Zin’s Sharing Box

Zin’s Sharing Box Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zin’s Sharing Box, Digital creator, Bali.

14/10/2025

ရှေးအမွေအနှစ် တခုအနေနဲ့ ထိန်းသိမ်းထားတဲ့ စင်္ကပူရဲ့ အစိုစျေးတန်းလေး အကြောင်း ပြောပြပေးထားတယ််နော်။ ခေတ်မှီမြို့ပြနိုင်ငံ တခုမှာ အခုလို Wet Market တွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ ယနေ့ အချိန်ထိ ဖွင့်လှစ်ပေးထားလဲ ဆိုတာ နားထောင်ရင်း… ဇင်ဇင်နဲ့ ဝက်အချိုချက်နည်းအသစ်လေး ကြည့်လိုက်ရအောင်။

This post is 100% my original creation. It was originally shared on my Zin-zin Vlogs page, and I’m re-posting it here on my new page.

08/10/2025

ရုံးပိတ်ရက် သာကူကြို​သောက်ဖြစ်ခဲ့တာ​လေး….. စားကြပါအုံးရှင့် 😋

This post is 100% my original creation. It was originally shared on my Zin-zin Vlogs page, and I’m re-posting it here on my new page.

🍀🍀🍀🍀 How To Apply   a Job ( Graphic Designer/ 3D visualizer / Drafter/ QS/ Designer/ Site Engineer/Finance Accountant/ C...
07/10/2025

🍀🍀🍀🍀 How To Apply a Job ( Graphic Designer/ 3D visualizer / Drafter/ QS/ Designer/ Site Engineer/Finance Accountant/ Coordinator post) in Singapore

မြန််မာပြည်ကနေလှမ်းပြီး စလုံးမှာ အလုပ်ဘယ်လို လျောက်မလဲဆိုပြီး post တွေ/ သင်တန်းတွေ အရမ်းပေါများလို့ ဝင်မရေးဖြစ်ပေမယ့်၊ ဟိုတနေ့က စလုံး job post တခုမှာ graphic designer နဲ့ ပတ်သက်တာလေး …အားပေးရင်း မန့်မိတာ မြင်ကြတော့ post လေးတင်ပေးပါအုံးဆိုလို့… ဒါမျိုးတွေ တခါမှ မရေးဖူးပဲ ပထမဆုံး တင်လိုက်ပါတယ်နော်။ အသစ်လာမယ့် သူတွေအတွက် fundamental အကျဆုံး info လေးတွေ အဓိက ရေးပေးထားတာမို့၊ လိုအပ်တာလေးတွေရှိရင်လဲ ဖြည့်စွက်ပေးသွားနိုင်ပါတယ်။

စလုံးမှာ အလုပ်လျောက်မယ်ဆို… ဘွဲ့လက်မှတ်တခုရယ်၊ (Or ၂ နှစ်နဲ့ ညီမျှတဲ့ diploma လက်မှတ်)၊ သက်ဆိုင်ရာ certificate တွေနဲ့ ကိုယ်လျောက်မယ့် အလုပ်အတွက် ကျွမ်းကျင်မူ့ စတာတွေ ရှိရပါမယ်။ (ကျွမ်းကျင်မူ့ဆိုတဲ့ နေရာမှာ working experience လဲ ဖြစ်နိုင်သလို၊ သင်တန်းဆင်းပြီး တကယ်လုပ်နိုင်တာမျိုးတွေဆိုလဲ ရပါတယ်)။ ဒီနေရာမှာ experience ပေါ်မူတည်ပြီး လစာကို ယုံကြည့်မူရှိသလို တောင်းပါနော််။

ဘာသာ စကားအနေနဲ့ကတော့၊ English စာရရင် လုံလောက်ပေမယ့်၊ Chinese ပါရရင်တော့ အချို့ position လေးတွေအတွက်၊ အခွင့်အရေးပိုများပြီး လစာလဲ ပိုတောင်းလို့ကောင်းပါတယ်။

