Miphun ankaa

Miphun ankaa A Pathian ih Jehovh a neitu miphun cu mithlawsuak an si,.. (Sam 32:12a)

16/04/2025

Peter Thang,ThawngThawng (GS) le midang pawl

Hruaitu țha mino fel le fit zet pawl kan miphun in kan nei ih a lungawi um tuk. Chin miphun hnam dang lak le ramsung ramleng tiang khalih mithmai duailo in kan um. Pathian țihzah le thlacamnak in hnațuan thei dan phunphun in kan ram le miphun tungding sal uhsi!

Saam 137:5-6
5. Maw Jerusalem, nang ka lo theihhngilh asi ahcun, ka k*t vawrhlam hin a thiamnak theih hngilh seh.
6. Nang ka lo mang nawn loin ka um ih, Jerusalem kha ka lungawinak sangbik ih ka ret lo ahcun, Ka lei hi ka saangkhar(dang) ah bet seh.

Remark # - Kawhhran pawl ah Baptist, Presbyterian lam lawng in miphun țhangsonak, tungdingnak hrangah țuan si loin Pathian hnațuan ah thlarau lam a tel vekin taksa khal a tel ve cih ko.
Gospel, Revival, kawhhran dang pawl khalin miphun hrang țuan hi a thiangmi hna asi.

ဖလမ်း-ဟားခါးကြား ကျမ်းကျိန် ကျောက်စာ မမေ့ကြရန်🔺ဘိုးဘေးခေတ်• ဗြိတိသျှခေတ် မတိုင်မီ ဘိုးဘေးခေတ်ကတည်းက ဟားခါးက ဖလမ်းကို  မက...
08/04/2025

ဖလမ်း-ဟားခါးကြား ကျမ်းကျိန် ကျောက်စာ မမေ့ကြရန်

🔺ဘိုးဘေးခေတ်
• ဗြိတိသျှခေတ် မတိုင်မီ ဘိုးဘေးခေတ်ကတည်းက ဟားခါးက ဖလမ်းကို မကြာခဏတိုက်ခိုက်လေ့ရှိကြပါသည်။ သို့သော် မနိုင်နိုင်ကြပေ။

• မနိုင်နိုင်သည့်နောက်ဆုံး ဟားခါးဘိုးဘေးတို့က ဖလမ်းကို သားစဥ်မင်းအဆက်အထိ တိုက်ခိုက်မှုမပြုလုပ်ကြတော့ပါရန် ကျမ်းကျိန် ကျောက်စာကို လက်ရှိ ဖလမ်းမြို့အနား တာရွှန်းကျေးရွာအထက်တွင် စိုက်ထူထားခဲ့ကြပါသည်။ ယင်းကျောက်စာကို ယနေ့အထိ လေ့လာ မြင်တွေ့ နိုင်သည်။

🔺ဗြိတိသျှခေတ်
ဗြိတိသျှတို့၏ အုပ်ချုပ်စဥ်ကာလာတွင် ဖလမ်းနှင့် ဟားခါးသည် အချင်းချင်း တိုက်ခိုက်ခြင်းများ မရှိခဲ့ပေ။ ဗြိတိသျှတို့မှ ချင်းလူမျိုးနွယ်စု ကျေးရွာတစ်ရွာနှင့်တစ်ရွာ အချင်းချင်းကြား ခေါင်းဖြတ် တိုက်ခိုက်နေခြင်းများကို ရပ်တန့်စေရန်အတွက် ချင်းလူမျိုးများကို ထိန်းကျောင်းပေးမှုအားဖြင့် ဖလမ်းနှင့် ဟားခါးကြားကိုလည်း ငြိမ်းချမ်းရေးမှတ်တိုင်တစ်ခုကို ဆက်လက် ဖန်တီးလာနိုင်ခဲ့ပါသည်။

🔺စစ်ပြီးခေတ် Falam နှင့် Hakha

(၁)ကမ္ဘာ့စစ်ကြီးအပြီးတွင် တောင်တန်း/မြေပြန့်ပူးပေါင်းရေးကိစ္စရပ်များဖြင့် " ဖလမ်း- ဟားခါး-တီးတိန် " တိုက်သူကြီး တစ်ချို့သည် ချင်းတောင်မြို့တော်၊ ဖလမ်းမြို့တွင် တွေ့ဆုံမှုများ ရှိခဲ့ကြပါသည်။ ဖလမ်းမြို့မှတဆင့် ချင်းတောင်ကိုယ်စားပြု သူတိုက်ကြီး သုံးယောက်တို့သည် ရှမ်းပြည် ပင်လုံမြို့တွင် ချင်းပြည်-ဗမာပြည် ပူးပေါင်းရေး ပင်လုံစာချုပ်ကိုလည်း ချုပ်ဆိုနိုင်ခဲ့ကြပါသည်။

