𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

  • Home
  • India
  • Aizawl
  • 𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬 ဤpageသည် တော်လှန်ရေးကာလ အတွက်သာ ဖြစ်ပါသည်

08/10/2025

မင်းတပ်လေကြောင်းတိုက်ခိုက်ခံရမှု၊ ထိခိုက်သေဆုံးသူရှိ

MRN၊ အောက်တိုဘာ ၈ ရက်

မင်းတပ်မြို့နယ်မှာ ယနေ့၊ ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူအရေအတွက်နဲ့ ဒဏ်ရာရရှိသူအရေအတွက်​ကိုတော့ မသိရသေးပါဘူး။

MRN

အိန္ဒိယမှာ ချောင်းဆိုးပျောက်ဆေးတမျိုးကြောင့် ကလေးငယ် ၁၂ ဦးခန့်သေဆုံးသွားပြီလို့ ယူဆ==========MRN၊ အောက်တိုဘာ ၆ ရက်အိန္ဒိ...
06/10/2025

အိန္ဒိယမှာ ချောင်းဆိုးပျောက်ဆေးတမျိုးကြောင့် ကလေးငယ် ၁၂ ဦးခန့်သေဆုံးသွားပြီလို့ ယူဆ
==========

MRN၊ အောက်တိုဘာ ၆ ရက်

အိန္ဒိယအစိုးရရဲ့ အခမဲ့ဆေးဝါးအစီအစဉ်အရ Kayson Pharma က ထုတ်ဝေပြီး ဖြန့်ဝေလျက်ရှိတဲ့ Cough Syrup ချောင်းဆိုးပျောက်ဆေးရည် ကြောင့် Rajasthan ပြည်နယ်မှာ ကလေးငယ် ၁၂ ဦးထက်မနည်းသေဆုံးသွားတယ်လို့ ယူဆရ‌ကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အိန္ဒိယအစိုးရဟာ အဆိုပါဆေးရည်ကိုထုတ်လုပ်တဲ့ Kayson Pharma ကုမ္ပဏီက ထုတ်လုပ်တဲ့ဆေးဝါးများ အားလုံးကို စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးရန် နဲ့ ဆေးဝါးများဖြန့်ဖြူးရောင်းချခြင်းကို ရပ်ဆိုင်းထားရန် အမိန့် ပေးထားပါတယ်။

အဆိုပါဆေးရည်သောက်သုံးမှုကြောင့် Rajasthan ပြည်နယ် Sikar မြို့ နဲ့ Bharatpur မြို့တို့အပြင် အခြားသော ဒေသများမှာ ကလေးငယ် ၁၂ ဦးထက်မနည်းသေဆုံးခဲ့တာပါ။

၅ နှစ်အရွယ် နစ်ရှ်ဆိုသူဟာ အဆိုပါဆေးရည်သောက်ပြီးနောက် အိပ်ပျော်သွာရာ ညဘက်မှာတစ်ကြိမ်နိုးလာပြီး ရေအနည်းငယ်သောက်ကာ ပြန်လည်အိပ် ပျော်ခဲ့ပြီး ပြန်မနိုးနိုင်တော့တာကြောင့် မိဘများက ဆေးရုံကိုခေါ်သွား ခဲ့ရာ ဆုံးပါးသွားခဲ့ပါတယ်။

အစိုးရရဲ့စုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် Sikar မှာကျန်းမာရေးဌာနအရာရှိတစ်ဦးကို ရာထူးကနေ ဆိုင်းငံ့ထားမှာဖြစ်ပေမယ့် Bharatpur မှာတော့ သေဆုံးသွားတဲ့ကလေးငယ်များရဲ့ဆေးမှတ်တမ်းမှာ အဆိုပါ Cough Syrup ကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်းဖော်ပြထားခြင်းမရှိဘူးလို့သိရပါတယ်။

အခုဆေးဝါးထုတ်ဝေတဲ့ Kayson Pharma ဟာ ယခင်ကလည်းနာမည်ပျက်စာရင်းဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ သူတို့ထုပ်လုပ်တဲ့ဆေးဝါးက အရည်အသွေးစံနှုန်းများနဲ့မကိုက်ညီတာကြောင့်ငြင်းပယ်ခြင်းခံခဲ့ရဖူးပါတယ်။

ကလေးငယ်များသေဆုံးသည်အထိဖြစ်စေတဲ့ Cough Serup မှာ ကျောက်ကပ်များကို အပြင်းအထန်ပျက်စီးစေ တဲ့ diethylence glycol သို့မဟုတ် ethylence glycol များပါဝင်တယ်လို့ ပြည်ထောင်စု၊ ကျန်းမာရေးဝန်ကြီးဌာန က ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးများကို တာဝန်သိစွာဖြန့်ဝေပေးရန်နဲ့ လူနာများအား ဆေးဘက် ဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ဆေးဝါးများသောက်သုံးခြင်းမှ တားဆီးရန်အကြံပြုချက်ထုတ်ပြန်ထားပါ တယ်။