Cover letter နဲ့ Resume ကို သေချာပြင်ဆင်ပါ။
Cover letter ကတော့ email ပို့ရင် စာကိုယ်အနေနဲ့ ရေးရတဲ့ letter ဖြစ်ပြီး၊ များသောအားဖြင့် မင်းဘယ်မှာ ကြော်ငြာထားတဲ့ အလုပ်လေးကို ငါလျောက်ချင်ပါတယ်။ ငါ ဘာ ဘွဲ့ရထားပါတယ်။ လုပ်သက် ဘယ်လောက်ရှိပါတယ်။ ဒါတွေ/ဒါတွေ ငါ လုပ်နိုင််လို့ မင်း company ရဲ့ ဒီ vacancy အတွက် ငါဟာ suitable ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ မင်းဆီက ငါ့ကို interview ခေါ်ဖို့နဲ့ တခုခုဆက်သွယ်မေးမြန်းဖို့ ငါမျှော်လင့််နေပါ့မယ် ဘာညာ ..ဆိုပြီး WhatsApp နံပတ်တွေ email တွေ ထည့်ရေးပေးပါ။ (English စာကို formally ယဉ်ကျေးစွာရေးပါ၊ စာတွေကို ရှင်းနေအောင် အပိုဒ်ခြားပြီး ရေးပါ )
နောက်တခုက CV တခုတည်းနဲ့ အလုပ်ရမှာ မဟုတ်ပေမယ့်၊ ကိုယ့်ကိုမတွေ့ခင် အလုပ်ရှင်ဆီ ကိုယ့် ကိုယ်စား လွှတ်လိုက်ရမယ့် ကိုယ်ရေးအကျဉ်းဖြစ်တဲ့ အတွက် ..ဒီမျှားချက်ဟာ အရမ်း အရေးကြီးပါတယ်။

personal info အကျဉ်းချုံး gist လေးနဲ့ ရေးပါ။
(ဖုန်းနံပတ်နဲ့ နေရပ်လိပ်စာအတွက်၊ ဖုန်းကို မြန်မာပြည်က နံပတ်ပဲ ထည့်ပြီး WhatsApp ကို install လုပ်ပြီးသုံးပါ။ နေရပ်လိပ်စာကို Yangon Myanmar လောက်သာ ရေးပြီး/ ချက်ချင်း ထွက်လာနိုင်ကြောင်း ဖော်ပြပေးပါ) ။
Position ခွဲပြီး လျောက်ပါ။ သ်ို့မဟုတ် Cum ဆိုပြီး position ၂ခု တွဲရေးပေးလို့လဲ ရပါတယ်။ များစွာသော Resume တွေကို HR တွေက စစ်ထုတ်ရတဲ့ နေရာမှာ သူတို့ အလုပ် requirements နဲ့ကိုက်ညီတဲ့ အချက်တွေကို candidates တွေက ဘယ်လောက်များများ ထပ်တူကျအောင် ရေးသားဖော်ပြထားလဲဆိုတာ ပေါ်မူတည်ပြီး CV ခွဲထုတ်ရတာမို့… ကိုယ်လျောက်မယ့် position ကို gist ကလေးတွေ နဲ့ သေချာ ပေါ်လွင်အောင် ရေးပါ။ ရေးတဲ့နေရာမှာ ကိုယ်လျောက်မယ့် position အတွက် အရည်အချင်းတွေကို Resume ရဲ့ first page မှာ gist နဲ့ပေါ်လွင်အောင် ရေးပါ။ (HR application အရ resume ရဲ့ first page ကိုပဲ scanning လုပ်မှာမို့ပါ)။

သက်ဆိုင်ရာအလုပ် ကျွမ်းကျင်မူ့/ ကိုယ်ဘယ်လိုတွေ လုပ်ခဲ့တယ်/ ဘယ်လိုတွေ လုပ်နိုင်ခဲ့တယ်၊ ဘယ်လို experience တွေရခဲ့တယ်ဆိုတာမျိုးကို ခေါင်းစဉ်နဲ့အပိုဒ်လေးတွေခွဲပြီး၊ လိုရင်းနဲ့ ထိရောက်မူ့ရှိအောင် ဖော်ပြပါ။ လုပ်ခဲ့တဲ့ company တခုချင်းဆီ အတွက် ရေးသားပေးပါ။ (Last company ကို ထိပ်ဆုံးမှာရေးပါ..နောက်ကနေ ရှေ့ကိုပြန်သွားပါ)။

