BBC Burmese

BBC Burmese We welcome your comments, feedback and messages but please respect other Facebook members and do not post offensive, abusive or inappropriate messages.

We reserve the right to remove any inappropriate message from the page. https://t.me/bbcnewsburmese ဘီဘီစီ မြန်မာပိုင်းရဲ့ Facebook စာမျက်နှာမှာ တင်ပြပေးနေတဲ့ သတင်းတွေ၊ သတင်းဓာတ်ပုံတွေမှာ ကိုယ့်ရဲ့ သဘောထား မှတ်ချက်တွေ ရေးသားပေးနိုင် ပါတယ်။ အဲဒီလို ရေးသား တဲ့အခါ သတ်မှတ်ထား တဲ့ စည်းကမ်းချက် တွေကို လိုက်နာဖို့ အသိပေးအပ်ပါတယ်။
ရုန့်ရင်းကြမ်းတမ်းတဲ့ စကားအသုံးအနှုန်း မျိုး၊ ဒီစာမျက်နှာကို အလွဲသုံးစား လ

ုပ်မှုမျိုး နဲ့ အများပြည်သူနဲ့မသင့်တော်တဲ့ ရေးသား ဖော်ပြချက်မျိုး တွေကို မလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။
အဲဒီလိုလိုက်နာခြင်းမရှိတဲ့ ရေးသား ဖော်ပြချက် တွေကို ဘီဘီစီက ဒီစာမျက်နှာက နေဖယ်ရှား မှာဖြစ်ပါတယ်။

၁၀ ဦး မှာ ၁ ဦး အဝလွန်ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်စဥ်အနေနဲ့ ကလေးငယ် အများစုဟာ ကိုယ်အလေးချိန်ကျဆင်းတာထက် အဝလွန်နေကြတယ်လို့ က...
20/09/2025

၁၀ ဦး မှာ ၁ ဦး အဝလွန်

ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်စဥ်အနေနဲ့ ကလေးငယ် အများစုဟာ ကိုယ်အလေးချိန်ကျဆင်းတာထက် အဝလွန်နေကြတယ်လို့ ကလေးသူငယ်ဆိုင်ရာအကူအညီပေးရေး၊ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ ( ယူနီဆက်ဖ်) ရဲ့ အထူးပြု လေ့လာမှုချက်က ဖော်ပြလာပါတယ်။

ကမ္ဘာပေါ် က အသက် ၅ နှစ် ကနေ ၁၉ နှစ် ဝန်းကျင်အရွယ် ကလေးနဲ့ငယ်ရွယ်သူ ၁၀ ဦးမှာ ၁ ဦးက အဝလွန်နေပြီး အဲဒီအရေအတွက်က သန်းပေါင်း ၁၈၈ သန်းအထိရှိတယ်လို့ တွက်ချက်ထားကြပါတယ်။

သမားရိုးကျဓလေ့ အစားအသောက်တွေကနေ စျေးသက်သာပြီး အလွန်အမင်းပြုပြင်ထားတဲ့ ကယ်လိုရီပမာဏမြင့် အစားအသောက်တွေ အပေါ်မှာ မှီခိုစားသုံးမှုမြင့်တက်လာကြောင့်လို့ သုတေသနပြုသူတွေက ဝေဖန်ပါတယ်။

အဝလွန်ခြင်းနဲ့ အာဟာရချို့တဲ့ခြင်းအကြောင်း ဒီဆောင်းပါးမှာပြန်လည်ဖတ်ရှုနိုင်ပါပြီ။

#ဘီဘီစီမြန်မာပိုင်း #အဝလွန်ခြင်း #အာဟာရချို့တဲ့ခြင်း #ကလေးသူငယ်

သမားရိုးကျဓလေ့ အစားအသောက်တွေကနေ စျေးသက်သာပြီး အလွန်အမင်းပြုပြင်ထားတဲ့ ကယ်လိုရီပမာဏမြင့် အစားအသောက်တွေ အပ...

