Myanmar Wildlife Information

Myanmar Wildlife Information To explore more about wildlife of Myanmar.

မြန်မာ့ရေမြေပေါ်ရှိ သက်ရှိသတ်တဝါများ အကြောင်းလေ့လာနိုင်ရန်
ပညာရှင် ၊ ဝါသနာ ရှင် ၊ ဒေသခံ တို့၏မှတ်တမ်းများကို ပြန်လည်ဖော်ပြသွားမည်။
မြန်မာ့ ဒေသမျိုးရင်းဦးစားပေးဖော်ပြမည်၊ နိုင်ငံတကာ တောကောင်များ အကြောင်းကိုလဲ ဖော်ပြမည်။
ဝါသနာပါသူ ၊ သဘာဝ မြတ်နိုးသူတိုင်း ဝင်ရောက်ဆွေးနွေး မေးမြန်း မျှဝေ နိုင်သည်။

Myanmar Wildlife community page

'' Dire Wolf ( Aenocyon dirus ) တကယ် ပြန်လာပြီလား? ''မိတ်ဆွေတို့ရဲ့ မျှော်လင့်ချက် အထပ်ထပ်နဲ့ ကာရံထားတဲ့ ရွှေအိပ်မက်တွေက...
10/04/2025

'' Dire Wolf ( Aenocyon dirus ) တကယ် ပြန်လာပြီလား? ''

မိတ်ဆွေတို့ရဲ့ မျှော်လင့်ချက် အထပ်ထပ်နဲ့ ကာရံထားတဲ့ ရွှေအိပ်မက်တွေကို ရိုက်ချိုးမိတဲ့အတွက် ရှေးဦးစွာ တောင်းပန်ပါတယ်

Game of Thrones ရုပ်ရှင်ထဲက Dire Wolf အမည်ခံ အသွင်တူ ဝံပုလွေကြီး ပြန်လာတယ်
မျိုးရိုးဗီဇပြောင်းလဲ ဆန်းသစ်ထားတဲ့ Gray Wolf အကြီးစားကြီး ဖြစ်လာတယ် ဆိုရင်တော့ ဟုတ်ပါတယ်

တကယ့်အစစ် Dire Wolf က တော့ ပြန်မလာသေးပါ

ရှေးဦးစွာ ပြောပြချင်တာကတော့ Dire Wolf ဟာ နာမည်မှာသာ ဝံပုလွေ Wolf ပါပေမဲ့ ဝံပုလွေစစ်စစ် မဟုတ်ပါ
သူ့မျိုးစိတ် နဲ့သူ သီးခြားရပ်တည်တဲ့ သတ်တဝါဖြစ်ပါတယ်

ဥပမာ ငန်းပုပ် ( ခေါ်) သိုလေးမွှာ (ခေါ်) တောကြီးမြွေဟောက် ဟာ နာမည်မှာသာ မြွေဟောက် cobra ရယ်လို့ ပါပေမဲ့
မြွေဟောက် Naja အစစ်မဟုတ်ပါ သူ့မျိုးစိတ် နဲ့ သူ King Cobra ( Ophiophagus hannah )
ရယ်လို့ သီးခြားရပ်တည်တဲ့ မြွေဖြစ်ပါတယ်

နောက်ဥပမာ - သစ်တက်ကျား ( ခေါ်) အင်းကျား/အင်းကျားသစ် ( Clouded Leopard ) ဟာ နာမည်မှာသာ ကျား / ကျားသစ် စသည် ပါပေမဲ့
သူဟာ ကျား/ကျားသစ် မျိုးစိတ် Panthera tigris/Panthera Pardus မဟုတ်ပဲ သူ့မျိုးစိတ်နဲ့ သူ Neofelis nebulosa ရယ်လို့
သီးခြားရပ်တည်တဲ့ သတ်တဝါ ဖြစ်ပါတယ်

အဲသည်လို အလားတူစွာ Dire Wolf ဟာ နာမည်မှာသာ ဝံပုလွေ wolf ရယ် လို့ပါပေမဲ့ ဝံပုလွေမျိုး စစ်စစ်မဟုတ်ပါ

ဆွေမျိုးနည်းစပ် တူတယ် ဆိုက မှန်ပါတယ် Dire Wolf ဟာ gray wolf ဝံပုလွေအပြင် ၊ coyote ကိုင်ရုတ် ဝံပုလွေ ၊ Dhole အာရှတောခွေး စတာတွေနဲ့လဲ ဆွေမျိုးနီးစပ် တော်ပါသေးတယ် ။

Gary Wolf ဆိုတဲ့ ဝံပုလွေနဲ့ ဆွေမျိုး အနီးစပ်ဆုံး တော်လို့ gray wolf ဝံပုလွေမျိုး ကို DNA ကစားပြီး Genetically modified မွမ်းမံပြီး Dire Wolf ဆိုပြီး ထုတ်လိုက်တာပါ ၊ တကယ် Dire Wolf နီးပါး ဖြစ်လာဖို့ကတော့ နောက်ထပ် မျိုးဆက် ငါးဆက် ခြောက်ဆက်လောက် အနည်းဆုံး လိုနေပါသေးတယ်
Gray Wolf ရဲ့ ဟန်ပန်အမူအယာ ဓလေ့စရိုက် သွင်ပြင် လက်ခဏာ ဝမ်းတွင်းညဉ် traits စသည် အရှင်းပျောက်မှ Dire Wolf အစစ်နီးပါး လို့ ခေါ်ဆိုရနိုင်မှာဖြစ်ပါတယ်

ပြီး Dire wolf ဟာ သူနေထိုင် ကျက်စားခဲ့တဲ့ နယ်မြေဒေသတွေအရ ဆို ဒီလို ဗြောင် အရောင် ဖြစ်နိုင်ခဲပါသေးတယ် ။

သိပ်ပံပညာ လောက ပညာရှင်တွေကလဲ မိမိတို့ စမ်းသပ် အောင်မြင်မှူတစ်ခုကို ကြွားချင်ဇောများတော့ ဒီလိုပဲ ဂုဏ်ယူဖွယ်ကောင်းအောင် နာမည်အလွယ်တပ်လိုက်ဟန်တူပါတယ်

အမှန်တော့ Gary wolf ၈၀ ရာခိုင်နှုန်း Dire Wolf ၂၀ ရာခိုင်းနှုန်း အစမ်းသပ်ခံ ကြားခံ သတ်တဝါ တစ်မျိုး ရယ်လို့သာ ကြော်ငြာသင့်ပါသေးတယ်

ကျွန်ုပ်ဟာ သိပ်ပံပညာရဲ့ တိုးတက်ထွန်းကားမှူများအပေါ် သံသယမရှိ မနာလိုမရှိပါ အင်မတန် အားပေးပြီး သိပ်ပံပညာရဲ့ တန်ဖိုးကြီး ခြင်းကို အမှန်သိပါတယ်
အရှိကိုအရှိအတိုင်း သိစေရန်သာ တင်ပြရခြင်း ဖြစ်ပါတယ်

Mammoth အမွှေးရှည် ရေခဲဆင်များ ၊ Dodo ဒိုဒိုခေါ် မပျံသန်းနိုင်သောငှက်များ ၊ Thylacine / Tasmanian tiger ခေါ် ဩစီသားပိုက်ကျား ( အမှန်တော့ သားပိုက်သားရဲ မျိုးနွယ် ကျားမဟုတ် ) များကိုလဲ

မျိုးသုန်းရာမှ တဖန် ပြန်လည် အသက်သွင်းဖို့ Colossal Biosciences company က ကြံစည်နေတယ် သိရပါတယ် ၊ ချက်ချင်းမဟုတ်တောင် တချိန်မှာ ဖြစ်လာနိုင်ပါတယ် ၊ ဒါပေမဲ့ ဟပ်ချလောင်းဆိုပြီး ခုချက်ခြင်းကြီး ဖြစ်လာတာမျိုး မဟုတ်ပဲ အချိန်တခု ကောင်းစွာ ယူရအုံးမှာ ဖြစ်ပါတယ် ။

ဘာပဲပြောပြော Dire wolf ရှေ့ပြေး ကြားခံသတ်တဝါ လေးတွေ ဖြစ်တဲ့ Romulus and Remus, and Khaleesi တို့ဟာ

၅ ရက် ဇူလိုင် ၁၉၉၆ ခုနှစ်တုန်းက ပထမဆုံး clone ပုံတူမျိုးပွါးနိုင်ခဲ့ တုန်းက နာမည်ကြီး ခဲ့တဲ့ Dolly the sheep
လိုမျိုး နာမည်ကြီး Celebrity / Star တွေ ပရိတ်သတ် အချစ်တော် သည်းကျော်လေးတွေ ဖြစ်လာမှာတော့ မလွဲပါပဲ

အခုတောင် Photo model လိုလိုဖြစ်လာနေပါပြီ ၊ Dire Wolf အစစ် ပြန်လာသေးသည် မပြန်လာသေးသည် ထက် လက်ရှိ သပ်ပံပညာရဲ့ တိုးတက်တောက်ပလာမှူကိုတော့ အမှန် အသိအမှတ်ပြု အားပေးရမှာ ဖြစ်ပါတယ်။

သူများယောင်တိုင်း လိုက်မယောင်ကြစေရန် တင်ပြလိုက်ရခြင်း သက်သက်သာ ဖြစ်ပါကြောင်း

LIG3R

Most Famous Tigers in History – Legendary Big Cats of the Wild & Fiction!သမိုင်းတလျှောက် အကျော်ကြားဆုံး  ကျားရဲကြီးများ
17/03/2025

Most Famous Tigers in History – Legendary Big Cats of the Wild & Fiction!
သမိုင်းတလျှောက် အကျော်ကြားဆုံး ကျားရဲကြီးများ

🐅 Tigers have ruled the wild and our imaginations for centuries! From record-breaking giants to legendary man-eaters, these incredible big cats have made hi...

