01/09/2026
✅ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးကတော့ အသင်းအတွက် အရေးပါလှတဲ့ ကစားသမားဖြစ်တယ်ဆိုတာ ပုံမှန်သက်သေပြနေဆဲပါပဲ။ ကိုဘီ တကယ်ကောင်းတယ်ဆိုတာ ငြင်းပါယ်လို့ မရတဲ့ အမှန်တရားတစ်ခုဖြစ်ပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ်ကို အနုပညာဆန်ဆန် လှပညက်ညောစွာ ကောင်းကောင်းချိတ်ဆက်နိုင်သလို ခံစစ်ပိုင်းလိုအပ်ချက်အချို့ကိုလည်း ဖြည့်နိုင်ခဲ့တာပါ။
▪ ကိုဘီ ခြေစွမ်းကောင်းခြင်းရဲ့ အကျိုးဆက်ကတော့ ဘရူနိုကို တိုက်စစ်ပိုင်းအထိ စိတ်ချလက်ချ လိုက်ပါခွင့်ပေးနိုင်သလို၊ Defensive Midfield မှာရှိတဲ့ တိုင်လိစ်မန်းအတွက်လည်း သက်သာရာ ရစေပါတယ်။ ကိုဘီအတွက် ကစားသမားသစ် ဘလီဘာနဲ့ဆိုရင် စိတ်လှုပ်ရှားစရာ ပိုကောင်းတဲ့ ကွင်းလယ်အတွဲအဖက် ဖြစ်လာနိုင်ပါတယ်။ ကိုဘီဟာ ယူနိုက်တက်အတွက်တော့ တကယ်မရှိမဖြစ် essential player ပါပဲ။