Khonumthung Burmese

Khonumthung Burmese Khonumthung Daily News Khonumthung Media Group (KMG) is an independent news agency, covering Chin and Burma related issues in English and Burmese.

KMG is committed to provide reliable news and current issues through a balanced, and accuracy news.Khonumthung is a name given to the highest mountain, located in Kanpalet Township, Southern Chin state, North Western Burma. It is approximately 10018 feet high from sea level. The Khonumthung (otherwise called Mt. Victoria that was given by the British in honour to Queen Victoria during their invasi

on in Chinland) is decorated with various kinds of flowers where Elephants, Tigers, Bears, Wild Boars, various kinds of Monkeys, Barking Deers, wild Goats and various birds abode. Khonumthung Background
The Khonumthung Media Group (KMG) was initiated on 7th March 2002 by the Chin youth based in Mizoram, Northeast India. KNG is a member of the Burma News International (BNI), initiated by the exiled Burmese Journalists and News Agencies, from a seminar in Kolkota in 2003. The offensive Press Security Act of Burma, misinformed the people of Burma and Chin state, and has less access to the national or international news. The circulation of local/state news is totally banned. Freedom of Press and Expression is totally denied to the people. The state controlled Medias served no purposeful mean to the people. It is an official propagandas machine for the Military Junta. The Khonumthung Media Group has been set up to provide real facts and reliable news from Western Burma as a whole and Chin state in particular as the mainstream Burmese press or the opposition media in exile could not cover western Burma and Chin state. The Khonumthung News Group strives to bridge these missing factors. The Khonumthung Media Group advocates the people’s opinion in a democratic manner. It champions the Right to Freedom of Expression and Information and counter the state controlled Medias. The Press Securities Act requires severe censorship and dictates of the military regime to anyone who wishes to express their voice in letters or through any means of expression including the audio-visual arts. For this reason, no newspaper or independent magazines have grown in the entire Chin State.

စစ်ကော်မရှင်တပ်၏ ထိုးစစ်ကြောင့် စစ်ဘေးတိမ်းရှောင်နေကြသော ကလေးမြို့နယ်က ဒေသခံများ အရေးပေါ် အကူအညီလိုအပ်နေခိုနူမ်းသုန်သတင်...
21/10/2025

စစ်ကော်မရှင်တပ်၏ ထိုးစစ်ကြောင့် စစ်ဘေးတိမ်းရှောင်နေကြသော ကလေးမြို့နယ်က ဒေသခံများ အရေးပေါ် အကူအညီလိုအပ်နေ

ခိုနူမ်းသုန်သတင်း၊ ၂၁ အောက်တိုဘာ ၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ကလေးမြို့နယ်အတွင်းရှိ ကလေး-တမူး လမ်းမနှင့် ကလေး-ဂန့်‌ဂေါလမ်မ ကြီးတို့တွင် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ ဒေသခံပြည်သူ အများအပြား အရေးပေါ် ထွက်ပြေးတိမ်းရှောင်‌နေကြရသည်။

လတ်တလောအခြေနေတွင် နေရပ်တိမ်းရှောင်ဒေသခံပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ ကျန်းမာရေးကူညီစောင့်ရှောက်မှု၊ အခြေခံစားသောက်ကုန် စသည့် အကူအညီများ လိုအပ်လျက်ရှိပါသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ယနေ့ထုတ်ပြန်သည်။

အရေးပေါ်တိမ်းရှောင်နေရသည့် ဒေသခံပြည်သူတို့၏ လိုအပ်ချက်များ အချိန်မီဖြည့်တင်းနိုင်ရန် ကလေးမြို့လူထုတိုက် ပွဲဦးဆောင်ကော်မတီအနေဖြင့် အရေးပေါ်တုံ့ပြန်ရေးနှင့်ကူညီရေးအဖွဲ့ အားဖွဲ့စည်းလိုက်သည်ဟုသိရသည်။

နိုင်ငံတကာရောက်မိဘပြည်သူများ၊ ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ တော်လှန်ရေး အင်အားစုများ ၊တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လက်ရှိ ကလေးမြို့နယ် အတွင်းရှိ နေရပ်တိမ်းရှောင်နေရသည့် ဒေသခံမိဘပြည်သူတို့၏ အရေးပေါ်လိုအပ်နေသည့်အခက်အခဲများ စောင့်ကြည့်ကာ ပံ့ပိုးကူညီပေးကြရန် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက တောင်းဆိုသည်။

အရေးပေါ်နေရပ်တိမ်းရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့လိုသူများအနေဖြင့် NUG Pay, SDB Bank account တို့ဖြင့်လုံခြုံစိတ်ချစွာ ကူညီထောက်ပံ့နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

NLD အစိုးရခေတ် ချင်းဝန်ကြီးများနှင့် ချင်းနိုင်ငံရေးသမားတချို့ စစ်တပ်၏ ရွေးကောက်ပွဲတွင် ပါဝင်မည်ခိုနူမ်းသုန်သတင်း၊ ၂၁ အေ...
21/10/2025

NLD အစိုးရခေတ် ချင်းဝန်ကြီးများနှင့် ချင်းနိုင်ငံရေးသမားတချို့ စစ်တပ်၏ ရွေးကောက်ပွဲတွင် ပါဝင်မည်

ခိုနူမ်းသုန်သတင်း၊ ၂၁ အောက်တိုဘာလ ၂၀၂၅

(006SV)

စစ်ကော်မရှင်က ဦးဆောင်ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် NLD အစိုးရခေတ်က ချင်းပြည်နယ်ဝန်ကြီးများဖြစ်သော ဦးစိုးထက် နှင့် ဦးပေါင်လွန်းမင် ထန်နှင့် လူသိများသော ချင်းနိုင်ငံရေးသမား ပူးနိုးထန်ကပ်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းများကို ဟားခါးခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌကအတည်ပြုပြီး ယမန့်နေက လူမှုကွန်ယက်ပေါ် ထွက်ပေါ်လာမှုအရ သိရသည်။

ချင်းလူထုအသိုင်းအဝန်းကြား လူသိများသော ချင်းနိုင်ငံရေးသမား ပူနိုးထန်ကပ်သည် ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ချင်းပြည်နယ် အမျိုးသား လွှတ်တော် (အချိုးကျ ကိုယ်စားပြုစနစ်) မဲဆန္ဒနယ်မြေအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ခိုနူမ်းသုန်သတင်းဌာနကို အတည်ပြုဖြေကြားထားပြီး လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုမှုသာ လိုတော့သည်ဟု ပြောသည်။

ချင်းအပါအဝင် နိုင်ငံတဝန်းတွင် ပြည်သူများကို နည်းမျိုးစုံဖြင့်သတ်ဖြတ်မှု ကျူးလွန်နေသော အာဏာသိမ်း စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲဝင် ထင်းရှားသော ချင်းနိုင်ငံရေးသမားများ ပါဝင်ယှဉ်ပြိုင်မှုသည် ၎င်းတို့၏ နိုင်ငံရေး ရွေးချယ်မှုသာဖြစ်သည်ဟု ချင်းနိုင်ငံရေးအသိုင်းအဝိုင်းက ပြောသည်။

