𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

  • Home
  • India
  • Aizawl
  • 𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬, News & Media Website, Ramthar Veng, Aizawl.

စစ်တပ်ထောက်ပို့ကားကို မင်းဘူပကဖ ပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲ တိုက်ခိုက်၊ စစ်တပ်ဘက်က ၆ ဦး သေဆုံး၊ ၃ ဦး ဖမ်းမိမေလ ၂၉ - ၂၀၂...
29/05/2026

စစ်တပ်ထောက်ပို့ကားကို မင်းဘူပကဖ ပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲ တိုက်ခိုက်၊ စစ်တပ်ဘက်က ၆ ဦး သေဆုံး၊ ၃ ဦး ဖမ်းမိ

မေလ ၂၉ - ၂၀၂၆

မကွေးတိုင်း မင်းဘူးမြို့နယ် မင်းဘူး-အမ်း လမ်းပိုင်းပေါ် မှာ စစ်တပ် ထောက်ပို့ကား တစီးကို မင်းဘူး ပကဖ၊ CDF-Asho နဲ့ NSA လူ့ဘောင်သစ် တပ်မတော် တို့ကမေလ (၂၈) ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ် ဘက်က ၆ ဦးသေ ဆုံးပြီး (၃) ဦး ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ NUG MOD က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ် စိုးမိုးနယ်မြေထဲမှာ အခုလို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မိုင်းဆွဲပြီးနောက် ထိတွေ့ ပစ်ခတ်မှု မိနစ် (၂၀) ကြာ ဖြစ်ပွားခဲ့ ကြောင်းလည်း ဖေါ်ပြထားပါတယ်။

၁၂၂ မမ MLRS ရော့ကတ် (၂၈) လုံး အပါအဝင် လက်နက် တချို့နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

---------------------------
-THN

(25)နှစ်မြောက် CRCငွေရတု ပွဲပြုလုပ်ခြင်းကို အကြောင်း ပြုကာ ရည်ရွယ်ချက်ရှိရှိ အွန်လိုင်းပေါ်မှာ အမုန်းစကားဖြန့်ဝေသူများCR...
28/05/2026

(25)နှစ်မြောက် CRCငွေရတု ပွဲပြုလုပ်ခြင်းကို အကြောင်း ပြုကာ ရည်ရွယ်ချက်ရှိရှိ အွန်လိုင်းပေါ်မှာ အမုန်းစကားဖြန့်ဝေသူများ

CRC အဖွဲ့အစည်းကြီးဆိုတာသည် မိမိတို့ချင်းလူးမျိုးများသာမက တစ်ခြားလူမျိုးနွယ်စုများကိုပင် အထူးအကျိုးပြုသောအဖွဲ့အစည်းကြီးဖြစ်တာသိပါလျက်နဲ့ဘာကြောင်များ မလိုမုန်းတီး မုဒိတာ မပွါးနိုင်ဖြစ်နေကြတာပါလိမ့် မိမိတို့ချင်းလူများဟာCRCအဖွဲ့အစည်းကြီးရဲ့အကူညီမပါဘဲတတိ ယ နိုင်ကိုရောက်ရှိဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့အလုပ် ပါ မိမိတို့ချင်းလူမျိုးများ တတိယနိုင်ငံမှာ ကောင်းမွန်စွာရောက် ရှိပြီး ကောင်းမွန်တဲ့အသက်ရှင်နေထိုင်မူဘဝရရှိအောင် ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းကို စော်ကားနေတာသည် ကျေးဇူးကန်းသူ အမျိုးသားရေးကို မျက်ကွယ်ပြုသူဆင်ခြင်ညဏ်မဲ့သောသူသာဖြစ်မည်ကြောင်း သတိထားဆင်ခြင်ကြဖို့လိုပါမည်။

#အမုန်းစကားဖြန်ဝေသူများ🚫

27/05/2026

ညီအစ်ကို ကချင်လူမျိုးတွေရဲ့ ကျေးဇူးသိတတ်မူလေးကို မြင်ရတော့ တကယ်ဝမ်းသာမျက်ရည်ကျမိစရာပင် အင်မ တန်မှ အတုယူစရာစိတ်ဓာတ်လည်း ဖြစ်ပါသည်။ အခုလို UFC ကမ္ဘာ့ချန်ပီယံVan ကိုတကူးတက လာရောက်ဂုဏ်ပြုပေးကြသည့်အတွက်လည်း အင်မတန် ကျေးဇူးကမ္ဘာဆိုင်ရောပါ 🙏

