Khonumthung Burmese

Khonumthung Burmese Khonumthung Daily News Khonumthung Media Group (KMG) is an independent news agency, covering Chin and Burma related issues in English and Burmese.

KMG is committed to provide reliable news and current issues through a balanced, and accuracy news.Khonumthung is a name given to the highest mountain, located in Kanpalet Township, Southern Chin state, North Western Burma. It is approximately 10018 feet high from sea level. The Khonumthung (otherwise called Mt. Victoria that was given by the British in honour to Queen Victoria during their invasion in Chinland) is decorated with various kinds of flowers where Elephants, Tigers, Bears, Wild Boars, various kinds of Monkeys, Barking Deers, wild Goats and various birds abode. Background

The Khonumthung Media Group (KMG) was initiated on 7th March 2002 by the Chin youth based in Mizoram, Northeast India. Khonumthung Media Group (KMG) is a member of the Burma News International (BNI), initiated by the exiled Burmese Journalists and News Agencies, from a seminar in Kolkota in 2003. The offensive Press Security Act of Burma, misinformed the people of Burma and Chin state, and has less access to the national or international news. The circulation of local/state news is totally banned. Freedom of Press and Expression is totally denied to the people. The state controlled Medias served no purposeful mean to the people. It is an official propagandas machine for the Military Junta. The Khonumthung Media Group has been set up to provide real facts and reliable news from Western Burma as a whole and Chin state in particular as the mainstream Burmese press or the opposition media in exile could not cover western Burma and Chin state. The Khonumthung News Group strives to bridge these missing factors. The Khonumthung Media Group advocates the people’s opinion in a democratic manner. It champions the Right to Freedom of Expression and Information and counter the state controlled Medias. The Press Securities Act requires severe censorship and dictates of the military regime to anyone who wishes to express their voice in letters or through any means of expression including the audio-visual arts. For this reason, no newspaper or independent magazines have grown in the entire Chin State.

Lamzang ရွာက နှစ်ခြင်းအသင်းတော်ပါစတာ ကပ်တဲလ်တံတားအနီးမှာ ပစ်ခတ်ခံရ၍သေဆုံး ခိုနူမ်းသုန်သတင်း၊ ၁၄ စက်တင်ဘာ ၂၀၂၆ချင်းပြည်နယ...
14/09/2026

Lamzang ရွာက နှစ်ခြင်းအသင်းတော်ပါစတာ ကပ်တဲလ်တံတားအနီးမှာ ပစ်ခတ်ခံရ၍သေဆုံး

ခိုနူမ်းသုန်သတင်း၊ ၁၄ စက်တင်ဘာ ၂၀၂၆

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် Lamzang ကျေးရွာမှ နှစ်ခြင်းအသင်းတော် ပါစတာ Rev Dal Thawn Tuang သည် ယနေ့ညနေပိုင်း ၄ နာရီခန့်တွင် ကပ်တဲလ်တံတားအနီးမှာ ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

Rev Dal Thawn Tuang သည် ဘာသာရေးကိစ္စတစ်ခုကြောင့် အကိုဖြစ်သူနှင့်အတူ တွီးတော့ကျေးရွာကိုသွားရောက်ပြီးနောက် Lamzang ရွာသို့ပြန်လာကြသည့်အချိန် ယနေ့ညနေပိုင်း ၄ ခန့်က ကပ်တဲလ်တံတားအရောက်တွင် သေနတ် ကျည်ဆံထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။

“သူ့အကိုနဲ့တွီးတော့ရွာကို ဘာသာရေးကိစ္စနဲ့သွားပြီး ပြန်လာတဲ့အချိန်မှာ အဲဒီလိုအဖြစ်ဆိုးနဲ့ကြုံတွေ့ရတာလို့ သိရ တယ်၊ အကိုဖြစ်သူကလည်း ဒဏ်ရာရရှိတယ်လို့သိရပါတယ်၊ သေဆုံးရတဲ့အကြောင်းအရင်းအတိအကျကိုတော့ မသိရပေမယ့် ကျနော်တို့သိရသလောက်ကတော့ ဒီနေ့မှာ PDF-Zoland နဲ့ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ကျည်ဆံတွေက ပါစတာ တို့ကိုထိသွားတာ လို့ပဲသိရတယ်” ဟု တီးတိန်မြို့ခံ တစ်ဦးကပြောသည်။

တီးတိန်မြို့နယ်ထဲမှာ PDF-Zoland ကဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်း ၈၀ ကျော်သည် ယမန်နေ့ညနေပိုင်းက ထွက်ပြေးသွားကြပြီး PDF-Zoland တပ်ဖွဲ့က တောနင်းရှာဖွေကာ ယနေ့ညနေပိုင်းမှာ ကပ်တဲလ်ကျေးရွာအနီးတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။

ထိုသို့ပစ်ခတ်မှုဖြစ်ပွားစဉ် ကျည်ဆံတွေက ပါစတာတို့ကို ထိမှန်သွားခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။

ပါစတာ Rev Dal Thawn Tuang ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ Lamzang ကျေးရွာ ZYA ကလည်း ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ပြီး စက်တင်ဘာ ၁၆ ရက်နေ့တွင် ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်တွင် ကုန်စည်သယ်ယူရေးအငြင်းပွားရာမှ ရခိုင်ကုန်သည်များက မာရာလူငယ်အဖွဲ့ စစ်ဆေးရေးဂိတ်ကို မီးရှို့ဖျက်ဆီ...
14/09/2026

အိန္ဒိယ-မြန်မာနယ်စပ်တွင် ကုန်စည်သယ်ယူရေးအငြင်းပွားရာမှ ရခိုင်ကုန်သည်များက မာရာလူငယ်အဖွဲ့ စစ်ဆေးရေးဂိတ်ကို မီးရှို့ဖျက်ဆီးဟု ဆို