သပ်သပ်ရပ်ရပ် ဖြစ်အောင်/ မျက်စိ ပဿဒ ဖြစ်အောင် presentation ထည့်ပါ။ (background color တွေကို စာဖတ်သူ မျက်စိအနှောက်အယှက်ဖြစ်မယ့် အရောင်တွေ မသုံးပါနဲ့၊ creative/ sharp & formal ဆန်ဆန်ဖြစ်အောင် ပြင်ဆင်ပါ) CV ကြည့်တာနဲ့ ဘယ်လိုပုံစံဆိုတာ ခန့်မှန်းလို့ ရပါတယ် ၊ CV ကို အတက်နိူင်ဆုံး ကိုယ့်ပုံစံဖြစ်အောင် ပြင်ဆင်ပါ၊ ကူးမချပါနဲ။ Portfolio ကို PDF နောက်တခုနဲ့ ပြင်ဆင်ပြီး တခါတည်း ထည့်ပေးလို့ရပါတယ်။ (or) သူတို့တောင်းမှ ပေးလဲ ရပါတယ်။

( Resume ပြင်ဆင်ရတာ အကြာဆုံး process တခုပါ)...
CV လဲ အဆင်သင့်ဖြစ်ပြီး၊ စာရွက်စာတမ်းနဲ့ စလုံးကို လာဖို့ အစစအရာရာ အားလုံး ပြင်ဆင်ထားပြီးပြီ ဆိုရင်တော့၊ online platform ကိုသုံးပြီး အလုပ်စလျောက်ဖို့ ပြင်ပါ။ (မှတ်ချက် - တကယ်လိုချင်ရင် နေ့တိုင်းလျောက်ပါ။ သက်ဆိုင်ရာ အလုပ်အတွက် အဆင်ပြေတဲ့ နေရာတခုမှာ သေချာပေါက်လုပ်မယ် ဆုံးဖြတ်ထားရင်၊ အချိန်တခုလောက်ပဲ စောင့်ပါ၊ စလုံးဟာ သင့်လက်ထဲမှာပါ. ပြေးမလွတ်ပါဘူး )

အောက်ပါ link တွေမှာ registration လုပ်ပါ။

ပထမဆုံး registration လုပ်ဖို့ website ထဲဝင်ရင် ဖုန်းကို မသုံးပါနဲ့ laptop/ desktop အသုံးပြုပါ။ Email သုံးပြီး sign up သေချာလုပ်ပါ၊ အထဲရောက်သွားရင် name/photo/ job title/contact number/ job experience description စတာတွေကို အသေးစိတ် fully screen နဲ့ သေချာကြည့်ပြီး ဖြည့်ပါ။ ပြီးမှ ကိုယ့် cv ကို attached လုပ်ပါ။ CV attached လုပ်ထားတာပဲ ဆိုပြီး သူတို့ format ကို ဖြစ်သလို မဖြည့်ပါနဲ့။ ကိုယ့် CV ထဲမှာရေးသလို သေချာ add တွေထပ်လုပ်ပြီး ရေးပါ။ % နဲ့ ကိုယ့် registration ဘယ်လောက်ထိ အဆင်ပြေတယ်ဆိုတာ website က ဖော်ပြပေးတက်ပါတယ်၊ ဂရုစိုက်ပြီး သေချာဖြည့်ပါ။ ပြည့်စုံတဲ့ registration တခုဖြစ်ပြီးဆိုမှ၊ တျောက်လျောက် email စပစ်လို့ရပါပြီ။ (နောက်ပိုင်းတွေဆို .. ဖုန်းထဲကနေ အသာယာလေး ပစ်လို့ရပါတယ်နော်)။

LinkedIn
https://sg.linkedin.com/
အထူးသဖြင့် Ex-colleagues or Ex-classmates တွေကို connection လုပ်ပြီး အလုပ်ရှာတာပါ... (အခုနောက်ပိုင်း အတော် popular ဖြစ်လာတဲ့ platform တခုပါ)။

Job Street
https://www.jobstreet.com.sg/.../graphic-designer-jobs/

JobsDB
https://sg.jobsdb.com/j?sp=homepage&q=graphic%20designer...