'' အာနာပါဘိ   မောင်ရွှေကျား ''အိန္ဒိယ  တို့ နီပေါတို့ ဘင်္ဂလားဒေ့ တို့မှာ ဘင်္ဂလားကျား ရှိသတဲ့  ရုရှား  မှာ ဆိုက်ဘေးရီးရ...
26/09/2024

'' အာနာပါဘိ မောင်ရွှေကျား ''

အိန္ဒိယ တို့ နီပေါတို့ ဘင်္ဂလားဒေ့ တို့မှာ ဘင်္ဂလားကျား ရှိသတဲ့
ရုရှား မှာ ဆိုက်ဘေးရီးရား ကျား ရှိသတဲ့
မလေး မှာ မလေး ကျား ရှိသတဲ့
အင်ဒိုနီးရှား မှာ ဆူမတြား ကျား ရှိသတဲ့
ထိုင်း လာအို ကမ္ဘောဒီးယား ဗီယက်နမ် တို့မှာ အင်ဒိုချိုင်းနား ကျား ရှိသတဲ့
( ကမ္ဘောဒီးယား လာအို နဲ့ ဗီယက်နမ်မှာ ကျား မကြာမှီက မျိုးသုန်းသွားဟု ယူဆထား )

အထက်ဖော်ပြချက်အရ တစ်နိုင်ငံမှာ ကျားမျိုးစိတ် တစ်မျိုးသာ နေထိုင် ကျက်စားကြသတဲ့

အဲ ထူးထူးခြားခြား ကျားမျိုးစိတ်(ခွဲ) နှစ်မျိုး ကို တစ်နိုင်ငံတည်းမှာ တွေ့နိုင်တာ ဆိုလို့ ကမ္ဘာ မှာ နှစ် နိုင်ငံတည်း ရှိသတဲ့ ၊ တရုတ်နိုင်ငံ နဲ့ မြန်မာ နိုင်ငံလို့ ခေါ်သတဲ့ ။ အရှေ့တောင် အာရှမှာဆို မြန်မာ နိုင်ငံမှာပဲ ကျားမျိုးစိတ်(ခွဲ) နှစ်မျိုးကို တွေ့နိုင်တာပါ။

တရုတ်ပြည်မှာ ဆိုက်ဘေးရီးယားကျား နဲ့ တရုတ်တောင်ပိုင်း ကျား မျိုးစိတ်(ခွဲ) နှစ်မျိုးကို တွေ့ရပါတယ်။

မြန်မာပြည်မှာတော့ မြန်မာပြည် အထက်ပိုင်း နဲ့ ရခိုင်ရိုးမ စတာတွေမှာ ဘင်္ဂလားကျား ကို တွေ့ရပြီး မြန်မာပြည် အောက်ပိုင်း နဲ့ တနင်္သာရီရိုးမ စတာတွေမှာ အင်ဒိုချိုင်းနား ကျား ကို တွေ့ကြရပါတယ် ။ အင်မတန် ရှားပါးဖြစ်စဉ် ဂုဏ်ယူစရာပါ ၊ ပိုက်ဆံရှိတိုင်း လုပ်ယူလို့မရတဲ့ သဘာဝတရား ။

တကယ်လို့ သင်ဟာ သဘာဝ ချစ်မြတ်နိုးသူ၊ ဂေဟစနစ် အရေးပါမှူကို သိသူ ၊ အစာကွင်းဆက် ဆိုတာ သဘောပေါက်သူ ၊ တောတောင်နဲ့ တောကောင် ဟာ ရာသီဥတုကို ဘယ်လောက်လွှမ်းမိုးတယ် ဆိုတာ သိသူ၊ အာဖရိကမှာ တောဘုရင်ဟာ ခြင်္သေ့ ၊ အာရှတောတွေမှာ တောဘုရင်ဟာ ကျား လို့ သိသူဆိုရင် သင်နေထိုင်တဲ့ မြန်မာပြည်မှာ ကျားမျိုးစိပ်(ခွဲ) တစ်မျိုးတည်းသာ မဟုတ် နှစ်မျိုးကြီးများတောင် နေထိုင်ကျက်စားတယ် လို့ သိတာနဲ့ တင် ဝမ်းသာအားရ ဂုဏ်ယူပြီး လက်ခမောင်း ထခတ်လို့ ရပါသတဲ့ ။

အဲလိုမှ မဟုတ်ပဲ ဘာကျားလဲ ဘာကျားသစ်လဲ ဘာတောခွေးလဲ ဘာမိချောင်းလဲ အသားစားကောင်တွေ လူကို အန္တရာယ်ပေး ဒုက္ခပေး တဲ့ ကောင်တွေ မလိုချင်ဘူး အကုန်မျိုးတုန်းအေးတာပဲ ဆိုတဲ့ ပညာမဲ့ လူပိန်းအတွေး ၊ ဆက်စပ်စဉ်းစားတွေးခေါ်နိုင်ခြင်း မရှိတဲ့ ညာဏ်ပညာမဲ့ အတွေး ပိုင်ရှင်တွေများရင်တော့ သင်တို့စိတ်ဓတ် အဆင့်အတန်းနဲ့ တန်တဲ့ ဥတုရာသီ ကို ရရှိပါမယ် ၊ ဒီဂြိုလ်ပြာကြီးဟာ လူသား သီးသန့်အတွက် ဖြစ်တည်နေတာ မဟုတ် ၊ အရာရာ အားလုံး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်တည်နေတာ ဖြစ်တယ်။ သေချာခေါင်းအေးအေးနဲ့ ပြန်စဉ်းစားကြည့် သူတို့က သင်တို့ နေရာကို ကျူးကျော်တာလား ၊ လူသားဖြစ်တဲ့ သင်က သူတို့နေရာ တောတောင်တွေကို ခုတ်ထွင်နယ်ချဲ့ ကျူးကျော်ခဲ့တာလား ? လူဘာလုပ်လုပ် အမှန်လား ၊ လူမှလူ ၊ လူကလွဲ ကျန်တာ ထည့်မတွက်ကြေး တကိုယ်ကောင်းဆန်ကြေးလား ? သဘာဝတရားက အဲလိုအလုပ်မလုပ်ပါ ၊ မျှတမှူ အတူယှဉ်တွဲနေထိုင်မှူ နဲ့သာ အလုပ်လုပ် ပါတယ်။

သင်တို့ သဘာဝ တရားကို ဖျက်ဆီးရင် သူက သင်တို့ကို ပြန်ဖျက်ဆီးမယ် ၊ ဒါမဲ့ သူက အင်မတန် သဘောကောင်းသူ ၊ အမြဲတမ်း အချိန်ပေးလေ့ရှိတယ် ၊ ပြုပြင် ပြောင်းလဲ ဖို့ လုံလောက်တဲ့ အချိန်ပေးလေ့ရှိတယ် ၊ သတိပေး နှိုးဆော်လေ့ရှိတယ် ၊ အဲဒါကိုမှ မသိကျိုးနွံပြု မိုက်ပြီးရင်းမိုက် သူ့ကို စော်ကားပြီးရင်း စော်ကား ဖျက်ပြီးရင် ဖျက်ရင်တော့ သူက မှတ်လောက်သားလောက်အောင် ဆုံးမတတ်တယ် ၊ တကယ်တရားတဲ့ သဘာဝ လောကကြီးပါပဲ။

အိန္ဒိယ တို့ နီပေါတို့ မှာ ကျားကောင်ရေ မတိုး တိုးအောင် အပြိုင်အဆိုင် ပြိုင်ပွဲလို ကို လုပ်ပြီး ပြိုင် ကြ သတဲ့ ၊ အစိုးရတင်မဟုတ် ဒေသခံတွေလည်း အားတက်သရောပါဝင်ကြသတဲ့ ၊ တောဘုရင်မရှိတဲ့ တော မတင့်တယ် ဆိုသလို ကျားများလာလေ သစ်တောကျန်းမာလေ ဖြစ် ၊ တစ်နှစ် တစ်နှစ် တောရိုင်းကျား ကြည့်ဖို့လာတဲ့ သဘာဝခရီးသွား နိုင်ငံခြားသားများလာ ၊ BBC လို သဘာဝတရား မှတ်တမ်းတင် ရိုက်ကူးရေး အစီအစဉ်တွေကတောင် တခိုက်တရလာရောက် ရိုက်ကူးကြတော့ နိုင်ငံခြား ဝင်ငွေအတော်ခိုင်သတဲ့ ၊ ဒေသခံတွေလဲ အလုပ်ရ လူနေမှူဘဝ တိုးတက်ကြရ ၊ ကျားရိုင်းရှိတဲ့ နိုင်ငံဟာလဲ ကမ္ဘာ မှာ အလွန် မျက်နှာပွင့် အထင်ကြီးခံရသတဲ့။ တခါတခါ တချို့ဘေးမဲ့တော ၊ သစ်တောကြိုးဝိုင်းတွေမှာ ကျားမ ဦးရေ နည်းပြီး ကျားထီးဦးရေများနေရင် ၊ ကျားမ ပေါတဲ့ သစ်တောတွေကနေ ကျားမ တွေ ကိုယူ မိုင် ရာချီ သယ်ဆောင်ရွေ့ပြောင်းပေးသတဲ့၊ ကျားထီး ကျားမ ဦးရေ မျှပြီး ကျားမျိုးဆက်ပြန့်ပွါးရေး အကောင်ရေတိုးပွါးရေးအတွက်ပေါ့ လူမပြောနဲ့ ကျားတောင် အောင်သွယ်ပေးတဲ့ ခေတ်ရောက်ခဲ့ပြီဗျ ။