ချင်းမိုင်မှာ ထိုင်းကျောင်းသားတွေတိုက်ခိုက်ခံရမှု မြန်မာ ၁၅ ဦးအဖမ်းခံရထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က အဝတ်လျ...
20/09/2025

ချင်းမိုင်မှာ ထိုင်းကျောင်းသားတွေတိုက်ခိုက်ခံရမှု မြန်မာ ၁၅ ဦးအဖမ်းခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က အဝတ်လျှော်ဆိုင်ထဲဝင်ပြေးလာတဲ့ ထိုင်းကျောင်းသား ကျောင်းသူ ၃ ဦးကို ဓားနဲ့လိုက်လံတိုက်ခိုက်တဲ့ဖြစ်စဉ်မှာ အဓိကကျူးလွန်သူအပါအဝင် ၁၅ ဦးကို ဖမ်းဆီးခဲ့ပြီး ကျူးလွန်သူတွေဟာ မြန်မာနိုင်ငံသားတွေလို့ ထိုင်းရဲက ထုတ်ပြန်ပါတယ်။

အဓိကကျူးလွန်သူဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုစိုင်းအိုက်မောင်ဟာ ဘန်ကောက်ဘက်ကိုထွက်ပြေးဖို့ကြိုးစားချိန် လန်ဖမ် (Lamphun) ခရိုင်က စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့ကြောင်း မနေ့ စက်တင်ဘာ ၁၉ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းရဲတွေက ပြောပါတယ်။

ဒီသတင်းအပြည့်အစုံအပါအဝင် စက်တင်ဘာ ၂၀ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်ကို https://www.bbc.com/burmese/articles/cj4ywgp7x08o ဒီလင့်ခ်ကိုနှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့
#ဘီဘီစီမြန်မာပိုင်း #ချင်းမိုင် #ထိုင်းမြောက်ပိုင်း #ထိုင်းကျောင်းသား #မြန်မာ #ဓားခုတ်မှု

ရုရှားတိုက်လေယာဉ်တွေ လေပိုင်နက်ထဲကျူးကျော်ပြီးတဲ့နောက် နေတိုးအရေးပေါ်အစည်းအဝေးလုပ်ဖို့ အက်စ်တိုးနီးယား တောင်းဆိုရုရှား M...
20/09/2025

ရုရှားတိုက်လေယာဉ်တွေ လေပိုင်နက်ထဲကျူးကျော်ပြီးတဲ့နောက် နေတိုးအရေးပေါ်အစည်းအဝေးလုပ်ဖို့ အက်စ်တိုးနီးယား တောင်းဆို

ရုရှား MiG-31 တိုက်လေယာဉ်သုံးစင်းဟာ ခွင့်ပြုချက်မရဘဲ အက်စ်တိုးနီးယားလေပိုင်နက်ကို ဝင်ရောက်ပြီး ဖင်လန်ပင်လယ်ကွေ့ပေါ်မှာ ၁၂ မိနစ်ခန့်ရှိနေခဲ့တယ် လို့ အက်စ်တိုးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အီတလီ၊ ဖင်လန်နဲ့ ဆွီဒင်တို့ဟာ နေတိုးစစ်ဆင်ရေးအဖြစ် အက်စ်တိုးနီးယားနိုင်ငံအရှေ့ပိုင်းကို တိုက်လေယာဉ်တွေ ချက်ချင်းစေလွှတ်ခဲ့ပါတယ်။

ဒီသတင်းအပြည့်အစုံအပါအဝင် စက်တင်ဘာ ၂၀ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်ကို https://www.bbc.com/burmese/articles/cj4ywgp7x08o ဒီလင့်ခ်ကိုနှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ - Getty
#ဘီဘီစီမြန်မာပိုင်း #ရုရှား #ဖင်လန် #အက်စ်တိုးနီးယား #အီတလီ #ဆွီဒင် #နေတိုးစစ်ဆင်ရေး

ဝမ်ပေါင်ရဲ့ ကမ်းလှမ်းမှုစစ်တပ်အကျိုးအမြတ်ရနေတဲ့ ဝမ်ပေါင်ထဲက လုပ်ငန်းတွေရပ်တန့်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ဖိအားပေးမှ...
20/09/2025

ဝမ်ပေါင်ရဲ့ ကမ်းလှမ်းမှု

စစ်တပ်အကျိုးအမြတ်ရနေတဲ့ ဝမ်ပေါင်ထဲက လုပ်ငန်းတွေရပ်တန့်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ဖိအားပေးမှုနဲ့ တိုက်ခိုက်မှုတွေ မပြတ်လုပ်နေတာကြောင့် ကုမ္ပဏီက စီမံကိန်းတွေ ဆက်လည်ပတ်နိုင်ဖို့ အဖြေရှာခဲ့ပါတယ်။