ခိုနူမ်းသုန်သတင်း၊ ၁၄ စက်တင်ဘာ ၂၀၂၆

(005MK)

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Siaha ခရိုင် Khaikhy ကျေးရွာတွင် ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားရာမှ ရခိုင်ကုန်သည်များက မာရာလူငယ်အဖွဲ့ Mara Thyutlia Py (MTP) ၏ စစ်ဆေးရေးဂိတ်ကို မီးရှိုဖျက်ဆီးခဲ့ကြ သည်ဟု မီဇိုရမ်သတင်းများကဖော်ပြသည်။

ဖြစ်စဉ်မှာ Siaha ခရိုင်အတွင်းမှ ရခိုင်ပြည်နယ်သို့ လှေများဖြင့် ကုန်ပစ္စည်းတင်ပို့နေသည့် ရခိုင်ကုန်သည်များသည် ကုန်ပစ္စည်းများ ပုံမှန်မရရှိသည့်ကိစ္စနှင့်ပတ်သက်၍ ယနေ့မွန်းလွဲ ၁၂ နာရီခန့်တွင် ကုန်ပစ္စည်းတင်ပို့မှုကို စီမံခန့်ခွဲ နေသည့် Khaikhy ရွာက MTP တာဝန်ရှိသူများ၏ စစ်ဆေးရေးဂိတ် (Duty Post) သို့ သွားရောက်ကာ ၎င်းတို့အား ကုန်ပစ္စည်းများ သယ်ယူခွင့်ပြုရန် ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

ဆွေးနွေးစဉ်အတွင်း Khaikhy MTP နှင့် ရခိုင်ကုန်သည်များအကြား အပြန်အလှန် အငြင်းပွားမှုဖြစ်ပွားကာ အကြမ်း ဖက်မှု ဖြစ်ပွားမည့်အခြေအနေသို့ ရောက်ရှိနိုင်သဖြင့် Khaikhy MTP တာဝန်ရှိသူများက စစ်ဆေးရေးဂိတ်မှ ထွက်ခွာသွားခဲ့ကြသည်ဟု မီဇိုရမ်ဒေသတွင်းသတင်းများကဖော်ပြသည်။

ထို့နောက် ဒေါသထွက်နေသည့် ရခိုင်ကုန်သည်များသည် MTP စစ်ဆေးရေးဂိတ်ကို ဖျက်ဆီးခဲ့သည့်အပြင် မီးရှို့ခဲ့ကြ သော်လည်း မီးအရှိန်မပြင်းမီ ပြန်လည်ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ Khaikhy MTP ၏ ကုန်တင်လှေအဝင်အထွက် မှတ်တမ်းစာအုပ်၊ ငွေစာရင်းစာအုပ်များကို ဖျက်ဆီးခဲ့ကြပြီး ရူပီးတစ်သောင်းခန့် ပျောက်ဆုံးသွားကြောင်း ဖော်ပြထား သည်။

အဆိုပါဖြစ်စဉ်များကြောင့် Lopu ကျေးရွာမှ လူငယ်များနှင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တချို့လည်း Khaikhy ရွာသို့ ချက်ချင်းသွားရောက်ခဲ့ကြပြီး အခြေအနေများ တင်းမာလာသည့်အတွက် ရခိုင်ကုန်သည်များသည် Khaikhy မှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်ဟုသိရသည်။

လက်ရှိတွင် နောက်ထပ်မလိုလားအပ်သော ပဋိပက္ခများ ဆက်လက်မဖြစ်ပွားဘဲ အခြေအနေ ငြိမ်သက်လျက်ရှိကြောင်း သိရသည်။

PDF-Zoland ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း အများအပြား ထွက်ပြေးသွား၊ လိုက်လံရှာဖွေနေဆဲဟုဆို ခိုနူမ်းသုန်သတင်း၊ ၁၄ စက်တင်ဘာလ...
14/09/2026

PDF-Zoland ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း အများအပြား ထွက်ပြေးသွား၊ လိုက်လံရှာဖွေနေဆဲဟုဆို

ခိုနူမ်းသုန်သတင်း၊ ၁၄ စက်တင်ဘာလ ၂၀၂၆

(004SS)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland ထိန်းသိမ်းထားသော ဗိုလ်မှူး၊ ဗိုလ်ကြီးများ အပါအဝင် စစ်သုံ့ပန်း အများအပြား ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများနှင့် သတင်းရင်း မြစ်များထံမှ သိရသည်။

"ဟုတ်ပါတယ်၊ စစ်သုံ့ပန်းတွေ ထွက်ပြေးတယ်ဆိုတာ မှန်ပါတယ်။ အရေအတွက် အတိအကျကိုတော့ မသိရသေးပေမဲ့ အစုလိုက် ထွက်ပြေးကြတာပါ။ ဒီနေ့တော့ ကပ်တီးလ်ရွာက လူတွေ ဘယ်သူမှ ရွာပြင်မထွက်ရဘူးလို့ သိထားရပါတယ်" ဟု PDF-Zoland နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်သုံ့ပန်းများ ထွက်ပြေးသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက် ညဦးပိုင်းက တီးတိန်မြို့နယ်ထဲက PDF-Zoland ထိန်းသိမ်းရေးစခန်းမှ စစ်သုံ့ ပန်း ၂ ဦးက ရေချိုးရန် အကြောင်းပြကာ အချုပ်စောင့်တပ်ဖွဲ့ဝင်ကို ရိုက်နှက်ကာ သေနတ်နှင့် ကျည်ဆန်များ လုယူပြီးနောက် ကျန်ရှိနေ သည့် စစ်သုံ့ပန်းများကို လွှတ်ပေးကာ အစုလိုက် ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ရိုက်နှက်ခံရသည့် အချုပ်စောင့်မှာလည်း ဒဏ်ရာများ ရရှိခဲ့သည်။
ယခု ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများသည် စစ်ရေးအရ အရေးပါသော ကနေဒီတောင်စခန်းသိမ်း တိုက်ပွဲများနှင့် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များအတွင်း ဖမ်းဆီးရမိထားသူများဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းကလည်း PDF-Zoland ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၁၀ ဦးထက်မနည်း ထွက်ပြေးလွတ် မြောက်ခဲ့ဖူးပြီး ၎င်းတို့ကို စစ်ကောင်စီက ကလေးမြို့ စစ်ဆေးရေးဂိတ်များတွင် ပြန်လည်တာဝန်ချထားသဖြင့် တော်လှန် ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက် ပေါက်ကြားမည်ကို ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များက စိုးရိမ်နေကြသည်။