ကိုးကား - TOI/NDTV
Crd-Zalen

လေသေနတ်နဲ့ စစ်ဘေးရှောင်💢💢💢💢💢💢💢💢💢မြန်မာပြည်မှာ ပြည်တွင်းတော်လှန်ရေးမဖြစ်ခင်တုန်းက လေသေနတ်ဆိုတာ လွတ်လွတ်လပ်လပ်သယ်လို့ရတယ်။...
27/09/2025

လေသေနတ်နဲ့ စစ်ဘေးရှောင်
💢💢💢💢💢💢💢💢💢

မြန်မာပြည်မှာ ပြည်တွင်းတော်လှန်ရေးမဖြစ်ခင်တုန်းက လေသေနတ်ဆိုတာ လွတ်လွတ်လပ်လပ်သယ်လို့ရတယ်။

တော်လှန်ရေးကာလမှာ လေသေနတ်တောင် အဖမ်းခံရပြီ။

ချင်းပြည်နယ်နဲ့ မီဇိုးရမ်ဆိုတာ ယခင် တံခါးမရှိ၊ ဓားမရှိ ဝင်/ထွက်လို့ရတယ်။

ဒါပေမယ့် အခုချိန်တော့ မရတော့ဘူး။ Indiaဘက်က တော်တော်တင်းကြပ်လာပြီ။

မီဇိုးရမ်က ချင်းစစ်ရှောင်တွေ လေသေနတ်အများအပြားဝယ်ယူအသုံးပြုကြတယ်လို့ သိရတယ်။

တချို့ကတော့ မိမိဒေသပြန်ရင် အသုံးပြုကြဖို့ပါ။ အခုဖမ်းတဲ့ လေသေနတ်တွေက မီဇိုးရမ်မှာ ဈေးပေါတဲ့ လေသေနတ်တွေပါ။

ဒါကြောင့် စစ်ရှောင်တွေအနေနဲ့ လေသေနတ်တွေကို အသုံးပြုတဲ့အခါ သတိထားကြဖို့ လိုနေပြီ။

MRN၊ စက်တင်ဘာ ၂၇ ရက်

26/09/2025

စစ်ဆင်ရေးမှူးဗိုလ်တာဘော ကိုယ်တိုင်ဦးဆောင်ပြီး ကရင်ပြည်နယ် လေးကေ့ကော်မှာ ဖြုတ်နေတာအကြမ်းကြီး.....

ကျောက်ထု-ဆောအကြားက ကားလမ်းမြေပြိုကျမှုဖြစ်ပွားMRN၊ စ​က်တင်ဘာ ၂၅ ရက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆော - ကျောက်ထု ကတ္တ...
25/09/2025

ကျောက်ထု-ဆောအကြားက ကားလမ်းမြေပြိုကျမှုဖြစ်ပွား

MRN၊ စ​က်တင်ဘာ ၂၅ ရက်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆော - ကျောက်ထု ကတ္တရာကားလမ်း၊ ဒေသအခေါ် သံဘောင်တံတားနှင့် လယ်ကြီးအိုင်ကျေးရွာကြား တစ်နေရာမှာ ယနေ့၊ ညနေ ၃နာရီခန့်က ကတ္တရာကားလမ်းမြေပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြေပြိုကျမှုကြောင့် ကတ္တရာကားလမ်းဟာ ပိန်းချောင်းဘက်သို့ ပြိုဆင်းသွားသလို သစ်ပင်တွေလည်း လဲကြကာ လမ်းပိတ်ဆို့နေတယ်လို့ သိရပါတယ်။

မြေပြိုကျမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ပေမယ့် လတ်တစ်လောမှာတော့ ကား၊ဆိုင်ကယ်များဖြတ်သန်းသွားလာလို့ မရနိုင်သေးကြောင်း ဒေသခံပြည်သူတစ်ဦးရဲ့ပြောပြချက်အရသိရှိရပါတယ်။

ဒါကြောင့် မိဘပြည်သူများအနေဖြင့် ဆော - ကျောက်ထုကားလမ်းပိုင်းဟာ မြေပြိုကျမှုဖြစ်စဉ်ကြောင့် ဖြတ်သန်းသွားလာ၍ မရနိုင်သေးပါကြောင်း သိရပါတယ်။

သတင်း/ဓာတ်ပုံ- ယောအလင်းတန်း

စကစမှ မင်းတပ်မြို့ပေါ် ကို လေကြောင်းတိုက်ခိုက်=======================စက်တင်ဘာလ ၂၁ ယခုည 9:40 PM အချိန်မှ စပြီး 9:51 PM အခ...
21/09/2025

စကစမှ မင်းတပ်မြို့ပေါ် ကို လေကြောင်းတိုက်ခိုက်
=======================

စက်တင်ဘာလ ၂၁

ယခုည 9:40 PM အချိန်မှ စပြီး 9:51 PM အချိန်အတွင်း နေပြည်တော် အေလာလေတပ်တက် ဂျက်ဖိုက်တာ ၂စီး မှ မင်းတပ်မြို့ပေါ် နေရာများကို လေကြောင်း တိုက်ခိုက်သွားတယ်လို့သိရပါတယ်။