ချင်း♥️ကချင် ညီအစ်ကိုရင်း

NUG/PDF,KIO/KIA,KNU/KNLA,KNPP/KA နဲ့ CNF/CNA တို့ရဲ့လက်နက်ကိုင် ၅ဖွဲ့က စစ်ရေးခေါင်းဆောင် ၁၀ဦးပါကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့...
27/05/2026

NUG/PDF,KIO/KIA,KNU/KNLA,KNPP/KA နဲ့ CNF/CNA တို့ရဲ့လက်နက်ကိုင် ၅ဖွဲ့က စစ်ရေးခေါင်းဆောင် ၁၀ဦးပါကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့ စစ်ရေးဖော်ဆောင်တော့မည်။

" သူတို့အထက်မှာ SCEF ရဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ရှိတယ်။ အဲဒီအဖွဲ့က ၇ဦးရှိတယ်။ အဲဒီ ၇ဦးက တိုက်ရိုက်ကိုင်တွယ်သွားမယ်" - ဆလိုင်းထက်နီ

မေ ၂၇၊ ၂၀၂၆

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

SCEFကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ CNF တို့နဲ့ ကနဦး စုဖွဲ့ထားရာ အဲဒီထဲက CRPHမှ အပ ကျန် အဖွဲ့ ၅ခုက စစ်ရေးခေါင်းဆောင်တွေ က စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ကော်မတီ ဖွဲ့စည်းထားတာ လို့ ဆိုပါတယ်။

" CNFရယ် KIOရယ် ပြီးတော့ KNPPရယ် KNUရယ်နဲ့ ပြီးတော့ NUGက ကာကွယ်ရေးဘက်က အဲဒီလို ၅ဖွဲ့ ။အဖွဲ့အစည်းတခုစီက စစ်ရေးထိပ်ပိုင်းခေါင်းဆောင်တွေ ၂ဦးစီကို ပါဝင်တာ အားလုံးက ၁၀ယောက်ဖြစ်သွားတာပေါ့။ CRPHကတော့ သူက တပ်မရှိတော့ အဲဒီမှာ မပါဘူးပေါ့။ အဲဒီ ၁၀ဦးက သူတို့အထက်မှာ SCEF ရဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ရှိတယ်။ အဲဒီအဖွဲ့က ၇ဦးရှိတယ်။ အဲဒီ ၇ဦးက တိုက်ရိုက် ကိုင်တွယ်သွားမယ်" လို့ ဆလိုင်းထက်နီက ပြောပါတယ်။

ထိပ်ပိုင်းခေါင်းဆောင်တွေက တိုက်ရိုက်ချိတ်ဆက်ပြီးတော့ စစ်ရေးအစီအမံကို လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း ပြောပြပါတယ်။

SCEF မူဝါဒရေးရာ ဦးဆောင်အဖွဲ့ကို NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး စုစုပေါင်း ၇ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
“အခုကတော့ စစ်ရေးမှာ တကယ့်အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ကျစ်ကျစ်လစ်လစ်နဲ့ ပိုပြီးတော့ လုပ်သွားတဲ့ဟာဖြစ်တာပေါ့နော်။ အရင်ကတော့ K3C တို့ C3C တို့ လုပ်နေပေမယ့် လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ သူ့ဟာသူလုပ်ငန်းအလိုက်ဆောင်ရွက်သွားတာမျိုးရှိတယ်။ အခုက အဲဒီလို မဟုတ်ဘဲနဲ့ အဲဒီ ၁၀ဦးကော်မတီကနေ တခုတည်းသောဆုံးဖြတ်ချက် အဲဒီလို ပုံစံနဲ့ ကျနော်တို့ ဘယ်လိုဆက်သွားမယ်ဆိုတဲ့ဟာ ပိုပြီးတော့ ကျစ်လစ်သွားတယ်လို့ ပြောလို့ရတယ်” လို့ ဆလိုင်းထက်နီက SCEF ရဲ့ စစ်ရေးဆိုင်ရာ ကော်မတီ ရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်ရေးဖော်ဆောင်သွားမယ့် အခြေအနေကို ပြောပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကလည်း ပြည်သူ မှ ပြည်သူသို့ အစီအစဉ်မှာ တော်လှန်ရေးအဖွဲ့ ခေါင်းဆောင် တွေ ကိုယ်တိုင်ပါတဲ့ စုဖွဲ့မှုတွေအကြောင်း ပြောပြထားပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေး၊ စစ်ရေး စုဖွဲ့မှုတွေ ခိုင်မာလာကြောင်း ဝန်ကြီးက ပြောပြပြီး စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဆိုတာ ဖွဲ့ ထားတယ်လို့ ပြောပါတယ်။

