03/09/2024
Honda Dream 125 မော်ဒယ်ကြည့်နည်း။
အားလုံးပဲ မင်္ဂလာပါခင်ဗျ။
အလိမ်နဲ့ပက်သက်ပြီး ဂျင်းမိဖူးတဲ့သူတွေရှိသလို၊ ခုမှဝယ်ယူဖို့ ဂျင်းမမိအောင်သေချာလေ့လာနေတဲ့ညီအကိုများအတွက် ရည်ရွယ်ပြီးရေးသားပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့
Honda Dream 125 Series မစခင်မှာ Dream 110 အရင်လာပါတယ်၊ ယခု Dayang တို့ Luojia တို့ ပုံစံ Dream 110 99 / 00 / 01 /02 အထိ Dream 110 အနေနဲ့ထုတ်လုပ်ပါတယ်။ အလိမ်မဖြစ်ခင်ပေါ့ အစိမ်းနုရောင်၊ အညိုပုပ်ရောင် နဲ့ 1ဘီးတွေအများဆုံးလာပါတယ်။
အလိမ်ရဲ့ 2002 ကနေ 2010ထိ အင်ဂျင်ချက်စီမှာ
Orginal 2 ဘီးဆို ဥပမာ ND 125ME -
01234567
Orginal 1 ဘီးဆို ဥပမာ ND 125E -
01234567
တချို့က ချက်စီးပြန်ရိုက်ထားတာတွေလဲရှိပါတယ်၊ ကြည့်ရင်သိသာပါတယ်၊ တခါမှအလိမ်ချက်စီမမြင်ဖူးတဲ့သူကတော့ ရမ်းသမ်းမဝယ်သင့်ပါဘူး။ အပေါ်ကရေးပြထားသလိုမျိုးလေးပါ။
နောက်တခုက 2ဘီးက N နဲ့ 0 က အပေါ်နဲ့အောက်က
တလွဲလေးပါ၊ 1ဘီးက N နဲ့ အောက်က 0 က မသိမသာလေးလွဲပါတယ်၊ အပေါ်ဖောက်တွေဆို အော်အတိုင်းပါပဲ၊ အောက္မှာပြန်ဖောက်ထားတဲ့ ဖောက်တူးဘီးတွေသာ အော်တူးကိုမမှီတာပါ၊ အဖော်ဖောက်ဆို ချက်စီမကြည့်ဘဲ စက်သံ မော်တာသံ နားထောင်တာနဲ့ အော်တူးလို့တောင်ထင်ကောင်းထင်နိုင်ပါတယ်။
ကဲမော်ဒယ်ကြည့်တဲ့ ချက်စီလာပါပြီ။
မေယ်ဒယ်ကို ချက်စီဘယ်လိုကြည့်ရလဲဆိုရင်
ဥပမာ ND 125ME -
01234567
အဲ့မှာ အောက်တန်းက ရှေ့သုံးလုံးကို ကြည့်ရပါတယ် ၊ ဝမ်းဘီးနဲ့တူးဘီး ချက်စီမတူပါ။
💎 2002 9လပိုင်းမှာ Dream 125 စလာပါပြီ၊ အလိမ်မဖြစ်သေးပါ။ 2002 Model ကို အော်တူးဆိုရင် သူ့ချက်စီက 000၊ 001 ၊ 002 နဲ့လာပါတယ် ။ 1ဘီးအတွက်ကလည်း 000 ၊ 001 ၊ 002 ၊ 003 နဲ့ပါ။ သူကတော့ ချက်စီတူ မော်ဒယ်ပါ။ အရပ်ခေါ် ဘဲဥ / ဒုံးကျည်၊ ခဲပုတ်ရောင်နဲ့လာတာပါ၊ ဒိုင်ခွက် ပုံဟောင်း ၊ သော့အသေး၊ဟတ်အုံပုံဟောင်း၊ S တံဆိပ် စိမ်းနုရောင်နဲ့ ၊ ဆီတိုင်ကီ အဖုံးနပ် သံရောင် နဲ့ပါ။
💎 2003 Model ကို အော်တူးဆိုရင် သူ့ချက်စီက 003 ၊