တိုက်ခိုက်မှုကြောင့် ပျက်ဆီးအခြေအနေကို မသိရသေးပါဘူး။

▪သတင်း: Hkl

မတူပီမှာ ဆေးကုသဖို့ နယ်ကျော်သွားလာနေရပြီး စရိတ်သိန်းဆယ်ချီကုန်နေ=====================ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ကျန်...
21/09/2025

မတူပီမှာ ဆေးကုသဖို့ နယ်ကျော်သွားလာနေရပြီး စရိတ်သိန်းဆယ်ချီကုန်နေ
=====================

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ကျန်းမာရေးဆိုင်ရာဝန်ထမ်းတွေ လုံလောက်မှုမရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ ဆေးဝါးကုသလိုပါက မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ဇိုတုန်ဒေသနဲ့ လောက်တူဒေသအထိ သွားရောက်ကုသနေရတဲ့အတွက် ဖျားနာပါက သိန်းဆယ်ချီကုန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လက်ရှိ မတူပီမြို့နယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေတယ်လို့ သိရပြီး လိုအပ်တဲ့ဆေးဝါးတချို့တွေကို နီးစပ်ရာ တပ်ရင်း၊ ဆေးတပ်အဖွဲ့ထံ အကူအညီတောင်းခံနေရတယ်လို့ သိရပါတယ်။

"ခု မြေပြင်မှာ ဆေးလုပ်သားမရှိလို့ မိဘတွေ မရှိတဲ့ကြားကနေ မင်းတပ်၊ ဇိုတုန်၊ လောက်တူ အထိဆေးကုဖို့ သွားကြတယ်။ ကိုယ့်ဒေသမှ ဆေးလုပ် သားရှိရင် သာမန်ငှက်ဖျား၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးလောက်ကတော့ CHO ဆေးဝါးအကူညီနဲ့ ကိုယ့်ရွာမှာ အခမဲ့ဆေးကုနိုင်သလို အရေးပေါ်အတွက် ပြည်ပအကူအညီနဲ့ တနိုင်တပိုင်ဆေးဝါးတွေလည်း ကြိုတင်ဝယ်ယူလို့ ရတယ်" လို့ မတူပီမြို့နယ်၊ ဒေသခံတစ်ဦးက Zalen ကို ပြောပြပါတယ်။

လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး မတူပီမြို့နယ်၊ ဒေ သခံတွေအနေနဲ့ မိုးတွင်းကာလမှာ အခက်ခဲဆုံးကာလဖြစ်တယ်လို့ ဆိုကြပါတယ်။

မတူပီမြို့ကို MRO/CDF-မတူပီ၊ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ယခင် ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ သိမ်းပိုက်ပြီးနောက် ဒေသခံတချို့လည်း နေရပ်ပြန်နေကြပြီလို့ သိရပါတယ်။

သတင်း - ဆလိုင်းဇလပ်ထန်
သတင်း Zalen

ပုံစာ - မတူပီမြို့၊ ပြည်သူ့ဆေးရုံ(ပုံဟောင်း)။

#သတင်း #မတူပီ #ကျန်းမာရေး #ပြည်သူ

မတူပီ လက်နက်ကိုင်တွေအနေနဲ့ အချိန်မှီမပြုပြင်နိုင်ရင် သူပုန်ဖြစ်သွားမယ် =========================(ရဲဘော်တဦးရဲ့ ရင်ဖွင့်သံ...
19/09/2025

မတူပီ လက်နက်ကိုင်တွေအနေနဲ့ အချိန်မှီမပြုပြင်နိုင်ရင် သူပုန်ဖြစ်သွားမယ်
=========================

(ရဲဘော်တဦးရဲ့ ရင်ဖွင့်သံ )

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း CB /CC နှစ်ဖက်အအပြန်အလှန် ပစ်ကြမှုမတိုင်ခင် CDF-Matupi တပ်မဟာ ၁ နှင့် ၂ နှစ်ဖက်တွေ့ဆုံကြတာ (၃) ကြိမ်လောက်ရှိပါတယ်။ ၃ ကြိမ်စလုံးမှာ တမဟာ-၂ ဖက်ကလူကြီးတွေက နယ်မြေကျွံတာတွေဖြစ်လာရင် ပစ်မယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တပ်မဟာ ၁ အထက်လူကြီးတွေက သူတို့ပြောတာတွေကို လုံးဝဂရုမစိုက်ပဲ လုပ်ချင်တာတွေ စွတ်လုပ်ခဲ့ကြတယ်။