" ဗိုလ်ချုပ်တွေ၊ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ စစ်ရေးဦးဆောင်တဲ့သူ ၁၀ဦးနဲ့ ဒီဟာ ဖွဲ့ထားတဲ့ ကော်မတီနဲ့ အခုဆိုတာ သွားနေတာဖြစ်တယ်။ ဒါကြောင့် ဒီလို စုဖွဲ့မှု ခိုင်မာလာတာဟာ မဟာမိတ်တွေရဲ့ စုဖွဲ့မှု ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာတာနဲ့ မြေပြင်တော်လှန်ရေးတပ်တွေရဲ့ စစ်ရေး အတွေ့အကြုံ တိုက်ရည်ခိုက်ရည် ပိုမိုမြင့်မားလာတာကို ပေါင်းစပ်ပြီးတော့ ပြည်သူတွေ အားပေးထောက်ခံမှုနဲ့အတူ တော်လှန်ရေးက ရှေ့ကို ဆက်ပြီးချီတက်နေတယ်။ အောင်ပွဲတွေကို ရရှိလိမ့်မယ်လို့ ကျနော်တော့ယုံကြည်ပါတယ်”လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

SCEFဟာ စစ်အာဏာရှင်နဲ့ အာဏာရှင်ကို ဖယ်ရှားမယ့်အပြင် အနာဂတ်ဖက်ဒရယ်နိုင်ငံ အတွက် အခြေခံ အုတ်မြစ်များ တည်ဆောက်ဖို့ ဖွဲ့စည်းမှု ဖြစ်လို့ အရေးကြီးကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရှင်းပြပါတယ်။ စုဖွဲ့မှုဟာ အဖွဲ့ ၆ဖွဲ့နဲ့တင်ဖွဲ့စည်းတင်မဟုတ်ဘဲ တော်လှန်ရေးနဲ့အတူ ရှိနေတဲ့ အင်အားစုများ ထပ်မံ တိုးချဲ့ ဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း အသိပေးပါတယ်။ အဲဒီလို ဆွေးနွေးရာမှာ တချို့ အဖွဲ့တွေ ပါဝင်ဖို့ အခက်အခဲ ရှိနေပေမယ့် အတူတကွ တိုက်ပွဲဝင်ဖို့ လုပ်ဆောင်နေတာ ရှိတယ်လို့ ပြောပါတယ်။
စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေကို အကွဲကွဲအပြားပြား ဖြစ်စေချင်ကြောင်း၊ ဒါပေမဲ့ ဦးဆောင်ကောင်စီ ပေါ်လာတာဟာ တော်လှန်ရေးအင်အားစုတွေ ပိုမို စုစည်းကျစ်လစ်လာတာကို ဖော်ပြခြင်းဖြစ်သလို တော်လှန်ရေးအင်အားစုတွေ ပိုအားကောင်းလာတာ ပြသတာဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

ဦးဆောင်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေကြား စုစည်းမှုကို အခြေခံပြီး တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ စနစ်နဲ့ ပိုခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးစားနေခြင်းဖြစ်တယ်လို့ ပြောပါတယ်။

တော်လှန်ရေးကာလမှာ စစ်ရေးက အဆုတ်အတက် ရှိတယ်လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ စစ်အုပ်စုဟာ မပြိုလဲစေရေး နည်းမျိုးစုံ ကြားကန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်လုပ်နေကြောင်း၊ စစ်အုပ်စုဟာ မြို့တွေ ပြန်သိမ်းနိုင်တယ်ဆိုတာ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ဝါဒဖြန့်ချီရေး အကြီးအကျယ် လုပ်နေကြောင်းဝန်ကြီးက ပြောပါတယ်။ မဟာဗျူဟာအရ အဆုတ်အတက် ရှိပေမယ့် တော်လှန်ရေးအင်အားစုတွေဟာ စစ်တပ်ရဲ့ ထိုးစစ်တွေကို ခိုင်ခိုင်မာမာ ခုခံနေကြောင်း ဝန်ကြီးက ပြောပါတယ်။