တရုတ်အကျိုးစီးပွားဖြစ်တဲ့ ဝမ်ပေါင်ကြေးနီစီမံကိန်းကို ဆက်လည်ပတ်နိုင်အောင် တော်လှန်ရေးတပ်ဖွဲ့တချို့ကို ငွေကြေးနဲ့ ညှိနှိုင်းပြီး ဖြေရှင်းခဲ့တယ်လို့ သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။

လက်ပံတောင်းတောင်စီမံကိန်း- ဝမ်ပေါင်နဲ့ တော်လှန်ရေးတပ်တချို့အကျိုးစီးပွားဘယ်လိုဆက်နွှယ်ခဲ့သလဲ ဆိုတာ ဒီဆောင်းပါးမှာ ပြန်လည်ဖတ်ရှုနိုင်ပါပြီ။

#ဘီဘီစီမြန်မာပိုင်း #ရခိုင် #ဆားလင်းကြီး #ဝမ်ပေါင် #ကြေးနီစီမံကိန်း #တရုတ် #တော်လှန်ရေး

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းတိုက်ခိုက်မခံရအောင် ဝမ်ပေါင် ကုမ္ပဏီဟာ တော်လှန်ရေးတပ်တချို့ကို ငွေပေးည....

ရခိုင်မှာ ARSA နဲ့ RSO လှုပ်ရှားမှုတွေကို ကာကွယ်ဖို့ လုံခြုံရေး အထူးတိုးမြှင့်မယ်လို့ အေအေ ပြောရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စ...
20/09/2025

ရခိုင်မှာ ARSA နဲ့ RSO လှုပ်ရှားမှုတွေကို ကာကွယ်ဖို့ လုံခြုံရေး အထူးတိုးမြှင့်မယ်လို့ အေအေ ပြော

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်နဲ့ မောင်တောခရိုင်ရဲ့နေရာတချို့ကို ရိုဟင်ဂျာ လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေကဝင်ရောက်ကာ ဥပဒေချိုးဖောက်မှုတွေလုပ်နေတာကို ကာကွယ်တိုက်ဖျက်ဖို့အတွက် အာရက္ခတပ်တော် (အေအေ) အနေနဲ့ လုံခြုံရေးအထူးတိုးမြှင့် သွားမယ်လို့ မနေ့ စက်တင်ဘာ ၁၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

ဒီနယ်စပ်နဲ့မောင်တောခရိုင်နေရာတချို့ကို အေအေက လုံခြုံရေးအချိန်ပြည့်မဆောင်ရွက်နိုင်တဲ့အချိန်မှာ ARSA နဲ့ RSO အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာခြေကုပ်ယူပြီး နတ်မြစ်နဲ့ မယူတောင် လမ်းကြောင်းကနေတဆင့် မောင်တောဘက်ကိုစိမ့်ဝင်လာတယ်လို့ ဆိုပါတယ်။

ဒီသတင်းအပြည့်အစုံအပါအဝင် စက်တင်ဘာ ၂၀ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်ကို https://www.bbc.com/burmese/articles/cj4ywgp7x08o ဒီလင့်ခ်ကိုနှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ပုံစာ - အေအေခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတို့တွေ့ဆုံခဲ့စဉ် (ပုံဟောင်း)
#ဘီဘီစီမြန်မာပိုင်း #ရခိုင်ပြည်နယ် #မောင်တော #အေအေ #လုံခြုံရေး #နယ်စပ်

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အရှေ့ပိုင်းမှာနေထိုင်တဲ့လူငယ် ၂ ဦးဟာ ရွေးကောက်ပွဲဆန့်ကျင် ကြောင်း စတေကာတွေကပ်လို့ဆိုပြီး...
20/09/2025

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အရှေ့ပိုင်းမှာနေထိုင်တဲ့လူငယ် ၂ ဦးဟာ ရွေးကောက်ပွဲဆန့်ကျင် ကြောင်း စတေကာတွေကပ်လို့ဆိုပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ အမှုဖွင့်ထားကြောင်း ဒီနေ့ စက်တင်ဘာ ၂၀ ရက်ထုတ် စစ်တပ်ထိန်းချုပ်သတင်းစာမှာဖော်ပြပါတယ်။

သူတို့ ၂ ဦးကို ထောင်ဒဏ် ၇ နှစ်အထိ အမြင့်ဆုံးချမှတ်နိုင်တဲ့ ပုဒ်မ ၂၃ (က) နဲ့ လှိုင်သာယာ အရှေ့ပိုင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