Fastjobs
https://www.fastjobs.sg/?utm_source=google&utm_medium=cpc&utm_campaign=AllKWKW&utm_content=146806071324&utm_term=fastjobs&matchtype=p&matchtype=p&utm_term=fastjobs&utm_campaign=AllKWKW&utm_source=google&utm_medium=cpc&utm_content=146806071324&hsa_acc=7754858242&hsa_cam=19538324147&hsa_grp=146806071324&hsa_ad=644679502297&hsa_src=g&hsa_tgt=kwd-326317107254&hsa_kw=fastjobs&hsa_mt=p&hsa_net=adwords&hsa_ver=3&gad_source=1&gad_campaignid=19538324147&gbraid=0AAAAADAstelwSAN3OGDLl1zHVh_0-wI2u&gclid=EAIaIQobChMItdq6sYaSkAMV-qlmAh3JrwUJEAAYASAAEgJkyPD_BwE
(ဒီမှာက employer email ကို တိုက်ရိုက်ဖော်ပြလေ့ရှိတာမို့ လျောက်ရတာ ပိုပြီး မြန်ဆန်ထိိရောက်ပါတယ်. သိုပေမယ့် position တခုကို advertisement အများကြီးတော့ တွေ့ရလေ့ မရှိတက်ဘူး)။ update to date နဲ့ practically အကျဆုံး website တခုလို့တော့ မြင်ပါတယ်။

Indeed
https://sg.indeed.com/jobs?q=graphic%20designer&l=Singapore&from=searchOnHP&vjk=f25d9534eed962de&advn=1862197902428497

St Jobs
https://www.stjobs.sg/jobs/hr-and-admin-executive

https://www.mycareersfuture.gov.sg/search?page=0...

နောက်တခုက mycareersfuture website အကြောင်းပါ။ အဲ့ဒီ့ website က PR/Singaporean တွေအတွက် chance အရင်ပေးထားတဲ့ government website တခုပါ။ pass လျောက်ပေးမယ့် position တွေအတွက် အလုပ်ရှင်က အဲ့ website မှာ ၂ပတ် တိတိ ကြော်ငြာတင်ပြီးမှ .. foreigner ကို view ပြီး ခန့်ခွင့်ရှိတာပါ။ သူတို့နောက်မှ လျောက်ခွင့်ရှိတယ်ဆိုလို့ အားမလျော့ပါနဲ့၊ အလုပ်ရှင်တွေဟာ vacancy တိုင်းအတွက် Singaporean/PR/Foreigner ဘယ်သူ့ကို ခန့်မလဲ ဆ်ိုတာ သတ်မှတ်ပြီးသားပါ။ procedure အရ သာ ကြော်ငြာထားပေမယ့်၊ နောက်မှာ သူတို့ သတ်မှတ်ထားတဲ့ အတိုင်း လုပ်နေတာမို့.. careers future ထဲက vacancy ခေါ်တဲ့ company name ကို Google မှာ email ပြန်ရှာပြီး အလုပ်လျောက်ပါ.. အခုဆို fb မှာ အဲ့ website က အလုပ်တွေကို email အဆင့်သင့်ရအောင် Talks About Sin https://www.facebook.com/engnyein တို့လို page တွေမှာ ဖော်ပြပေးနေပါတယ်.. အဆင်သင့် ယူနိုင်ပါတယ်။ (or) အသိ PR တွေကို ချွဲပစ်ပြီး git ကျတောင်းပါ (PR or Singaporean လောက်ပဲ အဲ့ website က အလုပ် email တွေကို ရနိုင်တာမို့ပါ) ။
(မှတ်ချက် - အပေါ် က website 7 ခုကို first priority အနေနဲ့ ဦးစားပေး လျောက်ပါ)။