(၂)ပင်လုံစာချုပ်အရ ချင်းတောင်အား ဗမာပြည်နှင့်အတူတကွ လွတ်လပ်ရေး ရှိခဲ့ပြီးနောက် ၁၉၅၉ ခုနှစ်တွင် ခဏသာအတွင်း ချင်းရေးရာ၀န်ကြီး ဖြစ်လာခဲ့သော U Ral Hmung (ဟားခါးသား)အနေဖြင့် ဖလမ်းမြို့တော်ကို ဟားခါး၌ ရွေ့​ဆိုင်းဖို့ အတင်း ကြိုးစားလာခဲ့ကြပါသည်။ သို့သော် မအောင်မြင်ခဲ့ပေ။ ဤကိစ္စသည် ဖလမ်းနှင့် ဟားခါးကြား ယနေ့အထိ အပြန်အလှန် အခဲမကျေနိုင်မှု၏ ပြသာနာအစဟု ဆိုနိုင်ပေသည်။

(၃)၁၉၆၅ ခုနှစ် ဦးနေ၀င်း အာဏာသိမ်းပိုက်ခဲ့ပြီးနောက် U Ral Hmung မှ ဗမာ့လက်နက်ကိုင် တပ်ရင်းထဲမှ ဗိုလ်မှူးကြီး Van Kulh(Hakha/Thantlang သား)ကို ဆက်လက် အသုံးပြုပြီး ဖလမ်းမြို့တော်ကို ဟားခါးသို့ မဖြစ်မနေ ပြောင်းရွေ့နိုင်ရေးအတွက် Vankulh နဲ့ အတူတကွ ဆက်လက် ကြိုးစားလာခဲ့ကြပါသည်။ စစ်အာဏာရှင် ဖခင် ဦးနေ၀င်းနဲ့ သဘောတူ ပေါင်းစားနိုင်ခဲ့သည့်အပြီး ချင်းတောင်မြို့တော်၊ ဖလမ်းမြို့(ကလေးမြို့တွင် ယာယီရုံးစိုက်ခြင်း)မှ ဟားခါးမြို့သို့ ၁၉၆၅ တွင် တရား၀င် ပြောင်းရွေ့ခဲ့ကြပါသည်။ ၄င်း ပြောင်းရွေ့ခဲ့သည့်အခါ ဖလမ်းမြို့တော် အစိုးရရုံးရှိ ဗြိတိသျှတို့၏ ချင်းတောင် ဌာနဆိုင်ရာ ရုံးစာများ၊ သူကြီးမှတ်တမ်းစာများကိုလည်း ဟားခါးသို့ အတင်းသယ်ယူခဲ့ကြလိုက်သည့်အတွက် တစ်ချို့ စာအုပ်များသည် ပျောက်ဆုံးခဲ့ရလေသည်။ ဤ Ral Hmung နှင့် ဗိုလ်မှူးကြီး Van Kulh တို့၏ စစ်အာဏာရှင် နေ၀င်းနဲ့ ပေါင်းစားခဲ့ပြီး မြို့တော် ရွေ့ဆိုင်းမှုကြောင့် ထိုအချိန်၌ ဖလမ်းမြို့တော်ရှိ မြို့မိမြို့ဖများသည် မျက်ရည် ကျခဲ့ကြပါသည်။ ဤ အချက်သည် ဖလမ်းနှင့်ဟားခါးကြား အခဲမကျေနပ်နိုင်ကြသည့် ဒုတိယ အချက်ဖြစ်ပါသည်။

(၄)၁၉၇၄-၁၉၇၈ ခုနှစ် ပါတီကောက်စီခေတ်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ချင်းကောလိပ်(Chin Collage)တစ်ခု ထားရှိနိုင်ရေးအတွက် ဖလမ်းရပ်မိရဖတို့က ကြိုးစားခဲ့ကြပါသည်။ သို့သော် Chunchung ကျေးရွာမှတဆင့် ဟားခါးမြို့သူမြို့သားများ၏ မနာလို စိတ်ဓာတ်နဲ့ ကန့်ကွက် ဆန္ဒပြခဲ့ရခြင်းကြောင့် ၄င်း ချင်းကောလိပ်ထားရှိရေးကိစ္စကို အောင်မြင်မှု မရရှိပဲ ရပ်တန့်ခဲ့လိုက်ရပါသည်။ ဤ အချက်သည်လည်း ဖလမ်းနှင့် ဟားခါးကြား အခဲမကျေနိုင်သည့် အချက်ဖြစ်သည်။

