25/07/2026
မန္တလေးတိုင်း ပကဖတာဝန်ခံ ရှမ်းအရှေ့မှာ ဖမ်းဆီးခံရ
ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းလားမှာ NUG မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံဖမ်းဆီးခံရတယ်လို့ ပကဖသတင်းအရင်းအမြစ်က ဘီဘီစီကိုပြောပါတယ်။
အထူးဒေသ ၄ မိုင်းလားရဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA) က ဇူလိုင် ၂၃ ရက်မှာ ဖမ်းဆီးပြီး စစ်တပ်လက်ထဲလွှဲပြောင်းပေးလိုက်တယ်လို့ ဒေသတွင်းသတင်းဖော်ပြချက်ကို အတည်ပြုဖို့ NDAA သတင်းပြန်ကြားရေးဌာနကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇူလိုင် ၂၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့သတင်းများအနှစ်ချုပ်ကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cd695xgdp0jo ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ပုံစာ - ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဘတ်တံဆိပ်၊ ဇွန်လအတွင်း တွေ့ဆုံခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ NDAA ဥက္ကဋ္ဌဦးထိန်လင်း။
ဓာတ်ပုံ- ပကဖအသံ၊ Mongla SR4
#ဘီဘီစီမြန်မာပိုင်း #ပကဖ #ရှမ်းအရှေ့ #မိုင်းလား