“ဒါကတော့ သူတို့ရဲ့ နိုင်ငံရေး ရွေးချယ်မှုပေါ့လေး၊ နိုင်ငံရေးနည်းလမ်းမှာက ဆန္ဒဖော်ထုတ်တာလည်း နိုင်ငံရေး နည်းလမ်းပဲ၊ ပါတီ တည်ထောင်တာလည်း နိုင်ငံရေး နည်းလမ်းပဲ။ ဒီနည်းလမ်းတွေ အများကြီး ရှိတဲ့ အထဲက နည်းလမ်းတစ်ခုကို ရွေးတယ်လို့ မြင်ပါ တယ်။ ဒါက သူတို့ ကိုယ်ယုံကြည်ရာ နည်းလမ်းတစ်ခုကို ရွေးချယ်လိုက်တာပါပဲ။ ဒါက ကိုယ်ပိုင်လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိ ပါတယ်” ဟု ဖက်ဒရယ်ရေး လေ့လာသုံးသပ်သူ ချင်းနိုင်ငံရေးသမား ဆလိုင်းရှိန်းထွန်းက ပြောသည်။

ပူနိုးထန်ကပ်နှင့် ဝန်ကြီးဟောင်း ဦးစိုးထက်သည် ချင်းပြည်သစ်ကွန်ဂရက်ပါတီကို တည်ထောင်ရာတွင် ဦးဆောင်သူများဖြစ်ပြီး ၎င်းတို့သည် ချင်းပြည်နယ် အမျိုးသား လွှတ်တော် (အချိုးကျ ကိုယ်စားပြုစနစ်) မဲဆန္ဒနယ်မြေအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ပူးနိုင်းထန်ကပ်သည် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ဥက္ကဌအဖြစ် တာဝန်ယူဖူးသူဖြစ်ပြီး ဦးစိုးထက်သည် NLD အစိုးရ လက်ထက်က ချင်းပြည်နယ် စက်မှု၊ လက်မှုနှင့် စည်ပင်ဝန်ကြီးဖြစ်ကြောင်း၊ လက်ရှိတွင် ချင်းပြည်သစ် ကွန်ဂရက်ပါတီ၏ ဥက္ကဌဖြစ်သည်ဟု သိရသည်။

NLD အစိုးရလက်ထက်တွင် လူမှုရေးဝန်ကြီးဖြစ်ခဲ့သော ဦးပေါင်လွန်းမင်ထန်သည် လာမည့်ရွေးကောက်ပွဲတွင် ဇိုမီးအမျိုး သားပါတီမှ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ဦးပေါင်လွန်းမင်ထန်သည် အာဏာသိမ်းစစ်တပ်နှင့် နီးစပ်မှု ရှိနေသော ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA – EC အဖွဲ့တွင် ဦးဆောင်သူတစ်ဦးဖြစ်သည်ဟု ချင်းအင်အားစု အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၂၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ZCD ပါတီက အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ကျိန်ငိုက်မန်းသည် လက်ရှိ ရွေးကောက်ပွဲတွင် ဇိုမီးအမျိုးသားပါတီကိုယ်စားပြု၍အနေဖြင့် ချင်းပြည်နယ် အမျိုးသားလွှတ်တော် (အချိုးကျ ကိုယ်စားပြု စနစ်) မဲဆန္ဒနယ်က ဝင်ပြိုင်မည်ဟု သိရသည်။

စစ်ကော်မရှင်၏ ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်သည် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်သူ့လွတ် တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အတည်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ချင်းပြည်နယ်မှာ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ချင်းအမျိုးသားတက္ကသိုလ်မှာ ၂၀၂၆ ပညာသင်နှစ်တွင် မဟာဌာန ၃ ခုဖွင့်လှစ်မည်၊ သင်တန်းသားများ စတင်ခေါ်ယူနေခိုနူမ်းသုန်သတင်း၊ ၂၁...
21/10/2025

ချင်းအမျိုးသားတက္ကသိုလ်မှာ ၂၀၂၆ ပညာသင်နှစ်တွင် မဟာဌာန ၃ ခုဖွင့်လှစ်မည်၊ သင်တန်းသားများ စတင်ခေါ်ယူနေ

ခိုနူမ်းသုန်သတင်း၊ ၂၁ အောက်တိုဘာလ ၂၀၂၅

(004SS)

ချင်းပြည်(Chinland) အစိုးရ၊ ပညာရေးဝန်ကြီးဌာနလက်အောက်တွင် လည်ပတ်နေသော ချင်းအမျိုးသားတက္ကသိုလ် (CNU) မှ ၂၀၂၆ ပညာသင်နှစ်အတွက် မဟာဌာန ၃ ခုဖွင့်လှစ်တော့မည်ဖြစ်ပြီး တက်ရောက်မည့် သင်တန်းသားများ ခေါ်ယူနေကြောင်း အောက်တိုဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါသင်တန်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ပညာရေးမဟာဌာန၊ ဥပဒေ ပညာမဟာဌာန၊ နည်းပညာနှင့် သက်မေးပညာမဟာဌာနအတွက် သင်တန်းသားများခေါ်ယူသွားမည်ဖြစ်သည်။

ပညာရေးမဟာဌာန မှ (၂) နှစ်ကြာ သင်တန်းများဖြစ်သော လုပ်ငန်းခွင်ပညာရေးဒီပလိုမာ၊ ဘွဲ့ကြိုပညာရေးဒီပလိုမာ နှင့် ဘွဲ့လွန်ပညာရေးဒီပလိုမာ သင်တန်းများအတွက် လျှောက်ထားနိုင်မည်ဖြစ်သည်။

ထို့နောက် ဥပဒေပညာမဟာဌာန မှ (၄) နှစ်ကြာ ဥပဒေပညာဘွဲ့ သင်တန်းအတွက် ခေါ်ယူမည်ဖြစ်ကာ နည်းပညာနှင့် သက်မွေးပညာမဟာဌာန မှ (၂) နှစ်ကြာ ဒီပလိုမာသင်တန်းများဖြစ်သည့် လျှပ်စစ်အင်ဂျင်နီယာ (AGTI) နှင့် မြို့ပြ အင်ဂျင်နီယာ (AGTI) သင်တန်းများအား ခေါ်ယူမည်ဖြစ်သည်။

သင်တန်းအားလုံးအတွက် အခြေခံအားဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး၊ တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီး ရပ်နားထားသူ၊ တက္ကသိုလ်/ကောလိပ်မှ ဘွဲ့မရမီ ရပ်နားထားသူ သို့မဟုတ် အကြိုကောလိပ်အစီအစဉ်/BECA (NUG MoE/Chinland MoE) ပြီးမြောက်သူများ လျှောက်ထားနိုင်သည်။

ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်းအတွက်မူ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်ဖြစ်သည်။

