
30/07/2024
UKနိုင်ငံက နေထိုင်ဖို့အတွက် လုံခြုံလား?
လုံခြုံပါတယ် ချမ်းသာတဲ့နိုင်ငံမို့ လူတန်းစားကွာဟမှူ သိပ်မရှိဘူး စနစ်ကကောင်းနေတော့ နေထိုင်ရတာ လူ၁၀၀မှာ ၁၀၀ယောက်လောက်နီးနီး အတွက်ကတော့ အဆင်ပြေတယ်၊ ဒါပေမဲ့ နေရာတိုင်းမှာ ဘယ်နိုင်ငံမဆိုပေါ့နော် အဆိုး/အကောင်း အမြဲယှဥ်တွဲနေတာမို့ ၁၀၀%တော့ လုံခြုံပါတယ် မရှိပါဘူး၊
မြို့ထဲလမ်းမတွေထက်မှာ အိမ်ခြေယာမဲ့တွေရှိပါတယ်၊
ချမ်းသာတဲ့နိုင်ငံမို့ မရှိဘူးမဟုတ် ရှိပါတယ်၊ခုနောက်ပိုင်းဆို USမှာလို 6သနတ် တရားဝင် ကိုင်ဆောင်ခွင့်မရှိပေမဲ့ ဓါးထိုးမှူတွေ ခပ်စိပ်စိပ်ကို ဖြစိလာတာက တော်တော်ကို စိုးရိမ်စရာ အနေအထား ဖြစ်လာပါတယ်၊ဘယ်မှာပဲနေနေ သွားသတိ လာသတိလေးတော့ ရှိကြဖို့ UKကို လာပြီး အခြေချနေကြမဲ့ မိတ်ဆွေအားလုံးက်ု သတိပေးချင်ပါတယ်၊
အခု UKမှာ နွေရာသီကျောင်းပိတ်ရက် ရောက်ပြီမို့ ကလေးတွေအတွက် နွေရာသီသင်တန်းတွေ ဖွင့်ကြပြီ၊
၂၉/၇/၂၄ UKစံတော်ချိန် မနက်၁၁:၄၇မှာ အင်္ဂလန်နိုင်ငံ အနောက်မြောက်ဘက်မှာရှိတဲ့ Southportဆိုတဲ့မြို့လေးက အကသင်တန်းမှာ ဓါးထိုးမှူ ဖြစ်ပွားခဲ့ပါတယ်၊ ကလေး၂ယောက်ကတော့ 6သဆုံးတယ်ဆိုတာ ဖြစ်ပြီးမကြာခင်ပဲ အတည်ပြုခဲ့ပြီး၊ နောက်ထပ်ကလေးတယောက်ကတော့ ၃၀/၇/၂၄ မနက်ခင်း ဆေးရုံမှာပဲ ဒဏ်ရာကြောင့် 6သဆုံးသွားတာမို့ စုစုပေါင်း ကလေး၃ယောက် အသက်ဆုံးရူံးပြီး ဒဏ်ရာရကလေးငယ် ၈ယောက်ရှိပြီး ၅ယောက်က စိုးရိမ်ရတဲ့အခြေအနေပါ၊ အခင်းဖြစ်ချိန်မှာ ဝင်ကူညီပြီး ကလေးတွေကို ကာကွယ်ပေးခဲ့တဲ့ လူ၂ယောက်ကလဲ ဒဏ်ရာကြောင့် ခုထိဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ အသက်ရှင်ဖို့အတွက် ကြိုးစားနေကြဆဲပါပဲ၊
၃၀/၇/၂၄ ညနေ ၇:၄၅မှာ မြို့ခံလူတွေစုပြီး ဆန္ဒပြကြရာကနေ ရုဏ်းရင်းဆန်ခတ်ဖြစ်ပြီး ရဲကားကိုလဲ မီးရှိူ့လိုက်ကြတယ်၊ တရားခံနဲ့ပက်သက်ပြီး နာမည် ရုပ်ပုံ
စတာတွေကို ၂၄နာရီကျော်သည်ထိ မထုတ်ပြန်ပေးတာကြောင့် မြို့ခံတွေက ပိုပြီးစိတ်တိုကြတာ၊ရဲဘက်ကတော့ အခုလို ဖြစ်ရပ်မှာပါဝင်တဲ့သူတွေက မြို့ခံတွေမဟုတ်ဘဲ အနီးအနားပတ်ဝန်းကျင်က သူတွေဖြစ်ပြီး ဆူပူမှူကို ဖန်တီးတယ်လို့ ထုတ်ပြန်ထားပါတယ်၊