"ဩဂုတ်လတုန်းကလည်း စစ်သုံ့ပန်းတွေ ထွက်ပြေးသွားတယ်။ အဲဒါကို စစ်တပ်က ကလေးမြို့ စစ်ဆေးရေးဂိတ်တွေမှာ ပြန်တာဝန်ချထားတော့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် တော်တော် စိုးရိမ်စရာဖြစ်တယ်။ သူတို့က ဂိတ်မှာ ရှိနေမှတော့ ဘယ်သူက ဘယ်ကလဲဆိုတာ အကုန်သိနေတာလေ။ အလင်းဝင်လာတာတွေကိုလည်း ဒီအတိုင်း လွယ်လွယ်နဲ့ မယုံသင့် တော့ဘူး" ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ PDF-Zoland တာဝန်ရှိသူတစ်ဦးက “ ဒီကိစ္စနဲ့ပတ်သတ်ပြီး နောက်ပိုင်းကျရင် အသေးစိတ်ပြန် ပြောပါမယ်၊ ခုချိန်ဖမ်းဆီးနေတဲ့အချိန်မှာ ဘာမှမပြောတာကောင်းလို့ပါဗျ။ အသက်နဲ့ရင်းတဲ့အရာမို့လို့နားလည် ပေးဖို့ တောင်းဆိုပြရစေ” ဟု ပြောဆိုသည်။

ယခု ၂၀၂၆ ခုနှစ်တွင် ချင်းပြည်နယ်ရှိ တော်လှန်ရေးထိန်းချုပ်ထားသော မြို့များကို စစ်တပ်က သာလွန်အင်အားဖြင့် ပြန် လည်ထိုးစစ်ဆင်ပြီးနောက် ချင်းပြည်နယ် မြောက်ပိုင်းရှိ မြို့များ ပြန်လည်ထိန်းချုပ်လာသည်နှင့်အမျှ တော်လှန်ရေး အဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်းများ ထွက်ပြေးလွတ်မြောက်သည့်သတင်းများ မကြာခဏ ကြားလာရသလို တော်လှန်ရေးအဖွဲ့များတပ်၏ စခန်းအချို့ကိုလည်း စစ်တပ်က နေရာအတိအကျ ထိမှန်တိုက်ခိုက်မှုများလည်းပြုလုပ်လာနေ သည်။

အောင်ဆန်းသူရိယ ဗိုလ်ကြီးတိုက်ချွန်း နေထိုင်ခဲ့သည့်ရွာ ဗုံးကြဲတိုက်ခိုက်ခံရဗိုလ်ကြီးတိုက်ချွန်း၏ သားဖြစ်သူ နေအိမ်နှင့်ပို...
14/09/2026

အောင်ဆန်းသူရိယ ဗိုလ်ကြီးတိုက်ချွန်း နေထိုင်ခဲ့သည့်ရွာ ဗုံးကြဲတိုက်ခိုက်ခံရ

ဗိုလ်ကြီးတိုက်ချွန်း၏ သားဖြစ်သူ နေအိမ်နှင့်ပိုင်ဆိုင်မှုတချို့ ပျက်စီး

ခိုနူမ်းသုန်သတင်း၊ ၁၄ စက်တင်ဘာလ ၂၀၂၆

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အောင်ဆန်းသူရိယနှင့် သူရဘွဲ့များ ရရှိခဲ့သော ဗိုလ်တိုက်ချွန်း နေထိုင်ခဲ့သော ဘွေလီကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၂ ရက် ညနေ ၄ နာရီခွဲခန့်က ပလက်ဝမြို့နယ်၊ ဆမီးမြို့နှင့် မတူပီမြို့နယ်အကြားရှိ ဘွေလီကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၃၀၀ ဗုံးများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတချို့ထံမှ သိရသည်။

“ဘွေလီရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ပျက်စီးသွားတဲ့ နေအိမ်က ဗိုလ်တိုက်ချွန်းရဲ့ သားဖြစ်တဲ့ ကျောင်းဆရာ ဦးလျန်ထန်ရဲ့ နေအိမ်ဖြစ်ပါတယ်။ သူ့သားက အဲဒီရွာလမ်းပေါ်မှာ ဆိုင်ဖွင့်ပြီး နေထိုင်တာပါ။ သူ့သားဆိုင်နားကို ဗုံးကြဲတာပါ။ ဆိုင်ခန်းက အတော်ပျက်စီးသွားတယ်။ လူက ထိခိုက်မှု မရှိဘူး” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘွေလီကျေးရွာရှိ ဗိုလ်တိုက်ချွန်၏ သားဖြစ်သူ ဦးလျန်ထန်နှင့် ဒေါ်စိန်နု၏ ကုန်စုံဆိုင်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကုန်စုံဆိုင်၊ ကားတစ်စီးနှင့် Starlink ဂြိုလ်တုအင်တာနက်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အိမ်မွေတိရစ္ဆာန် တချို့လည်း ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ် လွီဗန်းရွာတွင် မေးဖွားခဲ့သော အောင်ဆန်းသူရိယ ဗိုလ်ကြီးတိုက်ချွန်းသည် တပ်မှ အငြိမ်းစား ယူပြီးနောက် ဘွေလီရွာတွင် အခြေချ နေထိုင်ခဲ့ကြောင်း သိရသည်။