ပြည်သူကို အထိအခိုက်မဖြစ်စေဖို့ မဟာဗျူဟာ ကျကျ မြို့တွေက ဆုတ်ပေးပြီး ဗျူဟာ ကျကျ ပြန်လည်ခုခံတိုက်ခိုက်နေတာ တွေ့ရပြီး ဒါဟာ ပြည်သူနဲ့ရဲဘော်တွေအထိအခိုက်အနည်းဆုံး ဗျူဟာ သုံးတိုက်ခိုက်နေတာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ အခုလို တိုက်ပွဲဝင်နေတဲ့ ဗိုလ်ချုပ်တွေ၊ ရဲဘော်တွေ၊ NUG ကာကွယ်ရေးဝန်ကြီးဌာန တို့ကို ဂုဏ်ယူချီးကျူးကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

’s

မတူပီမြို့ပေါ် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခံရ=================================May 26ယနေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်များတ...
26/05/2026

မတူပီမြို့ပေါ် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခံရ
=================================

May 26

ယနေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်များတွင်မတူပီမြိုပေါ် နေရာများကို တံတားဦး ၃စီး၊ မကွေး၂စီး၊ အေလာ၂ စီးစုစု ပေါင်း ဂျက်ဖိုက်တာ ၇ စီး ဖြင့် ၁၅ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်သွားကြောင်းသိရပါတယ်။

တစ်ဆက်ထဲ Y12 ဗုံးကြဲလေယာဥ်မှလည်း ၃ လုံးတွဲ ၊ ၄ လုံးတွဲဗုံးများဖြင့် ၈ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်သွားကြောင်းသိရပါတယ်။ ATR 42ကင်းထောက်ယာဥ်မှ မတူပီ၊ ကျင်ဒွေး၊မင်းတပ်အစပ်များကိုကင်းထောက်ပျံဝဲ သွားကြောင်းသိရပါတယ်။

မအလ အာဏာသိမ်းမူရဲ့ အကျိုးဆက်ကြောင့် တို့ချင်းလူ မျိုး ထဲက Aနှစ်လုံးနဲ့ Daai အဖွဲ့ကတော့ စိတ်ဓာတ်ရေးရာအင်မတန်ယိုယွင်းပျက်စ...
23/05/2026

မအလ အာဏာသိမ်းမူရဲ့ အကျိုးဆက်ကြောင့် တို့ချင်းလူ မျိုး ထဲက Aနှစ်လုံးနဲ့ Daai အဖွဲ့ကတော့ စိတ်ဓာတ်ရေးရာအင်မတန်ယိုယွင်းပျက်စီးကာ ဘုရားမဲ့တရားမဲ့ လူ့ကျင့်ဝတ်မသိဖြစ်သွားကြတာကို မြင်ရတော့အင်မတန်မှပဲဝမ်း နည်းစဖွယ်ကောင်းပါသည်။ 😢

နွေဦးတော်လှန်ရေး အစပိုင်းတုန်းက PDF တွေဟာနည်းမှန် လမ်းဖြင့် မဦးဆောင်နိုင်လျှင်သူခိုး၊ ဓားမြတွေ ဖြစ်သွားနိုင် တယ်လို့ R...
22/05/2026

နွေဦးတော်လှန်ရေး အစပိုင်းတုန်းက PDF တွေဟာနည်းမှန် လမ်းဖြင့် မဦးဆောင်နိုင်လျှင်သူခိုး၊ ဓားမြတွေ ဖြစ်သွားနိုင် တယ်လို့ RCSSခေါင်းဆောင် စပ်ယွတ်စစ်က ခန့်မှန်းချက် ထုတ်ဖူး တာအားလုံးသိကြမှာပါ ။