အိန္ဒိယ ဂူဂျာရတ် နယ် ဂင်းသစ်တော မှာတော့ အင်မတန်ရှားပါးတဲ့ အာရှခြင်္သေ့တွေကို ထိန်းသိမ်းထားသတဲ့၊ ခြင်္သေ့မှာ အာဖရိက ခြင်္သေ့ နဲ့ အာရှခြင်္သေ့ ဆိုပြီး ယေဘူယျ ခွဲနိုင်ပြီး အာရှခြင်္သေ့ ဟာ ယနေ့အချိန်မှာတော့ အိန္ဒိယ ဂူဂျာရတ် နယ်မှာပဲ အကောင်ရေ ၆၀ဝ ကျော် လောက် ကျန်ရှိတော့သတဲ့။

၁၉၀ဝ ခုနှစ်များတုန်းက အင်္ဂလိပ်တွေ ၊ စော်ဘွားတွေ တောကစားတယ် အမည်ခံပြီး အလွန်အကျွံ အမဲလိုက်သတ်ဖြတ်မှူကြောင့် အိန္ဒိယ ဂူဂျာရတ်နယ်မှာ အာရှခြင်္သေ့ ကောင်ရေ ဆယ်ဂဏန်းခန့်သာ ကျန်တော့ရာကနေ ဂူဂျာရတ်နယ်သားတို့ရဲ့ ပြင်းထန်တဲ့ ဇွဲလုံ့လ ၊ သဘာဝချစ်စိတ်ကြောင့် အာရှခြင်္သေ့ကို မျိုးတုံးမဲ့ အန္တရာယ်ကနေ လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတာ ဖြစ်ပါတယ် ၊ အခုဆိုရင် ဂူဂျာရတ်နယ်သားတွေဟာ အာရှခြင်္သေ့လာရောက်ကြည့်ရှူသူတွေ များလို့ စီးပွါးရေးအဆင်ပြေကြပြီး ၊ လူသားနဲ့ ခြင်္သေ့ ဟာမိုနီကျကျ ဘေးခြင်းကပ် ယှဉ်တွဲနေထိုင်နေကြပါတယ် ၊ သူတို့ရဲ့ ဆွေမျိုးရင်းခြာ အိမ်သားပမာ ဆက်ဆံကြပါတယ် ၊ သူတို့နယ်က အာရှခြင်္သေ့ အတွက် အင်မတန် ဂုဏ်ယူပြီး တခြား အိန္ဒိယ ပြည်နယ်တွေက ချော့တချီ ခြောက်တလှည့် နည်းမျိုးစုံနဲ့ သူတို့ခြင်္သေ့ကို တောင်းယူတာတောင် မပေးပါတဲ့ ၊ အဲလောက် သားသမီး ဆွေမျိုးရင်းခြာလိုကို သံယောဇဉ်ကြီးမားလှပါပေတယ်။

မြန်မာ ထိုင်း လာအို ကမ္ဘောဒီးယား တို့မှာတော့ ကာကွယ်စောင့်ရှောက်ဖို့တွေ လုပ်ပေမဲ့ ထိရောက်မှူမရှိလှပါတဲ့ ၊ တရုတ်ဆေးဖော်ဖို့ ကိုယ့်တောတောင်အရင်းအမြစ် ဖြစ်တဲ့ ကျားတွေ ဆင်တွေကို မဖြစ်စလောက် အောက်ကြေးလေးတွေနဲ့ သတ် မျိုးတုံးအောင်လုပ်နေတဲ့ ဆန်ကုန်မြေလေးတွေများလို့ပါတဲ့ ။
ထိုင်းကတော့ အရှေ့တောင်အာရှမှာ အင်ဒိုချိုင်းနားကျား ထိန်းသိမ်းရေးမှာ ဦးဆောင်နေပါတယ်။

တောသူတောင်သားမို့ တောကိုမှီ မရှာစားရ မဟုတ် ၊ရှာစား ရပါတယ် ၊ ဒါပေမဲ့ မျိုးတုံးခါနီးလို့ ဥပဒေနဲ့ နိုင်ငံတကာမှာ ပြင်းပြင်းထန်ထန်ကာကွယ်ထားတဲ့ မျိုးစိတ်တွေကိုမှ ငွေမျက်နှာတစ်ခု ကြည့် လောဘတတ်ပြီး သတ်ဖြတ် အသက်မွေးတာမျိုးကတော့ အင်မတန် ရွံရှာစက်ဆုပ်ဖွယ်ဖြစ်ပါတယ် ။ မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့ သတ်တာမျိုး ၊ မလွှဲမရှောင်သာလို့ သတ်ရတာမျိုးကတော့ ကိစ္စမရှိပေမဲ့ တကူးတကလိုက်ရှာပြီး သတ်ဖြတ်နေရင်တော့ မျိုးတုံးမှာ မလွဲပါပဲ။

မုဆိုးတကယ်စစ်ရင် တောကိုချစ်ပါတယ် ၊ နိုင်ငံတကာမုဆိုးတွေကို အတုယူပါ ၊ ရာသီအလိုက် သတ်မှတ်သားကောင်ကိုသာ ပစ်ခတ်ပါတယ် ၊ ကာကွယ်ထားသော တောကောင်မပြစ်ကြ၊ တောကောင်မပြုန်းတီး မျိုးမသုန်းအောင် သတိထား ပြစ်ခတ်ပါတယ် ၊ သဘာဝ ထိန်းသိမ်းစောက်ရှောက်ရေးအတွက်လဲ အလှူငွေများ ထည့်ပေးလေ့ရှိပါတယ် ၊ ဒါကတော့ အပျော်တမ်း မုဆိုး တွေပေါ့။
ကိုယ်က ဒေသခံ မုဆိုး ၊ အမဲလိုက်ပညာနဲ့ အသက်မွေးတယ်ဆို တောကိုချစ်ရပါမယ် ၊ ရေရှည်ကိုကြည့်ရပါမယ် ၊ ဒီတောဒီတောင်တွေရှိမှ ဒီတောကောင်တွေရှိမှ ကိုယ့်ဝမ်းလှမှာကိုး၊ တပွဲစား တထွာတမိုက်ကို မကြည့် ရေရှည်ကိုကြည့်ရပါမယ်။ အစိုးရဥပဒေကို မလေးစားရင်တောင် ကိုယ့်စည်းကမ်းနဲ့ကို စနစ်တကျ အမဲလိုက်ရပါမယ် ၊ မဲမဲမြင် လျှောက်သတ်တာမျိုး ၊ ဇီးနဲ့သားကောင်သတ်တာမျိုး ၊ မျိုးသုန်းလုသားကောင် သတ်တာမျိုး ရှောင်ပြီး ရာသီအလိုက် ပေါများတဲ့ သားကောင်တွေကို စနစ်တကျ အမဲလိုက်သင့်ပါတယ်။ ကျား ၊ ကျားသစ် စတဲ့ တောဘုရင် တောမုဆိုးတွေကို မုဆိုးခြင်း စည်းထားပြီး ကိုယ့်ကို ရန်မမူသမျှ ရှောင်ရပါမယ် ၊ မပြစ်ခတ်ရ ဇာတ်တူသား မစားရပါ ၊ မုဆိုးကျင့်ဝတ် စောင့်ထိန်းသင့်ပါသည်။ ထို့သို့စနစ်တကျ ပြစ်ခတ်လျှင် သစ်တောလည်းကျန်းမာပြီး တောကောင်များလည်း မျိုးသုန်းမည်မဟုတ်ပါ။

ရှေးယခင်က အင်္ဂလိပ် တို့ ကမ္ဘာကို ပတ်သိမ်းပြီး သူတို့နယ်ချဲ့ ပိုင်နက် တောတောင်တွေထဲက အကောင်များစွာကို ရက်ရက်စက်စက် အကောင်ရာချီ ထောင်ချီ ကို အားကစား အမည်ခံကာ သတ်ဖြတ်ခဲ့သည့် ၊ သဘာဝကိုကြီးစွာ စိန်ခေါ် စော်ကားသည် ဥပမာတို့ ရှိခဲ့ဖူးသည်။ တစ်ရက်တည်းနှင့် ကျားအကောင် သုံး လေးဆယ် သတ်ဖြတ်သည်မျိုး ၊ ကျားသစ် အကောင် သုံးလေးဆယ် သတ်ဖြတ်သည်မျိုး ၊ တောဆင် အကောင်ရေ ဆယ်ဂဏန်း သတ်ဖြတ်သည်မျိုး ကို လချီ နှစ်ချီ ပြုလုပ်ခဲ့ဖူးသည်။ ထိုဒဏ်ကို အိန္ဒိယ နှင့် မြန်မာ လည်း ခါးစည်းခံခဲ့ရဖူးပါသည်။ လူသား၏ အလားတူ အမှားမျိုး မမှားမိစေရန် ကျွန်ုပ်တို့အထူးဆင်ခြင် ပြုပြင် ပြောင်းလဲရမည်။

မှတ်ချက် - ယခင်က ကမ္ဘာ ပေါ်မှာ ကျားမျိုးစိတ်(ခွဲ) ကိုးမျိုး အထိသတ်မှတ်ခဲ့ဖူးသည် ။
ဆိုက်ဘေးရီးရားကျား ၊ ဘင်္ဂလားကျား ၊ အင်ဒိုချိုင်းနားကျား ၊ တရုတ်နိုင်ငံ တောင်ပိုင်းကျား ၊ ဆူမတြားကျား ၊ မလေးကျား ၊ ဘာလီကျား ၊ ကက်စပီယန်ကျား ၊ ဂျာဗား ကျား ဟူ၍ ကိုးမျိုးဖြစ်သည်။
ဘာလီကျား ၊ ကက်စပီယန် ကျား နှင့် ဂျာဗားကျားတို့မှာ မျိုးသုံးပျောက်ကွယ်ခဲ့ပြီ ဖြစ်သဖြင့် လက်ရှိတွင် ကျားခြောက်မျိုးသာ ကျန်ရှိတော့သည်။