အထူးသဖြင့် ပညာရေးနှင့် ဥပဒေပညာ သင်တန်းများအတွက် လျှောက်ထားသူများသည် သင်တန်းပြီးဆုံးပါက ချင်းပြည် (Chinland) အတွင်းရှိ ပြည်သူ့ကျောင်းများ၊ စစ်ဘေးရှောင်ကျောင်းများ သို့မဟုတ် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သည့် မည်သည့်နေရာတွင်မဆို တာဝန်ထမ်းဆောင်လိုသူများ ဖြစ်ရန် လိုအပ်သည်။

အလားတူ လျှပ်စစ်နှင့် မြို့ပြအင်ဂျင်နီယာသင်တန်းများအတွက်လည်း ချင်းပြည်တွင်း ပြည်သူကို အလုပ်အကျွေးပြုလို သူများ ဖြစ်ရမည်ဟု ဖော်ပြထားသည်။

စိတ်ဝင်စားသူများသည် လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်/ဒေသပညာရေးဌာန သို့မဟုတ် Ministry of Education, Government of Chinland ၏ page Messenger မှ Google Link တောင်းခံ၍ ရယူနိုင်ပြီး၊ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက် နောက်ဆုံးထား၍ [email protected] သို့ အီးမေးလ်ဖြင့် တင်သွင်းနိုင်သည်။

မှတ်ချက်အနေဖြင့်၊ ပဏာမရွေးချယ်ခံရသူများသာ ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး၊ သင်တန်းကြေးကို စာရွက်စာတမ်း ကြေးမပါဘဲ လစဉ် ကျပ် (၂၀၀,၀၀၀) သတ်မှတ်ထားကြောင်းထုတ်ပြန်ထားပြီး တက္ကသိုလ်၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟုလည်း ချင်းအမျိုးသားတက္ကသိုလ်၏ ကြေညာချက်တွင် ပါရှိသည်။

အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း မလေးရှားရောက် မြန်မာဒုက္ခသည်များ လုံခြုံရေး အထူးသတိထားရန် ACR တိုက်တွန်း|| အစည်းအဝေးကာလအ...
21/10/2025

အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း မလေးရှားရောက် မြန်မာဒုက္ခသည်များ လုံခြုံရေး အထူးသတိထားရန် ACR တိုက်တွန်း

|| အစည်းအဝေးကာလအတွင်း UNHCR ရုံးကို ပုံမှန်အတိုင်း ဖွင့်လှစ်မည်

ခိုနူမ်းသုန်သတင်း၊ ၂၁ အောက်တိုဘာလ ၂၀၂၅

(004SS)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (ASEAN Summit 2025) ကာလအတွင်း လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များ နှင့် လမ်းပိတ်ဆို့မှုများ အတွက် မလေးရှားရောက် မြန်မာဒုက္ခ သည်များအားလုံး အထူးသတိထားကြရန် Alliance of Chin Refugee (ACR) က အောက်တိုဘာလ ၂၀ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။

အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိအတွင်းကျင်းပမည်ဖြစ်ပြီး ကွာလာ လမ်ပူမြို့တွင်း လမ်းများတွင် လုံခြုံရေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်လမ်းကြောင်း လွှဲပြောင်းမှုများ ရှိလာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ဒုက္ခသည်များအနေဖြင့် မလိုအပ်သည့် ခရီးသွားလာခြင်းကို (အထူးသဖြင့် ညဘက်တွင်) တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။

သို့‌သော်လည်း အဆိုပါအစည်းအဝေးကာလအတွင်း UNHCR ရုံးကို ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရုံးချိန်းရရှိထားသူများအနေဖြင့် လမ်းများပိတ်ဆို့မှုကြောင့် မိမိတို့၏ ရက်ချိန်းများ နောက်မကျစေရန်အတွက် ကြိုတင်စောစီးစွာ အိမ်မှ ထွက်လာကြရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း UNHCR ကတ်သက်တမ်း ကုန်ဆုံးမည့်သူများအနေဖြင့် အောက်တိုဘာ ၂၂ ရက်နေ့ မတိုင်မီ သို့မဟုတ် အောက်တိုဘာ ၂၉ ရက်နေ့ပြီးမှ လာရောက်ကာ သက်တမ်းတိုးနိုင်ကြောင်း လည်း အသိပေးထားသည်။

တစ်ချိန်တည်းမှာပင် အင်တာဗျူး ရက်ချိန်းများ ပြန်လည်ပေးထားပြီးသောသူများအတွက် UNHCR မှ SMS မှတစ်ဆင့် ရက်ချိန်းအသစ်များ ပြန်လည်ပို့ပေးမည်ဖြစ်သောကြောင့် မိမိတို့၏ ဖုန်းများကို သေချာစစ်ဆေးပြီးမှသာ UNHCR ရုံးသို့ လာရောက်ရန်နှင့် ရက်ချိန်းအသစ် ပြန်လည်ရရှိခြင်းမရှိပါက ပုံမှန်ရက်ချိန်းအတိုင်း လာရောက်နိုင်ကြောင်းကိုလည်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ACR က လုံခြုံရေးအခြေအနေအရ ချမှတ်ထားသော ကန့်သတ်ချက်များကြောင့် မြန်မာဒုက္ခသည်များအနေဖြင့် သွားလာ နေထိုင်ရာတွင် အထူးသတိထားကြရန် တောင်းဆိုထားပြီး၊ အရေးပေါ်ကိစ္စများအတွက် ACR ၏ ဖုန်းနံပါတ် ၀၁၁-၁၅၀၀ ၈၀၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ဆဲထန်ဒေသရှိ ကျေးရွာ စာသင်ကျောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရခိုနူမ်းသုန်သတင်း၊ အောက်တိုဘာလ၊ ၂၁ ရက်၊ ၂၀၂၅(006SV) ချင...
21/10/2025

ဆဲထန်ဒေသရှိ ကျေးရွာ စာသင်ကျောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရ

ခိုနူမ်းသုန်သတင်း၊ အောက်တိုဘာလ၊ ၂၁ ရက်၊ ၂၀၂၅
(006SV)

ချင်းပြည်နယ်၊ ဆဲန်ထန်ဒေသ၊ ဇာထာလ် (Zathal) ကျေးရွာ စာသင်ကျောင်းကို ယနေ့မနက်ပိုင်းတွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ဇာထာလ်ကျေးရွာ စာသင်ကျောင်းကို ပစ်မှတ်ထားပြီး ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက်စောပိုင်း ၁၂ နာရီ ၅၅ မီနစ်တွင် ၁ ကြိမ်၊ ၁ နာရီခန့်တွင် ၁ ကြိမ်တို့ဖြင့် လေကြောင်းမှ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်သည်ဟု Senthang Central Council ထံမှ သိရသည်။

ကလေးသူငယ်နှင့် ဒေသခံပြည်သူများအပေါ် ပစ်မှတ်ထား၍ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်ခြင်း လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆဲန်ထန်ဒေသ ဗဟိုကောင်စီ (Senthang Central Council) က ယနေ့မှာ ထုတ်ပြန်သည်။