004 ပါ။ 1ဘီးအတွက်က 010 ၊ 011 ၊ 012 နဲ့ပါ။
အရပ်ခေါ် ဖောင်းကြွ / မျှားစတေကာ
💎 2004 Model ကိုအော်တူးဆိုရင် ချက်စီ 004 ၊ 005 ပါ။ 1ဘီးအတွက်က 013 ၊ 014 ၊ 015 ၊ 016 ၊ 017 ပါ။အရပ်ခေါ် ငှက္မွှေး
(2002 ကနေ 2004 10 လပိုင်း 11လပိုင်းထိ မီးခလုပ်နှစ်ဖက် အနိမ့်မီးအမြင့်မီး ၊ အဖွင့်အပိတ် ပါပါတယ်)
( 2004 10 လနောက်ပိုင်းကစပြီး မီးခလုတ်တဖက် မီးအဖွင့်အပိတ် ခလုပ်မပါတော့ပါ )
💎 2005 Model ကိုအော်တူးဆိုရင်ချက်စီက 006 ၊ 007 ပါ။ 1ဘီးအတွက်က 018၊ 019 ၊ 020 ၊ 021 ၊ 022 နဲ့လာပါတယ်။ အရပ်ခေါ် ငှက္မွှေး
💎 2006 Model မှာ တော်တော်ကိုပြောင်းသွားပါပြီ။ချက်စီက အော်တူးကို 008 ၊ 009 နဲ့လာပြီး၊ 1ဘီးအတွက်ကတော့ 023 ၊ 024 ၊ 025 ၊ 026 နဲ့လာပါတယ်။
2005 လမြင့် 2006 Model မှာ ဒိုင်ခွက်ပြောင်းသွားပါပြီ။ သော့ကြီးဖြစ်သွားပါပြီ။ အန်းလည်းပြောင်း သွားပါတယ်။ဟတ်အုံလည်းအပြောင်းပါ။ ဆီဆိုင်ကီအဖုံးကသံရောင်မဟုတ်တော့ဘဲ ရွှေဝါရောင်ဖြစ်လာပါတယ်။ နတ်တွေလဲ ရွေဝါရောင် ဖြစ်လာပါပြီ။ အရပ်ခေါ် ဆူနာမီ၊ ဓားအမောက် ၊ ကျားမှီး ၊ရေလှိုင်း
💎 2007 Model ကိုအော်တူးဆိုရင်ချက်စီက 010 ၊ 011 ၊ 012 ပါ။ 1ဘီးဆိုရင် 027 ၊ 028 ၊ 029 ၊ 030 ပါ။ 2007 ဘီးမှာ 2006 လိုမဟုတ်တော့ဘဲ ဆီတိုင်ကီအဖုံးကငွေရောင်ဖြစ်သွားပါတယ်။ ဆီတိုင်ကီနတ်တွေလဲ ငွေဖြူရောင်ပါပဲ။ S တံဆိပ်စတေကာက အမဲရောင်ပြောင်းပါပြီ။ စတေကာကလည်း အလိမ်စဖြစ်ပါပြီ။
💎 2008 Model ကိုအော်တူးဆိုရင်ချက်စီက 013 ၊ 014 ၊ 015 ၊016 ပါ။1ဘီးအတွက်ကတော့ 031 ၊ 032 ၊ 033 ၊ 034 နဲ့လာပါတယ်။ အလိမ်ဖြစ်ပါပြီ။
💎 2009 Model ကိုအော်တူးဆိုရင်ချက်စီက 017 ၊ 018 ၊ 019 ပါ။ 1ဘီးအတွက်ကတော့ 035 ၊ 036 ၊ 037 ၊ 038 ပါ။ လမြင့်ဆိုရင် အင်ဂျင်ရှေ့ခြမ်းဂစ်စကပ်ကအဝါရောင်ဖြစ်သွားပါပြီ။
💎 2010 Model ကိုအော်တူးဆိုရင် ချက်စီက 020 ၊ 021ပါ။ 1ဘီးအတွက်က 039ပါ။ 2010 မှာ ကျတော်တို့ အရမ်းကြိုက်ကြတဲ့ အရည်အသွေးကောင်းလှပါချာ်ရဲ့ဆိုတဲ့ အလိမ်ရဲ့ နောက်ဆုံး ပါပဲ။
