ ဒီယေုဂိုဂျိုတာရေ

လီဗာပူးလ် ၂ / ၀ ဘရိုက်တန်ပွဲပြီးအတွေးချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ အင်တာကို ၁ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီ...
14/12/2025

လီဗာပူးလ် ၂ / ၀ ဘရိုက်တန်ပွဲပြီးအတွေး

ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ အင်တာကို ၁ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာလည်း အမြဲအခက်တွေ့စေတဲ့ ပြိုင်ဘက်ဘရိုက်တန်ကို ၂ဂိုးဂိုးမရှိနဲ့ ချိုမြိန်စွာ အနိုင်ရခဲ့တယ်။

ဂိုးပြတ်နိုင်ပွဲရတယ်၊ ဆာလာဂိုးဖန်တီးပြီး အက်ကီတီကေ ၂ဂိုးသွင်းပြီး Clean Sheet ထပ်ရပြီး ၂ပွဲဆက်တိုက် ပေးဂိုးမရှိဘဲ အနိုင်ရတယ်၊ ပြိုင်ပွဲစုံအိမ်ကွင်း၃ပွဲဆက် နိုင်ပွဲပျောက်တာကို ရပ်တန့်နိုင်ခဲ့တယ်။

အသင်းဟာ ပြိုင်ပွဲနောက်ဆုံး၅ပွဲဆက် ရှူံးပွဲမရှိခဲ့တဲ့နောက် လမ်းကြောင်းမှန်ပေါ် အတိုင်းအတာတစ်ခုအထိ ပြန်ရောက်လာပြီလို့ ဆိုရမယ်။ အန်ဖီးနိုင်ပွဲနဲ့ပတ်သက်ပြီး ကျေနပ်စရာတွေ အများကြီးရှိခဲ့သလို မကျေနပ်စရာလေးတွေလည်း ရှိခဲ့တယ်။

နောက်ပိုင်းနှစ်တွေမှာ ဘရိုက်တန်က လီဗာပူးလ်အတွက်ဆို အမြဲလိုလို ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်ခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း အတော်လေးတိုက်စစ်ဆင် ကစားသွားနိုင်ခဲ့ပါတယ်။ Expected Goals xG အရဆိုရင် ဘရိုက်တန်က 1.96 ရှိခဲ့ပြီး လီဗာပူးလ်က 1.82 ရှိခဲ့ပါတယ်။

ဒီပွဲမှာ ဘရိုက်တန်ဘက်က ချေပဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ အတော်လေး ဖန်တီးနိုင်ခဲ့ပြီး အဆုံးသတ်မသေချာတာရယ်၊ အလီဆင်ရဲ့ လက်စွမ်းပြကာကွယ်မှု အချို့ရယ်ကြောင့် ဂိုးမရခဲ့တာပါ။

ပွဲအစ၁မိနစ်မပြည့်ခင်မှာ ဘရိုက်တန်နောက်ခံလူရဲ့အမှားကနေ ရလာတဲ့ဘောလုံးကို ဂိုမက်ဇ် တိတိကျကျ ခေါင်းတိုက်ချပေးပြီး အက်ကီတီကေက အမှားအယွင်းမရှိ အဆုံးသတ်ကာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အနိုင်ရလဒ်သေချာစေမယ့် ဂိုးကိုတော့ ဒုတိယပိုင်းမှာ ဆာလာရဲ့ Set Piece ကနေ အက်ကီတီကပဲ သွင်းယူသွားခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကစားပုံက ဒီညမှာ ကျေနပ်အားရစရာရှိခဲ့ပါတယ်။ ပြိုင်ဘက်ကို Panic Pressing မဟုတ်ဘဲ စနစ်တကျနဲ့ ဖိအားပေးခဲ့ပြီး transition တွေကနေ ဂိုးသွင်းနိုင်မယ့် အခြေအနေတွေကို အကြိမ်ကြိမ်ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် အက်ကီတီကေ ဂိုးသွင်းလိုစိတ်များနေတာကြောင့် ၂ဂိုးထက် ပိုမရခဲ့ဘူး။

ပြင်သစ်တိုက်စစ်မှူးက ဒီပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့တယ်ဆိုပေမယ့် သူသာ အဆုံးသတ်သေချာခဲ့ရင် ဆုံးဖြတ်ချက်ပိုမှန်ခဲ့ရင် လီဗာပူးလ်ဟာ ၃၊၄ဂိုးရခဲ့နိုင်ပါတယ်။ ဂိုးသွင်းလိုစိတ်များနေတာကလွဲရင် အက်ကီတီကေရဲ့ တစ်ဦးချင်းကျော်ဖြတ်မှုတွေ၊ ဘောလုံးကြားဖြတ်ရယူမှာတွေမှာ အစွမ်းပြနိုင်ခဲ့ပါတယ်။