စစ်တပ်သည် ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် လူထုအပေါ် အကြမ်းဖက်နည်းလမ်းဖြင့် ခြိမ်းခြောက်ခြင်းနှင့် တိုက်ခိုက်ခြင်းများ ဆက်လက်ကျူးလွန်နေသည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စစ်ကော်မရှင် ကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန်၊ စာသင်ကျောင်းများကို အကန့်အသတ်မရှိ ပိတ်ထားရန်၊ လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို အတတ်နိုင်ဆုံး ရှောင်ကြရန် ဆဲထန်ဒေသ ဗဟိုကောင်စီက အသိပေး ထုတ်ပြန်သည်။

ဓါတ်ပုံ - ဟားခါးမြို့နယ် Vanha ရွာ စာသင်ကျောင်း ဗုံးကြခံရမှုပုံနှင့် Senthang Revolution Force တပ်ဖွဲ့ပုံ

ဆောမြို့က အသက် ၆၀ ကျော် ချင်းအမျိုးသမီး ၁ ဦး သတ်ဖြတ်ခံရပြီး ရွှေထည်ပစ္စည်းများ လုယက်ခံရခိုနူမ်းသုန်သတင်း၊ ၂၁ အောက်တိုဘာလ...
21/10/2025

ဆောမြို့က အသက် ၆၀ ကျော် ချင်းအမျိုးသမီး ၁ ဦး သတ်ဖြတ်ခံရပြီး ရွှေထည်ပစ္စည်းများ လုယက်ခံရ

ခိုနူမ်းသုန်သတင်း၊ ၂၁ အောက်တိုဘာလ ၂၀၂၅

(006SV)

မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ နေထိုင်သော အသက် ၆၀ ကျော်အရွယ် ချင်းအမျိုးသမီးတစ်ဦးသည် ထင်းရှာထွက်စဉ် သတ်ဖြတ်ခံရပြီး ရွှေထည်ပစ္စည်းများ လုယက်ခံရမှု ဖြစ်ပွားကြောင်း သိရသည်။

ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ဒေါက်ဒွေကျေးရွာ ဇာတိဖြစ်သော အသက် ၆၀ ကျော်အရွယ် ဒေါ်ရှိန်ခေါဝါသည် လက်ရှိတွင် ဆောမြို့ပေါ်မှာ နေထိုင်ပြီး အောက်တိုဘာလ ၁၇ ရက်က ထင်းရှာရန် တောထဲ သွားစဉ်မှာ နေအိမ်သို့ ပြန်လည် ရောက်ရှိ မလာသောကြောင့် ဒေသခံပြည်သူများ ရှာဖွေကြရာ အောက်တိုဘာလ ၁၉ ရက်က ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

“ထင်းရှာဖို့ တောထဲသွားတာ ပြန်မလာလို့ လိုက်လံရှာဖွေတာမှာ ရုပ်အလောင်းကို ပြန်တွေ့ကြတာပါ။ အလောင်း ပြန်တွေ့ချိန်မှာက ဆွဲနေကြ ဆွဲကြိုးနဲ့ လက်ဝတ်လက်စားတစ်ချို့ ပြန်ပါမလာတော့ဘူး။ ပစ္စည်း လုခံရပြီး ရက်ရက်စက်စက် သတ်ဖြတ် အလောင်းဖျောက်ခံရ တယ်လို့ ယူဆရပါတယ်”ဟု အဆိုပါဖြစ်စဉ်ကို သိရှိသော ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၇ ရက်က ဆောမြို့၊ ဇေယျာရပ်ကွက်အနီးတွင် နေထိုင်သော ဒေါ်ရှိန်းခေါဝါသည် ထင်းရှာရန် သန်းပင်ခုံ စုန်းတလင်းပြင်ဥယျဉ်တောဘက်သို့ ထွက်သွားရင် ပျောက်ဆုံးနေသောကြောင့် ရပ်ကွက်နေ ပြည်သူများက လိုက်လံရှာဖွေကြသည်ဟု သိရသည်။

ယင်းသို့ ရှာဖွေရာ ဥယျာဉ်တောထဲရှိ ဒေါ်ရှိန်းခေါဝါ၏ တောင်ယာတဲ နှင့် ကိုက် ၅၀ အကွာမှာ ဆာလာအိတ်နှင့် ထုတ်ထားသော ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်သည်ဟု ဒေသသတွင်းကို ရေးသားဖော်ပြနေသော ယောအလင်းတန်းကလည်း ရေးသားထားသည်။

ရုပ်အလောင်းတွင် ဒေါ်ရှိန်းခေါဝါ ဝတ်ဆင်ထားသော ၁ ကျပ်သား ရွှေဆွဲကြိုး တစ်ကုံး၊ လက်စွပ်၊ နားကပ်တစ်ရံနှင့် ကိုယ်နှင့်မကွာ ဆောင်ထားသော ဘေးလွယ်အိတ်တစ်လုံးလည်း ပျောက်နေသည်ဟု သိရသည်။

ဒေါ်ရှိန်းခေါဝါသေဆုံးမှုနှင့်ပတ်သက်၍ စစ်ကော်မရှင်တပ်မှ အလင်းဝင်ခဲ့သော ရဲတပ်သား တစ်ဦးကို မသင်္ကာမှုဖြင့် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းမှု ပြုလုပ်နေသကဲ့သို့ အလင်းဝင်ထားသော တခြားရဲတပ်သား ၂ ဦးကိုလည်း မသင်္ကာမှုဖြင့် စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

သေဆုံးသူ ဒေါ်ရှိန်းခေါဝါ၏ အမျိုးသားသည် လက်ရှိတွင် စစ်ကော်မရှင် လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်ကြီး တစ်ဦးဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မူကြောင့် စက်တင်ဘာလအတွင်း သေဆုံးသူ ၅ ဦးရှိဟု WJ ထုတ်ပြန်ခိုနူမ်းသုန်သတင်း၊ ၂၁ အောက်တ...
21/10/2025

ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မူကြောင့် စက်တင်ဘာလအတွင်း သေဆုံးသူ ၅ ဦးရှိဟု WJ ထုတ်ပြန်

ခိုနူမ်းသုန်သတင်း၊ ၂၁ အောက်တိုဘာ ၂၀၂၅

(002MG)

ချင်းပြည်နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင် စက်တင်ဘာလ (၁) လ အတွင်း သေဆုံးသူ (၅) ဦးအထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁) ဦးရှိခဲ့သည်ဟု Women For Justice -WJ က အောက်တို ဘာလ (၂၀) နေ့က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကော်မရှင်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန်ပက်လက်မြို့နယ်တွင် အမျိုးသမီး (၃) ဦး နဲ့ အမျိုးသား (၁) ဦး၊ မင်းတပ်မြို့နယ်တွင် အမျိုးသမီး (၁) ဦးတို့ သေဆုံးခဲ့ရပြီး ကန်ပက်လက်မြိုနယ်တွင် အမျိုးသမီး (၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ သည် ဟု ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် နေအိမ် (၇) လုံးနှင့် ကန်ပက်လက်မြို့ နယ်တွင် ကျောင်းဆောင် (၂) ဆောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း Women For Justice -WJ က သတင်း ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တန့်ဆည်မြို့နယ်၊ကန့်ဘလူမြို့နယ် တို့တွင် အမျိုးသမီး (၂၉) ဦး သေဆုံးခဲ့သည့်အပြင် ခင်ဦးမြို့နယ် သံဘိုကျေးရွာတွင် အမျိုးသမီး (၃) ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရှိပြီး ကနီမြို့နယ်တွင် နေအိမ် (၇) လုံး ပျက်စီးခဲ့ရသည်။

