Dr May Hsu Mon

Dr May Hsu Mon Dental Tips for your Daily Life!!

05/08/2025

Daily mouthwash tips for you!!

04/08/2025

ရည်ရွယ်ချက်🦷🦷🦷

ကျွန်မတို့ နိုင်ငံရဲ့သွားနှင့်ခံတွင်း ကျန်းမာရေး
ထိန်းသိမ်း စောင့်ရှောက်မှု( ကုသမှု ) နှင့်
သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးဗဟုသုတ
( ကြိုတင် ကာကွယ်မှု )တွေကို သိရှိနားလည်ပြီး မိမိရဲ့
သွားနှင့်ခံတွင်း ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်မှု နှုန်းဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ရင်
ရာခိုင်နှုန်းအားဖြင့် အလွန်နည်းနေပါသေးတယ်။

အဓိက အကြောင်းရင်းကတော့ သွားနှင့်ခံတွင်းဆိုင်ရာ
ကျန်းမာရေးဗဟုသုတများကို သိရှိနားလည် တဲ့သူတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာမှာ
အလွန် နည်းပါးနေလို့ပဲ ဖြစ်ပါတယ်။

ဒုတိယအကြောင်းအရင်းကတော့ ကုသမှုစရိတ်
မတတ်နိုင်တာကြောင့်လည်း ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးဗဟုသုတများကို ငယ်စဉ် ကလေးဘဝကစပြီး သိရှိလိုက်နာ
နိုင်ခဲ့မယ်ဆိုရင် ကုသရမည့် အဆင့်ထိမရောက်
ငွေကုန်ကြေးကျ များစရာမလိုပဲ ထိန်းသိမ်းစောင့်ရှောက်ရင်းဖြင့် ကျန်းမာသော သွားနှင့်ခံတွင်းကို
လူတိုင်းပိုင်ဆိုင်နိုင်ကြမှာ အသေအချာပါပဲ။

ဒါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျန်းမာသော သွားနှင့်ခံတွင်းကို လူတိုင်း ပိုင်ဆိုင်နိုင်ကြစေဖို့ မိမိတို့ရဲ့ ရင်သွေးငယ်များမှ စတင်ပြီး မိဘများ နှင့် မိသားစုများအားလုံး သွားနှင့်ခံတွင်းဆိုင်ရာ ဆောင်ရန် ရှောင်ရန် အချက်အလက်တွေကို သိရှိနားလည်ပြီး အလေ့အကျင့်ကောင်းများဖြင့် ထိန်းသိမ်းစောင့်ရှောက်တတ်သော မျိုးဆက်သစ်များ ပိုမိုများပြားလာစေရန် အတွက် ရည်ရွယ်ပြီး ဒီ page လေးကို တည်ထောင်ရခြင်း ဖြစ်ပါတယ်။

ဒီ page ရဲ့ ရည်ရွယ်ချက်လေး ဖြစ်မြောက်စေရန် အတွက် မိဘပြည်သူများမှလည်း မိမိ၏ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ပြန်လည်မျှဝေခြင်းဖြင့် မိမိနိုင်ငံရဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်လာဖို့ အတူလက်တွဲ ပူးပေါင်းပေးဖို့
မေတ္တာရပ်ခံအပ်ပါတယ်။🙏🙏🙏

မိဘပြည်သူများ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
🙏🙏🙏

ရေးသားထားတဲ့ ဆောင်းပါးတွေကို တစုတစည်းတည်း ဖော်ပြပေးထားပါတယ်🙏🙏🙏

ကလေးတွေ အတွက် သွားတိုက်ဆေး ရွေးချယ်ဝယ်ယူတဲ့အခါမှာ သတိထားရမယ့် ပါဝင်ပစ္စည်းက ဘာလဲ❓❓❓(သတိပြုစရာ Fluoride)
https://www.facebook.com/511141596050807/posts/562658237565809?sfns=mo