ကာတစ်ဂျုံးစ်၊ ဗစ်ဇ်တို့ဆီကနေလည်း ပုံစံကောင်းတွေ မြင်ခဲ့ရပြီး ဗစ်ဇ်၊ ဂျုံးစ်၊ ဆိုဘို၊ ဂရာဗီဆိုတဲ့ ကွင်းလယ်က အတော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လူစား၀င်လာခဲ့တဲ့ အီဆက်ခ်ရဲ့ခြေစွမ်းကတော့ သာမန်ထက် မပိုခဲ့ဘူး။

ဆာလာက ဒီပွဲမှာ လူစား၀င်လာခဲ့ပြီးနောက် တစ်ကိုယ်ကောင်းမဆန်ခဲ့ဘဲ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားသွားခဲ့တဲ့ အခိုက်အတန့်လေးတွေ မြင်ခဲ့ရတယ်။ ၂ဂိုးပြတ်သွားတဲ့နောက်တော့ အနည်းငယ်လိုအပ်ချက်လေးတွေ ရှိခဲ့ပါတယ်။

ဘရိုက်တန်ဟာ လီဗာပူးလ်ကွင်းလယ်နဲ့ မပြိုင်နိုင်ခဲ့ဘူးဆိုပေမယ့် လူစား၀င်ကစားသမားတွေ၊ တိုက်စစ်ကစားသမားတွေရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ်မသေချာတာကြောင့် ဂိုးမရခဲ့ပါဘူး။

လိုအပ်ချက်တွေရှိနေသေးပေမယ့် အသင်းအတွက် အပြုသဘောဆောင်တဲ့ နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး လာမယ့်သီတင်းပတ်တွေမှာလည်း အကောင်းမြင်စရာတွေ ဆက်မြင်ရဖို့ မျှော်လင့်ပါတယ်။


Player of the match ကိုတော့ သွင်းဂိုး၂ဂိုးရှင် အက်ကီတီကေက ရသွားပါတယ်။လိဂ်ပွဲ၂ပွဲဆက် ၂ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဒီရာသီ ပရီ...
13/12/2025

Player of the match ကိုတော့ သွင်းဂိုး၂ဂိုးရှင် အက်ကီတီကေက ရသွားပါတယ်။

လိဂ်ပွဲ၂ပွဲဆက် ၂ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ အမြန်ဆုံးသွင်းဂိုးရှင်လည်း ဖြစ်ပါတယ်။

အီဆက်ခ် အသင်းမှာ အသားမကျသေးချိန်၊ ပြင်သစ်တိုက်စစ်မှူးဟာ ပွဲထွက်၁၁ယောက်လူစာရင်းမှာ အမြဲနေရာရသင့်တဲ့ခြေစွမ်းမျိုး ပြသထားခဲ့ပါပြီ။


လီဗာပူးလ် ၂ / ၀ ဘရိုက်တန် ( Full Time)ဂိုးပြတ်နိုင်ပွဲရတယ်၊ ဆာလာဂိုးဖန်တီးတယ်၊ Clean Sheet ထပ်ရပြီး ၂ပွဲဆက်တိုက် ပေးဂိုး...
13/12/2025

လီဗာပူးလ် ၂ / ၀ ဘရိုက်တန် ( Full Time)

ဂိုးပြတ်နိုင်ပွဲရတယ်၊ ဆာလာဂိုးဖန်တီးတယ်၊ Clean Sheet ထပ်ရပြီး ၂ပွဲဆက်တိုက် ပေးဂိုးမရှိဘဲ အနိုင်ရတယ်၊ ပြိုင်ပွဲစုံအိမ်ကွင်း၃ပွဲဆက် နိုင်ပွဲပျောက်တာကို။ရပ်တန့်နိုင်ခဲ့တယ်၊ ‌ဒီတော့ ကျေနပ်စရာပါပဲ။

ဘရိုက်တန်က လီဗာပူးလ်အတွက်ဆို အမြဲလိုလို ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ ဒီလိုပြိုင်ဘက်ကို ဂိုးပြတ်အနိုင်ယူခဲ့တာကြောင့် ပိုချိုမြိန်ပါတယ်။