ထိုသို့ စစ်ကော်မရှင်တပ်ဖွဲ့သည် အမျိုးသမီးများအပေါ် တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ မုဒိမ်းကျင့် သတ်ဖြတ်မှု များ နေ့စဉ်နေ့တိုင်းကျူးလွန်နေခြင်းသည် အမျိုးသမီးများအပေါ် ဘဝလုံခြုံမှု ခံစားနိုင်ခြင်း မရှိကြောင်း Women For Justice -WJ က ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြားတွင် စစ်ကော်မရှင်သည် လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း တို့ဖြင့် ထိုးစစ် ဆင်မှု အပြင်းအထန်လုပ်ဆောင်နေကာ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးပြည်သူများရှိပြီး ပုလဲမြို့နယ်၊ ကနီမြို့နယ်၊ မုံရွာမြို့နယ်၊ ဆား လင်းကြီးမြို့နယ်၊ ရွေဘိုမြိုနယ်နှင့် ကလေးမြို့နယ် တို့တွင် ပြည်သူ တစ်သိန်းခန့်တို့ သည် နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်နေကြရသည်။

Women For Justice -WJ သည် အမျိုးသမီးအရေးလှုပ်ရှားနေသည့်အဖွဲ့ဖြစ်ပြီး စစ်ကော်မရှင်၏ ဘက်ပေါင်းစုံမှ လူ့အခွင့် အရေးကျူးလွန်မူများအား အရေးယူမှု လုပ်ဆောင်နိုင်ရန် မြေပြင်သက်သေ မှတ်တမ်း စုဆောင်းမှတ်တမ်းယူ လျှက်ရှိသည်။

ကလေး - တမူးလမ်းပိုင်း စစ်ကော်မရှင်တပ်ဖွဲ့ စစ်ကြောင်းထိုးသောကြောင့် ပြည်သူထောင်ချီ စစ်ဘေးတိမ်းရှောင်နေကြရခိုနူမ်းသုန်သတင်...
20/10/2025

ကလေး - တမူးလမ်းပိုင်း စစ်ကော်မရှင်တပ်ဖွဲ့ စစ်ကြောင်းထိုးသောကြောင့် ပြည်သူထောင်ချီ စစ်ဘေးတိမ်းရှောင်နေကြရ

ခိုနူမ်းသုန်သတင်း၊ ၂၀ အောက်တိုဘာ ၂၀၂၅

(002MG)

စစ်ကိုင်းတိုင်းဒေသ၊ ကလေးမြို့မြောက်ပိုင်း ကလေး-တမူးလမ်းပိုင်းတွင် အောက်တိုဘာလ (၁၆) ရက်နေ့ကစတင်ပြီး စစ်ကော်မရှင်တပ်ဖွဲ့သည် အင်အာ းအများအပြားဖြင့် စစ်ကြောင်းထိုးလာသော ကြောင့် ပြည်သူထောင်ချီသည် စစ်ဘေးတိမ်း ရှောင်နေကြရကြောင်း သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းမဖြစ်သည့် ကလေး- တမူးလမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကြောင်း သုံးကြောင်းဖြင့် ကလေး-တမူးလမ်းမကြီးဖက် စော်ဘွားရေရှင်ကျေးရွာအနီး စစ်အင်အား (၅၀၀) ဖြင့် စစ်ကြောင်းတစ်ကြောင်း၊ စခန်းကြီးကျေးရွာမှ ရာဇဂြိုလ်မြို့ အတွင်း အင်အား (၃၀၀) စစ်ကြောင်းတစ်ကြောင်း နှင့် ကလေးမြို့အနောက်ဘက်မှ ဆည်ကြီးကျေးရွာဘက်သို့ အင်အား (၃၀၀) ခန့်တို့ဖြင့် စစ်ကြောင်းထိုးလာခဲ့ကြခြင်းဖြစ်သည်။

ကလေး-တမူး အာရှလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့သည် ရာဇာဂြိုလ်မြို့အတွင်း စစ်ကြောင်း ထိုးဝင်ရောက်ခဲ့ပြီးနောက် ယနေ့ မနက်ပိုင်းတွင် ပျဉ်းတောဦး၊ လက်ပံချောင်းကျေးရွာဖက်သို့ တဆက်တည်း စစ်ကြောင်း ထိုး လာခြင်း ဖြစ်သည်ဟု ပျဉ်းတောဦး ဒေသခံက ပြောသည်။

ပျဉ်းတောဦးဒေသခံက “ ဒီမနက် (၉) နာရီကျော်လောက်မှာ ရွာထဲကိုဖြတ်လာကြတယ်၊ စစ်ကားရော ခြေလျင်နဲ့ပါ အင်အား (၃၀၀) လောက်ရှိမယ် သူတို့က ရွာထဲလမ်းမကြီးအတိုင်းဝင်လာကြတယ်။ ရွာ ထဲမှာ အားလုံးက ညကတည်းကကြိုတင်ရှောင်နေကြရတယ်။ ဒါပေမယ့် ဒီညနေပိုင်းမှာ သူတို့ရွာကို ကျော်ပြီး နောက်ပိုင်းမှာတော့ လမ်းမနဲ့လှမ်းတဲ့နေရာက တချို့တလေတော့ ရွာထဲပြန်ဝင်ကြတယ်။ ကျွန်တော်တို့နေတဲ့ရပ်ကွက်ဖက်တော့ အိမ်တွေဝင်ဖျက်ဆီးတာမျိုးတွေ့ မတွေ့ရသေးဘူး၊ ဒါပေမယ့် ဈေးတန်းဖက်တော့ သူတို့ဝင်ဖျက်ဆီးလားဆိုတာ မသိနိုင်သေးဘူး၊ ပြီးရင်လက်ပံချောင်းကနေ ရွာအဝင် ဖက်က လူငယ်ဂိတ်မှာတော့ အလောင်း (၃) လောင်းတော့ တွေ့တယ်။ ဘယ်သူ၊ ဘယ်ဝါလဲဆိုတာ မတိအကျမသိနိုင်သေးဘူး။” ဟု ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်ဖွဲ့စစ်ကြောင်းသည် မော်စီကျေးရွာဖက်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ပြည်သူ အနည်းအငယ်သာနေအိမ် ကြည့်ရန်ပြန်ကြသူသာရှိသည်ဟု သိရပြီး အများစုသည် စစ်ကော်မ ရှင်တပ်ဖွဲ့ စစ်ကြောင်း ပြန်လှည့်လာမည်စိုးရိမ်ကြသောကြောင့် ဆက်လက်စစ်ဘေး တိမ်းရှောင်နေကြ ဆဲဖြစ်သည် ဟု သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ စစ်ကြောင်းထိုးလာခြင်းကြောင့် ကလေးမြို့နယ်မြောက်ပိုင်းရှိ ရာဇဂြိုလ်၊ အောင် ရွာ၊ မင်းလှ၊ ညောင်တုန်း၊ ပျဉ်တောဦး၊ မျောက်တော၊ ချောင်းဦး၊ လက်ပံချောင်း၊ အင်ကြင်းခုံ၊ မောက် လင်း၊ ကြိုးကြာကွင်း၊ စမိတ်ကွင်း၊ ပြည်တော်သာ၊ ပျဉ်းခုံကြီး၊မော်စီ ကျေးရွာတို့ရှိ ပြည်သူအများသည် တောထဲနှင့် ကလေးမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်ကြရသည်ဟု သိရသည်။

