Cele Magazine

Cele Magazine We will share updated True News,Media and knowledge for you.

ခန္ဓာဆိုတာ သစ်ရွက်လေးတစ်ရွက်လိုပါပဲ 😔
17/12/2021

ခန္ဓာဆိုတာ သစ်ရွက်လေးတစ်ရွက်လိုပါပဲ 😔

အတိတ်တွေနိမိတ်တွေက--ရန်အောင်ချမ်းသာဘုရားကြီးနေပြည်တော် လယ်ဝေးမြို့က မျက်နှာတော် ပျားအုံဖွဲ့၊CRD,
24/11/2021

အတိတ်တွေနိမိတ်တွေက--
ရန်အောင်ချမ်းသာဘုရားကြီး
နေပြည်တော် လယ်ဝေးမြို့က
မျက်နှာတော် ပျားအုံဖွဲ့၊

CRD,

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ဆရာအနန္တော အနန္တငါးပါးကို မမေ့ပါနဲ့၊ခင်ပွန်းကြီး (၁၀) ပါးကျေးဇူးကိုဘယ်တော့မှ မစော်ကားမိပါစေနဲ့ဘယ်တေ...
05/11/2021

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ဆရာ

အနန္တော အနန္တငါးပါးကို မမေ့ပါနဲ့၊

ခင်ပွန်းကြီး (၁၀) ပါးကျေးဇူးကို

ဘယ်တော့မှ မစော်ကားမိပါစေနဲ့

ဘယ်တော့မှ မဆင်းရဲပါ

ဘယ်တော့မှ ဒုက္ခမရောက်ပါ

အင်အားအလွန်ကြီးသော

အကျိုးပေးကြီးသော " ဂရု" ကံများ

ဖြစ်ကြပါတယ်။

ပဲခူးမြို့ မြွေဘုရားက မြွေမယ်တော်ကြီး"လို့ လူသိများတဲ့မြွေကြီး စောနန်းဝေ ဆုံးသှားပီလို့သိရပါသည်။ကောင်းရာမွန်ရာ ရောက်ပါစေ...
24/10/2021

ပဲခူးမြို့ မြွေဘုရားက
မြွေမယ်တော်ကြီး"လို့ လူသိများတဲ့
မြွေကြီး စောနန်းဝေ ဆုံးသှားပီလို့သိရပါသည်။
ကောင်းရာမွန်ရာ ရောက်ပါစေ။
October22
Photocrd
Bago Hero

😂😂😂
17/10/2021

😂😂😂

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ဆွမ်းခံကြွရာလမ်းမှာ ထင်ခဲ့တဲ့ခြေတော်ရာတွေဟာ ချိုင့်မဝင် နစ်မသွားပဲ အပေါ်ကိုဖောင်းတက်န...
09/10/2021

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ဆွမ်းခံကြွရာလမ်းမှာ ထင်ခဲ့တဲ့ခြေတော်ရာတွေဟာ ချိုင့်မဝင် နစ်မသွားပဲ အပေါ်ကိုဖောင်းတက်နေတယ်..🙏🙏🙏

အသွားအပြန် တစ်ညီတည်းဖြစ်နေတယ်..🙏

ဒီခြေလှမ်းတွေဟာ သာမာန်ပုဂ္ဂိုလ်၏ ခြေလှမ်းတွေမဟုတ်တာ ထင်ရှားစွာဖူးမြင်ရပါ၏ 🙏🙏🙏

သီတင်းကျွတ်တာနဲ့ ဆရာတော်ဘုရားကြီး အဖူးမခံတော့ပါ.🌹🙏🌹🙏🌹🙏🌹

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဉေယျဓမ်တောရ ဆွမ်းခံရာလမ်းမှ ခြေရာတော်များ ဖြစ်ပါတယ်။

အများသူငါ ဖူးမြင်နိုင်စေဖို့တင်ပြအပ်ပါသည်။

ဓာတ်ပုံ မှတ်တမ်း

နတ်တလူသာသနာပြုစခန်းပြန်ကြားရေး

လေးစားစွာဖြင့် ပြန်လည်မျှဝေပါသည်။🙏🏻🙏🏻🙏🏻

စိတ်ဆိုးရင် တစ်ကနေ တစ်ဆယ်ထိ  ရေတွက်လိုက်ပါ 1----2----3----4----5----6----7----8----9----10😊အဖေ့မှာ  အကျင့်တစ်ခုရှိတယ်။  ...
08/10/2021