ဘွေလီရွာတွင် ဗိုလ်တိုက်ချွန်း မကွယ်လွန်မီက နေထိုင်ခဲ့သော နေအိမ် ရှိပြီး ဗိုလ်တိုက်ချွန်း အမှတ်တရ ကျောက်တိုက်လည်း ရှိကြောင်း၊ စက်တင်ဘာလ ၁၂ ရက် စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများသည် ဗိုလ်တိုက်ချွန်းအမှတ်တရ ကျောက်တိုက် အနီးတွင်လည်း ကျရောက်မှု ရှိခဲ့သည်ဟု သိရသည်။
ဩဂုတ်လ ၂၄ ရက်က ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ကလေးငယ် ၅ ဦးအပါအဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဩဂုတ်လ ၂၆ ရက်က မီးဇာကျေးရွာ ဝန်းကျင်ကို ဂျက်ဖိုက်တာ ၅ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့ရာ သားအမိ ၂ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ပလက်ဝမြို့နယ်၊ ရွှေလက်ဝကျေးရွာအနီးရှိ MDF စစ်သင်တန်းကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဩဂုတ်လ ၂၅ ရက်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ CDF ရဲဘော် ၅ ဦး ကျဆုံးပြီး ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ယခုလပိုင်များတွင် ချင်းတောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာများဖြင့် မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု များပြားနေပြီး လေကြောင်းအန္တရာယ်ကို သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေး ထုတ်ပြန်နေသည်။

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲခိုနူမ်းသုန်သတင်း၊ ၁၂ စက်တင်ဘာ ၂၀၂၆ရေး - ဆလိုင်းကျော်အောင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ...
12/09/2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ခိုနူမ်းသုန်သတင်း၊ ၁၂ စက်တင်ဘာ ၂၀၂၆

ရေး - ဆလိုင်းကျော်အောင်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက် နေ့သည် ULA/AA မှ ချင်းပြည်၊ပလက်ဝမြို့နယ်တစ်ခုလုံး ၏ စစ်ကော်မရှင် စခန်းကြီးငယ်များနှင့် အုပ်ချုပ်ရေးယန္တရားအလုံးစုံကို ချုပ်ငြိမ်းစေနိုင်သည့် နေ့တစ်နေ့ဖြစ်သည်။ ULA/AA သည် ၂၀၁၅ခုနှစ်၊ ဧပြီလတွင် ပလက်ဝမြို့နယ်၊ပြိုင်စိုကျေးရွာ‌တွင် စကမနှင့်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ ‌သည်။ ဆယ်စုနှစ်တစ်ခု စစ်ရေးပဋိပက္ခအတွင်း အပြစ်မဲ့ ဒေသခံလူထုအ‌နေဖြင့် စစ်ကို ခါးသီး ‌စွာ ဖြတ်သန်းနေရသည်။ အသက်နှင့်ကိုယ်လက်အင်္ဂါပေးဆပ်ရသူလည်း မနည်းလှပေ၊နေရပ်စွန့် ခွါရသူထဲတွင် ခူမီး(ချင်း)လူမျိုး နှင့်ချင်းမျိုးနွယ်စုများသည် အများဆုံးဖြစ်ခဲ့ရသည်။

ပလက်ဝမြို့နယ်သည် ချင်းမျိုးနွယ်စုဝင်အများဆုံးနေထိုင်သည့် နယ်မြေဒေသဖြစ်ပြီး ရခိုင်လူမျိုးနှင့်မ တူသည့် သီးခြားဘာသာစကား၊ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်ကိုယ်ပိုင်နယ်နိမိတ်တို့ဖြင့် လွတ်လပ်သော ပလက်ဝနယ်မြေကို အင်္ဂလိပ်တို့က(The Arakan Hills Civil Justice Regulation – 1874-76 ) ၊ ရခိုင်တောင်တန်း တရားမဥပဒေ -၁၈၇၄-၇၆ နှင့် (Arakan Hills Regulation Act - 1916) ရခိုင်တောင်တန်း နည်းဥပဒေ-၁၉၁၆ ကို ပြဌာန်းကာ အုပ်ချုပ်ရေးကို လည်ပတ်စေခဲ့သည်။ နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေးကို လက်မခံသည့် ခူမီး(ချင်း)မျိုးချစ်ခေါင်းဆောင်များဖြစ်သည့် တောင်မင်းဆိန်ဒါ(တတ္တူးစို)နှင့် တောင်မင်းဆပန် ‌(နင်မ်းလောက်)တို့ ဦးဆောင်၍ တင်းမကျေးရွာ(ယခု ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်အတွင်းပါဝင်) မှ စတင်ခုခံတိုက်ပွဲဝင်ခဲ့သည့် သမိုင်းသက်သေများလည်းရှိသည်။ ၁၈၇၄-၇၆ မှ ၁၉၄၈ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် အချိန်ထိ နှစ်ပေါင်း ၇၀ကျော် သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့သည်။