အခုလအစောပိုင်းမှာပဲ တောင်ကြီးကအမျိုးသားတဦးကို ဒီဥပဒေနဲ့ပထမဆုံးအကြိမ်ထောင်ဒဏ်ချမှတ်ခဲ့တဲ့အကြောင်းအပါအဝင် စက်တင်ဘာ ၂၀ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်ကို https://www.bbc.com/burmese/articles/cj4ywgp7x08o ဒီလင့်ခ်ကိုနှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ - MOI
#ဘီဘီစီမြန်မာပိုင်း #၂၀၂၅ရွေးကောက်ပွဲ #စစ်တပ် #လူငယ် #ဖမ်းဆီး #ရန်ကုန် #လှိုင်သာယာ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်က သမိုင်းဝင် နော့တာဒမ်းဘုရားကျောင်းကြီးရဲ့ မျှော်စင်တွေ ပြန်ဖွင့်လှစ်လိုက်ပါပြီ။ လွန်ခဲ့တဲ့ ...
20/09/2025

ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်က သမိုင်းဝင် နော့တာဒမ်းဘုရားကျောင်းကြီးရဲ့ မျှော်စင်တွေ ပြန်ဖွင့်လှစ်လိုက်ပါပြီ။ လွန်ခဲ့တဲ့ ၆ နှစ်က မီးအကြီးအကျယ်လောင်ခဲ့တဲ့ သက်တမ်း ၉၀၀ နီးပါးရှိတဲ့ ဘုရားကျောင်းကြီး ဖြစ်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #နော့တာဒမ်း #ဘုရားကျောင်း #ပဲရစ်

20/09/2025

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ် အူတီမြို့က ဟိန္ဒူဘုရားကျောင်းတစ်ခုထဲကို ညသန်းခေါင်အချိန်မှာ ဝက်ဝံတစ်ကောင်ဝင်လာတာကို စီစီတီဗီကနေ တွေ့ရပါတယ်။ ဝက်ဝံက မှန်ပြတင်းတစ်ချပ်ကို ဖွင့်လို့ ဘုရားကျောင်းရုံးခန်းထဲကိုပါ ဝင်ခဲ့တာ တွေ့ရပါတယ်။ စားစရာဘာမှ မတွေ့ရတဲ့အဆုံး ပြန်ထွက်သွားခဲ့ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #တိရစ္ဆာန် #ဝက်ဝံ

19/09/2025

ဆားခါးရွာ အမျိုးသမီး ၉ ယောက် သတ်ဖြတ်ခံရမှု NUG ကိုတိုင်ကြားထား - BBC NEWS မြန်မာ

စစ်ကိုင်းတိုင်း၊ ယင်းမာပင် ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက ဆားခါးရွာမှာ ကိုယ်ဝန်ဆောင်သည်နဲ့ ကလေးမိခင်တွေ အပါအဝင် အမျိုးသမီး ၉ ယောက် သတ်ဖြတ်ခံရတဲ့ အတွက် အရေးယူပေးဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။ အဲဒီ အမျိုးသမီးတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ သတ်ဖြတ်ခံရတာကို မျက်မြင် တွေ့ရှိခဲ့သူတွေက အခုမှ မိသားစုဝင်တွေကို အတည်ပြုပြောဆိုတာကြောင့် အရေးယူပေးဖို့ တိုင်ကြား နိုင်တာ ဖြစ်ပါတယ်။ သူတို့ကို ဘယ်သူတွေက သတ်ဖြတ်ခဲ့တာပါလဲ။ ဒီအကြောင်း မရွှေပိုးနီက ပြောပြပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း

19/09/2025

အာဆီယံ ၄ နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ရဲ့ မြန်မာခရီးစဉ်ပျက် - BBC NEWS မြန်မာ

လက်ရှိ အာဆီယံ ဥက္ကဋ္ဌ၊ မလေးရှား နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန် ဦးဆောင်တဲ့ လေးနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ရဲ့ ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ မြန်မာ နိုင်ငံကို လာရောက်မယ့် ခရီးစဉ် ပျက်သွားတယ်လို့ သံတမန် အသိုင်းအဝိုင်းက ဘီဘီစီကို ပြောလာပါတယ်။ ဘာကြောင့် သူတို့ရဲ့ ခရီးစဉ် ပျက်သွားရတာပါလဲ။ ကိုရင်မောင်က ဆက်ပြီး ပြောပြပေးမှာပါ။ #ဘီဘီစီမြန်မာပိုင်း