စိတ်ဆိုးရင် တစ်ကနေ တစ်ဆယ်ထိ ရေတွက်လိုက်ပါ 1----2----3----4----5----6----7----8----9----10😊
အဖေ့မှာ အကျင့်တစ်ခုရှိတယ်။ ငယ်စဉ်တုန်းက သူမကြိုက်တာတစ်ခုခုလုပ်တဲ့ ကျွန်တော်တို့မောင်နှမတွေကို စိတ်ဆိုးဒေါသထွက်လာပြီဆိုရင် အမှတ်စဉ် တစ်ကနေ တစ်ဆယ်အထိအသံထွက်ပြီး ရေလေ့ရှိပါတယ်။
အဲ့ဒါဟာ မိဘတစ်ချို့ရဲ့ သားသမီးတွေအပေါ်မှာ စိတ်ဆိုးရင် စိတ်လိုက်မာန်ပါမလုပ်မိဖို့ အချိန်ဆွဲတဲ့နည်းပါ။ စိတ်ဆိုးပြေစေတဲ့ နည်းလည်း ဖြစ်ပါတယ်။ မိဘအတော်များများက ဒီနည်းဟာအလုပ်ဖြစ်တယ်လို့ ပြောကြပါတယ်။
ကျွန်တော်ကတော့ အဲ့ဒီတစ်ကနေ တစ်ဆယ်ထိ အမှတ်စဉ်ရေတွက်တဲ့နည်းကို အသက်ရှူတာနဲ့ ပေါင်းစပ်ပြီး ပိုကောင်းအောင်လုပ်လိုက်ပါတယ်။ ဒီလိုပါ တစ်ယောက်ယောက်ကို စိတ်ဆိုးပြီဆိုရင် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး '
တစ်' လို့ စပြီးရေတွက်လိုက်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို စိတ်အေးလက်အေးဖြစ်သွားအောင် စိတ်ကိုလျှော့ချလိုက်ပြီး အသက်ရှူထုတ်လိုက်တယ်။ စောစောကလိုပဲ 'နှစ်'လို့ ရေတွက်လိုက်ပြန်တယ်။
ရှူထုတ်လိုက်ပြန်တယ်။(အဲ့ဒါမှ စိတ်ဆိုးမပြေ‌သေးရင် အမှတ်စဉ် ၂၅ အထိ ဆက်ရေတွက်ဖို့ စိတ်ကူးထားပါတယ်။ ဒါပေမဲ့ အမှတ်စဉ် ၂၅ အထိ ရောက်အောင် ရေတွက်ခဲ့ရတဲ့ အခြေအနေကို တစ်ခါမှ မရောက်ခဲ့ပါဘူး)။
ဒီလိုလုပ်တာဟာ တစ်ကယ်တော့ စိတ်ကိုရှင်းလင်းအောင် လုပ်လိုက်တဲ့ ကမ္မဋ္ဌာန်းထိုင်နည်း အသေးစားလေးနဲ့ တူပါတယ်။ဒီနည်းကိုစမ်း လုပ်ကြည့်ပါ။ အဲ့ဒါကို လုပ်ပြီးသွားရင် အသက်ရှူသွင်း လုပ်ပေးခြင်းကြောင့် အဆုတ်ထဲမှာ အောက်ဆီဂျင်ပြည့်သွားတာရယ် ၊ အမှတ်စဉ်ရေတွက်‌နေလို့
အချိန်ကြာမြင့်မှုကြောင့် စိတ်ဆိုးနေတာ ဒေါသဖြစ်နေတာတွေ ပျောက်သွားပါတယ်။ လုံဝမပျောက်သွားတောင် အများကြီး‌လျော့ကြသွားပါတယ်။ ဆင်ခြင်သိမြင်နိုင်စွမ်းအား တိုးတက်လာပါတယ်။
စိတ်ဆိုးစဉ်က တချို့ကိစ္စတွေဟာ ကြီးကျယ်တယ်လို့ ထင်နေခဲ့တာ အခုတော့ အရေးမပါတဲ့ အသေးအဖွဲ့ကိစ္စမှန်း သိလာပါတယ်။ ဒီနည်းကို စိတ်ဆိုးတဲ့ ကိစ္စမှာတင် မဟုတ်ပဲ စိတ်ဖိစီးမှုများနေချိန် စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့နေချိန်မှာလည်း သုံးကြည့်လို့ရပါတယ်။
စိတ်ထဲမှာ တစ်ခုခုကို ဘဝင်မကျဖြစ်နေရင်လည်း ဒီနည်းကိုသုံးကြည့်လိုက်ပါ။အမှန်က ဒီနည်းဟာ စိတ်ဆိုးနေချိန်ဖြစ်ဖြစ် စိတ်မဆိုးချိန်ဖြစ်ဖြစ် စိတ်ကို မီးနစ်အနည်းငယ် အနားပေးလိုက်တာပါ။
ကျွန်တော်ကတော့ ဒီနည်းကို နေ့စဉ် လုပ်ငန်းဆောင်တာတွေ လုပ်နေစဉ်မှာ လုပ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါကိုလုပ်ပြီးတိုင်း စိတ်အေးချမ်းသက်သာမှုရပြီး ရင်ထဲမှာလည်း ငြိမ်းချမ်းသွားလို့ပါ။
သေချာတာတစ်ခုကတော့ ဒီနည်း‌ကြောင့်ကျွန်တော်ဟာ စိတ်ဆိုးတာ ဘယ်တော့မှမဖြစ်တော့ပါဘူး။
ဆရာဗန်းမော်သိန်းဖေရဲ့ အသေးအဖွဲလေးတွေနဲ့ စိတ်ညစ်မနေပါနဲ့ စာအုပ်မှ။