အဆိုပါ ကျေးရွာများရှိ စစ်ဘေးတိမ်းရှောင်ကြသည့်သူများထဲတွင် သက်ကြီးရွယ်အို၊ ကလေးငယ် အပါအဝင် ကိုယ်ဝန်ဆောင်မိခင်နှင့် နာမကျန်းဖြစ်သူ စစ်ဘေးတိမ်းရှောင်နေရသူ ခန့်မှန်းခြေ လူဦးရေ (၃,၀၀၀) ခန့်ရှိကာ ဆေးဝါးနှင့် ရိက္ခာများလိုအပ်နေကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ (၂၀) ရက်နေ့မနက်ပိုင်းတွင် လက်ပံချောင်းကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင် ရောက်လာကြ သည့် စစ်ကော်မရှင်တပ်ဖွဲ့သည် လက်ပံချောင်းကျေးရွာ အဝင်ရှိ ဒေသကာကွယ်ရေးတပ် ဖွဲ့ စစ်ဆေးရေးဂိတ်တခုအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ကလေးမြို့မြောက်ပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်ကြောင်းထိုးနေသည့်အတွက် အောက်တို ဘာလ (၁၆) ရက်နေ့မှစတင်ကာ ကလေး- ခမ်းပတ် ကားလမ်းပိုင်းအား ယာယီပိတ်ထားသည်ဟု သိရသည်။

ရူပီးသိန်း ၁၀၀ နီးပါးရှိသော ဘိန်းစေ့ နှင့် ကွမ်းသီးများ မီဇိုရမ်တွင်ဖမ်းမိ ခိုနူမ်းသုန်သတင်း၊ ၂၀ အောက်တိုဘာ ၂၀၂၅(005MK)မ...
20/10/2025

ရူပီးသိန်း ၁၀၀ နီးပါးရှိသော ဘိန်းစေ့ နှင့် ကွမ်းသီးများ မီဇိုရမ်တွင်ဖမ်းမိ

ခိုနူမ်းသုန်သတင်း၊ ၂၀ အောက်တိုဘာ ၂၀၂၅

(005MK)

မြန်မာနိုင်ငံဘက်မှ တရားမဝင်သယ်ဆောင်လာသော ဘိန်းစေ့ နှင့် ကွမ်းသီးများကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ထဲမှာ အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟုသိရသည်။

အာသံရိုင်ဖယ်တပ်ဖွဲ့သည် ကြိုတင်သတင်းရရှိထားချက်အရ ကျန်ဖိုင်းခရိုင် Ruangtlang ကျေးရွာမှာ အောက်တိုဘာ ၁၇ ရက်နေ့က စစ်ဆင်ရေးတစ်ခုဆောင်ရွက်ရာမှာ ဘိန်းစေ့ ၉၀ အိတ် နှင့် ကွမ်းသီး ၁၂၀ အိတ်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသော ဘိန်းစေ့ နှင့် ကွမ်းသီးများ၏ ကာလတန်းဖိုးမှာ ရူပီး ၉၉ သိန်းခန့်တန်ဖိုးရှိပြီး ကျန်ဖိုင်ခရိုင် အကောက်ခွန်ဌာနသို့ လွှဲပြောင်းပေးခဲ့ သည်ဟု မီဇိုရမ်ဒေသတွင်း Bengvarna သတင်း မှာဖော်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ရူပီးငွေ သိန်း ၅၀၀ ခန့်တန်ဖိုး ရှိသော ဘိန်းစေ့ အိတ်ပေါင်း ၆၅၀ ကို အိုင်ဇောလ်မြို့တွင် ဖမ်းဆီးခဲ့ပြီးဖြစ်သည်။

EMPC ဦးဆောင်ကျင်းပသည့် မရာနှစ်ဖွဲ့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ MTC/ MDF မလာ၍ ဆွေးနွေးပွဲပျက်ခိုနူမ်းသုန်သတင်း၊ ၂၀ အောက...
20/10/2025

EMPC ဦးဆောင်ကျင်းပသည့် မရာနှစ်ဖွဲ့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ MTC/ MDF မလာ၍ ဆွေးနွေးပွဲပျက်

ခိုနူမ်းသုန်သတင်း၊ ၂၀ အောက်တိုဘာလ ၂၀၂၅

(006SV)

ချင်းပြည်နယ်၊ မရာဒေသရှိ မရာချင်းကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့ကြားတွင် ပစ်ခတ်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အရှေ့မရာလဲန်းငြိမ်းရေးကော်မတီ (EMPC) က တွေ့ဆုံညှိနှိုင်းပေးရန် စီစဉ်ခဲ့သော်လည်း MTC/ MDF မှ မတက်ရောက်၍ ဆွေးနွေးပွဲပျက်သွားကြောင်း သိရသည်။

အရှေ့မရာလဲန်းငြိမ်းချမ်းရေးကော်မတီ (EMPC) ၏ ဦးဆောင်မှုဖြင့် မော်ဟရိန် ကျေးရွာတွင် အောက်တိုဘာလ ၁၇ ရက်က MTC/ MDF နှင့် IMC/ CDF - မရာ တပ်ဖွဲ့တို့ကို တွေ့ဆုံညှိနှိုင်ပေးရန် ဆောင်ရွက်ရာ ၎င်းဆွေးနွေးပွဲကို MTC/ MDF က တစ်စုံတစ်ဦးမျှ တက်ရောက်ခြင်း မပြုဘဲ ပြန်လည်ငြင်းပယ်ခဲ့သည်ဟု သိရသည်။

