The Guy From Myanmar

The Guy From Myanmar အရေးကြီးတာ IDEA ပဲ


Business Contact - [email protected]]

01/10/2026

The Guy From Myanmar မှာ Video Editing နဲ့ပတ်သက်ပြီး သင်တန်းတက်ဖို့ စဉ်းစားနေသူ တစ်ယောက်ဆိုရင် ဒီ Video လေးကိုကြည့်ပေးပါ။

ဒီ Video လေးထဲမှာ ကျွန်တော် ဖွင့်လှစ်ထားတဲ့ Editing သင်တန်းလေး နှစ်ခုအကြောင်းကို သေချာရှင်းပြပေးထားပါတယ်ဗျ။

ကိုယ်တက်ချင်တဲ့အတန်းကို သေချာ ရွေးပြီးပြီဆိုရင် သင်တန်းတက်တဲ့အခါ သေချာ လိုက်ကြိုးစားပေးကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။

ငွေကုန်သွားတာ ပြန်ရှာလို့ ရပေမဲ့ အချိန်ကုန်သွားတာက တော်တော်ကို နှမြောဖို့ ကောင်းပါတယ်။

ဒါကြောင့် ကျွန်တော့်ဆီ သင်တန်းလာတက်တဲ့အခါ အချိန်ရော ငွေရော ရင်းနှီးမြှုပ်နှံတဲ့အပေါ် ထိုက်တန်တဲ့ အရာတစ်ခုကို အမိအရ ယူကြဖို့ မှာချင်ပါတယ်။

ကျွန်တော့်သင်တန်း နှစ်ခုမှာ တစ်ခုချင်းစီအလိုက် အတွေ့အကြုံတွေပေါ် အခြေခံပြီး သေချာလေး Details ကျကျ သင်ကြားပေးထားတာ ဖြစ်လို့
သေချာလိုက်လုပ်မယ်ဆိုရင် အတန်းပြီးတာနဲ့ Mindset ကောင်းတစ်ခု သေချာပေါက် ရသွားမှာဖြစ်သလို၊ တက်တဲ့ Course အပေါ် မူတည်ပြီးလည်း အနှစ်သာရ အပြည့် ရသွားမယ်လို့ ၁၀၀% အာမခံပါတယ်။

The Guy From Myanmar

14/09/2026

Creative ဖြစ်ချင်ပေမယ့် Idea မထွက်တော့တဲ့အခါ (HOW TO RECALL IDEAS BACK)

13/09/2026

Sony KANDO Trip မှာ
Sony VENICE 2 Extension System ကို ကိုယ်တိုင် စမ်းပြီး ရိုက်ကူးခွင့်ရခဲ့တယ်။

တကယ်တော့ ဒီ System ကြီးကို လွယ်လိုက်ရတဲ့အချိန်မှာ
ဘာပြောရမလဲဆိုတာတောင် မသိဘူး။

“မိုက်တယ်” လို့ပဲပြောရင်လည်း မလုံလောက်ဘူး။
စာဖွဲ့မယ်ဆိုလည်း ကိုယ်ခံစားနေရတာကို အပြည့်အဝ ဖော်ပြလို့မရဘူး။

ဒါပေမဲ့ သေချာတာတစ်ခုတော့ရှိတယ်။

ကျွန်တော့် Community ထဲမှာ
Filmmaking ကို တကယ်စိတ်ဝင်စားပြီး
ဒီလမ်းကြောင်းကို သွားနေတဲ့ ညီအစ်ကိုမောင်နှမတွေကို
တစ်နေ့မှာ ဒီလိုအရာတွေ ကိုယ်တိုင် စမ်းကြည့်ခွင့်ရစေချင်တယ်။

ဘာလို့လဲဆိုတော့…

ဒီလို Camera ကြီးတစ်လုံး ကိုင်ဖူးတာ၊
ဒီလို System တစ်ခု စမ်းဖူးတာက
Gear ကောင်းကောင်းသုံးဖူးတယ်ဆိုတဲ့အရာတစ်ခုတည်း မဟုတ်ဘူး။

တစ်ခါတလေ
“ငါလည်း ဒီလမ်းကို ဒီထက်ပိုသွားချင်တယ်”
ဆိုတဲ့ Motivation တစ်ခု ပေးတတ်တယ်။

Filmmaking Journey က ရှည်ပါတယ်။

ဒါပေမဲ့ ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေကို
ခဏလောက် မြင်ခွင့်ရလိုက်တာက
ဆက်သွားဖို့ အားတစ်ခု ဖြစ်လာတတ်တယ်။

အဲ့ဒီ Feeling ကို
ကျွန်တော်ချစ်တယ်။ 🎥
Sony Showroom by TMW Enterprise Limited


09/09/2026

အနုပညာအလုပ်ပဲလုပ်လုပ်၊
လူတွေကို Influence လုပ်တဲ့အလုပ်ပဲလုပ်လုပ်
ကိုယ်တိုင်က ရှင်းလင်းနေဖို့လိုတယ်။