သွားတိုက်ဆေးကို ကလေး ဘယ်အရွယ်မှာ စ သုံးပေးရမလဲ❓❓❓❓
https://www.facebook.com/511141596050807/posts/541574959674137?sfns=mo

သားသားမီးမီးတို့ရဲ့ သွားလေးတွေ ဘယ်အချိန်မှာ ပေါက်တာလဲ❓❓❓
https://www.facebook.com/511141596050807/posts/533406403824326?sfns=mo

ကလေးငယ်များ လက်မစုပ်ခြင်း၏ နောက်ဆက်တွဲအန္တရာယ်‼️‼️‼️
https://www.facebook.com/511141596050807/posts/529583804206586?sfns=mo

ကလေးသွား(ငယ်သွား)လေးများ အချိန်မတိုင်ခင် ပျက်စီး ဆုံးရှုံးခြင်း အန္တရာယ်‼️‼️
https://www.facebook.com/511141596050807/posts/526018087896491?sfns=mo

သွားပိုးစားခြင်း နဲ့ နို့ဘူးစို့ခြင်း ပြဿနာ????
https://www.facebook.com/511141596050807/posts/521330661698567?sfns=mo

ကလေးသွားလေးတွေက ဘာလို့သွားပိုးစားတာလဲ????https://www.facebook.com/511141596050807/posts/518186145346352?sfns=mo

ကလေးတွေကို ဘယ်ချိန်မှာ သွားစတိုက်ပေးကြမလဲ????
https://www.facebook.com/511141596050807/posts/515424635622503?sfns=mo

ကလေးတွေကို ပထမဆုံးအနေနဲ့ သွားဆေးခန်း ပြသတယ်ဆိုတာ ဘယ်လိုမျိုးလဲ????
https://www.facebook.com/511141596050807/posts/513168479181452?sfns=mo

ဘယ်အချိန်မှာ ကလေးတွေကို သွားနှင့်ခံတွင်း ဆေးခန်းသို့
သွားရောက် ပြသသင့်သလဲ????🧐🧐
https://www.facebook.com/511141596050807/posts/512301552601478?sfns=mo

30/07/2025

25/07/2025

01/07/2025
01/07/2025

#ပါးစပ်နံ #ခံတွင်းနံ့ဆိုး #သွားနှင့်ခံတွင်းကျန်းမာရေး

23/06/2025

#သွားဆရာဝန် #သွားနှင့်ခံတွင်းကျန်းမာရေး #ကာကွယ်ခြင်းသည်ကုသခြင်းထက်ကောင်းသည်

16/06/2025

ဆီးချိုသမားများ သွားတွေ နဲ့ ပြီးကျွတ်မထွက်ရအောင်…. MayHsuMon #ဆီးချိုသမားများ #သွားနှင့်ခံတွင်းကျန်းမာရေး #သွားဆရာဝန် #သွားဖုံးယောင် #ရေစီးကမ်းပြို

သားသားမီးမီးတို့ရဲ့ သွားလေးတွေ ဘယ်အချိန်မှာ ပေါက်တာလဲ❓❓❓ကလေးငယ် အများစုကတော့ အသက် ၆ လ ဝန်းကျင်မှာ သူတို့ရဲ့ ပထမဆုံးသွားလ...
13/06/2025

သားသားမီးမီးတို့ရဲ့ သွားလေးတွေ ဘယ်အချိန်မှာ ပေါက်တာလဲ❓❓❓

ကလေးငယ် အများစုကတော့ အသက် ၆ လ ဝန်းကျင်မှာ သူတို့ရဲ့ ပထမဆုံးသွားလေးတွေ ပေါက်လာပါတယ်။