စက်တင်ဘာလ ၁၉ ရက် သောကြာည ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဉ် နောက်ဆုံးရ သတင်းများ- အာဖဂန်နစ္စတန်မှာ ထိန်းသိမ်းထားတဲ့ ဗြိတိ...
19/09/2025

စက်တင်ဘာလ ၁၉ ရက် သောကြာည ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဉ် နောက်ဆုံးရ သတင်းများ
- အာဖဂန်နစ္စတန်မှာ ထိန်းသိမ်းထားတဲ့ ဗြိတိသျှလူမျိုး ဇနီးမောင်နှံကို ကာတာရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တာလီဘန်အစိုးရ ပြန်လွှတ်ပေးလိုက်
-အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ လေးနိုင်ငံကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ပျက်သွား
- ဆားလင်းကြီးမြို့နယ်မှာ ကိုယ်ဝန်ဆောင်သည်နဲ့ ကလေးမိခင်တွေ အပါအဝင် အမျိုးသမီး ၉ ဦး သတ်ဖြတ်ခံခဲ့ရမှု အရေးယူပေးဖို့ NUG ကို တိုင်ကြားထား
- ကေအိုင်အေ ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ကံပိုင်တည်ကနေ မြန်မာ-အိန္ဒိယနယ်စပ် ပန်ဆောင်မြို့အထိ ကုန်သွယ်ရေး လမ်းကြောင်းဖောက်ဖို့အခြေအနေ
- ရွှေကူမြို့က ကေအိုင်အေ တပ်ရင်းတစ်ခု စက်တင်ဘာ ၁၇ ရက် ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း ကေအိုင်အိုအတည်ပြု
- ဆူဒန်မှာ ဗလီကျောင်း ဒရုန်းတိုက်ခိုက်ခံရအပြီး လူ ၇၀ ကျော် သေဆုံး
- ဂါဇာစီတီးမြို့ကို အစ္စရေးစစ်တပ်က မကြုံစဖူး အင်အားသုံး တိုက်ခိုက်မယ်လို့ ထုတ်ဖော်ပြော
- နီပေါမှာ အဂတိလိုက်စားမှု တိုက်ဖျက်ပေးမယ်၊ အလုပ်တွေ ဖန်တီးပေးမယ်လို့ ယာယီဝန်ကြီးချုပ်က ပထမဆုံးအကြိမ် မိန့်ခွန်းမှာ ထည့်သွင်းပြော
- ရုရှားရဲ့ ဒုတိယအကြီးဆုံး လေဆိပ်ရဲ့ ဝက်ဆိုက် ဖောက်ထွင်းခံရ
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို
ည ၈ နာရီကနေ ၈နာရီ ခွဲအထိ
လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅
လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅
တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/liveradio
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို

19/09/2025

အာဆီယံ ၄ နိုင်ငံကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာခရီးစဉ် ပျက် - BBC NEWS မြန်မာ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်

- မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိတဲ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဦးဆောင်တဲ့ ၄ နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ် ပျက်သွားတယ်လို့ သိရပါတယ်။ ဘာကြောင့်ပါလဲ။

- ဆားလင်းကြီး မြို့နယ် ဆားခါးရွာမှာ လွန်ခဲ့တဲ့ ၂နှစ်က အမျိုးသမီး ၉ ယောက် သတ်ဖြတ်ခံရမှုအတွက် အရေးယူပေးဖို့ NUG ကို တိုင်ကြားထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သူတို့ကို ဘယ်သူတွေက သတ်ဖြတ်သွားခဲ့တာပါလဲ။

- သမ္မတ ထရမ့်က သူ့ကို အပျက်သဘော ဆောင်တဲ့ သတင်းဖော်ပြမှုတွေ အလွန်အကျံ လုပ်ဆောင်နေတဲ့ အမေရိကန် ရုပ်သံ ထုတ်လွှင့်ရေး ကွန်ရက် တချို့ရဲ့ လိုင်စင်တွေကို ရုပ်သိမ်းသင့်တယ်လို့ ပြောကြားလိုက်တဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း

Address

Zone A, Floor 5 BBC Broadcasting House Portland Place
London
W1A1AA

Alerts

Be the first to know and let us send you an email when BBC Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

BBC Burmese

ရေဒီယို၊ တီဗီ၊ အွန်လိုင်း နဲ့ ဆိုရှယ်မီဒီယာပေါ်ကနေ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေ၊ စိတ်ဝင်စားဖွယ် အစီအစဉ်တွေကို နားဆင်ရှုစားနိုင်ကြပါပြီ။