နောက်ဆုံး ဇီဝဗေဒ နည်းပညာ မျိုးရိုးပညာ များအရ ကျားကို မျိုးစိတ်(ခွဲ) ကိုးမျိုး အစား ၊ ယခု အခါ မျိုးစိတ်ခွဲ နှစ်မျိုးသာ ခွဲခြားတော့သည်။ ထို နှစ်မျိုးမှာ ပြည်မကြီး ကျား များ mainland Asian tigers နှင့် ကျွန်းနေ ကျားများ the island tigers ဟူ၍ဖြစ်သည်။

မြန်မာတွင် ကျားကောင်ရေ ၂၂ ကောင်ခန့်သာ ကျန်ရှိတော့ကြောင်း နောက်ဆုံး စစ်တမ်းများက ညွှန်ပြသည် ၊ ကျားနေထိုင်ကျက်စားရာ နယ်မြေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း ခန့်တွင်သာ စစ်တမ်းကောက်ထားသည်ဟု ဖော်ပြသဖြင့် ကျန် ၉၀ ရာခိုင်နှုန်းသော ကျားကျက်စားရာ နယ်မြေများတွင် ကျားကောင်ရေ မည်မျှကျန်ဦးမည်ကိုမူ အတိအကျ မသိနိုင်ပေ။

ပြည်တွင်းစစ် ၊ သဘာဝ ကပ်ဆိုးများကြောင့် လူသားပင် မနည်းရှင်သန်ရုန်းကန်ရသော မြန်မာပြည်တွင် တိရစ္ဆာန် လာဖြစ်ကြရသည်မှာ အင်မတန်ကံဆိုးခြင်းတစ်ခုပါပေ ၊ ကျွန်ုပ်သည် ကျွန်ုပ်တို့ တောတောင်များတွင် နေထိုင်ကျက်စားသော တောတိရစ္ဆာန်များကို အင်မတန်အားနာမိ ၊ သနားမိသည်။ နယ်စပ်တွင် ဖြစ်တည်သော တိရစ္ဆာန်တို့မှာ အနည်းငယ်ကံကောင်းသေးဟန်တူသည် ၊ ထိုင်းနဲ့ နီးလျှင် ထိုင်းဘက် ကူးသွားကုန်ပြီ ၊ အိန္ဒိယ နှင့်နီးလျှင် အိန္ဒိယ ဘက် ကူးသွားကုန်ပြီ ။ တို့ တိုင်းရင်းသားမျိုးနွယ်စု တချို့လိုပဲ ခေတ်အခြေအနေအရ လောလောဆယ်တော့ ထိုင်းကျားလုပ်ကြဦးစို့ မောင်ရွှေကျားတို့ ထိုင်းဆင် လုပ်ကြဦးစို့ မောင်ရွှေဆင် တို့ ။ ကျွန်ုပ်တို့၏ တောတောင် ရေမြေတွင် ဖြစ်တည်သော ကျွန်ုပ်တို့၏ သစ်တောထွက် ရတနာများကို တန်ဖိုးထားရကောင်းမှန်း မသိသေးသ၍ သားသမီးလို ဆွေမျိုးလို မမြင်နိုင်သေးသ၍ နှမျှောရကောင်း ဝမ်းနည်းရကောင်းမှန်းလည်း သိကြဦးမည် မဟုတ်ပေ။

Liger

မြန်မာပြည်မှာမို့ပါဗျာ အနောက်တိုင်းနိုင်ငံတွေမှာ ကိုယ့်ကြောင် ကိုယ်နိုင်အောင်ထိန်းကြပါတယ် ကိုယ့်ကြောင်က ပန်းခြံထဲက  ငှက်...
01/09/2024

မြန်မာပြည်မှာမို့ပါဗျာ အနောက်တိုင်းနိုင်ငံတွေမှာ ကိုယ့်ကြောင် ကိုယ်နိုင်အောင်ထိန်းကြပါတယ် ကိုယ့်ကြောင်က ပန်းခြံထဲက ငှက်တွေ အကောင်ငယ်တွေကို လျှောက်သတ်နေတာ ဘေးအိမ်ကတွေ့လို့ တိုင်ရင် အမှူကြီးနိုင်ပါတယ် လူလည်းပညာညာဏ် ချို့သူအဖြစ် အထင်သေးခံရနိုင်ပါတယ်

ဒီနေရာမှာ ကြောင် ရယ် မြွေရယ်လို့ မျက်နှာလိုက်တယ် ထင်နေကြပုံပါပဲ
ကိုယ့်မျိုးရင်း Native နဲ့ ကျူးကျော် Invasive ကို အဓိကပြောချင်တာပါ
သဘာဝချစ်တဲ့ လူငယ်ပညာရှင်တွေ ဝါသနာရှင်တွေ မိမိတို့ နေရပ် သဘာဝ သာယာလှပ ရှင်သန်ကျန်းမာ ဖို့ အားထုတ်ကြိုးပမ်းမှူကို လူအများစု နားလည်မှူလွဲနေကြတာ အတော်ပဲ အမြင်မတော် မနေနိုင်လို့ ဝင်ရေးပါရစေ ဓားခုတ်ရာ လက်လျှိုပါရစေပေါ့

ကြောင်မှာလဲ မြန်မာ့ကြောင်မျိုးရင်း စစ်စစ် Real Cat / True Cat ( Felis / Felidae ) တွေ ဖြစ်တဲ့
ကျား Tiger ၊
ကျားသစ် Leopard ၊
အင်းကျား Clouded Leopard ၊
ကြောင်မင်း Asian Golden Cat ၊
ကြောင်တံငါ Fishing Cat ၊
ကြောင်သလင်း Marbled Cat ၊
တောကြောင် Jungle Cat ၊
သစ်ကြောင် Leopard Cat စတဲ့ ကြောင် မိသားစုဝင်တွေရော

ကြောင်အစစ်မဟုတ် ပဲ မြွေပါ နဲ့ ဆွေမျိုး ပိုနီးစပ်တဲ့ မြန်မာတွေ ကြောင်စားရင်း သွင်းထားတဲ့ Civet ( Viverridae ) တွေဖြစ်တဲ့
ကြောင်ကတိုး / ကြောင်နံ့သာ Small Indian civet ၊
ကြောင်ဝံပိုက် asian palm civet ၊
ကြောင်မြင်း Large Indian civet ၊
ဝံကြောင် binturong ၊
... badger တမျိုးဖြစ်တဲ့
ကြောင်အိုးစည်/ကြောင်အူကြီး Burmese Ferret-Badger ( Family -Mustelidae - ခွေးတူဝက်တူ မျိုး )

စတဲ့ မျိုးရင်း ကြောင် တွေကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပါတယ် ။
ဥပမာ - တောကြောင် ၊ သစ်ကြောင် ၊ ကြောင်တံငါ ၊ ကျားသစ် စတဲ့ မြန်မာမျိုးရင်းကြောင်တွေက မျိုးရင်း မြွေတွေ ငှက်တွေကို အမဲလိုက်သတ်ဖြတ်စားသောက်တာဟာ သဘာဝ ဂေဟစနစ် ဖြစ်လို့ ဘာမှ တားဆီးစရာမလို သဘာဝ အတိုင်း လွှတ်ထားလို့ရပါတယ် ဂေဟစနစ် အစာကွင်းဆက်က ဒီလိုပဲ ဖြစ်သင့်လို့ပါ

သဘာဝမှာ မမွေးဖွားပဲ လူပရောဂကြောင့် မြို့ရွာရောက်လာတဲ့ Domestic Cat ( Felis Catus ) အိမ်မွေးကြောင်တွေ သခင်ရှိ ကြောင်တွေ က ဖြစ်စေ ၊ အိမ်မှာမွေးဖို့ မျိုးဖောက်ထားတဲ့ လူလက်ပေါ်ကြီးတဲ့ သစ်ကြောင် ၊ တောကြောင် ၊ ကျားသစ် စတဲ့ လူကိုမှီခို တဲ့ အလှမွေး တော ကြောင် domesticated wildcats တွေ ( တချို့ ကပြားတွေ ) က ဖြစ်စေ ကိုယ့် သဘာဝ ထဲက မျိုးရင်း native မြွေတွေ ငှက်တွေ အကောင်ပလောင်တွေကို သတ်စားနေပြီဆိုရင်တော့

တားဆီးရမယ် ၊ ဝေဖန်ထောက်ပြ ရမယ် ၊ ပညာပေး ရမယ် ၊ မလိုက်နာရင် အရေးယူရပါမယ် ။ သဘာဝ အစာကွင်းဆက်မှာ မပါတဲ့ အကောင် ( ကြောင်မှမဟုတ် ) ဘယ်ကောင်မဆို မိမိတို့ သဘာဝ မျိုးရင်းတွေကို အမဲလိုက်သတ်စားခွင့်မရှိပါ ၊

ပိုဦးနှောက်ရှိတဲ့ အိမ်မွေး ကြောင်တွေရဲ့ လူသားသခင်က Blue Planet ဂြိုလ်ပြာကြီးရှေ့ရေး မိမိတို့ မျိုးဆက်ရှေ့ရေးတို့အတွက် သေချာ နှလုံးသွင်း စေတနာထားပြီး မိမိတို့ အိမ်မွေးကြောင် တွေကို နိုင်နင်းအောင် ထိန်းသိမ်းရမှာဖြစ်ပါတယ် ။

ဒီနေရာမှာ အိမ်မွေးအလှမြွေတွေက ကျွန်ုပ်တို့ မျိုးရင်း ကြောင်တွေဖြစ်တဲ့ တောကြောင်၊ သစ်ကြောင်၊ ကြောင်တံငါ တို့ကို အမဲလိုက်သတ်ဖြတ်စားနေတာ တွေ့ရင်လည်း အလားတူ ရှုတ်ချ ၊ ပညာပေး၊ တားမြစ် ၊ အရေးယူရမှာဖြစ်ပါတယ် ။

