17/02/2026
"မြန်မာတွေ အသက်တိုလာပြီ"
မြန်မာဟာ အာဆီယံ ၁၀ နိုင်ငံမှာ လူ့ သက်တမ်းအတိုဆုံး နိုင်ငံအဖြစ်စာရင်းဝင်လာနေပါတယ်။
ဘာဖြစ်လို့မြန်မာတွေ အသက်တို ကြတာလဲဆိုတာတော့ သိပြီးကြမှာပါ။
အိမ်နီးချင်းထိုင်း အိန္ဒိယ နဲ့ တရုတ်တို့ အတွက်တော့မြန်မာဟာအလွန်လုပ်စားကိုင်စားလို့ကောင်းလှတဲ ဈေးကွက်ကြီးတစ်ခုလိုဖြစ်နေတာမို့ပါ။
သူတို့နိုင်ငံမှာဥပဒေနဲ့တင်းတင်းကြပ်ကြပ်ကိုင်တွယ်ထားလို့ လုပ်မရတဲ့အရာမှန်သမျှ ခိုးလုပ်ကြပြီး အဲ့ဒီပစ္စည်းပေါင်းစုံ ကို မြန်မာပြည်ဈေးကွက်ထဲလာဖြန့် တယ်။ စားသောက်ကုန် ဆေးဝါးမျိုးစုံ လုပ်ငန်အ ပါအဝင် အတု တွေလုပ်တယ်။
မြန်မာပြည်ထဲဖြန့်တယ်၊ နယ်စပ်ဂိတ်မှန်သမျှမှာ လည်း FDA က မစစ်နိုင်။ စစ်နိုင်သမျှစက်တွေကလည်း ခေတ်မီ ဓာတုဆေးတွေများသမို့ မှန်ကန်စွာ ဓါတ်မခွဲနိုင်သေးပါဘူး။
တစ်ခါတစ်ခါ ဓါတ်ခွဲစမ်းသပ်လိုက်တဲ့ အခါမှာလည်း နာမည်ကြီးတံဆိပ်တွေ အပေါစားသောက်ကုန် အဖျော်ယမကာ အတော်များများ လူကို ဥပဒ်ပေးတဲ့ ဓါတ်တွေပါတာ FDA ကလည်း မကြာခဏ ထုတ်ပြန်နေရတာ မြင်သိ ကြားတွေ့ကြရမှာပါဘဲ။
သစ်သီးသစ်ရွက်တွေနဲ့ပတ်သတ်တာ မှန်သမျှ မြန်မြန်ကြီး မြန်မြန်ပွင့် မြန်မြန်သီး နေ့ချင်းညချင်းမှည့်နိုင်တဲ့ဆေးတွေ ထွင်တယ်။ မြန်မာပြည်ထဲ ဖြန့်တယ်။
အခုဆို ဘာအသီးစားချင်လည်း ပြောလိုက်ရာသီမရွေး ရတယ်။ အခုည မှည့်ချင်လား။ မနက်ဖြန်
မှည့်ချင်လားပြော။ များများချိုချင်လား ရတယ်။ လိုတိုင်းတရလို့တော့ပျော်ရမယ် ဒါပေမယ့် ဆိုးကျိုးတော့သိတဲ့အတိုင်းအများကြီးပါပဲ။
အသားတု။ ဥ အတု ။ လူ အတု။ အတုမျိုးပါင်းစုံ။ ကော်ဖီ၊ အချိုရည်၊ ကျန်တာ အတော်များများမှန်သမျှ ဂျင်းတွေ ချည်းဘဲ။ ထိုင်းဖက်နယ်စပ်မှာ ထိုင်းရဲက ဖမ်းမိတဲ့သတင်းတွေလည်း မကြာခဏ ဖတ်ဖတ်မိကြမယ်ထင်ပါတယ်။
သာမန်အပေါစားအရက်ဖြူ(OP) ဆိုလည်း မြန်မာငွေ ၄၀၀ လောက်ဆို တစ်ပုလင်းရတယ်။ ပဲလှော်လေး ၁၀၀ ဖိုးနဲ့တွဲကစ်လိုက်ရင် ၅၀၀ ဖိုး ဆို မူးပြီ။ ရေချိန်ကိုက်ပြီပေါ့။