သီးခြား လွတ်လပ်သော ပလက်ဝသည် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံအပြီး တောင်တန်းဒေသစုံစမ်းရေး ကော်မတီက ကြားနာမေးမြန်းစဉ် ပလက်ဝ ကိုယ်စားလှယ်များက မြန်မာနှင့်အတူ ပူးပေါင်း၍ လွတ်လပ်ရေးရ
ယူလိုကြောင်း၊ ချင်းတောင်တန်းဒေသနှင့် ပူးပေါင်းပြီး ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် နေလိုကြောင်းကို ထွက်ဆို ‌ခဲ့သည်။ ထိုသို့ ပလက်ဝမြို့နယ်သည် ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေအရ ချင်းဝိဒေသတိုင်း၊ ချင်းပြည်နယ်တွင် ပါဝင်ခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ နှစ်မကြာ ပြည်တွင်းစစ်တောက်လောင်ခဲ့ရ သည် ၁၉၆၇ ခုနှစ်၊ ဧပြီ ၉ ရက်တွင် စတင်ဖွဲ့စည်းသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဗိုလ်ရာဇာ ဦးဆောင်သော ရခိုင်ပြည်တပ်မတော်(AA)၊ ၁၉၈၈ မတ်လ၂၀ရက်မှာ စတင် ဖွဲ့စည်းသည့် ချင်းအမျိုးသားတပ်ဦး(CNF)၊ ၂၀၀၉ခုနှစ်၊ဧပြီ (၁၀)ရက်တွင် စတင်ဖွဲ့စည်းပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်သော (ULA/AA) တို့ သည် ပလက်ဝမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားခဲ့သည်။ ပလက်ဝမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများ ‌နှင့်စစ်အာဏာ‌ရှင်တို့ အကြား စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့သည့် နယ်မြေလည်းဖြစ်ခဲ့ရသည်။

⏯️အုပ်ချုပ်ရေးအသစ်နှင့်ပလက်ဝ

ပလက်ဝသည် ချင်းပြည်နယ်၏ နယ်မြေအစိပ်အပိုင်းဖြစ်သည်နှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံ ‌လွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးယန္တရားတို့သည် တရားဝင် အသက်ဝင်စေသည်။ လမ်းပန်းဆက်သွယ် ရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးမှုကြောင့် တချို့အုပ်ချုပ်ရေးလုပ်ငန်းထဲမှ ဌာနဆိုင် ရာအချို့ကိုမူ နီးစပ်သည့် ရခိုင်ပြည်နယ်မှာ တွဲလျက် လုပ်ငန်းအကောင်အထည်ဖော်ခဲ့ရသည်။ “ISP-Myanmar ၏ အစီရင်ခံစာအရ ၂၀၁၈-၁၉ခုနှစ် မှစ၍ ULA/AAသည် ၎င်းတို့ထိန်းချုပ်နိုင်သည့် နယ်မြေဒေသတွင် (ပလက်ဝ)အပါအဝင် ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးလုပ်ငန်းကို စတင်အကောင် ‌အထည်ဖော်ခဲ့ပြီး၊ ၂၀၂၁ခုနှစ်၊နောက်ပိုင်း တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့(APRG)ကို ဖွဲ့စည်းပြီး ၂၀၂၅ခုနှစ်၊မေလ မှစတင်၍ ရခိုင်ပြည်နယ်နှင့်ချင်းပြည်၊ပလက်ဝမြို့နယ်အပါအဝင် ခရိုင်(၈)ခုဖြင့် အုပ်ချုပ်ရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။”

၂၀၂၁ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကံကြမ္မာသည် စစ်အာဏာရှင်မှ တိုင်းပြည်အာဏာကို သိမ်းယူခြင်း အဖြစ်ဆိုးကို ထပ်မံကြုံတွေ့ရသည်။ အာဏာသိမ်းမှုနောက်ပိုင်း ပလက်ဝတစ်မြို့နယ်၏ အုပ်ချုပ်
ရေး ယန္တရားလည်ပတ်သည့် အဖွဲ့ကို ဖော်ပြရလျှင် Paletwa Council - PC ၊ Maraland Territorial Council – MTC ၊ Daai Regional Council- DRC နှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ - APRG တို့ဖြစ်သည် မြို့နယ် နယ်မြေအများစုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အုပ်ချုပ်ရေးဖော်ဆောင်သည်။ ဗဟိုဦးစီးစနစ်ကို ‌ကျင့်သုံးမည်ဟု အင်တာဗျူးတစ်ခုတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဖြေကြားခဲ့သည် စာရေးသူ အနေဖြင့် ဗဟိုဦးစီး ‌စနစ်၏ အားနည်းချက်၊အားသာချက်ကို ထောက်ပြမည်မဟုတ်သော်လည်း ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးမ ‌ဟုတ်သည့် မျိုးနွယ်စုများရှိခဲ့သလို၊ ချင်းပြည်၊ပလက်ဝမြို့နယ်အတွင်းမှာဆိုရင် လူဦးရေအများစုမှာ ချင်းမျိုး ‌နွယ်စုဝင်များဖြစ်ကြသည် ပလက်ဝမြို့နယ်သည် ချင်းပြည်၏ နယ်မြေအစိပ်အပိုင်းဖြစ်သည်နှင့်အညီ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ အုပ်ချုပ်ရေးအစားထိုးခြင်းသည် ရေရှည်အတွက် လုံးဝသင့်တော်မည်မဟုတ် ‌သလို၊ချင်းပြည်သူများ၏ ဆန္ဒလည်း လုံးဝမဟုတ်ပါ။ လက်ရှိအချိန်တွင် မြို့နယ်အတွင်း ချင်းလူထုအများစု ‌သည် တစ်နေ့တစ်ခြား မိမိနေရပ်ကို စွန့်ခွါ၍ ထွက်ပြေးနေကြရသည့် နောက်ခံအကြောင်းရင်းတစ်ခုမှာ ULA/AA အုပ်ချုပ်ရေးကို လက်မခံနိုင်သည့် ဖြစ်ရပ်တစ်ခုဖြစ်ပြီး စစ်နိုင်လို့အုပ်ချုပ်တယ်၊လုံခြုံရေးကို အကြောင်းပြပြီး အုပ်ချုပ်ရေးလုပ်တယ် ဆိုရင် ဒေသခံချင်းလူထု၏ ဆန္ဒကို လျစ်လျူရှူရာရောက်သလို၊ ရေရှည်မှာ ရခိုင်လူမျိုး ‌နှင့်ချင်းလူမျိုးကြားမှာ မလိုလားအပ်သည့် ပြဿနာဖြစ် ‌ပေါ်လာနိုင်တဲ့အတွက် ခေါင်းဆောင်များအနေဖြင့် ပလက်ဝအုပ်ချုပ်ရေးကို အထူးအလေးအနက်ထားရန် လို ‌အပ်သည်။