ကျေနပ်ရဲ့လား ဘာတွေကောင်းခဲ့လဲ၊ ဘယ်နေရာတွေ လိုအပ်ချက်ရှိသေးလဲ



ဆာလာရေးထိုးခဲ့တဲ့ သမိုင်းမှတ်တမ်းသစ်ဘရိုက်တန်နဲ့ပွဲမှာ အက်ကီတီကေရဲ့ဒုတိယမြောက်ဂိုးကို ဖန်တီးပေးခဲ့ပြီးနောက် မိုဆာလာဟာ ပရ...
13/12/2025

ဆာလာရေးထိုးခဲ့တဲ့ သမိုင်းမှတ်တမ်းသစ်

ဘရိုက်တန်နဲ့ပွဲမှာ အက်ကီတီကေရဲ့ဒုတိယမြောက်ဂိုးကို ဖန်တီးပေးခဲ့ပြီးနောက် မိုဆာလာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကလပ်တစ်သင်းတည်းအတွက် ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားဖြစ်လာခဲ့ပါပြီ။

ဆာလာဟာ လီ‌ဗာပူးလ်အတွက် ၃၀၂ ပွဲကစား၊ ၁၈၈ ဂိုးသွင်း၊ ၈၉ ဂိုး ဖန်တီးပေးခဲ့ပြီးနောက် သွင်းဂိုးပါ၀င်ပတ်သက်မှု ၂၇၇ကြိမ် ပြည့်မြောက်ခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူအတွက် ဂိုး+ဖန်တီးမှု ၂၇၆ကြိမ်ပြုလုပ်ခဲ့တဲ့ Wayne Rooney ကို ကျော်ဖြတ်ပြီး ဂုဏ်ယူစရာ သမိုင်းမှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။

👑 Egypt King



လီဗာပူးလ် ၂ / ၀ ဘရိုက်တန်‌ဒုတိယမြောက်ဂိုးကိုလည်း အက်ကီတီကေပဲ သွင်းယူခဲ့ပါတယ်။ ဂိုးသွင်းလိုစိတ်အရမ်းများနေတဲ့ ဆရာသမားဟာ ဒ...
13/12/2025

လီဗာပူးလ် ၂ / ၀ ဘရိုက်တန်

‌ဒုတိယမြောက်ဂိုးကိုလည်း အက်ကီတီကေပဲ သွင်းယူခဲ့ပါတယ်။ ဂိုးသွင်းလိုစိတ်အရမ်းများနေတဲ့ ဆရာသမားဟာ ဒီပွဲစဉ် ဒုတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါပြီ။

လီဗာပူးလ် ၁ / ၀ ဘရိုက်တန် (Halftime)ပွဲအစ၁မိနစ်မပြည့်သေးခင်မှာတင် ပြိုင်ဘက်ရဲ့ အမှားကနေ ရလာတဲ့အခွင့်အရေးကို အက်ကီတီကေက အ...
13/12/2025

လီဗာပူးလ် ၁ / ၀ ဘရိုက်တန် (Halftime)

ပွဲအစ၁မိနစ်မပြည့်သေးခင်မှာတင် ပြိုင်ဘက်ရဲ့ အမှားကနေ ရလာတဲ့အခွင့်အရေးကို အက်ကီတီကေက အကောင်းဆုံး အဆုံးသတ်ပြီး အဖွင့်ဂိုး သွင်းယူထားပါတယ်။

ဂိုးရဖို့ Big Chance တွေ ဖန်တီးနိုင်မယ့် အခိုက်အတန့်အချို့ကို အသင်းဟာ အကောင်းဆုံး မဖမ်းဆုပ်နိုင်ခဲ့ပါဘူး။ ဘရိုက်တန်ရဲ့ တိုက်စစ်ဆင်မှုတွေကိုတော့ အလီဆင်နဲ့ နောက်တန်းဟာ တားဆီးထားနိုင်ဆဲပါပဲ။

ပထမပိုင်းမှာ ဘာလိုအပ်ချက်တွေ ရှိခဲ့လဲ ?