ကြောင်ရယ် မြွေရယ် ခွေးရယ် ငှက်ရယ် ဘယ်သူ့ပိုဦးစားပေး ရယ်မဟုတ်ပဲ မျိုးရင်းလား ကျူးကျော်လား အပေါ်မူတည်ပြီးပဲ ခွဲခြားသတ်မှတ်ရတာပါ ။ ခွေးမှာလည်း ကျူးကျော် လူမွေး အလှမွေးခွေး တွေ နဲ့ ကျွန်ုပ်နဲ့ မြန်မာနိုင်ငံမျိုးရင်း သဘာဝ တောရိုင်းခွေး မိသားစုဝင်တွေရယ်လို့ ခွဲခြားသိရပါမယ်။

မြန်မာပြည်ရဲ့ မူလ ဌာနေ ခွေးမျိုးရင်းတွေ ကတော့
ခွေးအ /သစ်ခွေး/ခဲဝါ Golden Jackal ၊
တောခွေး Dhole / Asiatic Wild Dog ၊
မြေခွေး Fox ၊
ဝံပုလွေ Wolf (Canis lupus) တို့ကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရမှာဖြစ်ပါတယ် ။

လက်ရှိ အိမ်မွေးကြောင်တွေက အဓိကအားဖြင့် အာဖရိက တောကြောင် မျိုးရင်းက ဆင်းသက်ပေါက်ဖွားလာပြီး လွန်ခဲ့တဲ့ နှစ်သန်းများစွာကတည်းက အိမ်မွေးဖြစ်လာတဲ့ အတွက် ၊ လူကိုမှီ အလှမွေး ဖြစ်လာတဲ့ အတွက် သဘာဝနဲ့ မဆိုင်တော့ ဂေဟစနစ်မှာ မပါတော့တဲ့ domesticated အကောင်တွေဖြစ်ပါတယ် ။ အဲလိုပြောလို့ ကြောင်မချစ်ဘူးထင်ကြမယ် ၊ ချစ်တာမှ ကြောင်မျိုးနွယ်အအကြောင်း ငယ်စဉ်ကတည်းက အသေးစိတ်လိုက်စား လေ့လာမှတ်သား လာသူပါ ၊ ကျားရူး ကြောင်ရူး လို့ အခေါ်ခံရရင်တောင် ငါ့ကို ချီးကျူးတာပဲမှတ် ပြီး ပျော်နေတဲ့ လူမျိုးပါ ၊ ဂေဟစနစ် အတွက် ရာသီဥတု အနာဂတ် အတွက်၊ လူသားအပါအဝင် သက်ရှိအားလုံး ရှေ့ရေးအတွက် ချစ်တော့ချစ်တယ် အိမ်မွေးကြောင် ( ဘယ်အိမ်မွေးမဆို ) တွေကို အလိုမလိုက်ပါ ။

ကိုယ့်ခွေး ကိုယ့်ကြောင် တာဝန်အပြည့်အဝ ယူနိုင်မှသာ ကိုယ့်သားသမီးလို သေချာ ကျွေးမွေးစောင့်ရှောက်နိုင်မှသာ မွေးကြဖို့ တိုက်တွန်းပါတယ် ။ အဲလိုပြောလို့ ကြောင်တွေကို အချိန်ပြည့် လှောင်မွေးမို့ ပြောတာမဟုတ် ၊ ကျမ်းမာရေး အရ ကြောင်သဘောသဘာဝ အရ အပြင်ထွက်ချင်ရင် လူသားသခင်ရဲ့ စောင့်ကြည့်မှူ ကြီးကြပ်မှူအောက်မှာ စည်းနဲ့ကမ်းနဲ့ ပေးထွက်လို့ရပါတယ်။ ကိုယ့်ကြောင်ကို တကယ်ချစ်ရင် လျှောက်မလွှတ်ထားသင့်ပါ အဆိပ်ပြင်းမြွေ ၊ လမ်းဘေးခွေး တွေနဲ့ တွေ့ရင် ကိုယ်တယုတယ မွေးထားတဲ့ ကြောင်လေး အတွက် အန်တရာယ်ရှိပါတယ်

ငယ်တုန်းက ပုတုတုလေးတွေမို့ ချစ်လို့လျှောက်မွေး ကြီးတော့ အစာလည်း သေချာမကြွေး လှည့်မကြည့်ပြစ်ထားရင် သခင်မဲ့ လမ်းဘေး ခွေးကြောင်တွေ တိုးပွါးလာပြီး ဂေဟစနစ်ကိုရော လူသားကိုပါ ထိခိုက်နိုင်ပါတယ်။
မှတ်ချက် - မြို့ရွာနေလူတန်းစားအတွက် ဦးစားပေးရေးလိုက်တာပါ ၊ ဝမ်းရေးခက်ခဲသေးတဲ့ မတည်ငြိမ်သေးတဲ့ ရွာစွန်ရွာဖျား တောရွာများမှာတော့ ဝမ်းရေးပူမနေသာမို့ ဒါတွေလိုက်နာနိုင်ဖို့ ခက်ပါသေးတယ် ၊ အိမ်မွေးတောလိုက်ခွေးနဲ့ အမဲလိုက်တာ ၊ ခွေးကြောင်တွေကို ကိုယ့်လယ် ခြံထဲ အိမ်ထဲက အကောင်တွေကို အမဲလိုက်ခိုင်းတာတွေ ဟာ ရှိနေအုန်းမှာပါပဲ ၊ အဲဒီနယ်ဘက်တွေကတော့ တိုင်းပြည်ကောင်းစားတည်ငြိမ်မှ သေချာ အချိန်ပေး ကွင်းဆင်း ပညာပေး စည်းရုံး ရမှာ ဖြစ်ပါတယ် ခုလိုလူတောင် မနည်းရှင်သန်အောင်နေတဲ့အချိန်မှာ မလိုက်နာနိုင်ကြတာ နားလည်ပေးလို့ရပါတယ်။ သို့သော် အိမ်နဲ့ တိုက်နဲ့ ကားနဲ့ နေကြတဲ့ မြို့နေလူတန်းစား ပညာတတ်ကြီးတွေဆိုသူတွေ အနေနဲ့ ဂေဟစနစ် Ecosystem အစာကွင်းဆက် Food Chain မျိုးရင်းကျူးကျော် Native and Invasive စတာတွေကို ရေရေလည်လည် သဘောပေါက်ထားပြီး ပညာရှိဆန်ဆန် နိုင်ငံကြီးသား ဆန်ဆန် တလေးတစားလိုက်နာ ကျင့်သုံးကြရမှာဖြစ်ပါတယ် ။

အထူးသတိပြုရမှာက သဘာဝ တရား ပျက်စီးရင် ဂေဟစနစ် ပျက်စီးရင် အကောင်တွေတင်မဟုတ် လူသားပါ အကြီးအကျယ်ဒုက်ခရောက်မှာမို့ ငါနဲ့မဆိုင်လို့ မမှတ်ယူသင့်ပဲ သဘာဝလောကကြီး အမြဲရှင်သန်လှပကျန်းမာနေဖို့အတွက် ကိုယ်နိုင်တဲ့ဘက်က ပါဝင်အားဖြည့်သင့်လှပါကြောင်း

29/08/2024

'' တောမီးလောင် တောကြောင် လက်ခမောင်း ခတ် '' စကားပုံ ထဲက တောကြောင် အကြောင်း

Ever wondered what it’s like to walk the wild side? Meet the jungle cat, a mysterious predator lurking in the dense jungles and swamps of Asia and Africa. Known for its stealth, agility, and surprising adaptability, the Felis chaus is a force of nature, but is it a friend or a foe in the wild?

https://www.youtube.com/watch?v=AnCph5cwkHo

ခြင်္သေ့ နှင့် ကျား အရိုးတည်ဆောက်ပုံ နှင့် ဦးခေါင်းခွံ ကွဲပြားခြားနား မှူ နှိုင်းယှဉ်ကြည့်ခြင်း A comparison of the diff...
16/08/2024

ခြင်္သေ့ နှင့် ကျား အရိုးတည်ဆောက်ပုံ နှင့် ဦးခေါင်းခွံ ကွဲပြားခြားနား မှူ နှိုင်းယှဉ်ကြည့်ခြင်း

A comparison of the different skeletal structures and skulls of lions and tigers

https://www.youtube.com/watch?v=oqV8EH4-N5c

Feline Dominion

In this video, we compare the skeletons and skulls of lions and tigers side by side, highlighting the key differences in their anatomy. Discover how their sk...