⏯️ ULA/AA အောက်ခြေ တပ်မှူးနှင့်ရဲဘော်တွေ ဘာတွေပြောခဲ့လဲ

၂၀၁၅ ခုနှစ်မှစ၍ ပလက်ဝမြို့နယ်အတွင်း စစ်ရေးအရလှုပ်ရှားနေစဉ် ULA/AAတပ်မှူးနှင့်ရဲဘော်များ ‌သည် ခူမီး(ချင်း) လူထုများကို “ ပလက်ဝနယ်မြေသည် ရခိုင်ပြည်ပိုင်နက်နယ်မြေဖြစ်ကြောင်းနှင့်လူထု လက်ခံရန် ခက်ခဲသည့် စကားအသုံး ‌အနှုန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုမှုရှိခဲ့သည်။ ထိုအချက်အလက် ‌များကြောင့် ခူမီး(ခမီး)အမျိုး သားပါတီ (KNP) မှ ၂၀၁၉ ဇန်နဝါရီလ(၂၄)ရက်စွဲ့ဖြင့် လုံးဝဆန့်ကျင်ကန့်ကွက်ရှုံ့ချကြောင်း သဘောထား ထုတ်ပြန်သည်။ ထို့အတူ ပလက်ဝမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုကို လက်မခံသည့် ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် ချင်းလူမှုအဖွဲ့အစည်း အသီးသီးကလည်း ဆန့်ကျင်ကန့်ကွက်မှုနှင့် ‌ဆန္ဒဖော်ထုတ်မှုများလည်း ရှိခဲ့ဖူးသည်။ ဆိုရှယ်မီဒီယာမှာ ပလက်ဝမြို့နယ်အတွင်း ULA/AA ၏ လှုပ်ရှားမှုနှင့် လူ့အခွင့်အရေးချို့ဖောက်မှုကို ဒေသခံ ခူမီး(ချင်း)မှ ရေးသားပြောဆိုတိုင်းတွင် အမုန်းတရားကို ဖန်တီးခြင်း၊ တော်လှန်ရေးကို ဟန့်တားခြင်း၊အာဏာရှင်အကြိုက် လုပ်ပေးခြင်းနှင့်သတင်းမှားသာဖြစ်ကြောင့် အမျိုးမျိုးတုန့် ပြန်လျက်ရှိသည်ကို ဝမ်းနည်းစွာ တွေ့မြင်ရသည်။ ရခိုင့်တော်လှန်ရေးအဆက်ဆက်အတွက် ပလက်ဝခူမီး(ချင်း) လူထုများ၏ အဖိုးအခဖြတ်၍ မရနိုင်သော ပေးဆပ်မှုလည်း များစွာရှိသည် နောက်ဆုံး ULA/AA ၏ ပလက်ဝမြို့ နယ်အတွင်း တိုက်ပွဲများတွင် နောက်ကနေ ထောက်ပို့အဖြစ် လုပ်ပေးခဲ့သည်အထိ ပေးဆပ်ရပ်တည်ပေး လျက်ရှိသည်။

⏯️ အကြောက်တရားအောက်မှာ အသက်ရှင်ရသည့် ပလက်ဝပြည်သူ

ဆယ်စုနှစ်တစ်ခု ပလက်ဝမြို့နယ်အတွင်း ULA/AA နှင့် စစ်အာဏာရှင် နှစ်ဖွဲ့စလုံးသည် ခူမီး(ချင်း) ‌လူမျိုးများအပေါ် လူ့အခွင့်အရေးချို့ဖောက်မှုပြောင်ပြောင်တင်းတင်းရှိခဲ့သည်။ လူ့အခွင့်အရေးချို့ဖောက်မှုနှင့် ဆက်စပ်၍ ဒေသခံပြည်သူများမှတဆင့် သက်ဆိုင်ရာသို့ သတင်းပေးခြင်းနှင့်နိုင်ငံတကာသိရှိနိုင်ရန် ဆောင် ရွက်ပါက နှစ်ဖွဲ့စလုံးမှာ လုံးဝ ချို့ဖောက်မှုမရှိသလိုပင် အမျိုးမျိုးလိမ်လည်၍ တစ်ဖွဲ့ကိုတစ်ဖွဲ့ အပြစ်တင်နေကြ သည် ထိုဖြစ်ရပ်ကို ဒေသခံလူထုများ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည်။ တော်လှန်ရေးကာလ ပြောရန် စော နေသော်လည်း တော်လှန်ရေးအလွန် ဒေသခံပြည်သူများအနေဖြင့် တရားမျှတမှုရရှိရန် လိုလားသည်။ ပလက်ဝ မြို့နယ်အတွင်း စစ်အာဏာရှင် ကင်းစင်ပြီးနောက် ခူမီး(ချင်း)လူထုများသည် အကြောက်တရားနှင့်လူ့အခွင့်အ ရေးချိုးဖောက်မှုမှ လွတ်ကင်းပြီလားလို့ မေးရင် မလွတ်ကင်းဘူးလို့ ဖြေရပါမည်၊ တော်လှန်ရေးအစောပိုင်းတွင် အမျိုးမျိုးခြိမ်းခြောက်ခြင်း၊မတရားဖမ်းဆီးခြင်းနှင့်သတ်ဖြတ်ခြင်းများ ကြုံတွေ့ရသည်မှာ သက်သေပင်ဖြစ်၍ ယနေ့အချိန်ထိ ခူမီး(ချင်း)လူထုများသည် ULA/AA အကြောင်းဆိုရင် ထောက်ပြဆွေးနွေးရန် ကြောက်နေရတဲ့ စိတ်ဒဏ်ရာရရှိနေပြီလို့တောင် ပြောရမှာပါ။ စာရေးသူအနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခု၏ ပုံရိပ်ကို ကျဆင်းစေလိုသည့် ဆန္ဒလုံးဝမဟုတ်ပါ ဖြစ်စဉ်တိုင်းမှာ ခိုင်မာသည့် သက်သေအထောက်အထားများရှိ၍ပင် ဖြစ်ပြီး လူမျိုးတစ်မျိုးနှင့်အပြန်အလှန် လူ့ဂုဏ်သိက္ခာနှင့်အညီ ပြုမူဆက်ဆံဖို့ အချိန်မနှောင်းသေးသည်ကို သ တိ မူနိုင်ရန် ဖြစ်သည်။