လွတ်မြောက်နယ်မြေရောက် သရုပ်ဆောင်မြနှင်းရည်လွင်ရဲ့ရိုးရှင်းတဲ့အလှ
07/10/2021

လွတ်မြောက်နယ်မြေရောက် သရုပ်ဆောင်မြနှင်းရည်လွင်ရဲ့ရိုးရှင်းတဲ့အလှ

တနင်္ဂ​နွေ​ သားသမီး​တွေက အရမ်းကြီး မထူးဆန်း​ ပေမဲ့... အခြားလူ ​တွေနဲ့ ကွဲပါးတဲ့ စရိုက်​​တွေကို ပိုင်​ဆိုင်​ထား သူ​တွေပါ....
03/10/2021

တနင်္ဂ​နွေ​ သားသမီး​တွေက အရမ်းကြီး မထူးဆန်း​ ပေမဲ့... အခြားလူ ​တွေနဲ့ ကွဲပါးတဲ့ စရိုက်​​တွေကို ပိုင်​ဆိုင်​ထား သူ​တွေပါ... ဒါ​ကြောင့် သူတို့ဟာ အခြား လူ​တွေနဲ့ ကွဲပါး​နေတတ် ​ကြပါတယ်​...

တနင်္ဂ​နွေ သားသမီး​တွေဟာ စာဖတ် ​ဝါသနာ ပါကြတယ်​... ဗဟုသုတကို လိုက်​စားတယ်​... အအိပ်​မက် တယ်​ အစားမကြီးဘူး... ဒါ​ပေမဲ့ ခဏ ခဏ စား​နေတတ်​ တာမျိုး... ​ဒေါသကြီး​ပေမဲ့ ​ကောက်​ရိုးမီး လိုမျိုး... ခဏပဲ.... ပြီးရင်​ သူမဟုတ် ​သလိုမျိုး... စိတ်​ဆိုး စိတ်​​ကောက်​ လွယ်​တယ်​.... ဒါ​ပေမဲ့ ​စိတ်​​ပြေလွယ် ​တယ်​.. ဒါ​ကြောင့်​မို့ သူတို့ဟာ ချစ်​စရာ ​ကောင်း​နေတတ် ​ကြပြန်​ ​ရော....