ကျားစခုန်ခြင်း ဖြစ်ပေါ်လာတဲ့ ကြွက်သားတွေ  လေ့လာသယောင်ယောင်Jumping Tiger musculature study
04/06/2024

ကျားစခုန်ခြင်း ဖြစ်ပေါ်လာတဲ့ ကြွက်သားတွေ လေ့လာသယောင်ယောင်

Jumping Tiger musculature study

မြွေဂျင်း ရှင်းခဏ်း ( မြွေဂျင်း မိနေသူတို့အတွက်  ဖြေဆေးတော်ကြီး )စပါးကြီးတွေ စပါးအုံးတွေ့တိုင်း လူမြိုမယ် ဖြဲခြောက်တဲ့ဂျ...
07/05/2024

မြွေဂျင်း ရှင်းခဏ်း
( မြွေဂျင်း မိနေသူတို့အတွက် ဖြေဆေးတော်ကြီး )

စပါးကြီးတွေ စပါးအုံးတွေ့တိုင်း လူမြိုမယ် ဖြဲခြောက်တဲ့ဂျင်း

( အကောင် တစ်ထောင် တစ်သောင်း မှာ တစ်ကောင် လူမြိုနိုင်လောက်တဲ့ အရွယ်မရောက် ၊ ခုခေတ်ပိုဆိုး ၊ လူကို သူတို့အစာလို့ မသတ်မှတ် ၊ အင်ဒိုတို့ မလေးတို့မှာ လူမြိုတာ လူအိုတွေ ၊ အိပ်ပျော်နေတဲ့ ရောဂါသည် တွေ ကို အစာအမှတ်နဲ့ မှားမြိုကြတာ ၊ အရွယ်ရောက် သာမန် ကျန်းမာတဲ့ သူကို အစာနဲ့ မှားပြီး ပတ်မိရင် လူသားက အသာ လွတ်နိုင်တယ် ၊ မွေးကင်းစ ကလေးတွေ ကို မိဘအုပ်ထိန်းမှူအောက်မှာ သေချာ ဂရုစိုက် ရင် ဘယ် စပါးကြီး စပါးအုံး မှ လူပဲ စားမဟေ့ဆိုပြီး အတင်း အားထုတ် လူလိုက်ရှာ မမြိုကြဘူး ၊ လူတွေ့တာနဲ့ တန်းပြေးတာ ၊ လူဆို ကြောက်လွန်းလို့ ၊ အာရှ စပါးကြီး စပါးအုံး တွေ ထက် အဆများစွာ သန်မာ တဲ့ အနောက်တိုင်းက Anaconda အင်နာကွန်ဒါ ကြီးတွေတောင် လူမြိုတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ၊ ရုပ်ရှင်တွေကြည့် အရူးမထနဲ့ )
------------------------------

မြွေညှို့ ဂျင်း

( စပါးကြီး စပါးအုံး တွေဟာ ညို့ပြီးမြိုတယ်ဆိုတဲ့ ဂျင်း ၊ ဒီမြွေကြီးတွေရဲ့ ခန်ဓာကိုယ် သုံးပုံ နှစ်ပုံ လောက် အမြီးဘက် ပိုင်း မှာ ကြက်အတတ်လို ခြေသေးလေး တစ်စုံရှိပါတယ် ၊ အရပ်ပြော ဂျင်းကတော့ အဲဒီ အတက်နဲ့ သားကောင်ရဲ့ ခြေရာ ထောက်လိုက်ရင် သားကောင်ဟာ လမ်းမှား ဒီနေရာ ဒီနေရာပဲ လည်နေပြီး ညှို့ကွင်းမိတယ် ၊ သားကောင်ကို ကြည့်ပြီး ညှို့တယ် အိပ်မြွေ့ ချ ပြီး မြိုတယ် ဆိုပြီး ဂျင်းတွေရှိခဲ့ပါတယ် ။
စပါးကြီး စပါးအုံးတွေဟာ Ambush ချိုခို တိုက်ခိုက်တဲ့ အမျိုးပါ ၊ သားကောင်ကို ရစ်ပတ်လိမ့်ချိုး သတ်ပြီး မှ ခေါင်းကစ မြို လေ့ ရှိပါတယ် ။ မြွေတွေဟာ တွားသွားသတ်တဝါ တွေ ဖြစ်တဲ့ အတွက် သူတို့ ရဲ့ ရှေးယခင် မျိုးနွယ်တွေမှာ ခြေတွေ ရှိခဲ့ဖူးပါတယ် ၊ Evolution ဆိုတဲ့ ဆင့်ကဲတိုးတက် ဖြစ်စဉ်အရ ယနေ့ မျက်မှောက် မြွေ ဖြစ်လာတော့ သူတို့မှာ အရင်က ခြေရှိခဲ့ဖူးတဲ့ နေရာမှာ ယနေ့ အတတ်လို ကျန်နေခဲ့တာ ဖြစ်ပါတယ် ၊ အဲဒီအတက် နဲ့ ညှို့လို့လဲ မရပါဘူး။ စိတ်ကူးယှဉ် ဇာတ်လမ်းတွေက အယူ တွေ သာ ဖြစ်ပါတယ်။ ရသစာပေအနေနဲ့ပဲဖတ်ပြီး အမှန်တရားလို့ မယူဆသင့် )

--------------------------------

စပ်မြွေဂျင်း

မြွေမြင်ရင် ဘာမြွေနေနေ သတ်ရမယ် ဆိုတဲ့ ဂျင်း ၊ စပ်မြွေရှိလို့ လင်းမြွေပုံပေမဲ့ ငန်းနဲ့စပ်ထားလား မြွေဟောက်နဲ့စပ်ထားလား မသိ နိုင် ၊ ကိုက်ရင် သေနိုင်တယ် ၊ ငန်းစောင်း ကိုက်ရင် စောင်းသုံးစောင်း ဆို ဆေးမမှီ ဆိုတဲ့ ဂျင်း

( မြွေမှာ စပ်မြွေဆိုတာမရှိ ၊ အိမ်မွေးမြွေတွေ ကို လူတွေ လျှောက်ဖောက်ထားသလို တောထဲက သဘာဝ မြွေတွေမှာ စပ်မြွေဆိုတာ မရှိ ၊ မျိုးတူမှ မိတ်လိုက်တယ် ၊ မျိုးတူတူ မတူတူ မိတ်လိုက်တယ် ဆိုတာ မြန်မာမုဆိုး ဝတ်ထုတွေ ထဲက ဂျင်း ၊ စာတွေထဲတွေ့ရတဲ့ Mating ball မြွေမိတ်လုံးကြီး မှာလဲ မျိုးတူမှသာ မိတ်လိုက်တတ်ကြတယ် ၊ တချို့ cat snakes ကြောင်မြွေ တွေမှာ မျိုးတူ အရောင်ကွဲတွေရှိတတ်တော့ သာမန်တောသူတောင်သား တွေဟာ မျိုးမတူလဲ မြွေတွေ မိတ်လိုက်ကြ မိတ်လုံးကြီး ဖြစ်ကြတယ်လို့ အယူလွဲကြဟန်တူတယ် ၊ အမှန်တော့ မြွေဟာ မျိုးတူမှ မိတ်လိုက်ပါတယ်။

လင်းမြွေ နဲ့ ငန်းနဲ့ စပ်တယ် ၊ လင်းမြွေ နဲ့ မြွေဟောက်နဲ့ စပ်တယ် ဆိုတာတွေ မရှိ အဲဒါတွေ ဂျင်း ၊

------------------------------

အဆိပ်ရှိမြွေအားလုံးထဲမှာ ကမ်ဘာ့အရှည်ဆုံး မြွေဘုရင် တောကြီးမြွေဟောက်

မုဆိုးဝတ်ထုတွေထဲ အညိုးကြီးတဲ့ ငန်းမြွေဆိုတာ ငန်းပုပ်
တောကြီးမြွေဟောက် သိုလေးမွှာ ( King Cobra )
ကို ဦးတည် ရေးသားထားတာ ၊ အဆိပ်ပြင်း ဆိုတာ မှန်တယ် ၊ အင်ဂလိပ် နာမည် မှာ Cobra ကိုဘရာ ၊ မြန်မာနာမည်မှာ မြွေဟောက် ဆိုပြီး ပါပေမဲ့ သူဟာ မြွေဟောက် စစ်စစ် မဟုတ်ပြန်ဘူး ၊ မြွေဟောက် ( ငန်းဦးကွက် ) နဲ့ နီးစပ်တဲ့ အနွယ်ဝင် လို့သာ သတ်မှတ်ရမယ် ၊ ရိုးရိုးမြွေဟောက်ကိုပဲ တချို့ဒေသမှာ ငန်းဦးကွက် လို့ ခေါ် ပြန်တယ် ၊ မြန်မာလူမျိုးဟာ အဆိပ်ပြင်း မြွေတွေ နာမည်ရှေ့ '' ငန်း '' တပ် သုံးစွဲတဲ့ ဓလေ့ရှိဟန် တူတယ် ၊ အမှန်တော့ ငန်းပုပ် ခေါ် တောကြီး မြွေဟောက် သူဟာ သူ့မျိုးစိပ်နဲ့ သူ သီးခြား ရပ်တည်တဲ့ အဆိပ်ပြင်း မြွေဖြစ်တယ် ၊ အဆိပ်ရှိ မြွေ အားလုံးထဲမှာ ငန်းပုပ် ဟာ အရှည်ဆုံး မြွေကြီး လည်း ဖြစ်တယ်။

( ဗဟုသုတ အနေနဲ့ မှတ်ရန် - အဆိပ်ရှိ နှင့် အဆိပ်မရှိ မြွေ ရှိရှိသမျှ မြွေ အားလုံးထဲမှာ ကမ်ဘာ့ အရှည်ဆုံးကတော့ Reticulated Python မှန်မူကွက်စပါးအုံး သို့မဟုတ် မြန်မာအခေါ် စပါးကြီး မြွေ ကြီး ဖြစ်တယ် ၊ အနောက်တိုင်းက နာမည်ကျော် အင်နာကွန်ဒါ ကြီးက ကမ်ဘာ့အလေးဆုံး မြွေကြီး ဖြစ်တယ်။ )

မုဆိုးစာပေ တွေမှာ ငန်းမြွေ ( ငန်းပုပ် ) ကို လူမြင်ရင် အတင်းလိုက် ကိုက်တော့မလိုလို အငြိုးနဲ့ ရွာထိ အိမ်ပေါ်ထိ တက်ကိုက် မလိုလို ရေး ထားတာ တွေဟာ လွန်ကဲရေးသားချက် ၊ သူတို့ဟာ တခြားမြွေတွေ ထက် ညာဏ်ကောင်းတာ မှန်ပေမဲ့ အဲလောက် မှတ်ထားပြီး လက်စားချေမဟေ့ ရေမြေ့ ဆုံးပစေဟေ့ ဆိုတဲ့ လူတွေလို တွေးတော စဉ်းစားဆင်ခြင်နိုင်တဲ့ အသိညာဏ်မျိုးတော့ မရှိ၊ လက်တွေ့ အပြင်မှာတော့ လူတွေ့ရင် ဝေးဝေးကရှောင်တယ် ၊ သူပိုင်နက် သတ်မှတ်ထားတဲ့ နေရာကိုဝင်ရင် ပါးပြင်းထောင် သတိပေးတယ် အဲဒီမှာ လူက ခပ်ဝေးဝေး နေမယ် ကိုယ့်လမ်းကိုယ်သွားမယ်ဆို ဘယ်ငန်းမြွေမှ မလိုက်