ကျွန်တော်မှတ်မိသလောက်ဆိုရင် တပ်ရင်း၃ အနေနဲ့ သူတို့နယ်မြေထဲမှာ တပ်မဟာ၁ တွေ အနေနဲ့ သူတို့ကို အကြောင်းမကြားဘဲ CB မဟာမိတ်တွေနဲ့အတူ ခြေကျင်သွားလာတာမျိုး၊စစ်ကြောင်း သွားတာမျိုးတွေမလုပ်ဖို့ အကြိမ်ကြိမ်တားခဲ့ကြပါတယ်။ အဲ့လိုမျိုးတွေ လုပ်လာခဲ့ရင် ပစ်မယ်ဆိုတဲ့စကားကိုလဲ အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ဖက်က အဖက်မလုပ်ဘဲ မဟာမိတ်တွေနဲ့အတူ ကုလားရွာကနေ ခြေကျင်နဲ့ စစ်ကြောင်းသွားခဲ့တာမျိုးတွေရှိခဲ့ပြန်တယ်။ တပ်ရင်း၂ ဘက်မှာဆိုရင်လဲ သူတို့နယ်မြေအတွင်းမှာ အကြောင်းမကြားပဲသွားလာရင် ပစ်မယ်ဆိုတဲ့ အကြောင်းကို တပ်ရင်း-၂ဖက်က အကြီးပိုင်းတွေပြောခဲ့ပါတယ်။ ဒါကိုလဲကျွန်တော်တို့ဖက်က ဂရုမစိုက်ပဲ တင်လောင်းရွာကနေ စောင်ထီးရွာအထိကို မဟာမိတ်တွေနဲ့အတူတိတ်တဆိတ် စစ်ကြောင်းသွားခဲ့ကြပါတယ်။ ဒါက ပစ်ခတ်မှုမဖြစ်ခင်အချိန်ထိ နှစ်ဖက်ပြသနာတွေတက်ခဲ့ကြတာကိုပြောချင်တာပါ။ တခြားပြသနာတွေရှိတယ်ဆိုပေမဲ့ ကျွန်တော်မသိပါ။

မတူပီမြို့သိမ်းမယ်ဆိုတော့လဲ သိမ်းခါနီးတစ်ပတ်လောက်လိုတဲ့အခါကျမှ ကျွန်တော်တို့လူကြီးတွေက တမဟာ-၂ ဖက်ကိုအကြောင်းကြားပြီး နှစ်ဖက်တွေ့ဆုံခဲ့ကြပါတယ်။ အဲ့ချိန်ကြတော့ သူတို့ဖက်က CB နဲ့ CC လမ်းကြောင်းလဲ ကွဲသွားပြီ၊ နယ်ခြားမဟာမိတ်လဲပါမယ် CB ရဲ့ အမိန့်အောက်မှာပဲ တိုက်ပွဲဖော်ဆောင်ရမယ်ဆိုပြီးဆွေးနွေးကြတဲ့အခါ ကြတော့ မပါတော့ဘူးဆိုပြီး သူတို့ဖက်က ငြင်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့လဲ သူတို့ဘာသာသူတို့ တိုက်ပွဲဖော်ဆောင်မယ်ဆိုပြီးပြောခဲ့ပါသေးတယ်။ စစ်ဆင်ရေးလဲစရော ကျွန်တော်တို့ဖက်က ၃၀၄ တပ်ကုန်းကိုသိမ်းပြီးတဲ့နောက် ဖနိုင်မှာ ထိတွေ့မှုစဖြစ်ပါတယ်။ CNA ရဲ့ကားသမားကို ကျွန်တော်တို့ဖက်က ဖမ်းပြီးတော့ သတ်ပစ်လိုက်ပြီဆိုပြီးတော့ သူတို့ဖက်ကစပြီးဝါဒဖြန့်ပါတယ်။ နောက်နေ့မှာတော့ CC ဖက်ကနေ စပြီးတော့ပစ်ပါတယ်။ ကျွန်တော်တို့အားလုံးလဲ သွေးပူနေတဲ့အချိန်ဆိုတော့ တစ်ကယ်ကို စိတ်နာရတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီပြဿနာမှာ တခုသတိထားရမှာက CC နဲ့ CB တပ်ပေါင်းစုတွေရဲ့ ပြဿနာပါ။ ကျွန်တော်တို့မတူပီသားတွေရဲ့ တိုက်ရိုက် ပြဿနာမဟုတ်ပါဘူး။ ဒီပြသနာကို CC နဲ့ CB လူကြီးတွေေဖြေရှင်းရမှာပါ။ ကျွန်တော်တို့မတူပီသားတွေကပဲ ဖြေရှင်းလို့မရပါ။ ဒီပြသနာမှာ ကျွန်တော်တို့မတူသားတွေထက် အခြားသောလက်နက်ကိုင်အဖွဲ့အစည်းကသူတွေပဲ ပိုကျဆုံးခဲ့ကြတာပါ။ ဒါကိုလဲ သတိထားရပါမယ်။ အခုကဟာက ကျွန်တော်တို့က တစ်ဖတ်သတ် တမဟ-၂ ကိုပဲ အပစ်ပုံချနေကြတဲ့ ကျွန်တော်တို့လူကြီးတွေကိုလဲ တကယ်အံ့ဩမိပါတယ်။