JobsCentral
https://jobscentral.com.sg/jobs-engineering

Grab Careers
https://www.grab.careers/en/

(မှတ်ချက် - ဒီ ၂ ခုကို ဒုတိယဦးစားပေးအနေနဲ့ ဝင်လျောက်ကြည့်ပါ။ စလုံးမှာ အလုပ် website ပေါင်းများစွာ ရှိပါတယ်။ အလုပ်ထွက်ပြီး ၁လ တိတိလောက် email နဲ့ အလုပ်ရှာကြည့်ပါ။ ဟိုဝင် ဒီဝင်နဲ့ ဘယ်ကမ္ဘာရောက်မှန်းမသိ ရောက်သွားပါလိမ့်မယ် ၊ အချိန်ကုန်မခံပါနဲ့…သူတို့လဲ နာမည်ကြီး website တွေက ကြော်ငြာတွေကိုပဲ တဆင့်ပြန်ခေါ်ပေးထားတာပါ။ များသောအားဖြင့် အတူတူပါပဲ) ။

BCA company registration list
https://www1.bca.gov.sg/bca-directory/registered-contractors/construction

ဒီ company list ကတော့၊ စလုံးမှာ အချိန်အကန့်အသန့်နဲ့ အလုပ်လာလျောက်နေသူတွေအတွက် step များပေမယ့် လုပ်ကိုလုပ်ရမယ့် လျောက်နည်း တခုပါ။
အောက်မှာ ပေးထားတဲ့ link ထဲကိုဝင်၊ registered လုပ်ထားတဲ့ company name တွေကို Google ကနေ ပြန်ရှာပြီး၊ company တခုရဲ့ ရရာ email ကို ပစ်တဲ့ နည်းတခုပါ။ တခါတလေ info or sales email လောက်ပဲ ရေးထားကြတာများပေမယ့် hr or admin ဆိုပြီး ကိုယ့်ဘာသာ email ခန့်မှန်းရိုက်ပြီး ပို့ရတာမျိုးလဲ ရှိပါတယ်။ (Step များပြီး email ကလဲ မသေချာတဲ့ အတွက် .. ကိုယ့်အတွက် အရေးမကြီးဘူးထင်ရင်.. မသုံးချင် မသုံးပါနဲ့)။ အရင်က email list တွေတော့ files တွဲလိုက်ရှိပါသေးတယ်။ update to date ဖြစ်/မဖြစ်တော့ မသေချာပါဘူး။ လိုချင် လာတောင်းနိုင်ပါတယ်။ (မှတ်ချက် - ဒီ email ပစ်လို့ မကုန်ခင်မှာပဲ အလုပ်ရသွားတာမျိုးတွေ များပါတယ် )

email ပစ်နည်း !! အချိန်ကိုက်ပစ်ပါ။
စလုံး ရုံးတက်ချိန် ၉-၁၀ နာရီ အတွင်း email ဝင်အောင် အချိန်ကိုက် ပစ်ပါ။ gmail မှာ timing setting ချိန်လို့ရပါတယ်။ အားတဲ့အချိန် setting ချိန်ထားပြီး ပို့လို့ရပါတယ်… အစောကြီး အိပ်ယာထ စရာ မလိုပါဘူး။ အလုပ်ထွက်ထားပြီး လျောက်နေတာမျိုးဆိုရင်တော့ နေ့တိုင်း စောစော ထလျောက်စေချင်ပါတယ်။ ပြီးရင် တနေကုန်ပြန် အိပ်လို့ရတာပဲ ။ (timing setting ချိန်နည်းမသိရင် YouTube မှာရှာပါ… so easy)

- Weekly Wednesday & Saturday တွေမှာ အလုပ် အသစ်တွေ ပိုတင်လေ့ရှိိပါတယ်။ တပတ်လုံး မလျောက်နိုင်ရင်တောင် အဲ့ ၂ ရက်တော့ လျောက်ဖြစ်အောင် လျောက်ပါ။

အလုပ်လျောက်တဲ့ အခါ email ပေါင်းများစွာ ပစ်ရလို့…လက်ဝင်ပါတယ်။
ဒီနေရာမှာ ဖော်ပြပေးချင်တာ.. priority ခွဲပါ။