ဒုတိယပိုင်းဆက်အားပေးကြတာပေါ့


ပွဲထွက် ၁၁ယောက်လူစာရင်းပါဗျို့အနည်းငယ်လေးနောက်ကျသွားတာပါ ဆောရီးပါဗျ၊ဆာလာက အရန်လူစာရင်းမှာ ပါလာပြီး ဒဏ်ရာကနေ ပြန်သက်သာလာတ...
13/12/2025

ပွဲထွက် ၁၁ယောက်လူစာရင်းပါဗျို့

အနည်းငယ်လေးနောက်ကျသွားတာပါ ဆောရီးပါဗျ၊ဆာလာက အရန်လူစာရင်းမှာ ပါလာပြီး ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ခီယေဆာ၊ ပါဖို့မသေချာဘူးဆိုတဲ့ အီဆက်ခ်တို့ အရန်ခုံပေါ် ရှိနေပါမယ်။

Right Back မှာ ဂိုမက်ဇ်ပွဲထွက်လာပြီး Left Back မှာ ကာကက်ဇ်ပါ။ ကျန်တာတော့ အပြောင်းအလဲမရှိပါဘူး။

လီဗာပူးလ် Vs ဘရိုက်တန် ပွဲကြိုသုံးသပ်ချက်စနေနေ့ညမှာတော့ လီဗာပူးလ်ဟာ ဘရိုက်တန်ကို အိမ်ကွင်းအန်ဖီးမှာ ဧည့်ခံရမှာပါ။ ပြီးခဲ...
13/12/2025

လီဗာပူးလ် Vs ဘရိုက်တန် ပွဲကြိုသုံးသပ်ချက်

စနေနေ့ညမှာတော့ လီဗာပူးလ်ဟာ ဘရိုက်တန်ကို အိမ်ကွင်းအန်ဖီးမှာ ဧည့်ခံရမှာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ဒီ၂သင်းရဲ့တွေ့ဆုံမှုမှာ အမြင့်ပျံမယ့်အသင်းက ကြိုး ကြာ နီ တွေလား ပ င် လ ယ် စ င် ရော်တွေလား..

အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၃ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်၅ပွဲမှာ ၁ပွဲသာ အနိုင်ရထားတာတွေ့ရတယ်။ ပြီးခဲ့တဲ့ကြားရက် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်နိုင်ပွဲကနေ ရထားတဲ့ ယုံကြည်မှုတွေနဲ့ အသင်းဟာ အန်ဖီးလ်မှာ အကောင်းဆုံး ယှဉ်ပြိုင်ပါလိမ့်မယ်။

ဒီပွဲစဉ်အတွက် အသင်းရဲ့လူစာရင်းမှာ မိုဆာလာ ပြန်ပါ၀င်လာဖို့ ရှိနေပြီး ပွဲထွက်၁၁ယောက်လူစာရင်းမှာထက် အရန်ခုံပေါ်မှာ ရှိနေဖို့များပါတယ်။ အီဆက်ခ်ပါဖို့ မသေချာတာကြောင့် အာနယ်စလော့ဟာ အင်တာနဲ့ပွဲတုန်းကလို 4 4 2 formation ကို အသုံးပြုနိုင်ချေ နည်းပါတယ်။

အီဆက်ခ်မပါတာကြောင့် အက်ကီတီကေကို အထောင်တိုက်စစ်မှာ ထားပြီး 4 2 3 1 ဆိုတဲ့ formation ကို အသုံးပြုလာနိုင်တယ်။ အင်တာကို ရင်ဆိုင်ခဲ့တဲ့ ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်လာနိုင်ချေရှိပြီး ကော်နာဘရက်ဒလေက ပွဲပယ်ခံထားရတာကြောင့် Right Back မှာ ဂိုမက်ဇ်ကို မြင်ရဖို့ရှိပါတယ်။

Left Back မှာတော့ ရော်ဘတ်ဆန်ကို အနားပေးပြီး ကာကက်ဇ်ကို ပွဲထုတ်လာနိုင်ပါတယ်။ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ခီယေဆာဟာ အရန်လူစာရင်းမှာ ပြန်ပါ၀င်လာဖို့ ရှိနေပြီး ဂတ်ပိုဒဏ်ရာရနေတာကြောင့် Left Wing မှာ Florian Wirtz ကို မြင်ရပါလိမ့်မယ်။

ဘရိုက်တန်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၆ပွဲမှာ ၁ပွဲသာ အရေးနိမ့်ခဲ့ပြီး ဒီရာသီလိဂ်အဝေးကွင်းပွဲစဉ်တွေမှာ ၂ပွဲနိုင် ၂ပွဲသရေ ၂ပွဲရှူံးထားပါတယ်။
ထိပ်တိုက်‌တွေ့ဆုံမှု မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင် ဘရိုက်တန်က လီဗာပူးလ်အတွက် လွယ်ကူတဲ့ ပြိုင်ဘက် တော့ မဟုတ်ဘူး။