“EMPC ကနေ တွေ့ဆုံပေးတာ မှန်ပါတယ်။ ဒါပေမယ့် သူတို့ ဘက်ကနေ ရောက်မလာဘူး။ ပျက်ကွယ်ခဲ့တယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်က သူတို့မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ မလိုလာဘူးဆိုတဲ့ သဘောပေါ့နော်။ MTC/ MDF ဘက်က မလာတဲ့ အဓိက အကြောင်းရင်းက သူတို့ဆန္ဒက ဒီမရာနယ်မြေ အကုန်လုံးကို လက်နက်နဲ့ ထိန်းချုပ်ပြီး အုပ်ချုပ်ချင် တာပေါ့။ အဲလို ကျနော်မြင် တယ်။ တကယ်လို့ လာရင် သူတို့ ရည်ရွယ်ချက်က ပျက်သွားမှာကို၊ အဲဒါကြောင့် မလာတာပဲ ဖြစ်မယ်။ နောက်တစ်ခုက သူတို့က အရင်က ကျနော်တို့ IMC ကို စွပ်စွဲတာတို့၊ ဘာတို့ အမြဲလုပ်တာပေါ့နော်။ အဲဒါကြောင့်များ မျက်နှာချင်း မဆိုင်ချင်လို့ ရှောင်တာလား မသိဘူး။ သူတို့ ခေါင်းဆောင်ပိုင်းမှာလည်း လာချင်တဲ့ လူလည်း ရှိမယ်။ ပြီးရင် ပြည်သူတချို့ ထောက်ပို့တွေရဲ့ ဖိအားတွေလည်း ရှိတော့ ဒီလိုမျိုး အချင်းချင်း ပစ်ခတ်တာတွေ၊ သွေးထွက်တာတွေက MTC ခေါင်းဆောင်တွေ လက်ထဲမှာပဲ ရှိတာကိုး၊ သူတို့ အမှားအယွင်းတွေကိုလည်း ပြည်သူတွေက အမြဲထောက်ပြနေတော့ ရှောင်တာလားတော့ မသိဘူး” ဟု IMC/ CDF - မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

MTC/ MDF သည် မရာ နှစ်ဖွဲ့ကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည်ဟု IMC/ CDF - မရာက အောက်တိုဘာလ ၁၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

မရာဒေသတွင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မလိုလာသော MTC/ MDF အဖွဲ့၏ တာဝန်သာဖြစ်ကြောင်း မရာပြည်သူသို့ အသိပေးအပ်သည်ဟု ထုတ်ပြန်သည်။

“အနေအထားကတော့ တခေါတလေပဲ ဒရုန်းဗုံးနဲ့ လာချတာ ခဏခဏ ရှိတယ်။ ဒီလိုပဲ စောင့်ကြည့်ရတာပေါ့။ အခုက ပစ်ခတ်မှု မရှိသေးပါဘူး။ ဒါပေမယ့် ဖြစ်ရင်လည်း ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးပါပဲ။ ဒီမရာလူကြီးတွေက အကြိမ်ကြိမ်၊ အပစ်ခတ်ရပ်တာ တို့၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဦးဆောင်ပြီးတော့ လုပ်ဖို့ လုပ်တယ်။ ဒါပေမယ့် MDF က ခဏခဏ ပျက်တယ်၊ လက်မခံဘူး။ သူတို့က ဒီလိုမျိုး စိတ်ထားရှိတဲ့ အခါကြတော့ ကျနော်တို့မှာလည်း မဖြစ်မနေ ခုခံ ကာကွယ်ရမှာပေါ့နော်။ အဲလို အခြေအနေ ရှိပါတယ်။ သူတို့လည်း ဒီလို ငြိမ်းချမ်းရေးကို မလိုချင်တဲ့ အခါကြတော့ သူတို့ရဲ့ လုပ်ဆောင်မှုအပေါ် ကျနော်တို့လည်း ပြန်လည်တုန့်ပြန်ဖို့ အဆင်သင့်ရှိပါတယ်” ဟု IMC/ CDF - မရာ ပြောရေးဆိုခွင့်ရှိသူ ပြောသည်။

အောက်တိုဘာလ ၁၇ ရက်က အစည်းအဝေးပွဲကို IMC/ CDF - မရာ ထိပ်ပိုင်းခေါင်းဆောင် ၆ ဦး၊ မရာနယ် အသင်းတော် အသီးသီးက အသင်းတော်ပါစတာ ကိုယ်စားလှယ်များ၊ တိုက်နယ် ကောင်စီ ကိုယ်စားလှယ်များ၊ ကျေးရွာ အုပ်ချုပ်ရေး ကိုယ်စားလှယ်များ၊ ဘာသာရေးအသင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ နှင့် NGOs အဖွဲ့မှ ကိုယ်စားလှယ်များနှင့် EMPC ကိုယ်စားလှယ်များ စုစုပေါင်း ၄၃ ဦး တက်ရောက်သည်ဟု သိရသည်။

မရာပြည်သူတွေ၏ တောင်ဆိုးချက်အရ မရာနှစ်ဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် မရာနိုင်ငံရေးပါတီ ခေါင်းဆောင်များမှ ဦးဆောင်ပြီး East Maraland Peace Committee (EMPC) ကို ဖွဲ့စည်းပြီး မရာနှစ်ဖွဲ့ တွေ့ဆုံညှိနှိုင်းပေးရေးကို လုပ်ဆောင်နေသည်ဟု သိရသည်။

ဇူလိုင်လ ၁၇ ရက်က MTC/ MDF တပ်ဖွဲ့ဝင်နှင့် မဟာမိတ်များ၏ ထိုးစစ်ကြောင့် CDF - မရာ ဌာနချုပ် ဧရိယာအတွင်း မရာနှစ်ဖွဲ့ ကြား တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားခဲ့ကြောင်း၊ ရန်ကုန်အခြေစိုက် မရာခေါင်းဆောင်များက Third Party ကို ဖွဲ့စည်းပြီး ညှိနှိုင်းပေးရန် နှစ်ဖွဲ့ကို ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

သို့ရာတွင် MTC/ MDF တပ်ဖွဲ့က လက်ခံခြင်း မပြုဘဲ ငြင်းပယ်ခဲ့သဖြင့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ခြင်း မရှိဘဲ ရပ်ဆိုင်းနေသည်ဟု သိရသည်။

IMC/ CDF - မရာ သည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၏ အဖွဲ့ဝင်ဖြစ်ပြီး MTC/ CDF - မရာသည် ICNCC ၊ ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည်။

ကလေးမြို့မြောက်ပိုင်းဒေသကို စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်က လက်ပံချောင်းရွာကို ဝင်ရောက်ပြီး နေအိမ်တချို့မီးရှို့ခို...
20/10/2025

ကလေးမြို့မြောက်ပိုင်းဒေသကို စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်က လက်ပံချောင်းရွာကို ဝင်ရောက်ပြီး နေအိမ်တချို့မီးရှို့

ခိုနူမ်းသုန်သတင်း၊ ၂၀ အောက်တိုဘာ ၂၀၂၅

ကလေးမြို့ မြောက်ပိုင်းဒေသကို စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်ဖွဲ့များသည် ယနေ့တွင် ချင်းလူမျိုးများနေ ထိုင်သော လက်ပံချောင်းရွာကို ဝင်ရောက်ပြီး ရွာထိပ်ကနေအိမ်တချို့ကို မီးရှို့နေသည်ဟုသိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် ကလေး-ခမ်းပတ်-တမူးမြို့တို့ကို ဆက်သွယ်သော အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ် ရန်အတွက် စစ်အင်အားအလုံးအရင်းဖြင့် ယင်းဒေသဘက်ကို စစ်ကြောင်းထိုးကာ အောက်တိုဘာ ၁၇ ရက်နေ့မှာ ရာဇဂြိုလ်ဆည်တည်ရှိရာ ရာဇဂြိုလ်မြို့ကို ဝင်ရောက်ခဲ့သည်။