⏯️ ကျွန်းသစ်နှင့်သစ်မာ ကုန်နေပြီလား

ပလက်ဝမြို့နယ်သည် နယ်မြေဧရိယာနှင့်သစ်တောထူထပ်သည့် ဒေသတစ်ခုဖြစ်သည် အာရက္ခပြည် သူ့တော်လှန်ရေးအစိုးရ ပလက်ဝခရိုင်အဆင့်သတ်မှတ်၍ အုပ်ချုပ်ရေးအကောင်အထည်သည်နှင့်အညီ လုပ်ပိုင် ခွင့်အာဏာသည် အစိုးရထံမှ ဆင်းသက်စမြဲဖြစ်သည်၊ မြို့နယ်အတွင်းမှ ကျွန်းသစ်နှင့်သစ်မာ ထုတ်ယူမှုသည် တစ်နှစ်ထက်တစ်နှစ် များပြားလျက်ရှိသည် ဒေသခံလူထုများ အနေဖြင့် ဘာမှပြောစရာအာဏာမရှိတဲ့အချိန် ‌ကာလ ဖြစ်နေပြီ ဘယ်သူ့ကိုပြောရမလဲ၊ဘယ်သူ့ထံတိုင်ရမလဲ၊ တိုင်ကြားရင် တိုင်ကြားသူသည် လုံခြုံမှုရရှိနိုင် ‌မလား ဆိုသည့် စဉ်းစားရင်း အဖိုးတန် ကျွန်းသစ်နှင့်သစ်မာ ကုန်လုနီးနေပြီ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနမှာ တာဝန်ရှိစေမလား၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ တာဝန်ရှိစေမလား ဆိုသည် ‌ထက် ပလက်ဝ‌ဒေသခံပြည်သူလူထု၏ ဆန္ဒမှာ တော်လှန်ရေးကာလအတွင်း ပလက်ဝမြို့နယ်အတွင်းမှ အဖိုး တန် ကျွန်းသစ်နှင့်သစ်မာကို လုံးဝမထုတ်ယူရန် မေတ္တာရပ်ခံလိုသည်။

⏯️ ဘာသာစကားနှင့်စာပေ

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အာရက္ခအမျိုးသားညာရေးဌာနမှ ၁၂တန်းအတွက်၊ ရခိုင်စာပေဖြင့် အစား ထိုးသင်ကြားနိုင်ရန် လုပ်ဆောင်မှုအပေါ် ဆိုရှယ်မီဒီယာမှ တစ်ဆင့် ဒေသခံ ခူမီး(ချင်း)လူထုနှင့်ချင်းအသိုင်းအ ဝိုင်းက ၂၀၂၆ခုနှစ်၊စက်တင်ဘာလအတွင်း ကန့်ကွက်မှုများရှိနေသည်။ ဒီလိုဖြစ်ရပ်မျိုးသည် အခုမှမဟုတ်လာ သည်ကို သိရှိရန်လိုအပ်မည်ဖြစ်သည် ယခင်နှစ်များတွင်လည်း ကျောင်းတိုင်းနီးပါးတွင် ရခိုင်ဆရာ/မ အစားထိုး သင်ကြားရေးကို အကောင်အထည်ဖော်ရာတွင် ရခိုင်ဘာသာစကားဖြင့်သင်ကြားခြင်း၊ရခိုင်အမျိုးသားအလံ ‌အား အလေးပြုခြင်းနှင့်ရခိုင်ဘာသာစကားကိုသာအသုံးပြုရမည်ဟု တရားဝင် ထုတ်ပြန်ချက်မျိုးမထုတ်သော် လည်း မြေပြင်မှာ လက်တွေ့ ရခိုင်ဘာသာစကားနှင့်စာပေလွမ်းမိုးရေးသည် တစ်ဖြည်းဖြည်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီဖြစ်သည်။ လက်ရှိ ပလက်ဝမြို့နယ်မှာ ခူမီး(ချင်း) ကျောင်းဆရာ/မ မရှိသလောက် ဖြစ်နေချိန်မှာ “ ဦးခိုင်သုခ သည် သူ့ရဲ့ လူမှုဆိုရှယ်ဖြစ်သည့် Telegram စာမျက်နှာတွင် ၁၂တန်းအတွက် မြန်မာ စာနှင့်ရခိုင်စာ နှစ်ခုထဲက တစ်ခုရွေးချယ်လို့ရတယ်” ဟု ဖော်ပြခဲ့သည် ထိုသို့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦး၏ ရှင်းလင်းချက်သည် လက်တွေ့ဖြစ်လာမည်မဟုတ်ကြောင့် မှတ်ချက်ပြုလိုသည်။ အာရက္ခအမျိုးသားပညာရေး ဌာနမှ အကောင်အထည်ဖော်သည့် ပညာရေးစနစ်ထက် ချင်းပြည်/ချင်းလဲန် ပညာရေးစနစ်ကိုသာလူထုက လို လားကြခြင်းဖြစ်သည်။