မတူပီသားတွေအနေနဲ့က နှစ်ဖက်စလုံးမှားတယ်လို့ပြောရင်ပိုမှန်တယ် ကျွန်တော်တို့အနေနဲ့နဲ့ကလဲ မပစ်ပစ်အောင် အခြေနေတွေဖန်တီးပေးခဲ့တာရယ် သူတို့ဖက်ကလဲ သေနတ်စဖောက်တဲ့ CC တပ်ပေါင်းစုကြီးထဲမှာပါနေခဲ့တာရယ်။ နှစ်ဖက်စလုံးကမှားပါတယ်လို့ပြောလိုက်ရင်အဆင်ပြေတဲ့သွားတဲ့က်ိစ္စမှာ ပြောမထွက်ကြဘူး။ ပစ်ခတ်မှုဖြစ်ပြီးနောက် ပထမဆုံးတွေ့ဆုံကြတဲ့ စောင်ထီယား တွေ့ဆုံပွဲမှာ အပြန်အလှန်ငြင်းခုန်ကြပြီးတဲ့နောက်မှာ တမဟာ-၂ ဖက် တပ်မဟာမှူး လောမ်ကင်းက “ အေး ငါတို့ဖက်က အရင်ပစ်မိတယ် “ လို့ပြောလိုက်တော့ကျွန်တော့်စိတ်ထဲမှာ ကျေနပ်သွားတယ်။ ဒီလိုဆိုငါတို့ဖက်ကလဲ “ငါတို့လဲဒီလိုတွေလုပ်ခဲ့မိတယ်”လို့ပြောလိုက်ရင် အချင်းချင်းတောင်းပန်ကြပြီးတော့ နွားနောက်သတ်ပြီး ပြန်ကြမယ်။ နောက်ဆိုငါတို့ပြန်အဆင်ပြေကြတော့မယ်လို့စိတ်ထဲမှာတွေးနေတုန်း ကျွန်တော်တို့ဖက်က လူကြီးတွေက တစ်ခွန်းမှ ငါတို့လဲ ဒိလိုတွေလုပ်ခဲ့မိပါတယ်ဆိုတာ မပြောခဲ့ကြပါဘူး။ တဖတ်သတ်လက်ငြိုးပဲထိုးခဲ့ကြတော့ ဒီလိုငြင်းခုံရင်းနဲ့ပဲ ပြန်ခဲ့ကြပါတယ်။

နောက်ကြာတော့ အရက်ဝိုင်းတစ်ခုမှာ ကျွန်တော်တို့လူကြီးတစ်ယောက်က ငါတို့တော့မတောင်းပန်နိုင်ဘူး သူတို့တောင်းပန်မှပဲ ငါတို့လက်ခံပေးမယ်လို့ပြောလာတဲ့အချိန် ဒီတစ်သက်တော့ ငါတို့ရဲဘော်ပြန်အဆင်ပြေမှာ မဟုတ်တော့ဘူးလို့ပဲ ပြန်တွေးမိတယ်။ ပြန်ပြောဖို့ကြလဲ အရင်ကတည်းကကျွန်တော် တခုခုဆိုပြန်ပြောနေကြဆိုတော့ သူတို့ကသတိထားမိနေပြီ။ အခုထပ်ပြောလိုက်ရင်လဲ အမြင်ကပ်ပုဒ်မနဲ့ CB တပ်ပေါင်းစုထဲအပို့ခံရဦးမယ်ဆိုတော့ ကျွန်နော်လဲ ဒီလိုပဲငြိမ်နေခဲ့လိုက်ရတယ်။ ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ သူတို့ကအမြင်ကတ်တဲ့သူတွေ တခုခုဆိုပြန်ထောက်တဲ့သူတွေဆိူ CBတပ်ပေါင်းစုထဲထည့်ပြီး ရှေ့တန်းကိုပို့တာတွေရှိလို့ ပြောရတာပါ။ ပြီးတော့ လူမျိုးရေးလဲ ဆန်လာတယ်။ သူတို့ Batu တွေဆိုရင် CB တပ်ပေါင်းစုထဲ သိပ်မထည့်ချင်ကြဘူး တခြားရွာဖက်သူတွေပဲ တပ်ပေါင်းစုထဲမှာပါကြတာ။
လူမျိုးရေးအကြောင်းတွေသိပ်မပြောချင်ပေမဲ့လဲ တစ်ကယ်လူမျိုးရေးဆန်နေတာတော့ ဝန်ခံရမယ်။ ကျွန်တော်တို့အရင် CDF Matupi တစ်ခုတည်းရှိခဲ့တဲ့အချိန်မှာဆိုရင် တပ်ရင်းမှူးတွေဟာ ဌာနချုပ်က သူတွေထက်တောင် ပိုလုပ်ပိုင်ခွင့်ရှိပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်နော်တို့တပ်ရင်းမှာ တပ်ရင်းမှူးလုပ်တဲ့သူတိုင်းက Batu လို့ခံယူထားတဲ့သူတွေပဲ ရင်းမှူးလုပ်ခဲ့ကြတာပါ။ သက်ရှည်ကိုတပ်ရင်းမှူး လုပ်ခိုင်းတာကြတော့ အဲ့အချိန်က အိုင်ဒါပ် တောင်ကြောမှာ လူမျိုးရေးပြဿနာရယ် တပ်ရင်း ၆ စပေါ်လာမဲ့ပြသတွေရယ် စုံနေတော့ အိုင်ဒါပ်သားကို တပ်ရင်းမှူးပေးပြီး မင်းတို့အချင်းချင်းရှင်းကွာဆိုတဲ့ပုံစံမျိုးလို့ပဲ ထင်ပါတယ်။