ပြီးတဲ့အခါ ဗမာဆေးများများ ကွမ်းယာ ပါးစပ်ထဲထည့်ပြီး ဆေးပေ့ါလိပ်တစ်ရှိုက်စ်နှစ်ရှိုက် အဆုပ်ထဲအထိ ဆွဲထည့်လိုက်တဲ့အခါ တစ်ရက် စာ ဖူလုံပြီ။ ရေသန့်ကမှ အရက်ထက် ဈေးကြီးနေသေးတယ်။
အဲလိုအပေါစားအရက်တွေသောက်တော့ မြန်မြန်သေကြတာပေါ့။ အရည်မရ အဖတ်မရ ကွမ်းယာဆိုင်
ဆိုလည်းနေရာတကာ လက်ညိုးထိုးမလွဲသလို နောက်ဆုံးတော့ ကွမ်းယာသည်တိုင်း ချမ်းသာသွား
တာဘဲ အဖတ်တင်တယ်။
တစ်နေ့တနေ့ မြန်မာပြည်သာလူတွေ ကွမ်းစားပြီး ပါးစပ်ထဲကထွေးထုတ်လိုက်တဲ့ ပမာဏ ဟာ ငွေသန်းချီ ဖိုးတောင် ရှိတယ် ဆိုလား ဖတ်မိသေးတယ်။ အဲ့ဒီအထဲ ထည့်စားလိုက်ကျတဲ့ အိန္ဒိယက လာတဲ့ ဆေးပေါင်းစုံ။
92' အပါအဝင်။ အိန္ဒိယကနေ တစ်လတစ်လကို ဒေါ်လာသန်းချီပြီး ပေးဝယ်နေရတယ်။ နောက် ဆန် ကို အဓိကအစားအစာအဖြစ် စားသုံးကြတဲ့အဒါ ကစီဓါတ်များတော့ အဆီများလာသလိုအငန်ဆိုလည်းကြိုက်။
အစပ်ဆိုလည်းလက်မလွတ်စေရဘူး၊ စားသောက်ပုံစားသောက်နည်းဟာ အသက်ရှည်ဆုံးနိုင်ငံတွေနဲ့
ဆန့်ကျင်ဖက် ဖြစ်နေတယ်။ ဒါတွေက အစ ပြင်မှ ရမယ်။ လူတစ်ဦးချင်းစီက စပြင်ရမယ်။ နောက်မိသားစု လိုက်ပြင်ရမယ်။
နောက် ပတ်ဝန်းကျင်တစ်နိုင်ငံလုံးပြင်မှ ကျန်းမာ အသက်ရှည်ကြမယ်။ ဘယ်လိုပြင်ရမလဲ ဆိုရင်
အသီးအရွက် စားချင်ရင် ကွကိုယ်စိုက်စားပါ။ ဈေးက ဝယ်ရင် သဘာဝ အတိုင်းခူး ရောင်းတဲ့တောသည်လေးတွေဆီက ပိုးကိုက် ထားတဲ့ အရွက် တွေဝယ်ပါ။
အသီးစားချင်ရင် အပင်ကနေ တိုက်ရိုက်ခူးပေးတဲ့အသီးကို ရှာစားပါ။ အသားငါးလည်း လတ်ဆတ်တာကိုစားပါ။ အချိုရည် လုံးဝ မသောက်ပါနဲ့။ အသီးကို ဖျော်သောက်ပါ။ အငန်လျော့။ အဆိမ့်အချိုအစပ် လျော့စားပါ။
နောက်ပြီး လေ့ကျင့်ခန်းလုပ်ပါ။ မနက်ညနေ အချိန်ရ ရင် လမ်းလျှောက်ပါ။ နှလုံးအားကောင်းအောင်သွက်သွက်လျှောက်။ အမြင့်တက်ပါ။ အမောခံနိုင်အောင်ကျင့်ပါ။ အရက် ဆေးလိပ် မူးယစ်ဆေးလုံးဝ
မသုံးပါနဲ့။
ညစာကို ညနေ ၅နာရီကျော်ရင် ထမင်းမပါဘဲစားပါ။ အရည်သောက် အသီးအရွက် အသားငါးဘဲထိုင်စားပါ။ မြန်မာတွေ အသက်ရှည်စေဘို့ စဉ်းစားမိသမျှလေး မျှဝေခြင်းပါ။
အာရောဂျံ ပရာမံ လာဘံ။
ကျန်းမာခြင်းဟာ လာဘ်တစ်ပါးပါ။
ကျန်းမာရေးအသိ ကိုယ်စီ ရှိကြစေချင်ပါတယ်။