တော်လှန်ရေးအချိန်ကြာလာတာနဲ့အမျှ ယွမ်စစ်ကြီးရဲ့ယူ ဆချက်တောင်မှန်လာသလိုထင်စရာဖြစ်သွားပါတယ်။ထို့ကြောင့်လက်ရှိမှာတော်လှန်ရေးသမားအနေဖြင့် ပြည်သူနဲ့
ထိတွေ့ဆက်ဆံရာမှာ ပြုကျင့်ရမည့်ကျင်ဝတ်တွေကို ပြန် လည်သုံးသပ်စေလိုပါတယ်

အခု စပ်ယွတ်စစ်ပြောတဲ့ စကားနဲ့ တော်လှန်ရေးအစပိုင်းကခန့်မှန်းချက်ဟာ တကယ်ကိုပဲမှန်တယ်လို့တောင်တွက် လို့ရပါတယ်။

အတွေ့အကြုံကနေ ထွက်လာတဲ့ စကားလုံးတွေဆိုတော့ အမူမဲ့အမှတ်မဲ့တော့မထင်စေလိုပါမှန်ဖို့လည်းအကြောင်း
ချင်းရာတွေကအများကြီးရှိတာကြောင့်ပါ။ ဤတော်လှန် ရေးခရီး လမ်းမှန်ဖို့ ပြန်လည်ဆင်ခြင်ကြရအောင်ပါ။

စစ်ကောင်စီက မတူပီမြို့ပေါ်ကို ယမန်နေ့၊ ညက လေကြောင်းတိုက်မှုကြောင့် မိုးလုံလေလုံအားကစားရုံနဲ့ အထက ၂ ကျောင်းပျက်စီးတယ်လို့...
21/05/2026

စစ်ကောင်စီက မတူပီမြို့ပေါ်ကို ယမန်နေ့၊ ညက လေကြောင်းတိုက်မှုကြောင့် မိုးလုံလေလုံအားကစားရုံနဲ့ အထက ၂ ကျောင်းပျက်စီးတယ်လို့ သိရပါတယ်။

MRN၊ မေ ၂၁ ရက်

တော်လှန်ရေးကိုပုံဖျက်သောစာမတတ်ပေမတတ်တော်လှန်ရေးသမားများ မဖြစ်စေလို-----------------------------------------------------၂...
21/05/2026

တော်လှန်ရေးကိုပုံဖျက်သောစာမတတ်ပေမတတ်တော်
လှန်ရေးသမားများ မဖြစ်စေလို
-----------------------------------------------------
၂၁ ၊ မေ

CPU/A အဖွဲ့ဝင် cdf-daai ရဲ့လုပ်ရပ်ကတော့ အများပြည် သူရဲ့စိတ်ကို အော့နှလုံးနာစေသည်မှာအမှန်ပင်။အများပြည်သူဟုဆိုရခြင်းမှာ လူအများကြည်ညိုသူ လေးစားသူအ ထိုက်အလျောက်ရှိသူဖြစ်၍ ခေါ်ဆိုသုံးနှုန်းခြင်းဖြစ်ပါသည်။ တကယ်တော့ ဘာသာရေးသည် အများပြည်သူစိတ်နှလုံးထဲမှာ နက်ရှိုင်းစွာကိမ်းဝပ်နေပါသောကြောင့် ဘာ သာ ရေးခေါင်းဆောင်းဥပမာ-အမူတော်ဆောင်,ပါစတာစသည် ဖြင့်ပုဂ္ဂိုလ်များဟာ သူရဲ့နောက်လိုက် တပည့်တပန်းများသည်လည်းရှိကြတာကြောင့် သာမန်အရပ်သာ ပုဂ္ဂိုလ်တွေလို မဆက်ဆံသင့်ဘဲ ထိုပုဂ္ဂိုလ်တွေရဲ့ဘာသာရေးခေါင်းဆောင်ဂုဏ်ပုဒ်တွေကို ထောက်ထားလေးစားသောအားဖြင့်လေး စားမူပေးသင့်ကပေးရဖို့လိုပါမည်။ဤသည်မှာလူ့ကျင့်ဝတ်နှင့်ကိုက်ညီသောလူ့ယဥ်ကျေးမူ လူသားဆန်မူတစ်ရပ်သာဖြစ်ပါသည် ။ တော်လှန်ရေးအမည်ခံခါမှ ပြည်သူကိုပြည်သူမှန်းမသိ သက်ကြီးရွယ်အိုလူကြီးများကိုပင် စာနာထောက်ထားခြင်းမရှိပါဘဲ ရိုင်းပြစွာမထီမဲ့မြင်ပြုခြင်းများဟာ အင်မတန်မှကို စက်ဆုတ်ရွံရှာဖို့ကောင်းလှပါသည်။ လက်ထဲမှာလက် နက်ကလေးရှိတာနဲ့ ထင်ရာစိုင်းနေမည်ဆိုလျှင်တကယ်စင် စစ်ဤတော်လှန်ရေးကိုတကယ် ပုံဖျက် သူမှာတော်လှန်ရေးအမည်ခံကာလက်နက်ကိုင်တဲ့ ခင်များတို့ကိုယ်တိုင်သာဖြစ် ကြောင်းသတိထားဆင်ခြင်ရန် အထူးလိုအပ်ပါပြီ။ပြည်သူ လူထုဝန်းရံသောတော်လှန်ရေးသည်သာ အောင်မြင်ရာ...