ချစ်​သူ အ​ပေါ် အနိုင်​ယူလိုတဲ့ စိတ် ​ရှိတယ်​... ကိုယ့်​ချစ်​သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်​​စေချင်​တဲ့ သူမျိုး... အရမ်းလည်း ချစ်​တတ်​ကြတယ်.. အချစ်​ကြီးပြီး အချစ် ​အတွက်​ဆို တဇွတ်​ထိုးနိုင်​တဲ့ သူ​တွေပါ.. ဒါ့​ကြောင်​ အချစ်​​ရေးမှာ ကံညံ့တယ်​လို့ နည်းနည်း​ပြောရမယ်​... ဦး​ဆောင်​လိုစိတ် ​ပြင်းပျတယ်​.

နေရာတကာ ဆရာကြီးလုပ်​တဲ့ သူမျိုး မဟုတ်​​ပေမဲ့ ... ဦးဆောင်​နိုင်​တဲ့ အရည်​အချင်း အပြည့်​အဝ ရှိသူ​တွေပါ... မိသားစုကိုလည်း ချစ်​တတ်​ကြတယ်​..

credit

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးကျောင်းသင်္ခန်းအတွင်း ရိုးရှင်းအေးချမ်းစွာ စမ္ပယ်တော်မူနေပုံ-Photo-မူရင်းပူဇော်...
01/10/2021

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးကျောင်းသင်္ခန်းအတွင်း ရိုးရှင်းအေးချမ်းစွာ စမ္ပယ်တော်မူနေပုံ-
Photo-မူရင်းပူဇော်သူ

ကံဇာတာတွေ ကောင်းချင်ရင်*********************ဖတ်ကြည့်နော်ဘဝမှာကံဇာတာတွေ ကောင်းချင်ရင်၁။မနက် မျက်နှာသစ်တဲ့အခါသရဏဂုံကို ရွတ...
29/09/2021

ကံဇာတာတွေ ကောင်းချင်ရင်
*********************
ဖတ်ကြည့်နော်
ဘဝမှာ
ကံဇာတာတွေ ကောင်းချင်ရင်

၁။မနက် မျက်နှာသစ်တဲ့အခါ
သရဏဂုံကို ရွတ်ဆိုပါ။
( မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် )

၂။သွားတိုက်တဲ့အခါ ဂုဏ်တော်ပွါးများပါ။
( ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည်
အပြောအဆို မှန်သမျှ အောင်မြင်စေပါတယ် )

၃။သတိရရင် ရသလို မေတ္တသုတ် ရွတ်ပါ။
( မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့
လုံခြုံ နွေးထွေးစေပါတယ် )

၎။တစ်နေ့( ၂ )ကြိမ်
အနည်းဆုံး သောက်တော်ရေ ကပ်လှူပါ။
( "၇"ရက် သားသမီးများ အေးချမ်းသလို
ကိုယ့်ဘဝလဲ အေးချမ်းပါတယ် )

၅။တစ်နေ့ တစ်ကြိမ်
မဟာသမယသုတ် ရွတ်ဖြစ်အောင် ရွတ်ပါ။
( နတ်တို့ ချစ်ခင် စောင့်ရှောက်ပါတယ် )

၆။တစ်နေ့ တစ်ကြိမ်
ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပါ။
( အကျိုးကျေးဇူး ဧကန်ထူးပါတယ် )

၇။တဈနေ့ တစ်ကြိမ်
ခင်ပွန်းကြီး( ၁ဝ )ပါးကို ဝန်ချတောင်းပန်
ရှိခိုးပါ။
( အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ် )

၈။ငါးပါးသီလကို လုံခြုံအောင်
အတတ်နိုင်ဆုံး စောင့်ထိန်းပါ။
( သီလအကျိုးကြောင့်
လူ့တန်ဖိုး မြင့်တက်လာပါတယ် )

၉။မိဘကျေးဇူးကို အထူးသိတတ်ပါ။
( ရောက်ရာအရပ်မှာ လူချစ်လူခင် ပေါပြီး
ကူညီစောင်မသူတွေနဲ့ တွေ့ရပါလိမ့်မယ် )