⏯️ပလက်ဝအရေးနှင့်အကြံပြုချက်

နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ ULA/AA ခေါင်းဆောင်အနေဖြင့် ပလက်ဝအရေးနှင့်ပါတ်သက်‌၍ တော်လှန်ရေးအစောပိုင်းမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိန့်ခွန်း၊အင်တာဗျူးဖြေဆိုပြောကြားရာတွင် “ ပလက်ဝ ‌နယ်မြေကိစ္စနှင့်ရခိုင်ပြည်ထဲရှိ ချင်းလူမျိုးအရေးကို အထူးအလေးထားကြရန် ” နှင့် “စစ်ရေးအရ အရအရေးပါ ‌သည့် နေရာဖြစ်သည်” ဟု ထည့်သွင်းပြောဆိုဖူးသည်။ ခေါင်းဆောင်များအနေဖြင့် ပလက်ဝဒေသခံ ခူမီး(ချင်း) နိုင်ငံ ရေးဦးဆောင်အဖွဲ့များနှင့်တွေ့ဆုံဆက်ဆံရေးသည် အရေးကြီးလိုအပ်တဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး၊ ပို၍ ကျယ်ပြန့် သည့် ဒေသခံ ခေါင်းဆောင်အလွှာများနှင့်တွေ့ဆုံဆက်ဆံရေးလည်း လုပ်ရမည်ဖြစ်သည်။ ထို့အတူ အိမ်နီးချင်း ‌ချင်းနှင့်ရခိုင် အရေးသည် မတွေ့ဆုံမဆက်ဆံလို့မရတဲ့ နယ်မြေဒေသ၊လူမျိုးဖြစ်သည့်အတွက် ချင်းနိုင်ငံရေး အင်အားစုများနှင့်အလေးအနက်ထား တွေ့ဆုံဆက်ဆံရေးဖြင့် လက်ရှိနှင့်အနာဂတ်ကို တည်ဆောက်ရမည်ဖြစ် သည်။

၂၀၂၆ခုနှစ်၊သြဂုတ်လ ၁၆ရက်မှာ Global Arakan Network ဆိုရှယ်မီဒီယာ Page တစ်ခုတွင် “ပလက်ဝဒေသ- ရခိုင်လူမျိုးတို့၏ ဘိုးဘွားပိုင်မြေ” ဆောင်းပါးရှင် အမည်မဖော်ပြဘဲ Post တင်ထားသည်ကို ဖတ်ရှုရသည်၊ အတွေးထဲဝင်သည်မှာ ချင်းလူမျိုးနှင့်ရခိုင်လူမျိုးတို့ကြား မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှု ‌ကို ဖြစ်စေခဲ့သလို၊ အငြင်းအခုံဖြစ်ပွားစရာ ဖြစ်စေသည့်အတွက် အဖိနှိပ်ခံတိုင်းရင်းသားအချင်းချင်းကြားမှာ ယုံကြည်မှု တည်ဆောက်စရာထက်၊ ပို၍ နီးလျက်နှင့်ဝေးစေနိုင်တဲ့ အရေးအသားဖြစ်သည်။ လူမျိုးတစ်မျိုးနှင့် ‌တစ်မျိုးကြား ဂုဏ်သိက္ခာရှိရှိ အပြန်အလှန် လေးစားတန်ဖိုးထားသည့် ပတ်ဝန်းကျင်ကို ဖန်တီးကြရန် အခွင့် ကောင်းနှင့်အရေးကြီးသည့် အချိန်အခါလည်းဖြစ်သည်။

ဆလိုင်းကျော်အောင်
ပလက်ဝမြေ
၁၂.၉.၂၀၂၆

(မှတ်ချက်။ "ဤဆောင်းပါးပါ အမြင်နှင့် သဘောထားများသည် စာရေးသူ၏ ကိုယ်ပိုင်အာဘော်သာ ဖြစ်သည်။")

12/09/2026

ပလက်ဝမြို့နယ်မှာ အထက်တန်းသင်ရိုးညွှန်းတမ်းသစ်ကို ရခိုင်ဘာသာစာပေနဲ့သင်ကြားမှု ကမ္ဘာ့လုံးဆိုင်ရာခူမီးအဖွဲ့အစည်းကကန့်ကွက်

12/09/2026

ချင်းလဲန်း ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်ရဲ့ ဦးစားပေး ရှေ့လုပ်ငန်းစဉ်အဖြစ် ပြင်ဆင်ဆောင်ရွက်

12/09/2026

ချင်းတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသမှာ ပြည်သူ့ကျန်းမာရေးဌာနပေါင်း ၅၀ နီးပါးသာ ဖွင့်လှစ်နိုင်သေး

12/09/2026

လောင်တလိုင်ခရိုင်မှာ စစ်ဘေးရှောင်တွေနဲ့နိုင်ငံခြားသားတွေ လိုက်နာရမယ့် အချက် ၇ ချက်ကို ဒေသတွင်းအာဏာပိုင်တွေထုတ်ပြန်

12/09/2026

ဖလမ်း(ချင်း)ဘာသာစကားကို အင်္ဂလိပ်ဘာသာတိုက်ရိုက်ဘာသာပြန်ဆိုပေးနိုင်တဲ့ ChinSpeak App စတင်အသုံးပြုနိုင်

Address

Falkland Township
Aizawl
796001

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 4pm
Thursday 9am - 4pm
Friday 9am - 5pm

Alerts

Be the first to know and let us send you an email when Khonumthung Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khonumthung Burmese:

Shortcuts

Share