တရားခံကလေ မထင်ရက်စရာ တကယ့်ကို လူငယ်လေးပါ အသက်၁၇နှစ် အရွယ် အခင်းဖြစ်ပွားရာနေရာနဲ့ မဝေးတဲ့ Lancashire ဆိုတဲ့ မြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့သူပါ၊ ၃၀/၇/၂၄ နေ့လည်ပိုင်းမှာပဲ ထပ်တိုး update အနေနဲ့ တရားခံလို့ ယူဆရသူ ၁၇နှစ်အရွယ် ကောင်လေးရဲ့ မိဘတွေဟာ Rwanda ဆိုတဲ့ နိုင်ငံကနေ UKကို ပြောင်းရွှေ့လာကြတဲ့သူတွေဖြစ်ပြီး သူကတော့ UKရောက်မှ မွေးပါတယ်တဲ့၊
တကယ်တော့ Rwandaဆိုတဲ့နိုင်ငံက July 4ရက်နေ့ ရွေးကောက်ပွဲမှာ ရူံးသွားတဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့ နိုင်ငံတွင်းခိုးဝင်လာသူ အဓိကအားဖြင့်
ရေကြောင်းလမ်းကနေတဆင့် လှေ/စက်လှေနဲ့ ဝင်လာရင် UK နိုင်ငံမှာ မထားဘဲ Rwandaကို ပို့ပြီး အဲ့နိုင်ငံကနေတဆင့် ဒုက္ခသည် visaကို လျှောက်ရမယ်ဆိုပြီး အဆိုပြု တင်သွင်းထားခဲ့တာ၊ တရားရုံးမှာ လူ့အခွင့်အရေးနဲ့မညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အကြိမ်ကြိမ်ပယ်ချခဲ့ပေမဲ့ သူတို့ကတော့ ဒီအစီအစဥ်ကို လုံးဝလက်မလျော့ခဲ့ပါဘူး၊ ဒါပေမဲ့ အခုတော့ ရွေးကောက်ပွဲ ရူံးသွားတဲ့အတွက် အနိုင်ရပြီးတက်လာတဲ့ လေဘာပါတီကတော့ ဒီအစီအစဥ်ကို ဖျက်သိမ်းမှာပါ၊ တရားခံက ဘာကြောင့်ဒီလိုလုပ်ရတယ်လဲဆိုတာကိုတော့ စစ်ဆေးမေးမြန်းနေဆဲပဲမို့ ခုထိမသိရသေးပါဘူး၊
ဒီအကသင်တန်းလေးက Taylor- Swift Themed Dance Class မို့ Taylor Swiftကိုယ်တိုင်လဲ သူ့ရဲ့ Instagramမှာ ဒီသတင်းကြောင့် သူshockရသွားပြီး
ကလေးတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း စာရေးပြီးတင်ထားပါတယ်၊
ဗြိတိန်ဝန်ကြီးချုပ်ကိုယ်တိုင်လဲ အခင်းဖြစ်ရာနေရာကို လူကိုယ်တိုင်လာရောက်ခဲ့ပါတယ်၊
ဥပဒေတွေတင်းကျပ်လာပေမဲ့လဲ ဒီလိုဖြစ်ရပ်တွေက တနှစ်ထက် တနှစ် အရမ်းကို များလာပါတယ်၊ မြို့ပေါ်ရော နယ်ဘက်တွေမှာပါ၊ အစိုးရအနေနဲ့ ရဲဝန်ထမ်းတွေ
ထပ်တိုးခေါ်ပြီး ဒီလိုဖြစ်ရပ်တွေ လျော့သွားအောင် Plans တွေချပြီး အကောင်အထည်ဖော်နေပေမဲ့ ခုထိတော့ မထိရောက်လှသေးပါဘူး၊
MandalayThu Vlog
31/07/2024