အထက်မှာ ဖော်ပြထားတဲ့ main website တွေကနေ လျောက်ပါ။ additional အနေနဲ့ ကိုယ်နဲ့ ၁၀၀% ကိုက်ညီပြီး ကိုယ်အရမ်းလိုချင်တဲ့ post မျိုးဆိုရင်တော့…company ရဲ့ email ကိုထပ်ရှာပြီး အသေချာလေး one by one email နဲ့ ထပ်ပစ် စေချင်ပါတယ်။

နောက်တခု… အလုပ်ကြော်ငြာထားတာ မဟုတ်တဲ့ company တွေကို email ပစ်တော့မယ်ဆို… cover letter ထဲမှာ “ if you have any vacancy “ ဆိုတာကို ထည့်ရေးပါ။ ပြီးမှ g-mail ရဲ့ “To” နေရာမှာ email တခု နဲ့ … အခြား email တွေကို cc မခံပဲ၊ bcc နဲ့ ခံပစ်ပါ။

email ပေါင်းများစွာ လျောက်ရလို့ junk ဖြစ်တာတွေ ကြုံရနိုင်ပါတယ်။ sending limit ကို တနေ့ 500 ထိ သတ်မှတ်ထားတဲ့ အတွက်.. limits ပြည့်သွားလို့ အရမ်းများသွားလို့ email ထပ်ပစ်လို့ မရပါဘူး… နောက်နေ့မှ ပြန်ပစ်ရမယ်ဆိုတာမျိုးတွေ ဖြစ်လာခဲ့ရင် …နောက် email အသစ်တခုဖွင့်ပြီး လျောက်ပါ။ (or) Mass email service တွေသုံးပြီး လျောက်ပါ။

အင်တာဗျုး အတွက် ပြင်ဆင်ခြင်း။
interview အတွက် ပြင်ဆင်တဲ့ နေရာမှာ၊ ကိုယ် လျောက်တဲ့ position အတွက် skill ကို အတိအကျ သေချာ လေ့လာသွားပါ။ နောက် စကားပြောသွက်လက်ပါစေ။ လစာညှိနှိုင်းဖို့ မကြောက်ပါနဲ့။ (ဒီမှာက ပွင့်၂လင်း၂ ပြန်ပြောနိုင်လေ ပိုအဆင်ပြေလေပါ)။ နောက်အရေး ကြီးတဲ့ အချက်က company အကြောင်းကို website/LinkIn/ Facebook စတာတွေ မှာ လေ့လာသွားပါ..ဘယ်လို company အမျိူးအစားလဲ.. သူတို့ ဘာကို focus လုပ်နေလဲ စသည်ဖြင့်..နောက် ကိုယ် assist လုပ်ရမယ့် senior အကြောင်းမေးပါ…ဘာတွေ learning လုပ်နိုင်မလဲ မေးပါ။

Online interview တွေဆို အသုံးပြုမည့် Online platform တွေကို ရင်းနှီးအောင် လုပ်ထားပါ။

ဘယ်အချိန် စလုံးလာပြီး အလုပ်လျောက်မလဲ။
အရင်ကဆို စလုံးကို အရောက်လာပြီး လျောက်ဖို့ကိုပဲ recommend ပေးမိမှာပါ။ အခုတော့ ကိုဗစ်နောက်ပိုင်း trend တွေ ပြောင်းကုန်ပါပြီ။ Zoom/Skype နဲ့ interview ရတာ normalization တခုလိုဖြစ်နေပြီး၊ အလုပ်ရတဲ့ employee ကလဲ IPA ကျရင် ဝင်လာနိုင်တယ်ဆိုတဲ့ ဖြစ်စဉ်ကို သူတို့ရင်းနှီးပြီးသားပါ။ ဆိုတော့ ..interview တခုတောင် လက်ဆုပ်လက်ကိုင် မရှိသေးရင် ဝင်မလာပါနဲ့အုံးလို့ အကြုံပေးချင်ပါတယ်။

