Khit Thit News

Khit Thit News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khit Thit News, News & Media Website, Aizawl.
(1)

31/07/2026

ကိုယ့်အလှည့်ကျတော့
ဆွေ့ဆွေ့ခုန်အောင်နာနေကြတဲ့
ဘောမတွေကိုကိုစည်ဒဲ့မေးပြီ

ထိုင်းနိုင်ငံ၊ လော့ဘူရီ နှင့် နခွန်စဝမ် ပြည်နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၈ ဦးနှင့် သယ်ယူပို့ဆောင်ပေ...
31/07/2026

ထိုင်းနိုင်ငံ၊ လော့ဘူရီ နှင့် နခွန်စဝမ် ပြည်နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၈ ဦးနှင့် သယ်ယူပို့ဆောင်ပေးသူ မြန်မာ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး
ဇူလိုင် ၃၀> Khitthit News
ထိုင်းနိုင်ငံ၊ လော့ဘူရီ နှင့် နခွန်စဝမ် ပြည်နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၈ ဦးနှင့် ၎င်းတို့အား သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား ယာဉ်မောင်း ၂ ဦး၊ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦး၊ စုစုပေါင်း ၂၁ ဦးတို့ကို ထိုင်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်များ ပူးပေါင်း၍ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
လော့ဘူရီနှင့် နခွန်စဝမ် ပြည်နယ်များတွင် ထိုင်းရဲတပ်ဖွဲ့ပက သတင်းအချက်အလက်အရ ဘန်ကောက်နှင့် အနီးတစ်ဝိုက် ဒေသများသို့ တရားမဝင် မြန်မာလုပ်သားများ သယ်ဆောင်နေသည့် မော်တော်ယာဉ်များကို ပိတ်ဆို့ဖမ်းဆီးရေး စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း ပုံမှန်ထက် အလေးချိန် ပိုမိုတင်ဆောင်ထားသည့် သံသယရှိ မော်တော်ယာဉ် ၂ စီးကို စစ်ဆေးရာ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦး၊ မြန်မာနိုင်ငံသား ယာဉ်မောင်း ၁ ဦးတို့နှင့်အတူ မော်တော်ယာဉ် တစ်စီးလျှင် တရားမဝင် မြန်မာနိုင်ငံသား ၆ ဦးစီဖြင့် စုစုပေါင်း ၁၂ ဦးကို ပထမအကြိမ် စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့နောက် ဖမ်းဆီးရမိသူများကို စစ်ဆေးနေစဉ်အတွင်း အခင်းဖြစ်ပွားရာ ရဲတပ်ဖွဲ့ စစ်ဆေးရေးစခန်းမှ ထွက်ပြေးရန် ကြိုးပမ်းသည့် တတိယမြောက် မော်တော်ယာဉ်တစ်စီးကို လမ်းဆုံမီးပွိုင့်တွင် မီးနီမိစဉ် ရဲတပ်ဖွဲ့က အမြန်ဆုံး ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ယာဉ်မောင်း ၁ ဦးနှင့် ယာဉ်အတွင်း ကြပ်ညှပ်လိုက်ပါလာသည့် တရားမဝင် မြန်မာနိုင်ငံသား ၆ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ယာဉ်မောင်း၏ ထွက်ဆိုချက်အရ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား တစ်ဦးလျှင် ဘတ် ၉၀၀ နှုန်းဖြင့် သယ်ဆောင်ခရရှိသဖြင့် သယ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။
လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က သယ်ယူပို့ဆောင်ပေးသည့် ယာဉ်မောင်း ၃ ဦးနှင့် တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၈ ဦး၊ စုစုပေါင်း ၂၁ ဦးစလုံးကို ထိန်းသိမ်းထားရှိပြီး ဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းပေးပို့ထားကြောင်း သိရသည်။

ဗန်းမော်၊ အင်းတော်ကြီးနှင့် ဟုမ္မလင်းတို့တွင် တိုက်ပွဲများ ပြင်းထန်နေဇူလိုင် ၃၀> Khitthit Newsကချင်ပြည်နယ်အတွင်းရှိ ဗန်း...
31/07/2026