သွားစပေါက်လာပြီ ဆိုတာနှင့် ဖေဖေ မေမေတို့က မိမိတို့ရင်သွေးငယ်လေးတွေရဲ့ သွားလေးတွေကို သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။အဓိကအားဖြင့် ညဘက် အိပ်ရာဝင်ခါနီးမှာ လက်မှာစွပ်တဲ့ brush လေးသုံးပြီး သန့်ရှင်းရေးလုပ်ပေးပါ။သွားဖုံးနှင့် လျှာကိုလည်း အဝတ်စိုလေးဖြင့်ပွတ်ပြီး သန့်ရှင်းရေလုပ်ပေးဖို့ မမေ့ပါနဲ့။

ကလေးသွားလေးတွေရဲ့ သွားပေါက်လာချိန်လေးတွေကတော့(အောက်မှာ ပုံလေးနဲ့ ပြထားပါတယ်)

၆ လ မှ ၁၂ လ
အရှေ့အောက်သွားလေး ၂ ချောင်း အရှေ့အပေါ်သွားလေး ၂ ချောင်း စုစုပေါင်း ၄ ချောင်း

၉ လ မှ ၁၆ လ( ၁ နှစ် ၄ လ)
အပေါ်ရှေ့သွား ၄ ချောင်း အောက် ရှေ့သွား ၄ ချောင်း စုစုပေါင်း ၈ ချောင်း

၁၃ လ(၁ နှစ် ၁ လ)မှ ၁၉ လ(၁ နှစ် ရ လ)
ပထမ အံသွားလေးတွေ အပေါ်အောက် ဘယ်ညာ ထွက်လာပြီး စုစုပေါင်း ၁၂ ချောင်း

၁ရ လ(၁ နှစ် ၅ လ)မှ ၂၃ လ(၁ နှစ် ၁၁ လ)
အပေါ်အောက် ဘယ်ညာက စွယ်သွားလေး ၄ ချောင်းထပ်ထွက်လာပြီး စုစုပေါင်း ၁၆ ချောင်း

၂၃ လ(၁ နှစ် ၁၁ လ)မှ ၃၃ လ( ၂ နှစ် ၉ လ)
အပေါ်အောက်ဘယ်ညာက ဒုတိယ အံသွားလေး ၄ ချောင်း ထွက်လာပြီးရင်တော့ စုစုပေါင်းသွား အချောင်း၂၀ ဖြင့် ငယ်သွားပေါက်ခြင်းကပြီးပြည့်စုံသွားပါပြီ။

ကလေးတွေ သွားထွက်လာခါနီးရင် သားရည်ကျတတ်ပါတယ်။တွေ့ကရာ အရုပ် ပစ္စည်း စသဖြင့် ယူပြီး ကိုက်ပစ်တတ်တာမို့ ဖေဖေ မေမေတို့က သတိထားပေးပါ။မသန့်ရှင်းတာတွေ ကလေးက ကိုက်မိမှာ စိုးရိမ်ရတဲ့အတွက် ကလေးကိုက်ဖို့ teething toys လေးတွေ ဝယ်ထားပြီး သန့်ရှင်းအောင်ထားပြီးမှ ကလေးကို ပေးပါ။။ကလေးက ဂျီကျမယ် ၊သိပ်ရတာ ခက်မယ် ၊အစားအစာ ကျွေးရတာ ခက်မယ် စသဖြင့် ကြုံရတတ်တာမို့ ဖေဖေ မေမေတို့က စိတ်ရှည်ပေးဖို့ လိုပါတယ်။

တချို့ကလေးငယ်လေးတွေမှာ မွေးကတည်းက သွားလေးတွေပေါက်လျက်သား ပါလာတတ်ပါတယ်။ ကြောက်စရာ မလိုသလို စိုးရိမ်စရာလည်း မလိုပါ။ဖြစ်လေ့ဖြစ်ထလည်း ရှိပါတယ်။ပုံမှန်ပါပဲ။ဟိုးးအရင် မဖွံ့ဖြိုးသေးတဲ့ ကာလတွေတုန်းကတော့ ဒီလိုသွားလေးတွေနဲ့ ကလေးလေး မွေးလာခဲ့ရင် ဘီလူးလေး အကျိုးမပေးဘူး ဆိုပြီး မိဘ ဆွေမျိုးတွေကငြိုငြင်တတ်ကြပါတယ်။အခုခေတ်မှာတော့ ဒီလိုအယူအဆတွေ မရှိကြတော့ပေမယ့် ဖြစ်တတ်တာလေးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးတာပါ။