ဟိုတလောက ဆိတ်သားခြောက် ဝယ် လာ ပြီး အိမ် ရောက် တော့ Microwave နဲ့နွှေး လိုက် တာ ပလပ်စတစ် အရည် တွေ ထွက် လာ လို့ ဆို ပြီး ပုံ နဲ့ တကွ တင် လိုက် တာ ကို ဖတ် လိုက် မိ ပါ တယ်။
မြန်မာပြည် က အစား အသောက် တွေ ဟာ သဘာဝ အနေ အထား က နေ အမျိုးမျိုး သော နည်း တွေ နဲ့ ပြုပြင် ပြီးပြန် ရောင်း နေ ကြ တာ မို့ တစ်နေ့တခြား ကြောက်စရာ ကောင်း လာ နေ ပါ တယ်။
အားလုံး သိ ကြ တဲ့ အတိုင်း၊ ရောဂါ အားလုံး ရဲ့ အခြေခံ ဟာ အစာလမ်းကြောင်း က နေ လာ တာ
ဖြစ် ပါ တယ်။ ပုံစံ အမျိုးမျိုး နဲ့ လာ နေ ကြ တာ ပါ။ အခု နောက် ပိုင်း အလွန် အဖြစ် များ
နေ တာ က တော့ Autoimmune ရောဂါ မျိုးစုံ ဖြစ် ပါ တယ်။
ဒီ ရောဂါ ဟာ လည်း တစ်နေရာတည်း မှာ ဖြစ်ခဲ လှ ပါ တယ်။ ခန္ဓာကိုယ်ရဲ့ သုံးလေးနေရာ လောက် မှာ
ဖြစ် နေ လေ့ ရှိ ပါ တယ်။ အစားအသောက် ကြောင့် ဖြစ် တဲ့ အူလမ်းကြောင်း ကျန်းမာရေး ကို မထိန်း နိုင် ဘူး ဆို ရင် ခံစား ရ တတ် တဲ့ နောက်ဆက် တွဲ ရောဂါ တွေ ပါ ဘဲ။
ဒီ ရောဂါ တွေ ရဲ့ ဖြစ်ကြောင်း ဟာ အမျိုးမျိုး ရှိ ပါ သော် လည်း အဓိက က တော့ အစား အသောက် ပါ။ ဒီအတိုင်း ဆက် သွား ကြ မယ် ဆို ရင် တိုင်းပြည် အတွက် ရင်လေး မိ ပါ တယ်။ ကိုယ် နဲ့ အတူ ကိုယ့်မိသားစု ကို စောင့် ရှောက်ဖို့ ၊ သတိ လေးကပ် ပြီး ဉာဏ် အကူ လဲ လို ပါ လိမ့် မယ်။
အခု လို အဖြစ် မျိုး ရောက် ရ တာ ဟာ လဲ လူအများစု ဟာ ဗဟုသုတ ခေါင်း ပါး နေ ကြ တာ တစ် ကြောင်း၊ လောဘ ဦးဆောင် နေ တာ က တစ် ကြောင်း၊ ရသတဏှာ ကို မကျော်လွန် နိုင် တာ က တစ်ကြောင်း၊ အစိုးရ အ နေ နဲ့ အစားအသောက် တွေ အ ပေါ် ကြပ်မတ် မှု ထိထိ ရောက် ရောက် မရှိ တာ က တစ် ကြောင်း၊ (ရောဂါ မျိုးစုံ ဒီလောက် တောင် ဖြစ် နေ ကွ တာ အစိုးရ သိ ရဲ့ လား မသိ ပါ)ဖြစ် လာ မဲ့ အန္တရာယ် ကို သဘော မပေါက် တာ က တစ်ကြောင်း၊ တိုင်းပြည် ဆင်းရဲ တာ က တစ် ကြောင်း
ကြောင့် ဖြစ် ပါ တယ်။
မိမိ နှင့် မိမိ ၏ မိသားစု ကို ဉာဏ် သုံး၊ သတိကပ် ပြီး စောင့် ရှောက် သူ များ ဖြစ် နိုင် ကြ ပါ စေ။
(အားလုံးသိအောင် ပြန်ရှယ်ပေးကြပါဦး)
to original: ကိုဇော်လင်း