ဒီမှာ “ရှင်းလင်းတယ်” ဆိုတာ
ဘာမှမရှိတဲ့လူဖြစ်ဖို့ ပြောတာမဟုတ်ဘူး။

အဖြူရောင် ပိတ်ကားလေးတစ်ချပ်လို ဖြစ်နေဖို့ပါ။

အဖြူရောင်ပိတ်ကားပေါ်မှာ
ဘယ်အရောင်တင်တင် သူ့နေရာနဲ့သူ လှနိုင်တယ်။

ကိုယ့်အတွင်းမှာ အရှုပ်တွေများနေပြီဆိုရင်
ကိုယ်ဖန်တီးတဲ့အရာတွေထဲမှာလည်း အဲ့ဒီအရှုပ်တွေ ပါလာတတ်တယ်။

ပုံမှန်အားဖြင့်တော့
လူတွေက အရှုပ်တွေကြားမှာ အရှုပ်တွေ ထပ်လုပ်နေကြတယ်။

ကိုယ်ကတော့ နည်းနည်းပြောင်းကြည့်ပါ။

အရှုပ်တွေကြားမှာ “အရှင်း” ဖြစ်အောင် ကြိုးစားပါ။

ကိုယ်ရှင်းလာလေလေ
ကိုယ်မြင်တာ ရှင်းလာမယ်။
ကိုယ်ဆုံးဖြတ်တာ ရှင်းလာမယ်။
ကိုယ်ဖန်တီးတဲ့အရာတွေလည်း ပိုရှင်းလာမယ်။

တစ်ခါတလေ ထူးခြားဖို့ မလိုပါဘူး။

လူတိုင်းရှုပ်နေတဲ့နေရာမှာ
ကိုယ်က ရှင်းနေဖို့ပဲ လိုတာပါ။ 🤍

08/09/2026

Zoom Class ဆိုပြီး ဝင်လာရုံနဲ့ မပြီးပါဘူးနော်

Attendance ကိုလည်း ကျွန်တော် သေချာစစ်တယ်။
အိမ်စာတွေကိုလည်း တစ်ယောက်ချင်းစီ သေချာကြည့်တယ်။

ဘယ်သူက တကယ်လုပ်ထားလဲ၊
ဘယ်သူက နည်းနည်း “ရွှီး” ထားလဲဆိုတာလည်း… သိပါတယ် 😂

ဘာလို့လဲဆိုတော့
ဆရာတွေဆိုတာလည်း တစ်ချိန်တုန်းက ကျောင်းသားတွေပါပဲ။

ကိုယ်တိုင်လည်း အိမ်စာမပြီးလို့ အကြောင်းပြချက်ပေးဖူးတယ်၊
နောက်ဆုံးမိနစ်မှ ထလုပ်ဖူးတယ်၊
လွတ်အောင် ဘယ်လိုပြောရမလဲ စဉ်းစားဖူးတယ်။

ဒါကြောင့် ကျောင်းသားတွေ ဘာလုပ်နေလဲဆိုတာ
တစ်ခါတလေ မပြောလည်း သိနေတယ်။ 😌

ဒါပေမဲ့ စစ်တာ၊ ပြောတာတွေက အပြစ်ရှာချင်လို့မဟုတ်ပါဘူး။

Class တက်ပြီး ပြီးသွားတာထက်
တကယ်တတ်သွားစေချင်လို့ပါ။ 🎬

BATCH 11 MEMORIES ✨

30/08/2026

နိုင်ငံတကာမှ Creators များဖြင့်တွေ့ဆုံခြင်း အပိုင်း (၁) SONY KANDO TRIP SEA 2026

29/08/2026

Sony SEA KANDO DAY (3) Experience 🙌🏻

Sony Showroom by TMW Enterprise Limited

ဒီ ထဲက Motion Blur shots တွေ အတွက် Frame rate ကို 24 FPS and Shutter ကို 1/20 ထိချပြီးရိုက်ခဲ့ပါတယ်ဗျ။

Slow Motion Shots တွေ အတွက် 120 FPS နဲ့ ရိုက်ခဲ့ပါတယ်ဗျ။

Lens တွေကတော့ 16-35 GM ii
70-200 GM ii ကို အသုံးပြုပြီးရိုက်ခဲ့ပါတယ်။

Camera ကတော့ Sony ZVE 1 နဲ့ ရိုက်ခဲ့ပါတယ်ဗျ။

Auto Focus ကိုတော့ Car/Train ကို ရွေးပြီး ရိုက်ခဲ့ပါတယ်။

Thank you Sony for this amazing experience.


Address

PKT Street
Churachandpur
795128

Alerts

Be the first to know and let us send you an email when The Guy From Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Guy From Myanmar:

Shortcuts

Share

Category