ဒီနေရာမှာ ရှင်းပြချင်တာ… Vacancy တခုစဖြစ်တာနဲ့ foreigner ကိုခန့်နိုင်တဲ့ အထိ ကြာမြင့်ချိန်ပါ။ mycareersfuture မှာ အလုပ်ကြော်ငြာတင်ရတာက ၂ပတ် တိတိ၊ Spass လျောက်တဲ့ process က ၂-၃ ပတ်ဆိုတော့ လုပ်ငန်းရှင်တွေဘက်ကလဲ vacancy တခု စဖြစ်တာကနဲ့ foreigner ကို ခန့်နိုင်ဖို့အထိ ၁ လ ကျော် နီးပါးလောက်တော့ အချိန်ရင်းနှီးရပါတယ်။
ဆိုတော့… ကိုယ် visit ရတဲ့ အချိန် ၂ လနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကွက်တိဖြစ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ စွန့်စားရာ အရမ်းကျလို့ အင်တာဗျူးလေးတောင်မှ မရသေးရင် ဝင်မလာစေချင်သေးတာပါ။ ဖြစ်နိုင်ရင် IPA ကျပြီးမှ တောင် လာစေချင်တာပါ။ သိုပေမယ့် ယနေ့ချိန်ထိ စလုံး local အတွင်းမှာပဲ လူကိုယ်တိုင် ရှိနေတာကို စိတ်ဝင်စားပြီး ခေါ် view တဲ့ အခြေအနေမျိုးတွေလဲ ရှိနေသေးလို့ စောလာချင်တယ်ဆိုရင်တော့ အင်တာဗျူး တခုလောက်ဖြစ်ဖြစ် ရပြီးပြီဆိုတဲဲ့ အချိန်ကျ ဝင်လာလို့ရပါတယ်။ (အချိန် အကန့်အသန့်နဲ့မို့ စိတ်လှုပ်ရှားစရာ ကောင်းတယ်ဆိုတာတော့ မမေ့ပါနဲ့)။

ဟုတ်ကဲ့…..သူများ နိုင်ငံမှာ အလုပ်ရှာရတဲ့ process ကလွယ်မယောင်နဲ့ ခက်ပါတယ်။ ခက်မယောင်နဲ့လဲ ထင်သလောက် မဟုတ်ပါဘူး ။ ကိုယ်ဘယ်မှာ ရှိနေရမယ် ဆိုတဲ့ ကံတရားကိုလဲ မမေ့ပါနဲ့။ အရာ အားလုံးက အချိန်မတန်သေးလို့လဲ ဖြစ်နိုင်ပါတယ်။

စာလဲ အတော်ရှည်သွားပြီ… ဒီ post က အသစ် join မယ့်သူတွေအတွက် အလုပ်လျောက်ဖို့ fundamental info လေးတွေ ရေးထားတာပါ။ ကောက်နုတ်ထားတာလေးတွေကို video နဲ့ သေချာကြည့်ချင်ရင် YouTube အားကိုးပါ။ Search and learn လုပ်ပါ။ အခြေခံသိပြီးသားကိုမှ ထပ်ထပ်ပြီး experience ရှိပြီးသားသူတွေနဲ့ မေးမြန်းဆွေးနွေးပါ။ ဘယ်သူမှ တခါတည်း ၁၀၀% အကုန် ပြောပြနိုင်မှာ မဟုတ်လို့ပါ။ မရှင်းတာ/ အတိုချုံး သိချင်တာလေးတွေတော့ လာမေးလို့ ရပါတယ်။

အားလုံးပဲ ဖြစ်ချင်တာတွေဖြစ်ပြီး၊ လုပ်ချင်တာတွေ လုပ်နိုင်ကြပါစေလို့
(Zin Mar Aung account မှာ တင်ဖူးတာလေးကို update to date ပြင်ရေးပေးပါအုံးလို့, ပြောဖူးကြလို့ link လေးတွေ update လုပ်ရင်း page မှာ ပြန်တင်ပေးလိုက်ပါတယ်နော်)။

⚠️ This post is 100% my own original content.
I previously shared it on my personal account and am now re-posting it here on my official page.

06/10/2025

ရာမဇာတ်တော်ပေါ်အခြေခံတဲ့ ဘာလီကမ်းခြေက ၊ ကတ်ချက်အက Ramayana Dance

Address

Bali

Website

Alerts

Be the first to know and let us send you an email when Zin’s Sharing Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share