ဗန်းမော်၊ အင်းတော်ကြီးနှင့် ဟုမ္မလင်းတို့တွင် တိုက်ပွဲများ ပြင်းထန်နေ
ဇူလိုင် ၃၀> Khitthit News
ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်မြို့၊ အင်းတော်ကြီးဒေသနှင့် စစ်ကိုင်းတိုင်းအစပ် ဟုမ္မလင်းမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ဇူလိုင်လ (၃၀) ရက် နံနက် ၉ နာရီခန့်မှ စတင်၍ ဗန်းမော်ဒေသရှိ KIA ပူးပေါင်းတပ်ဖွဲ့များ တပ်စွဲထားသည့် နေရာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် နှစ်ဖက်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် စစ်ရေးတင်းမာလျက်ရှိသည်။
ဗန်းမော်ဒေသ၌ KIA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ လက်ရှိတွင် ၁ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ အဆိုပါ ကာလအတွင်း KIA ပူးပေါင်းတပ်ဖွဲ့များဘက်မှ စစ်ကောင်စီ၏ တပ်စခန်း အများအပြားကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။
အလားတူ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့ကို စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများကာကွယ်ရေးတပ်မတော် (SNA) ပူးပေါင်းတပ်များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်မှာ ၂ သီးတင်းပတ်ကျော် ကြာမြင့်ပြီဖြစ်သည်။
ထို့အပြင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် KIA တပ်မဟာ (၉)၊ တပ်ရင်း (၃၁) ထိန်းချုပ်ဒေသဘက်သို့လည်း စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်များ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
KIA စစ်ရေး သတင်းရင်းမြစ်က "ဒီရက်ပိုင်းမှာ ဖားကန့်အနီးတဝိုက် စစ်ရေးငြိမ်သက်နေပေမဲ့ အင်းတော်ကြီးကန်ပေါ့၊ KIA တပ်မဟာ ၉၊ ရင်း ၂၆ ဒေသ၊ အင်းတော်ကြီးကန် အရှေ့ဘက်ခြမ်း ဟဲပု၊ ဟဲပါတဝိုက်ရယ်၊ ပြီးရင် အင်းတော်ကြီးကန် အနောက်ဘက်ခြမ်း လုံးတုံအနီးတဝိုက်ကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ SNA ပူးပေါင်းတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်နေတာ ၂ ပတ်ကျော်ပြီ။ ပြီးရင် စစ်ကိုင်းနဲ့ ကချင်အစပ် ဟုမ္မလင်းဘက်အခြမ်း KIA တပ်မဟာ ၉၊ ရင်း ၃၁ ဒေသဘက်မှာလည်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းစစ်ကြောင်းတွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်" ဟု ပြောကြားသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် ဗန်းမော်၊ ရွှေကူ၊ ဖားကန့်နှင့် ခေါင်လန်းဖူး ဒေသများသို့ စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဆက်တိုက်ဖြည့်တင်းလျက်ရှိပြီး စစ်ကြောင်းထိုးမှုများကိုလည်း ဆက်လက်ပြုလုပ်နေသဖြင့် အဆိုပါ ဒေသများတွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

31/07/2026

စစ်တပ်ဂိတ်တွေပြည်သူကိုဒုက္ခပေးပြီး
ဆပ်ကြေးကောက်နေကြတာကို
ကျော်မျိူးမင်းကအစ ထွက်ပြောကုန်ပြီ🤣🤣

ရိုဟင်ဂျာ ၅၀၀၀ ကို ပြန်လည် လက်ခံမယ်လို မလေးရှား အစိုးရဆီ ကမ်းလှမ်း ကတိပေးခဲ့တဲ့ အာဏာသိမ်း စစ်တပ်ဆိုတာဟာ ၂၀၁၇ တုန်းက ရခို...
30/07/2026