၁ဝ။စိတ်ကောင်းရှိစွာ နေထိုင်ပါ။
( စိတ်နောက်ရင် ဘဝက နောက်ပါတယ် )

၁၁။နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက
တစ်ခုခုရဖို့ ကြိုးစားပါ။
( လူဖြစ်ရတဲ့ အခိုက်အတန့်မှာ
လူဖြစ်ရကျိုး နပ်စေပါတယ် )

၁၂။တစ်နေ့ကို
အနည်းဆုံး ( ၁၅ )မိနစ်ခန့် တရားထိုင်ပါ။
( သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါတယ် )

မူရင်း-Credit
မေတ္တာဖြင့်
အရှင်ပုည( ဝကုန်း )
Crd

မဟာဗောဓိမြိုင်ဆရာတော်ကို ဘာကြောင့် လူအုပ်ကြီးက လာရောက် လှုဒါန်း ကြည်ညိုဖူးမျှော်ကြတာလည်း ဆိုရင်"သံဃာဂုဏ်တော် ပြည့်စုံသော...
29/09/2021

မဟာဗောဓိမြိုင်ဆရာတော်ကို ဘာကြောင့် လူအုပ်ကြီးက လာရောက် လှုဒါန်း ကြည်ညို
ဖူးမျှော်ကြတာလည်း ဆိုရင်

"သံဃာဂုဏ်တော် ပြည့်စုံသောကြောင့် " လို့ အကျဉ်းအားဖြင့် အဖြေပေးရလိမ့်မယ် ထင်ပါတယ်။

သံဃာ့ဂုဏ်တော်တွေထဲမှာအကြောင်း ဂုဏ်လေးပါးရှိပါတယ်။

၁။ အကျင့်ကို ကောင်းကောင်း ကျင့်ခြင်း

၂ အကျင့်ကို တဖြောင့်တည်း ကျင့်ခြင်း

၃။နိဗ္ဗာန်ကို သိဖို့ပဲ ကျင့်နေခြင်း

၄။ အကျင့်မြတ်ကို ရိုရိုသေသေ ကျင့်ခြင်း

ဒီလေးပါးလုံးပြည့်စုံတာကလည်း ပထမမဂ်ဖိုလ်ရ -ဒုတိယ - တတိယ - စတုတ်ထ မဂျဖိုလျ ရ အတွဲလိုက် အရိယာပုဂ္ဂိုလ်၄ယောက်

ပထမဖိုလ်ပုဂ္ဂိုလ် ၁

ဒီလိုခွဲ ရင် အရိယာ ၈ယောက်ကပဲ ပြည်စုံအောင် ကျင့်နိုင်ကြပါတယ်။အဲဒီ အရိယာ (စိတ်ဖြူစင်ပြီး ) ပုဂ္ဂိုလ်များဟာအကျိုး ၅မျိုး တောက်လျောက် ရတော့တာပါပဲ။

၁။ အဝေးက နေ လာရောက်ပူဇော် တာ ခံရခြင်း

၂။ ဧည့်သည် တို့အတွက် အထူးစီမံထားတဲ့အရာ တို့ဖြင့်လည်း ပူဇော်တာ ခံရခြင်း

၃။ သံသရာအတွက် ရည်စူး လှူတာ ခံရခြင်း

၄။လူအများ၏ လက်အုပ်ချီးမိုးတာ ခံရခြင်း

၅။ လူနတ်ဗြဟ္မာတို့၏ မြတ်သောကုသိုလ်မျိုးစေ့ ကျဲချရာ လယ်ယာမြေ သဖွယ်ဖြစ်ခြင်း ဆိုတဲ့ အကျိုး သံဃာ့ဂုဏ် ၅ ပါးတို့ကပ်လျက် အကျိုး ရတော့တာ အမှန်ပါပဲ။