အခုအချိန်လို တပ်ရင်းမှူးတွေ လုပ်ပိုင်ခွင့်မရှိတော့တဲ့အချိန်မှာ တခြားရွာဖက်ကသူတွေကို ရင်းမှူးပေးလုပ်တာပါ။ အခုရင်းမှူးတွေဆိုတာလဲ အရင်တပ်စုမှူးသာသာလောက်ပါပဲ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။ လုပ်ပိုင်ခွင့်ရှိတဲ့ စစ်ချုပ်တို့ဘာတို့ကြတော့ သူတို့ Batu လိုခံယူထားတဲ့သူတွေပဲ နေရာယူနေပြန်တာပါ။ အဲ့လိုမျိုးတွေကြောင့် နုတ်ထွက်ချင်ကြတဲ့ ရဲဘော်တွေရဲ့ နှုတ်ထွက်စာအပုံလိုက်ကြီးကိုလဲ အားလုံးရှေ့မှာ ဆုတ်ဖြဲလိုက်ပြန်ပါတယ်။ မကျေနပ်ကြလို့ ပေါက်ကွဲ တဲ့ရဲဘော်တွေကိုလဲ အချုပ်ကျခိုင်းကြပြန်ပါတယ်။ ထွက်ပြေးရင်လဲ ကျန်ခဲ့တဲ့ ညီတွေ၊ ညီမတွေကိုဖမ်းမယ်ဆိုပြီးလဲ ချိန်းခြောက်ပြန်ပါသေးတယ်။

အခုတဖြေးဖြေးတွေးမိလာတာက မြို့သိမ်းတာတောင် တစ်နှစ်ကျော်ခဲ့ပီ။ ဒါတောင်မြို့က ခြောက်ကပ်ကပ်ပဲ။ အခုမြို့ပေါ်မှာ ကျန်ခဲ့မြို့ခံတွေဆိုလို့ ကလေးနဲ့ အဖိုးဖွားတွေပဲကျန်တော့တယ်။ ကြားထဲမှာ အရပ်ဖက်အဖွဲ့တွေနဲ့ တပ်နဲ့ပြသနာတွေတက် အကျယ်ချုပ်ဆိုပြီး လုပ်ပြန်တော့ ကျွန်တော်တို့ကို ဘသူမှအမြင်မကြည်ကြတော့ဘူး။ ဒိလိုအတိုင်းဆိုကျွန်တော်တို့က ပြည်သူလဲမကြိုက်တော့ရင် ကြာရင်သူပုန်ဖြစ်တော့မှာ။ ထောက်ပြပြန်တော့လဲ ခြောက်ပေါက်နဲ့အချုပ်ကျမှာဆိုတော့လဲ ကိုယ်တိုင်မထောက်ရဲတော့ဘူး။ ဒါ့ကြောင့်စာနဲ့ရေးရတာပါ။ အထက်လူကြီးတွေကိုလဲ အောက်ခြေကရဲဘော်တွေဘယ်လိုခံစားနေရလဲဆိုတာ သိစေချင်သလို ရဲဘော်တွေကို အခြေနေတွေကိုနားလည်စေချင်တယ်။

အချိန်မှီမပြင်နိုင်ရင် သူပုန်ဖြစ်တော့မယ်ဆိုတော့ အချိန်မှီ ပြင်ဆင်နိုင်ကြပါစေ။

ရဲဘော် တစ်ဦးရဲ့ ရင်ဖွင့်သံ


-Matupi

16/09/2025

ဗိုလ်ချူပ်အောင်ဆန်းမဟုတ်

ဗိုလ်ချူပ်အောင်ထန်း

Video: Salai Lay Thang

ချေဂွေဗားရားသည် ပုန်းအောင်းနေရာမှ အဖမ်းခံလိုက်ရသည်။ သူ့ကိုဖမ်းမိစေရန် သတင်းပေးသော လယ်သမားကို အာဏာပိုင်တွေက မေးသည်။“မင်းတ...
14/09/2025