ရိုဟင်ဂျာ ၅၀၀၀ ကို ပြန်လည် လက်ခံမယ်လို မလေးရှား အစိုးရဆီ ကမ်းလှမ်း ကတိပေးခဲ့တဲ့ အာဏာသိမ်း စစ်တပ်ဆိုတာဟာ ၂၀၁၇ တုန်းက ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ မြန်မာစစ်တပ်ကိုယ်တိုင်သာဖြစ်ကြောင်းလည်း APHRရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်လက် ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေ၊ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့် ပျောက်ဆုံးနေတာတွေ၊ ရခိုင်ပြည်နယ်ထဲမှာ ဒေသခံတွေကိုယ်တိုင် စစ်ရှောင်နေရတဲ့ အခြေအနေတွေကြောင့် လောလောဆယ်မှာ ရိုဟင်ဂျာတွေ ဘေးကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိနဲ့ လိုလိုလားလား ပြန်သွားဖိုဆိုတာ မဖြစ်နိုင်ဘူးလိုလည်း APHRက ထောက်ပြခဲ့ပါတယ်။

APHRက မလေးရှားရောက် ရိုဟင်ဂျာတွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေ ကြီးထွားစေမယ့် အွန်လိုင်းက အမုန်းတရား ဖြန့်ဝေမှုတွေနဲ့ ပတ်သက်လိုလည်း သတိပေးခဲ့ပြီး ပြည်သူ
လူထုရဲ့ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက် ဖျက်ဆီးသူတွေအပေါ် အစိုးရကထိထိရောက်ရောက် အရေးယူသင့်ကြောင့် အကြံပြုသွားပါတယ်။

30/07/2026

ကိုယ့်အလှည့်ကျတော့
ဆွေ့ဆွေ့ခုန်အောင်နာနေကြတဲ့
ဘောမတွေကိုကိုစည်ဒဲ့မေးပြီ🤣🤣🇮🤣🤣

30/07/2026

ဗိုလ်ကြီးနေမျိုးဇင်
ဒမ် မကျိုးခင် အကြံဆိုးပြင်
အထူး အမှာစကား

တောင်သာမြို့နယ်တွင် PDF ရဲဘော်ချင်း အငြင်းပွားရာမှ သေ-န-တ်-ကျ-ည်ထွက်၍ တိုက်နယ် ပကဖ တာဝန်ခံ အမျိုးသမီး ရဲဘော်တစ်ဦး သေ-ဆုံ...
30/07/2026

တောင်သာမြို့နယ်တွင် PDF ရဲဘော်ချင်း အငြင်းပွားရာမှ သေ-န-တ်-ကျ-ည်ထွက်၍ တိုက်နယ် ပကဖ တာဝန်ခံ အမျိုးသမီး ရဲဘော်တစ်ဦး သေ-ဆုံး
ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်အနီး ဇရပ်တစ်ခုတွင် ထမင်းစားနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်အချင်းချင်း စကားများရာမှ သေ-န-တ်-ကျ-ည်-လွတ်ထွက်ပြီး တိုက်နယ် ပကဖ တာဝန်ခံ အမျိုးသမီးတစ်ဦး သေ-ဆုံး-သွားခဲ့ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၈ ရက် ည ၁၀ နာရီခန့်တွင် ရုံးစည်ကြီးတိုက်နယ် ပကဖ လက်အောက်ခံ ရဲဘော်များ ထမင်းစားနေစဉ် ရဲဘော်သိန်းဌက်နှင့် ရဲဘော်ရဲထက်တို့အကြား စကားများ အငြင်းပွားခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ စကားများရာမှ ရဲဘော်သိန်းဌက်က သေနတ်ကျည်ထိုးကာ ပစ်ခတ်ရန် ပြင်ဆင်ခဲ့သဖြင့် ရဲဘော်နှစ်ဦး သေနတ်လုယက်ကြစဉ် ကျည်ထွက်သွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျည်လွတ်ထွက်မှုကြောင့် ရုံးစည်ကြီးတိုက်နယ် ပကဖ တာဝန်ခံ ရဲဘော် အမရာမောင် (ခ) စွန်ရဲမ၏ ဘယ်ဘက်လက်ပြင်ကို ဖောက်ဝင် ထိမှန်ခဲ့သည်။ ဒဏ်ရာရရှိသွားသော တာဝန်ခံ အမျိုးသမီးအား ဆေးကုသမှုပေးရန် ခေါ်ဆောင်စဉ် လမ်းခရီး၌ပင် သေ-ဆုံး-သွားခဲ့ရသည်။
ယင်းသို့ သေ-န-တ်-ကျ-ည်-ထွက်၍ လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ဖြင့် ချိန်ရွယ်ခဲ့သူ ရဲဘော်သိန်းဌက်နှင့် ရန်ဖြစ်သူ ရဲဘော်ရဲထက်တို့နှစ်ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူများက ထိန်းသိမ်းထားပြီး လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Crdt ဆူရ်းဘုန်တိုင်းမ်