( 2004 10လပိုင်းကနေ 2014 ထိ မီးအဖွင့်အပိတ်ခလုပ်မပါပါဘူး၊ 2015 NCX , Company ကရောင်းတဲ့ Dream 125 တွေမှာပြန်ပါလာပါပြီ)
💎 2011 Model ထိ ချက်စီက ND 125ME - နဲ့ပါ။ ဆအာက်က ချက်စီကနံပါတ်က 500 ၊ 501 ၊ 502 ၊ 503၊ 504 ပါ။ 2011မော်ဒယ်က အင်ဂျင်ချက်စီရှေ့နံပါတ်နဲ့ 50 နဲ့စလာပြီးတော့ သုံးလုံးမြောက်က 0 1 2 3 4 တွေက လတွေပါ။ 2007 ၊ 2008 အလိမ်တွေလောက်သိပ်စီးမကောင်းချင်တော့တဲ့ မော်ဒယ်ပါ။
💎 2012 Model ကနေ 2014 ထိ အင်ဂျင်ချက်စီက JA 171E - အောက်ကချက်စီနံပါတ်က 20နဲ့စပါတယ်။ ဥပမာ 201 ၊202၊203၊204၊205နဲ့လာပါတယ်
1ဘီး မရှိတော့ပါ၊ (မှတ်ချက် တစီးစနှစ်စီးစရှိပါသေးတယ်။ ချက်စီနံပါတ်အတူတူပါပဲ)
💎 2015 NCX Company ကနေရောင်းတဲ့ အလိမ်တွေစပါပြီ။ 2015 Model ကနေ 2017 Model ထိကို ချက်စီက JA 172E- နဲ့လာပါတယ်။ အောက်ကချက်စီနံပါတ်က 20 နဲ့စပါတယ်။ လကတော့ အပေါ်လိုပဲ 3လုံးမြောက်ကိုကြည့်လို့ရပါတယ်။
💎 2018 2019 Model မှာကျတော့ အင်ဂျင်ချက်စီက
JA 17E - အောက်က ချက်စီနံပါတ်က
20 နဲ့လာပါတယ်။ လကတော့ 3လုံးမြောက်ပါပဲ။
💎 2020 2021 ခုလက်ရှိ Model မှာတော့ အင်ဂျင်ချက်စီက JA 17E- ပြောင်းသွားပြီး အောက်ကနံပါတ်က 60 နဲ့စပါတယ်။ သူလဲလကြည့်တာက 3လုံးမြောက်ကိုကြည့်လို့ရပါတယ်။
လကတော့ ဆိုင်ကယ်အင်ဂျင်နဲ့တဘီးလုံး အိတ်ဇော ဖရိန် ဂွေတွေက အနည်းငယ်ကွာပါတယ်။
လိုအပ်ချက်တွေ မှားနေတာတွေရှိရင် ထောက်ပြကြပါအလိမ်ဆရာများ၊ ကျတော်သိသလောက်အကုန်ကိုရေးသားပေးထားပါတယ် ။
အိတ်ဇော ၊ ဖရိန် ၊ဂွေ ၊ လျော့ဘား၊ ထိုင်ခုံ ဟိုနားဒီကြားဒိတ်လေးတွေကတော့ အရမ်းအသေးစိတိလေးတွေမို့ ကိုယ်ကြည့်ချင်တဲ့ ဒိတ်ရှိရင် cb မှာလာရောက်မေးမြန်းလို့ရပါတယ်ခင်ဗျ။
Honda Dream 125 History နဲ့ မော်ဒယ်တခုနဲ့တခုဘာတွေ ပြောင်းလဲသွားလဲဆိုတာကို အလျင့်သင့်သလိုရေးပေးပါအုံးမည်။ ယခုကတော့ တော်တော်မျာများဂျင်းမိ ရွာလည်နေတဲ့ အင်ဂျင်ဒိတ်ကိုပဲ ရေးပေးလိုက်ပါတယ်။
အားလုံးလဲ ဆိုင်ကယ်ဗဟုသုတတွေနဲ့ ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းရင်း ချစ်ခြင်းများစွာဖြင့်
Burmese Motovlog ...