ဒါဆို ဆန်းစစ်ကြစို့.. သံဃာဂုဏ်တော် ၉ ပါးကို သုံးပိုင်းခွဲမယ်ဆိုရင်

၁။ အကြောင်းလေးပါး က ကျင့်ရမယ်

၂။ အရိယာ ပုဂ္ဂိုလ် ဖြစ်သွားမယ်

၃။ အကျိုး ၅ မျိုး ရမယ်

ဒါက ဘယ်ပုဂ္ဂိုလ် ကျင်ကျင့်ဘုရားလက်ထက်က အစယနေ့ခေတ်တိုင်အောင်ကျင့်၍အရိယာပုဂ္ဂိုလ်များ ရတဲ့ အကျိုးမုချ ကိန်းသေ တဲ့သံဃာ့ဂုဏ်တော်များ ဖြစ်ပါတယ်။

ဒီဂုဏ်တော် ၉ ပါးနဲ့ မဟာဗောဓိမြိုင် ဆရာတော်ကြီးကိုက်ညီမှု ရှိ မရှိ တိုက်ကြည့်မယ်ဆိုရင်
အံကိုက် ကွက်တိ ဖြစ်နေတာတွေ့ရပါလိမ်မယ်

ဒါ့ကြောင့် ဆရာတော်ကြီးဟာလူအများ၏ လှုဒါန်း ရှိခိုး ပူဇော်တာခံနေရခြင်း ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ကိုယ့်ဟာကို စစ်ကြအုံးစို့

၁။ အကြောင်း သံဃာဂုဏ် လေးပါး ကျင့်ပါရဲ့လားပြည်စုံပါရဲ့လား

၂။ စိတ် ဖြူစင် (ကိလေသာကင်း)ပါရဲ့လား

၃။ အကျိုး သံဃာဂုဏ် ၅ ပါး ရပါရဲ့လား အကျိုးတရားတို့ မရဘူးဆိုရင် အကြောင်း တရားတို့ မပြည်စုံသေးလို့ပဲ လို့ မှတ်ယူရမှာပဲ မဟုတ်ပါလား?

ကိုယ်တို့ ပုထုဇဉ်ဆိုတာဖြစ်ပြီးတဲ့ အရိယာပုဂ္ဂိုလ်တို့ပုံစံ ယူ ကျင့်နေရတဲ့ဥပစာရ(အနီးစပ်ဆုံး တူတဲ့သူ) အားဖြင့်လူတွေရဲ့လှုဒါန်း ရှိခိုး ပူဇော်တာခံရတယ်လို့ပဲပြောရင် လွန်တယ်လို့များထင်ကြမလား?

အားလုံးကို ချုပ်လိုက်ရင် စိတ်ဖြူစင်တဲ့ အရိယာပုဂ္ဂိုလ်ဖြစ်အောင် အကြောင်း ဖြစ်တဲ့ အကျင့်မြတ်ကိုကောင်းကောင်းကျင့်ရမယ် တဖြောင့်တည်း ကျင့်ရမယ် ရိုရိုသေသေ ကျင့်ရမယ်အအေးဓာတ်ကို သိဖို့ပဲ ကျင့်ရမယ်

ဒါဆိုရင်တော့ သူသူ ကိုယ်ကိုယ် အကျိုး သံဃာဂုဏ်တို့ ကိုယ့်ဆီ ဆိုက်ရောက်လာလိမ့်ဆိုတဲ့အကြောင်းမကျင့်ရင်တော့မမျှော်လင့်ပါနဲ့ ဆိုတဲ့ အကြောင်းကျင့်၍ အကျိုးရတဲ့ ပုဂ္ဂိုလ်များကိုကြည်ညိုကြပါလို့ပဲ တိုက်တွန်းနှိုးဆော်လိုက်ရကြောင်းပါ ခင်များ။

အရှင်ဇဋိလာလင်္ကါရာဘိဝံသ အားလုံး သံဃာဂုဏ် အာရုံပြုနိုင်ကြပါစေ။ ခရက်ဒစ်.

Cím

Kamut
11121

Telefonszám

+959782246852

Weboldal

Értesítések

Ha szeretnél elsőként tudomást szerezni Cele Magazine új bejegyzéseiről és akcióiról, kérjük, engedélyezd, hogy e-mailen keresztül értesítsünk. E-mail címed máshol nem kerül felhasználásra, valamint bármikor leiratkozhatsz levelezési listánkról.

Megosztás