စေတနာဖြင့်

မျက်ရည်ခိုင်မှ ဒီစာဖတ်ပါ😭အသက်ရှင်ရမဲ့ လမ်းကိုရွေးချယ်လိုက်တဲ့အခါမှာ ဒီလိုအထုတ်ပိုးတွေနဲ့ ကိုယ်စီဘေးလွတ်ရာကိုထွက်ပြေးခဲ့က...
20/05/2026

မျက်ရည်ခိုင်မှ ဒီစာဖတ်ပါ😭
အသက်ရှင်ရမဲ့ လမ်းကိုရွေးချယ်
လိုက်တဲ့အခါမှာ ဒီလိုအထုတ်ပိုး
တွေနဲ့ ကိုယ်စီဘေးလွတ်ရာကို
ထွက်ပြေးခဲ့ကြတယ်

အကြိမ်ကြိမ်အခါခါ ထွက်ပြေးခဲ
ရတယ် ကိုယ့်အမိမြေမြို့လေးကို
ထားခဲ့ပြီး လွမ်းဆွေ့နေခဲ့ကြတယ်

ရောက်တဲ့နေရာတိုင်းမှာ ကြင်လည်
နေထိုင်ခဲဖူးတဲ့ မြို့လေးရယ် အိမ်လေး
ရယ်ကို သတိရပြီး မျက်ရည်ကဝဲလို့

အိမ်မရှိတဲ့ ဘဝလို သူများရွာ သူများမြို့
ကို မျက်နှာငယ်လေးနဲ့ တည်းခိုနေထိုင်ရ
တဲ့ဘဝ ကိုယ်တိုင်ခံစား ကြုံတွေ့သူတိုင်း
သိမှာပါ

တစ်ခါတစ်လေ လူအထင်သေး လူအမြင်
ဘေးဘဝကိုခံခဲ့ရတာ တွေလည်းရှိတတ်ပါ
တယ်

ဗိုက်ဆာရင်တောင် မဆာသလိုနေခဲ့ရတယ်
ရေငတ်ရင်တောင် မသောက်ချင်သလိုဟန်
ဆောင်ခဲ့ရတယ်

ကိုယ့်အိမ်မဟုတ်လို့ စားချင်တာမစားရဘူး
သောက်ချင်တာ မသောက်ရဘူး

မျက်နာငယ်လေးနဲ့ အားတင်းပြီးနေခဲ့ရတယ်
မချမ်းသာရင်တောင်မှ ကိုယ့်အိမ်လေးမှာနေ
ပြီးစားချင်တာလေးလုပ်စား သောက်ချင်တာ
လေးသောက်နေရရင်ကို စိတ်ကျေနပ်နေတာပါ

စစ်ဘေးရှောင်ဆိုတဲ့ ဘဝမျိူးနဲ့ သူများဆီကိုသွား
နေရတာကိုယ့်အိမ်လေး ကိုယ့်မြို့လေးကိုထားခဲ့.ပြီး...ဒါပေမဲ့ဟာ.😰

လူတစ်ချိူ့က အိမ်လေးကိုထားခဲ့ပြီး ထွက်
ပြေးခဲ့ကြပေမဲ့ အိမ်အပြန်လေးမှာ သူ့အိမ်
လေးကမရှိတော့ဘူး

လူတစ်ချိူ့အတွက် အပြန်အိမ်လေးက ရှိခဲ့
ပေမဲ့ တစ်ချိန်လုံးက စုံလင်ခဲ့ဖူးတဲ့ မိသားစု
လေးက မစုံတော့ဘူး