29/07/2026

ညောင်ဦးလေဆိပ်ရှော့တိုက်နဲ့ ဆော်ပြီ...🤣

//အလုပ်ရှင်ထိုင်းသူဌေးကို သ-တ်သွားတဲ့ မြန်မာပြည်သား ၁ဦးကို ထိုင်းရဲတွေက ဖမ်းမိန့်ထုတ်လိုက်ပါတယ်//အမည်က ဇော်သက်လတ်ဝင်း အသ...
29/07/2026

//အလုပ်ရှင်ထိုင်းသူဌေးကို သ-တ်သွားတဲ့ မြန်မာပြည်သား ၁ဦးကို ထိုင်းရဲတွေက ဖမ်းမိန့်ထုတ်လိုက်ပါတယ်//
အမည်က ဇော်သက်လတ်ဝင်း အသက် 29နှစ် လို့ ဖော်ပြထားပါတယ်
ဖြစ်စဉ် အစက ချွန်ပူလီမြို့ရှိ အသက် 64 နှစ်ရှိ တင်းနစ်ဆရာဟောင်း ၁ ဦးဟာ နေထိုင်ရာ အိမ်မှာ ပြီးခဲ့တဲ့ 3ရက် - 4ရက် လောက်က အသxတ်ခံလိုက်ရပါတယ်..
ပြီးတော့ တင်းနစ်ဆရာရဲ့ ဘဏ်ထဲက ပိုက်ဆံတွေဟာ တခြားအကောင့်ထဲကို လွဲထားခဲ့တာ စစ်ဆေးရပြီး ၊ ငွေအကောင့်ပိုင်ရှင်က ဇော်သက်လတ်ဝင်း ဖြစ်ပါတယ်..
ဖြစ်စဉ်ကို စုံစမ်းကြတော့ တင်းနစ်ဆရာမှာ ဇော်သက်လတ်ဝင်း အပါအဝင် အလုပ်သမား ၂ယောက်ကို ငှါးထားပါတယ် ဇော်သက်လတ်ဝင်း ဆီမှာ အိမ်ကိုအမြဲဝင်ထွက် လွယ်အောင်လို့ ဆရာက သော့အပို ပေးထားပါတယ်..
CCTV ထဲမှာ 26ရက်နေ့ မနက် 04:36 က ဇော်သက်လတ်ဝင်းဟာ တင်းနစ်ဆရာရဲ့ အိမ်ထဲကနေ ဆိုင်ကယ်နဲ့ ထွက်လာပြီး သူနေထိုင်ရာ ဆီကို ပြန်သွားခဲ့ပါတယ်..
နေထိုင်တဲ့ အခန်းနားက CCTV ကိုစစ်တော့ မနက် 05:06 မိနစ်မှာ ဇော်သက်လတ်ဝင်း အင်င်္ကျီလဲနေတာတွေ့ရပါတယ် အဲကစပီး စုံစမ်းကြတော့ နောက်ဆုံး မဲဆော့ဘက် ဆင်းသွားတယ်လို့ သိရပါတယ်..
တင်းနစ်ဆရာရဲ့ အိမ်နားက အိမ်နီးချင်း ပြောပြချက်အရ သူသိရသလောက် "ဆရာက တပည့်တွေ အပေါ်မှာတော့ အပေါက်မဆိုးဘူး ဒါပေမဲ့ ဇော်သက်လတ်ဝင်းကို မောင်းထုတ်လိုက်တဲ့ အသံကိုတော့ ကြားမိတယ် ဘယ်လို ပြသာနာ ရှိလို့လဲတော့ သူလဲ မသိရဘူး"လို့ဆိုပါတယ်..
လက်ရှိမှာ ဇော်သက်လတ်ဝင်းကို ဖမ်းမိန့်ထုတ်လိုက်ပီး အမှုကို လိုက်နေတယ်လို့ သိရပါတယ်..

Address

Aizawl
110018

Website

Alerts

Be the first to know and let us send you an email when Khit Thit News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share