တချို့ကလေးငယ်လေးတွေမှာတော့ အသက် ၈ လ ၁ နှစ် ဝန်းကျင်မှ သွားလေးတွေ စတင်ပေါက်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။သွားပေါက်နောက်ကျတဲ့ သဘောမျိုးပါ။လအနည်းငယ် နောက်ကျတာက စိတ်ပူစရာမလိုပေမယ့် ကလေးအသက် ၁ နှစ်ခွဲ အထိ သွားထွက်မလာသေးရင်တော့ သွားဆရာဝန်နဲ့တိုင်ပြသဖို့ လိုအပ်လာပါပြီ။ကလေး သွားပေါက် နောက်ကျခြင်းက
(၁)မိဘ မျိုးရိုးလိုက်ခြင်း
(၂)ကလေးငယ်ရဲ့ သွားနဲ့မေးရိုးဆိုင်ရာ ဖွံ့ဖြိုးမှုပြဿနာ
(၃)Vitamin D ချို့တဲ့ခြင်း
(၄)Down’s Syndrome လို့ခေါ်တဲ့ပြဿနာရှိနေခြင်း
တို့ကြောင့် ဖြစ်နိုင်တဲ့အပြင် ပထမဆုံးသွားပေါက်နောက်ကျတာနဲ့ နောက်ကပေါက်လာမယ့် သွားလေးတွေပါ နောက်ကျသွားပြီး သွားနှင့်ခံတွင်း ပြဿနာတွေပိုမိုဖြစ်ပေါ်လာစေတာမို့ သတိထားဖို့ လိုအပ်ပါတယ်။

ကလေးရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေး အတွက် အသက် ၁ နှစ် ဝန်းကျင်မှာ သွားနှင့်ခံတွင်းဆေးခန်းကို သွားရောက် ပြသတိုင်ပင်ဆွေးနွေးကြဖို့ တိုက်တွန်းချင်ပါတယ်။

Dr.May Hsu Mon

ကလေးများအတွက် အခြားသော သွားနှင့်ခံတွင်းကျန်းမာရေး အကြောင်းအရာများ ပိုမိုသိချင်ရင် page ထဲမှာ ဝင်ရောက် ဖတ်ရှုပါ လို့။

မိမိရဲ့မိတ်ဆွေများကို share လေးနှိပ်ပြီး ပြန်လည် မျှဝေခြင်းဖြင့် ကူညီပေးလို့ရပါတယ်နော်။

12/06/2025

သွား စ တိုက်ရမယ့် အရွယ်..
#သွားနှင့်ခံတွင်းကျန်းမာရေး #သွားဆရာဝန်

08/06/2025

MayHsuMon #သွားဆရာဝန် #သွားချေးကျောက် #သွားကျဉ် #သွားနှင့်ခံတွင်းကျန်းမာရေး #ကာကွယ်ခြင်းသည်ကုသခြင်းထက်ကောင်းသည်

31/05/2025

သွားနှုတ်မလား ..??? သွားထဲက အကြောလေးပဲ သီးသန့်နှုတ်မလား ..??? MayHsuMon #သွားဆရာဝန် #ကာကွယ်ခြင်းသည်ကုသခြင်းထက်ကောင်းသည် #သွားနှင့်ခံတွင်းကျန်းမာရေး

Address

Lai Chi Kok

Opening Hours

Monday 11:00 - 17:00
Friday 11:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Dr May Hsu Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share