ချေဂွေဗားရားသည် ပုန်းအောင်းနေရာမှ အဖမ်းခံလိုက်ရသည်။ သူ့ကိုဖမ်းမိစေရန် သတင်းပေးသော လယ်သမားကို အာဏာပိုင်တွေက မေးသည်။

“မင်းတို့အခွင့်အရေးအတွက် သူ့ဘဝနဲ့ရင်းပြီး အကာအကွယ်ပေးနေတဲ့သူကို ဘာဖြစ်လို့ မင်းက သစ္စာဖောက်ရ တာလဲ”

လယ်သမားကပြန်ဖြေသည်။

“သူတို့စစ်ဖြစ်နေတာ ကျုပ်သိုးတွေ လန့်ကုန်လို့” ဟုဆိုသည်။

ကျွန်တော်ဖတ်ဖူးသည့် မှတ်တမ်းအရ ချေဂွေဗားရားကို ဘိုလီးဗီးယားတွင် ဖမ်းမိသည်မှာ လယ်သမားတစ်ဦး၏ သတင်းပေးမှုကြောင့်ဖြစ်သည်။ ထိုဒေသခံလယ်သမားကိုလည်း အာဏာပိုင်တွေက ငွေကြေးများ ပေးခဲ့ သည်ဟု ဆိုပါသည်။

တော်လှန်ရေးသမားတွေအမြင်အရ ချေသည် ပြည်သူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတစ်ဦး ဖြစ်သော် လည်း သာမန်လယ်သမား တစ်ယောက်အတွက်မူ ဘာမျှမဟုတ်သည်ကိုတွေ့ရသည်။ ထိုသူက သူ့ကိုယ်ပိုင် ဘဝ ငြိမ်းချမ်းရေးနှင့် အသက်မွေးဝမ်းကျောင်းအတွက်သာကြည့်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် ဆိုသည့် သဘောကို နားမလည်သူဟု ယူဆရမည်ဖြစ်သည်။

သာမန်လူကိုမပြောနှင့် ချမ်းသာသူတွေကရော တိုင်းပြည်အပေါ် မည်သို့သဘောထားကြသနည်းဆိုခြင်းကို အခြားဥပမာလေးတစ်ခုဖြင့် ဖော်ပြလိုပါသည်။

နပိုလီယံစိုးမိုးသည့် ခေတ်ကာလတွင် အီဂျစ်နိုင်ငံကို သိမ်းပိုက်ရာ၌ အီဂျစ်ခေါင်းဆောင် မိုဟာမက် ကာရင် သည် ပြင်သစ်တို့ကိုတော်လှန်ရာ၌ ထင်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ကာရင်ကို နပိုလီယံ တပ်က ဖမ်းမိသည်။ သူ့ကို သေဒဏ်စီရင်လိုက်သည်။ သို့သော် နပိုလီယံက သူ့ကို ခေါ်တွေ့သည်။

“ကျွန်ုပ်သည် သူ့တိုင်းပြည်နှင့် လူမျိုးအတွက် သတ္တိရှိစွာ ခုခံတော်လှန်ပေးနေသူ တစ်ဦးကို အဆုံးစီရင်ရ မည်အား စိတ်မကောင်းပါ။ ကျွန်ုပ်သမိုင်းကိုလည်း သူ့တိုင်းပြည် သူ့လူမျိုးအတွက် တော်လှန်ပေးနေသူ တစ်ဦးအား အဆုံးစီရင်ခဲ့သူတစ်ဦးအနေဖြင့် မှတ်တမ်းအတင်မခံနိုင်ပါ။ သို့ဖြစ်ရာ သင့်အသက်ကို ချမ်းသာ ပေးလိုက်မည်။ ငါ့အား ရွှေဒင်္ဂါး အပြားတစ်သိန်း ပေးဆောင်ရမည်။ ကျွန်ုပ်စစ်သားတွေ ဆုံးရှုံးခဲ့ရသည့်အတွက် လျော်ကြေးဖြစ်သည်” ဟု ပြောလိုက်သည်။

မိုဟာမက် ကာရင်က ပြုံးလိုက်ပြီး

“ကျွန်ုပ်မှာ ထိုမျှများပြားသော ငွေကြေးမရှိ။ သို့ရာတွင် ကျွန်ုပ်ထံ၌ ရွှေဒင်္ဂါး တစ်သိန်းမက ထိုက်တန်သော သူဌေးကုန်သည်များစွာရှိသည်”

နပိုလီယံလည်း သူ့သေဒဏ်ကို ရက်ရွှေ့ဆိုင်းပေးလိုက်ပြီး သူ့ကို ရွှေဒင်္ဂါးပြားများ စုဆောင်းရန် အချိန်ကန့်သတ် ပေးလိုက်သည်။