အိမ်မက်သာ ဖြစ်ခဲ့ရင်ဆိုတဲ့ ခံစားချက်ကိုယ်
စီနဲ့ မျက်ရည်သုတ်ကြရုံကလွဲ ဘာမှမတတ်
နိုင်ခဲ့ကြဘူး

ပြန်ဆုံခိုက်မှာ တစ်ယောက်ကို တစ်ယောက်
အားပေးခဲ့ကြတယ် ဆုတောင်းပေးခဲ့ကြတယ်

တစ်နေ့ကျအကောင်းဆုံး ပြန်ဖြစ်လာမယ် ဘု
ရားသခင်ကပြင်ဆင်ပေးပါမယ်ဆိုပြီး ကောင်း
ကြီးတွေပေး ခွန်အားတွေပေးနဲ့

ဒီခေတ်ဆိုးကြီး အမြန်ပြီးပါစေ တိုင်းပြည်အမြန်
အေးချမ်းပါစေ ပြည်သူလူထု စိတ်ချမ်းသာစေ
ကိုယ်ကျန်းမာစေ🙏


#ဘေးလွတ်ရာရှောင်ထွက်သူ

CDF-Tonzang ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကိုအကြမ်း ဖက်စစ်တပ်နဲ့ ချင်းပျူစောထီး ZRAပူးပေါင်းတပ်ကကျူး ကျော်သိမ်းပိုက်ဟုသတင...
19/05/2026

CDF-Tonzang ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကိုအကြမ်း ဖက်စစ်တပ်နဲ့ ချင်းပျူစောထီး ZRAပူးပေါင်းတပ်ကကျူး ကျော်သိမ်းပိုက်ဟုသတင်းထွက်လာ

VOC/ May 19, 2026

CDF-Tonzang တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို အကြမ်းဖက်စစ်တပ် နဲ့ ချင်းပျူစောထီး ZRA-EC ပူးပေါင်း တပ်ဖွဲ့ တွေက လေကြောင်းပစ်ကူအပါအဝင် အင်အားအလုံးအရင်းဖြင့် ကျူးကျော်တိုက်ခိုက်ရာမှာ ယနေ့ညနေပိုင်းမှာ သိမ်းပိုက် လိုက်ပြီလို့ ရှေ့တန်း သတင်းရင်းမြစ်ထံကနေသိရပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ ချင်းပျူစောထီး ZRA-EC တပ်ဖွဲ့တွေဟာ တွန်းဇံမြို့ကို တီးတိန် နဲ့ ကျီခါးမြို့ဘက်ကနေ စစ် ကြောင်း ၂ ကြောင်းဖြင့် ကျူးကျော်ထိုးစစ်ဆင်လာရာမှာချင်းတော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီးနောက် လေကြောင်းကနေ အပြင်းအထန်ပစ်ကူမှုတွေကြောင့် ညနေပိုင်းမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တွန်းဇံမြို့ကနေ ဆုတ်ခွါပေး လိုက်ရတယ်လို့ သိရပါတယ်။

တွန်းဇံမြို့တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ် နဲ့ ချင်းပျူစောထီး ZRA-EC တပ်ဖွဲ့ဝင် အယောက် ၈၀ ခန့်သေဆုံးမှုရှိခဲ့ တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။
တွန်းဇံမြို့ဟာ ချင်းပြည်(Chinland) အစိုးရကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်မေလ ၂၃ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး CDF-Tonzang/Tonzang Township Council က ထိန်းချုပ်ကာ အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်နေ တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကို ကျူးကျော်သိမ်းပိုက်ပြီးနောက်မှာ တီးတိန်မြို့ကို စစ်အင်အား ၆၀၀ ကျော်စေ လွှတ်ပြီးနောက် ချင်းပျူစောထီးလို့ခေါ်တဲ့ ZRA-EC တပ်ဖွဲ့နဲ့အတူ တွန်းဇံကို လေကြောင်း၊ ဒရုန်း၊ လက်နက်သာလွန် အင်အားဖြင့် ကျူးကျော်လာတာဖြစ်ပါတယ်။

Address

Ramthar Veng
Aizawl

Website

Alerts

Be the first to know and let us send you an email when 𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share