ထို့နောက် ရာဇဂြိုလ်မြို့ကတဆင့် ပျဉ်းတောဦး-လက်ပံချောင်း-တာဟန်း လမ်းမကြီးအတိုင်း ပြန်လှည့်လာ၍ စစ်ကြောင်းထိုးလာရာမှာ လက်ပံချောင်းရွာကို ယနေ့အောက်တိုဘာ ၂၀ ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

“ ဒီမနက်ပိုင်းမှာ လက်ပံချောင်းရွာကို ဝင်ရောက်လာကြတယ်၊ ရွာထိပ်ဘက်က နေအိမ်တချို့ကိုမီးရှို့ကြတယ်၊ ရွာသားတွေကတော့ အကုန်ထွက်ပြေးကြတာပေါ့ အခြေအနေအတိအကျမသိရဘူး၊ ရွာပြင်ကနေပဲ မီးခိုးတွေ လှမ်းမြင်ရတာ” ဟု လက်ပံချောင်းဒေသခံတစ်ဦးကပြောသည်။

လက်ပံချောင်းရွာသည် ကလေးမြို့မှ ၁၀ ခန့်ကွာဝေးပြီး အိမ်ခြေ ၃၀၀၀ ခန့်ရှိသော ရွာကြီးတစ်ရွာဖြစ်သည်။

စစ်ကော်မရှင်တပ်က ကလေးမြို့မြောက်ပိုင်းဒေသကို စစ်ကြောင်းထိုးလာသောကြောင့် ယင်းဒေသတဝိုက်မှာရှိသော ဒေသခံပြည်သူများသည် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြသည်။

ယခုလက်ရှိတွင် စစ်ကော်မရှင်တပ်ဖွဲ့များသည် ကလေး-ခမ်းပတ်-တမူးကားလမ်းမပေါ် ၅၆ မိုင်တွင်လည်း ရောက်ရှိ နေကြပြီး တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသော ခမ်းပတ်မြို့ဘက်ကို စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း သိရသည်။

ခမ်းပတ်မြို့အပါအဝင် ကလေး-ခမ်းပတ်-တမူးကားလမ်းမတစ်လျှောက်ပေါ်က ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ကူညီရန်သွားရောက်သော ကလေးမြို့က ပရဟိတသမားတစ်ဦး ကားတိုက်ခံရ၍ ကွယ်လွန် ခိုနူမ်းသုန်သတင်း၊ ၂၀ အော...
20/10/2025

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ကူညီရန်သွားရောက်သော ကလေးမြို့က ပရဟိတသမားတစ်ဦး ကားတိုက်ခံရ၍ ကွယ်လွန်

ခိုနူမ်းသုန်သတင်း၊ ၂၀ အောက်တိုဘာလ ၂၀၂၅

(004SS)

ကလေးမြို့က လူမှုကူညီရေးအသင်းတစ်ခုဖြစ်သော ပုညကုသလအသင်းတွင် တက်ကြွစွာပါဝင်သူ အသက် ၄၁ နှစ်အရွယ် ပရဟိတသမား ကိုမြတ်မင်းချစ်သည် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားရာသို့ ကူညီရန် သွားရောက်စဉ် ကားတိုက်ခံရကာ ကွယ်လွန်ခဲ့သည်ဟုသိရသည်။

ကိုမြတ်မင်းချစ်သည် အောက်တိုဘာလ ၁၉ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ကူညီရန် ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ကားဖြင့်တိုက်ခံရပြီး ဦးခေါင်းထိမှန်ကာ ကွယ်လွန်ခဲ့ရသည်ဟု သိရသည်။

ကလေးမြို့ ပရဟိတခေါင်းဆောင်တစ်ဦးက “ ဖြစ်ချိန်က ည ၈ နာရီလောက်ကဖြစ်တာပါ။ Accident ရှိတယ်ကြားလို့ ဆိုင်ကယ်နဲ့ သွားကြည့်စဉ် အတိုက်ခံရတယ်လို့ သိရပါတယ်။ ကားပိုင်ရှင် မသိရသေးဘူးခင်ဗျာ။ ခေါင်းထိတယ်။ နားထဲ ကနေ သွေးတွေထွက်တယ်ဗျာ” ဟု ပြောသည်။

ကိုမြတ်မင်းချစ်သည် အိမ်ထောင်မရှိ လူပျိုဖြစ်ပြီး ပုညကုသလအသင်းအတွက် အားကိုးရသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်းကို တိုက်သွားသည့် ကားပိုင်ရှင်ကိုမူ ယနေ့ချိန်ထိမသိရသေးပေ။

ကလေးမြို့တွင် လူသားချင်း ကူညီစောင့်ရှောက်မှုဖြင့် လူသိများသော ကိုမြတ်မင်းချစ်၏ ရုပ်ကလာပ်ကို အောက်တိုဘာလ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီအချိန်တွင် နေအိမ် (ဗိုလ်ချုပ်လမ်း၊ ဖိုးဝ ရေခဲ့မုန့် လမ်းကြား) မှ ဒိုးဝိုင်းချောင်းသုသာန်သို့ ပို့ဆောင် သဂြိုဟ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Address

Falkland Township
Aizawl
796001

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 4pm
Thursday 9am - 4pm
Friday 9am - 5pm

Alerts

Be the first to know and let us send you an email when Khonumthung Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khonumthung Burmese:

Share

Our Story

Khonumthung Media Group (KMG) is an independent news agency, covering Chin and Burma related issues in English and Burmese. KMG is committed to provide reliable news and current issues through a balanced, and accuracy news.Khonumthung is a name given to the highest mountain, located in Kanpalet Township, Southern Chin state, North Western Burma. It is approximately 10018 feet high from sea level. The Khonumthung (otherwise called Mt. Victoria that was given by the British in honour to Queen Victoria during their invasion in Chinland) is decorated with various kinds of flowers where Elephants, Tigers, Bears, Wild Boars, various kinds of Monkeys, Barking Deers, wild Goats and various birds abode. Khonumthung Media Group (KMG) Background The Khonumthung Media Group (KMG) was initiated on 7th March 2002 by the Chin youth based in Mizoram, Northeast India. KMG is a member of the Burma News International (BNI), initiated by the exiled Burmese Journalists and News Agencies, from a seminar in Kolkota in 2003. The offensive Press Security Act of Burma, misinformed the people of Burma and Chin state, and has less access to the national or international news. The circulation of local/state news is totally banned. Freedom of Press and Expression is totally denied to the people. The state controlled Medias served no purposeful mean to the people. It is an official propagandas machine for the Military Junta. The Khonumthung Media Group (KMG) has been set up to provide real facts and reliable news from Western Burma as a whole and Chin state in particular as the mainstream Burmese press or the opposition media in exile could not cover western Burma and Chin state. The Khonumthung Media Group (KMG) strives to bridge these missing factors. The Khonumthung Media Group (KMG) advocates the people’s opinion in a democratic manner. It champions the Right to Freedom of Expression and Information and counter the state controlled Medias. The Press Securities Act requires severe censorship and dictates of the military regime to anyone who wishes to express their voice in letters or through any means of expression including the audio-visual arts. For this reason, no newspaper or independent magazines have grown in the entire Chin State.