ကာရင်သည် နပိုလီယံစစ်သားတွေနှင့်အတူ ကုန်သည်များစုဝေးရာ ဈေးကိုလာခဲ့သည်။ ကာရင်က သူ့ကို ထောက်ခံခဲ့ဖူးသော ကုန်သည်များနှင့်တွေ့ပြီး သူအသက်ချမ်းသာရေးအတွက် ရွှေဒင်္ဂါးများ ထောက်ပံ့ပေးပါရန် အကူအညီတောင်းသည်။ သို့သော် မည်သည့် သူဌေး သူကြွယ် ကုန်သည်တွေကမျှ သူ့ကို တစ်ပြားတစ်ချပ် မထောက်ပံ့ကြပေ။ မထောက်ပံ့သည့်အပြင် ကာရင်ကိုပင် သူတို့စီးပွားရေးပျက်ပြားအောင် လုပ်နေသူဟု စွပ်စွဲ ပြစ်တင်ဝေဖန်လိုက်ကြသေးသည်။

ကာရင်ကို နပိုလီယံစစ်သားတွေက ပြန်ခေါ်လာသည်။ ကာရင်က ကြေကွဲဝမ်းနည်းစွာဖြင့်

“သင့်ကို ငါတစ်ပြားမျှ မပေးနိုင်ပြီ” ဟု ဆိုလိုက်သည်။

နပိုလီယံက

“သင်သည် ကျွန်ုပ်တို့ကို တော်လှန်သော်လည်း သင့်ကို ငါမသတ်။ အဘယ်ကြောင့်ဆိုသော် သင့်လိုကိုယ့် တိုင်းပြည် ကိုယ့်လူမျိုးအတွက် အသက်စွန့်ပြီး လုပ်ဆောင်နေသူတစ်ဦးနောက်တွင် ရေသာခို အချောင်လိုက် နေသူတွေ အများကြီး ရှိနေကြောင်း သင်သဘောပေါက်စေချင်သည်။ သင်အားထားယုံကြည်နေသည့် အခွင့် အရေးသမားတွေမှာ အမှန်တကယ် အရေးကြုံလာသော် သင့်ဘက်မှာမရှိကြောင်း သင်သိလျှင်တော်ပြီ။ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးကို သင့်လိုလူမျိုးက မည်မျှလုပ်ပေးနေသည်ဆိုစေ အရေးကြုံလာလျှင် ကိုယ်လွတ်ရုန်းပြေးသူတွေရှိနေကြောင်း သင်သိလျှင်တော်ပြီ။ သင့်ကို အပြစ်ဒဏ်မှ လွှတ်လိုက်သည်”

(An Ignorant Society ကို မြန်မာမှုပြုထားခြင်းဖြစ်သည်)

တင်ညွန့်

၁၄.၉.၂၀၂၅

မတူပီမြို့နယ်မှာ ချင်းလဲန်းအစိုးရကို ထောက်ခံတဲ့ ကျေးရွာ၊ ဒေသခံတွေကို MRO/CDF-မတူပီက မြို့ထဲကို ပေးမဝင်ခိုင်းဘူးလို့ ဒေသခ...
13/09/2025

မတူပီမြို့နယ်မှာ ချင်းလဲန်းအစိုးရကို ထောက်ခံတဲ့ ကျေးရွာ၊ ဒေသခံတွေကို MRO/CDF-မတူပီက မြို့ထဲကို ပေးမဝင်ခိုင်းဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

မတူပီ-ဆမီးလမ်းပိုင်ကို ဩဂုတ်လ ၂၈ ရက်နေ့ကနေ စက်တင်ဘာလ ၉ ရက်နေ့အထိ ဖွင့်ပေးသော်လည်း စက်တင်ဘာ ၁၀ ရက်နေ့ကနေ စတင်ပြီး ချင်းညီနောင်ကို ထောက်ခံမှသာ မြို့ထဲမှာ ပေးဝင်ခိုင်းမယ်လို့ သိရပါတယ်။

ဒါ့အပြင် လွီဗန်းကျေးရွာက ဒေသခံတွေကိုလည်း MRO/CDF-မတူပီက ကျေးရွာအပြင်ကို ထွက်ခွာခွင့်မ​ပေးဘူးလို့ သိရပါတယ်။

MRN၊ စက်တင်ဘာ ၁၃ ရက်

ဆီးလှည့်ရွာက ဦးဆွန်ထန် နှင့် ဦးပန်းလုံတို့ဟာ ဆိုင်ကယ်မတော်တဆမှုကြောင့် ဆေးကုသမှုခံယူနေပြီး ဆွေမျိုးများနဲ့ အဆက်အသွယ်ရရန်...
12/09/2025

ဆီးလှည့်ရွာက ဦးဆွန်ထန် နှင့် ဦးပန်းလုံတို့ဟာ ဆိုင်ကယ်မတော်တဆမှုကြောင့် ဆေးကုသမှုခံယူနေပြီး ဆွေမျိုးများနဲ့ အဆက်အသွယ်ရရန် လိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ လူနာတွေဟာ သတိပြန်လည်ရလာပြီး စကားပြောဆိုနိုင်ပြီလို့ သိရပါတယ်။

MRN

Address

Ramthar Veng
Aizawl

Website

Alerts

Be the first to know and let us send you an email when 𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share