ငန်းမြွေ ( ငန်းပုပ် ) ဟာ ရှားရှားပါးပါး အသိုက်လုပ် ဥဥ လေ့ရှိတဲ့ မြွေမျိုးလည်းဖြစ်တယ်။
သူ့ဥတွေနား အသိုက်နား သွားရင်တော့ ငန်းမြွေမှ မဟုတ်ဘူး ဘယ်အကောင်မဆို မိဘဇောနဲ့ ရန်လုပ် ကာကွယ်တတ်တာ သဘာဝပဲ ၊ အဲဒါကို ငန်းမြွေ ကို ခွေးရူး လောက် သဘောထား ရေးသားကြ တယ်၊ ခွေးရူးလိုက်ဆွဲသလို အတင်းလိုက်တယ် အယူလွဲကြတယ်။
-----------------------------------

ဇာတ်အနာဆုံး ကြွက်စားမြွေလေး ကံဆိုးသူ မောင်ရှင် အကြောင်း

နောက်တစ်ကောင်က မောင်ကံဆိုး ငန်းစောင်း ဆိုတဲ့ ကောင်ကလေး စောစောက ပြောတဲ့ ငန်းပုတ် ( တောကြီး မြွေဟောက် ) တွေ ၊ ငန်းတော်ကြား တွေ ၊ ငန်းဦးကွက် ( ရိုးရိုး မြွေဟောက် ) တွေ နဲ့ ဘာမှ မဆိုင် ၊ အဆိပ်လည်းမရှိ ၊ ကြွက်လောက်စားတဲ့ သွားသေးသေး နဲ့ အကောင်လေးတွေ ။ အဲဒီ ငန်းစောင်းကိုလဲ အဆိပ်ပြင်း တောကြီး မြွေဟောက် ( ငန်းမြွေ ) ၊ ရိုးရိုး မြွေဟောက် ( ငန်းဦးကွက် ) ထက် ပိုကြောက်ပြ၊ ပိုသတ်ကြတယ် ။

အမှန်တော့ အဲအကောင်လေးတွေ ဟာ အဆိပ်လုံးလုံးမရှိ ၊ စွာတာကတော့ အတော်စွာတယ် ၊ အားပျော့တဲ့ မေးရိုးနဲ့ သွားသေးသေး လေးတွေပဲ ရှိလို့ သူ အကိုက်ခံရ ရင်တောင် တချို့ ပုရွက်ဆိတ် ခါချဉ် ကောင် ကိုက်တာကမှ ပိုနာ အုန်းမယ် ၊ ညနေစောင်း ဘာစောင်း ညာစောင်း ဘယ်စောင်း ကိုက်ကိုက် အဆိပ်မရှိတဲ့ မြွေဟာ ဘယ်အချိန်ကိုက်ကိုက် အဆိပ်မရှိဘူး ။

ဒီ ငန်းစောင်း ဆိုတဲ့ အကောင်တွေ ခမြာ နာမည်မှာ '' ငန်း '' ပါတယ် ဆိုတဲ့ အကြောင်းပြချက်ရယ် ၊ အဆိပ်မရှိရှာတော့ သူ့ရန်လုပ်မှာ စိုးလို့ ကာကွယ်တဲ့ အနေနဲ့ စွာတတ်တဲ့ သဘာဝ ရယ်ကြောင့် မြန်မာပြည်မှာတော့ အတော်ပဲ အထင်လွဲ အသတ်ခံရ ရှာတယ်။ ( သူ့နာမည်ကို ခေတ်သစ်မှာ ငန်းစောင်း ( ခ ) မောင်ကြွက်ရှင်း လို့ အမည်ထည့် ခေါ်ဝေါ်သုံးစွဲ ပေးလိုက်ရင် ပိုသင့်မယ် )

ဒါပေမဲ့ ဘယ်မြွေ ကိုက်ခံရ ခံရ ၊ မေးခိုင် ကာကွယ်ဆေးတော့ ထိုးရမယ် ထိုးသင့်တယ် ၊ အဆိပ်မရှိ ဘူး ဆိုပေမဲ့ ရောဂါပိုး ဝင်နိုင်တတ်တာမျိုးပဲ ၊ အဲဒါကတော့ မြွေမှမဟုတ်ဘူး သွားပါတဲ့ ဘယ်အကောင်ကိုက်ကိုက် မေးခိုင် ကာကွယ်ဆေး ထိုးသင့်တာမျိုး ။

ပြောချင်တာကတော့ နာမည်မှာ ငန်းပါတိုင်းလဲ အကုန်အဆိပ်ရှိမယ်ထင်ပြီး မကြောက်နဲ့ ၊ နာမည်မှာ ငန်းပါပေမဲ့ အဆိပ်မရှိ သို့မဟုတ် လူကိုအန်တရာယ် ဖြစ်စေနိုင်တဲ့ အဆိပ်မရှိတဲ့ သစ်တတ်ငန်း ( ထန်းမြွေ ) ၊ ငန်းစောင်း ( ကြွက်စားမြွေ ) တို့ ဟာ ကြောက်စရာမလို။

အဆိပ်ရှိ မြွေမှာ အဆိပ်ပြင်း နဲ့ လူကိုအန်တရာယ် မဖြစ်စေနိုင်သော အဆိပ်ပျော့ ရှိ ဆိုပြီး ပြန်ခွဲကြတယ် ၊ လူကို အန်တရာယ် မရှိစေသော အဆိပ်ပျော့ ဆိုတာ အဲဒီမြွေရဲ့ အဆိပ်ဟာ လူအပေါ် သက်ရောက်ခြင်းမရှိ ၊ အဲဒီမြွေဖမ်းစားမယ့် ဖား ကြွက် စတဲ့ သားကောင် လေးတွေ အပေါ်သာ သက်ရောက် တယ်လို့ ဆိုလိုခြင်းဖြစ်တယ်။

အဆိပ်ပြင်းတဲ့ တောကြီးမြွေဟောက် ငန်းမြွေ တို့ ရိုးရိုး မြွေဟောက် ငန်းတော်ကျား တို့ ကိုလဲ လိုတာထက် ပိုမကြောက် နဲ့ သူလမ်းသူသွား ကိုယ့်လမ်း ကိုယ်သွား ၊ ညဘက်တွေ သူတို့ကို မနင်းမိစေဖို့ ဓာတ်မီးသုံး ၊ သူတို့ချောင်ပိတ်မိနေရင် ပြေးလမ်းရှိအောင် လမ်းဖွင့်ပေး ၊ ကိုယ်က ခပ်လှမ်းလှမ်းနေ သူတို့ဘာသာ သူတို့ ထွက်သွားလိမ့်မယ် ၊ သူတို့ ပြေးပေါက်ပိတ်မှန်သာ သူတို့ကို ရန်မူမယ် ထင်ပြီး တန်ပြန် ရန်လို ကြတာ ၊ ခုခံကာကွယ်ကြတာ ။

မြွေအကြောင်း အရမ်းသိလာပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးမှတ်ပြီး မြွေတွေကို လျှော့တွက် သူ့တို့ အားနည်းချက်ကို သိပြီး နိုင်ထက်စီးနင်းလည်း မလုပ်ချင်နဲ့ ၊ သူ့သဘာဝကို လေးစား ၊ လူသားဆန်ဆန် နေ။
မြွေမုန်းဝါဒ ဝင်ပြီး မြွေမြင်တိုင်း သတ်ရင် ဘာဖြစ်မယ် ထင်ပါသလဲ? မြွေရဲ့အစာ ကြွက်တွေ အဆမတန် ပေါများလာပြီး လယ်ယာစိုက်ပျိုးရေး မှာ များစွာ ထိခိုက် ဆုံးရှုံးမယ် ၊ ကြွက်နဲ့ ပတ်သက်တဲ့ ရောဂါဆိုးတွေ များလာမယ် ၊ ဂေဟစနစ် ပျက်စီးမယ် ၊ မြွေကို မုန်းရင် ကိုယ့်ဘာသာ ထမင်းလွတ် ရူးပြီး စိတ်ထဲမုန်း ကြိုက်သလောက် မုန်း ၊ မြွေမြင်ရင် မဆင်မခြင် မဲမဲမြင် ပြေးမသတ်နဲ့ သူတို့လဲ လိုအပ်လို့ သဘာဝမှာ ရှိနေတယ် မှတ်ပါ ၊ မလွဲသာ မရှောင်သာ အခြေအနေကလွဲရင် ၊ တောသူတောင်သားတွေ ဟင်းစားအဖြစ်စားကြတာမျိုးက လွဲရင် မသတ်သင့် ။ ဒီဂြိုလ်ပြာ ကြီးဟာ လူသားသီးသန့်အတွက် ဖြစ်တည်နေတာ မဟုတ် သက်ရှိ အားလုံး စုပေါင်း နေထိုင်တဲ့ ဂြိုလ်ကြီးပါ။ )

ဒီမှာ မိတ်ဆွေ ကျွန်ုပ်တို့ မျိုးဆက်မှာ လူရာမဝင်တော့တဲ့ ဂျင်းတွေ ပပျောက်သွားဖို့၊ အနာဂတ်မျိုးဆက် သစ်တွေ ဒီလိုဂျင်းတွေမိ ဆက်မပိန်းကြစေဖို့ ၊ မှန်ကန်တဲ့ သတင်း အချက်အလက်တွေ လက်ဆင့်ကမ်းဖို့ သင့်မှာလည်း တာဝန်ရှိတာကို သတိချပ်ပါ ။

