22/10/2025
✅ တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်ကတော့ ဘာကာနဲ့အတူ တောက်ပတဲ့ ကာလတစ်ခု၊ အခိုက်အတန့်တစ်ခုကို ပိုင်ဆိုင်နေတယ်လို့ ဆိုရမှာပါ။ မားကပ်အနေနဲ့ ရာသီအစကမှ ယူနိုက်တက်ဆီကနေ တစ်ရာသီအငှား ရောက်ရှိလာခဲ့တာဖြစ်ပြီး၊ ဒီကာလအနည်းငယ်အတွင်းမှာပဲ အသင်းနဲ့အသားကျကာ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ တောက်လျှောက် ပြုလုပ်ပေးနေတာပါ။
▪ အကြိုက်ဆုံး နေရာလို့ပြောလို့ရတဲ့ တောင်ပံတိုက်စစ်မှာ ကစားခွင့်ရနေတာဖြစ်ပြီး၊ ယုံကြည်မှုလည်း အတော်လေးကောင်းနေတာကို တွေ့ရပါတယ်။ ဒီရာသီချန်ပီယံလိဂ်မှာ သွင်းဂိုး၅ဂိုးအထိ တိုက်ရိုက်စွမ်းဆောင်ထားသလို၊ ဘာစီလိုနာအတွက် ၁၂ပွဲကစားထားပြီးချိန်မှာ ၁၀ဂိုးအထိ စွမ်းဆောင်ပေးထားတာပါ။ ဘာကာတို့ကတော့ မားကပ်ကို အပြီးသတ်ခေါ်နိုင်ဖို့ ကြိုးစားနေကြပြီး မားကပ်အနေနဲ့ အငှားသက်တမ်းကုန်ဆုံးချိန်မှာ ယူနိုက်တက်ကို ပြန်လာအုံးမလားဆိုတာလည်း စိတ်ဝင်စားစရာပါ။