ဒီ၂သင်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၅ပွဲမှာ ဘရိုက်တန်က ၂ကြိမ်နိုင်၊ လီဗာပူးလ်က ၂ကြိမ်နိုင်ပြီး ၁ကြိမ် သရေကျထားပါတယ်။ အန်ဖီးလ်ဆီ နောက်ဆုံးလာရောက်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၅ပွဲမှာတော့ ဘရိုက်တန်ဟာ ၁ကြိမ်အနိုင်ရခဲ့ပြီး ၂ကြိမ်သရေကျကာ ၂ကြိမ်ရှူံးခဲ့တာ တွေ့ရတယ်။

ပရီးမီးယားလိဂ် Big Six နဲ့ ဒီရာသီတွေ့ဆုံမှု မှတ်တမ်းမှာဆိုရင် ပ င် လ ယ် စ င် ရော်တွေဟာ မန်စီးတီး၊ ချဲလ်ဆီးတို့ကို အနိုင်ယူပြထားပြီး တော့တင်ဟမ်ကို သရေကစားပြထားပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်၁၅ပွဲမှာ ၁၃ပွဲဂိုးသွင်းထားတဲ့ ဘရိုက်တန်တိုက်စစ်ကို ကြိုး ကြာ နီတွေ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်မလားဆိုတာ စိတ်၀င်စားစရာပါပဲ။

အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်၁၁ပွဲမှာ Clean Sheet ၂ကြိမ်သာ ပိုင်ဆိုင်ထားပြီး လိဂ်အိမ်ကွင်းပွဲစဉ်နောက်ဆုံး၅ပွဲမှာလည်း Clean Sheet ၁ကြိမ်သာ ပိုင်ဆိုင်ထားတာပါ။ အင်တာကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တုန်းကလို ကျစ်လျစ်ပြီး အမှားနည်းတဲ့ ခံစစ်ကို ဒီညမှာ ဆက်လက်ပြသနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

ဘရိုက်တန်ကလည်း 4 2 3 1 ဆိုတဲ့ ပွဲထွက် လူစာရင်းကို အသုံးပြုလာဖို့များပြီး ဆိုဘော့ဇ်လိုင်း၊ ဂရာဗန်ဘက်ခ်ျ၊ ဂျုံးစ်၊ မက်ကာလစ္စတာ Vs ရက်တာ၊ အင်ရှဲလ်ဝုဒ်၊ ဘာလီဘာတို့ရဲ့ ကွင်းလယ်အားပြိုင်မှုကို မြင်ရပါလိမ့်မယ်။ ကွင်းလယ်အသာစီးယူနိုင်တဲ့အသင်း၊ ခံစစ်အမှားပိုနည်းတဲ့အသင်းက အနိုင်ရဖို့ များပါတယ်။

အားပေးကြတာပေါ့ဗျာ This is Anfield ဆိုပြီး ကြိုး ကြာ နီအလံ လွှင့်ထူနိုင်မလား စောင့်ကြည့်တာပေါ့



အသင်းရဲ့လူစာရင်းမှာ ဆာလာပြန်ပါလာပါပြီမနေ့က အာနယ်စလော့နဲ့ မိုဆာလာတို့ဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ စကားပြောခဲ့ကြပြီးနောက...
13/12/2025

အသင်းရဲ့လူစာရင်းမှာ ဆာလာပြန်ပါလာပါပြီ

မနေ့က အာနယ်စလော့နဲ့ မိုဆာလာတို့ဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ စကားပြောခဲ့ကြပြီးနောက် ပြေလည်မယ့် အဖြေရှာတွေ့ခဲ့ပုံပါပဲ။ ဆွေးနွေးမှုတွေအပြီးမှာတော့ ဆာလာဟာ အသင်းရဲ့လူစာရင်းမှာ ပြန်ပါ၀င်လာတော့မယ်လို့ သိရပါတယ်။

ဒီည ဘရိုက်တန်နဲ့ ယှဉ်ပြိုင်မယ့် လီဗာပူးလ်ရဲ့ လူစာရင်းမှာ ဆာလာကို ပြန်မြင်ရမှာဖြစ်ပြီး အရန်ခုံပေါ်မှာလား ပွဲထွက် ၁၁ယောက်လူစာရင်းမှာလားဆို‌တာတော့ သေချာမသိရသေးပါဘူး။

Welcome back,Mo.



Address

High Street
London

Telephone

+447576988321

Website

Alerts

Be the first to know and let us send you an email when Adam - A Burmese Red posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Adam - A Burmese Red:

Share