-----------------
မြန်မာ့စပါးအုံး နှင့် ကျူးကျော် မျိုးရင်း ဗဟုသုတ နည်းပါးခြင်း

အမေရိကားမှာ မြန်မာ့စပါးအုံး Burmese Python တွေကို မဲမဲမြင် သတ်နေတာတွေ့ကြတော့ ပြည်တွင်းက ကိုရွှေတွေက ပါ
စပါးကြီး စပါးအုံး မြင်ရင် အလိုလိုလန့် သတ်ချင်လာကြတယ် ။
သူတို့ဘာလို့ သတ်လဲ အရင်လေ့လာရပါမယ်

မြန်မာစပါးအုံး ၊ စပါးကြီး စတဲ့ မြွေတွေဟာ မြန်မာ၊ ထိုင်း ၊ မလေး ၊ အင်ဒို စတဲ့ အာရှ နိုင်ငံတွေ မှာ တော့ သဘာဝ ဂေဟစနစ်မှာ ရှိတဲ့ မျိုးရင်း ဖြစ်တယ် ။ မရှိမဖြစ် လိုအပ်တဲ့ ဌာနေမျိုးရင်း တွေဖြစ်တယ်။

အမေရိကားမှာ မြန်မာ စပါးအုံး နဲ့ အာရှ စပါးကြီး တွေ ဟာ ဘယ်တုန်းကမှ သူတို့ တောတောင် သဘာ ဝမှာ မရှိခဲ့ဖူးဘူး
သူတို့နိုင်ငံတွေ အတွက်တော့ အာရှမျိုးစိပ်ဟာ ကျူးကျော်ဖြစ်တယ်။
သူတို့ အမေရိကန် မျိုးရင်း စပါးအုံး ၊ စပါးကြီး တွေတော့ ရှိတာပေါ့။

အမေရိကားဟာ အိမ်မွေး အကောင် စုံတဲ့ နိုင်ငံဖြစ်လို့ သူတို့ဆီမှာ ကမ်ဘာ အရပ်ရပ် က အကောင်တွေကို
ဟိုးရှေးခေတ်ကတည်းက အလှမွေးလာတဲ့ အစဉ်အလာ နဲ့ ဈေးကွက်ရှိတယ်။
အဲဒီထဲမှာ မြန်မာ့ စပါးအုံး မြွေလဲ အပါအဝင် ဖြစ်ခဲ့တယ်။
လွပ်လာတဲ့ အိမ်မွေးတွေ ၊ တချို့ ငယ်တုန်းက ဝယ်မွေးပြီး ကြီးလာမှ အစာဖိုး မတတ်နိုင်တော့လို့ တာဝန် မယူချင်တော့လို့ ကိုယ့်ဒေသမျိုးရင်းမဟုတ်ပဲ တောထဲ သွားလွှတ်တာတွေ ၊ မုန်တိုင်းမိလို့ ပျက်စီးတဲ့ မြွေစင်တာ တွေက အများအပြား လွတ်ကုန်တာ စတာတွေက နေပြီး သူတို့နိုင်ငံမှာ အာရှမျိုးစိတ်တွေ ကျူးကျော် မျိုးပွါးကုန်တာ ။ ရေခံ မြေခံ ကောင်းတော့ ဒီ အာရှအကောင်တွေ မျိုးပွါးနှုန်းက မြန်တယ် ။

အဲတော့ အမေရိကန် နိုင်ငံအတွက် တော့ မြန်မာ့စပါးအုံးဟာ ကျူးကျော်မျိုးစိတ် ဖြစ်လာတယ် ။
သူတို့ ဒေသမျိုးရင်း မြွေတွေ ၊ မိချောင်း ခေါင်းတို တွေ ၊ ငှက်တွေ ၊ နို့တိုက်သတ်တဝါ တွေကို အစာအဖြစ်စားလာရော ၊ ဒီတော့ အမေရိကန် ဒေသမျိုးရင်း ဂေဟ စနစ် မှာ ထိခိုက်တယ် ။ မြန်မာ စပါးအုံး ကြောင့် အမေရိကန် ဒေသ မျိုးရင်း အကောင်လေးတွေ မျိုးသုန်း သွားနိုင်တယ် ။ ဒါကြောင့် သူတို့ဆီမှာ မြန်မာစပါးအုံး တွေကို ကျူးကျော်သတ်မှတ်ပြီး လိုက်သတ်နေကြရတာ။

ကျွန်ုပ်တို့ မြန်မာ တို့ ထိုင်း တို့ မလေးရှားတို့ မှာ ကျ မြန်မာစပါးအုံး ဟာ မျိုးရင်း ဖြစ်တယ် ၊ ရှေးနှစ်သန်းပေါင်း များစွာကတည်းက ရှိခဲ့တဲ့ ဌာနေ မျိုးရင်း ဖြစ်လို့ ၊ ကျွန်ုပ်တို့ ဒေသ အစာကွင်းဆက် ဂေဟစနစ် အတွက် အရေးကြီးလို့ ထိန်းသိမ်းကာကွယ် ရတယ် ။ မဲမဲမြင် လျှောက်သတ်လို့မရဘူး ၊ ကျွန်ုပ်တို့ ဂေဟ စနစ် မှာ သူတို့ မရှိမဖြစ်ပဲ။ ထို့အတူ စပါးကြီး စပါးအုံး တွေ့တာနဲ့ ဖမ်းပြီး ဘုရားပို့ ထောင်ချတာတွေ မလုပ်သင့်ဘူး ၊ ကျွန်ုပ်တို့ ဗုဒ်ဓ ဘာသာ အယူနဲ့ လည်း မကိုက်ဘူး ၊ မြွေအကြောင်းပြ အလှူခံစားတာ ဘုရားမြွေလုပ်ပြီး
မျောက်ပြဆန်တောင်း တာတွေဟာ ကျွန်ုပ်တို့ ဘာသာရေးနဲ့ လားလားမျှ မအပ် ၊ စပါးကြီး စပါးအုံး တွေ ကိုယ့် ခြံ နေအိမ်ထဲ မိခဲ့ရင် လူသူဝေးရာ တောတောင် သဘာဝ မှာသာ ပြန်လွှတ်ဖို့ အားပေးပါတယ်။ မြန်မာ့စပါးအုံး နဲ့ စပါးကြီး မြွေတွေကို ကျွန်ုပ်တို့ မြန်မာရဲ့ မျိုးရင်း မြွေတွေ အဖြစ် ဂုဏ်ယူရမယ် ၊ သိုင်းပေါင်းစုံ MMA ချန်ပီယံကြီး ကိုအောင်လ အန်ဆန်း လိုပေါ့ ၊ နာမည် မှာ Burmese Python ပါတယ် ၊ ဒါသူ ဂုဏ်ယူစွာ အမျိုးဂုဏ် ဖော်ထားတာ ။

ကျွန်ုပ်တို့ နိုင်ငံမှာရော ကျူးကျော်မျိုးရင်း တွေရှိလား ဆိုတော့ ရှိတာပေါ့၊ အနောက် တိုင်း တွေ အာဖရိက တိုက်က ကောင်တွေ အကြောင်းအမျိုးမျိုးနဲ့ ကျူးကျော် ဝင်ရောက်လာတဲ့ အကောင်တွေရှိတယ် ။ အများစု ဒီကိုရောက်လာတာ အလှမွေးဈေးကွက်ကပဲ ၊ တချို့ အလှမွေး သူတချို့ဟာ စည်းကမ်းမရှိဘူး ၊ သဘာဝ ပတ်ဝန်းကျင် ဗဟုသုတ မရှိဘူး ၊ ကိုယ်မမွေးချင် တော့ရင် မမွေးနိုင်တော့ ရင် စွန့်ပစ်ချင်တိုင်း စွန့်ပြစ်တတ်ကြတယ် ။
အာဖရိက ခရုကြီးတွေ ၊ စုပ်ခွက်ငါး၊ အယ်ရိုပိုင်းမား ငါးတွေ ၊ မိချောင်း ငါးတွေ ၊ လိပ်ပါးနီ တွေ စတဲ့ အကောင် တွေဟာ ကျူးကျော် မျိုးစိတ်တွေ ဖြစ်တယ် ။ အဲလို အကောင်တွေ ကြောင့် ဒေသမျိုးရင်းတွေ မျိုးသုန်းနိုင် ၊ မြန်မာ့စိုက်ပျိုး မွေးမြူရေး ထိခိုက် ၊ မြန်မာ့ဂေဟ စနစ် ပျက်နိုင်တယ် ။ အဲလို ကျူးကျော် အကောင်တွေကိုတော့ ပြန်ဖမ်းပြီး အလှမွေးချင်မွေး ၊ ဟင်းစားလုပ်ချင်လုပ် ၊ အပြတ်ရှင်းချင်ရှင်း လုပ်ပြီး ကိုယ့်မျိုးရင်းတွေကို ကာကွယ်ရမှာ ဖြစ်တယ်။ ဒါက မျိုးရင်း နဲ့ ကျူးကျော် အကြောင်းပါ ။

---------------------
မြွေအကြောင်း ခရစေ့တွင်းကျ သိချင်ရင် Snakes of Myanmar နဲ့ Wildlife of Myanmar ဆိုတဲ့ Facebook group တွေကို join ထားပါ ။ မြွေ နဲ့ သတ်တဝါတွေ အကြောင်း ဝင်လေ့လာပါ ၊ ငယ်ငယ်က မသိနားမလည်းလို့ ဂျင်းမိခဲ့တာတွေ အားလုံးအတွက် အကောင်းဆုံး ဖြေဆေးပါပဲ။

Liger Paing

Address

255 Bolton Road
Walkden
M283QB

Website

Alerts

Be the first to know and let us send you an email when Myanmar Wildlife Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Wildlife Information:

Share