HondaDream125
ဆိုင်ကယ် ၁စီး ဝယ်ယူတော့ မည်ဆိုပါက အခြေခံအားဖြင့် သိသင့် သိထိုက်သော
မော်ဒယ် ဖတ်တက်အောင် ရည်ရွယ် ပါသည် ။
ဂွေဒိတ် ၊ ဆီတိုင်ကီ ဒိတ် ၊ အန်းဖရိမ်း ၊ အရှေ့ဖောက် ၊ ဂွဒေါက် မော်ဒယ် ၊ အိပ်ဇောပိုက် မော်ဒယ် စသည် အားဖြင့် အသီးသီး.. ..
171.20-1.4 S (အရှေ့ဂွေ ဟတ်ဘရိတ်)
171.20-1.4 W(အရှေ့ဂွေ ဒစ်ဘရိတ်)
171.40-1.4 W(အနောက်ဂွေ
ဥပမာ.....
ဂွေဒိတ် မွာ မော်ဒယ်
AT ဆို 2003,1လ အရှေ့မှ အက္ခရာ A-1လ
BU-2004,2လ - B - 2လ
CV-2005,3လ - C- 3လ
DW-2006,4လ- D-4လ
EX-2007,5လ- E-5လ
FY-2008,6လ- F-6လ
GZ-2009,7လ-G-7လ
HA-2010,8လ-H-8လ
IB-2011,9လ- I-9လ
JC-2012,10လ-J-10လ
KD-2013,11လ-K-11လ
LE-2014,12လ-L-12လ
ဟု မှတ်ပါ။
အနောက် အက္ခရာ သည် ခုနှစ် ဒိတ် ဖြစ်သည်။
S-2002
T-2003
U-2004
V-2005
W-2006
X-2007
Y-2008
Z-2009
A-2010(AA-2010,1လ)
B-2011(BB-2011,2လ)
C-2012(CC-2012,3လ)
D-2013(DD-2013,4လ)
E-2014(EE-2014,5လ)
F-2015(FF-2015,6လ)
M-2016
ယိုးဒယား ဆိုင်ကယ် မော်ဒယ် ဒိတ်များ ဖြစ်ပါသည်။
ဗီယက်နမ် ဆိုင်ကယ် များနှင့် လဒိတ် ယူပုံ တူသော်လည်း
ခုနှစ် ဒိတ် ယူပုံ မတူပါ။
ဗီယက်နမ် ဘီးက
ဂွေရဲ့ အနောက် အက္ခရာ ခုနှစ် ဒိတ်သည်
P-2012
R-2013
S-2014
T-2015
V-2016
Wave RS,RSX,S,@,NCX တို့ ဖြစ်သည်။
ဆီတိုင်ကီ မွာ 24L03B ဆိုပါက
(L03)- 2003,12လ
အန်းဖရိမ်း မွာ - T28K091
(K09)- 2009,11လ
T26C4- 2004,3လ
BOA162-2016,1လ
အရှေ့ဖောက်
3H05 - 2005,8 လ
အိပ်ဇောပိုက်
G29I5A-(I5)- 2005,9လ (wave100)
B79A16- 2016,1လ(Dream 125)
ဂွဒေါက် မွာ
02B94B - ( B9) 2009,2လ
S**e Nyan
Nyan
Nay Sann