(၅)၁၉၈၈ ခုနှစ်တွင် ဗမာ့ ကျောင်းသားအရေးခင်းများ ဖြစ်ပေါ်လာပါသည်။ ချင်းတက္ကသိုလ်ကျောင်းသူ/သားများအနေဖြင့် CNF/CNA လက်နက်ကိုင် အဖွဲ့အစည်း၌ စုစည်းလာနိုင်ခဲ့ကြပါသည်။ သို့သော် CNF/CNA ထိပ်ပိုင်းခေါင်းဆောင်တွင် ဖလမ်းလူမျိုးများကသာ ဦးဆောင်ခဲ့ကြသည်ဟု ဆိုကြကာ ဟားခါးသား Pu Zing Cung ဦးဆောင်အဖွဲ့တို့က ဖလမ်းအပေါ် မနာလိုသည့် စိတ်ဓာတ်တွေကြောင့် CNF/CNA ဥက္ကဌ ဖလမ်းသား Pu No Thang Kap ကို ၄င်း၏ နေအိမ်၌ သွားရောက်ပြီး ပစ်သတ်ခဲ့ကြလိုက်ပါသည်။ ထိုအချိန်မှစပြီး CNF/CNA သည် Pu Zing Cung ဟားခါးသားများက အပြီးပိုင် သိမ်းပိုက်ခဲ့ကြလိုက်ပါသည်။

ထိုအခါ ဖလမ်းသားများနှင့် တီးတိန်သားများသည် CNF/CNA မှ ရပ်နားခဲ့ကြပါသည်။ ဤ အချက်သည် ဖလမ်းနှင့်ဟားခါးကြား ယနေ့အထိ အခဲမကျေနိုင်သည့် အချက် ဖြစ်သည်။

(၆)တဖန် ၁၉၉၅ ခုနှစ်တွင် ZBC အထွေထွေညီလာခံသည် တီးတိန်မြို့နယ် စီးယင်းဒေသ Khuasak ရွာတွင် ကျင်းပခဲ့သည်။ ZBC GS ထိပ်ပိုင်းရာထူးသည် " Falam-Hakha-Tedim" အလှည့်ကျနဲ့ အပေးအယူ လုပ်ခဲ့ကြသည်။ Tedim သားတို့၏ ZBC GS တာ၀န်ယူရမည့် အချိန်တွင် ဟားခါးနယ်သား Dr.Chum Awi က ဖလမ်းရှိ Pu Pek Thang(ဟားခါး-ထန်တလန်သား)၊ Rev.Sui Lian နှင့် Rev.Jame Tial Dum တို့ကို အသုံးချပြီး ZBC GS အလှည့်ကို လုယူပြီး မကောင်းဆိုး၀ါးသော နိုင်ငံရေးကစားခဲ့ကြလိုက်ပါသည်။ ထိုသို့ ဟားခါးသား Dr.Chum Awi တို့၏ မရိုးမသားစွာ နိုင်ငံရေး ကစားခဲ့လိုက်ရခြင်းကြောင့် ZBC GS ကြိုတင်ရာထားခဲ့သည့် Rev.Ngin Khan Khual(တီးတိန်သား)တို့နှင့် ZBC စိုက်ပျိုးရေးတာ၀န်ခံ Rev.Than Kim(ဖလမ်းသား)တို့အား ဖယ်ရှားခြင်း ခံခဲ့လိုက်ရပါသည်။ ယင်းနေ့မှစပြီး Zomi Baptist Convention(ZBC) မှ Zomi အုပ်စုသည် ပထမဆုံး စတင် ပြိုကွဲလာခဲ့ကြပါသည်။ယင်းအချက်သည် ဖလမ်း-ဟားခါး-တီးတိန်(Zomi)ကြား ယနေ့အထိ အခဲမကျေနိုင်သည့် အချက်ထဲတွင် အ​ရေးကြီး ပါ၀င်နေသည့် တစ်ခု ဖြစ်ပါသည်။

(၇)ဆက်လက်ပြီး ဖလမ်းမြို့ရှိ သူနာပြုကျောင်း၊ ZBC ရုံးချုပ်၊ စီးပွားရေးဘဏ်များကို ဟားခါးမြို့သို့ ရွေ့ဆိုင်းနိုင်ရေးအတွက် ဟားခါးသားများက တောက်လျှောက် ကြိိုးစားလာခဲ့ကြပါသည်။

(၈)ဖလမ်း Surbung Airport တည်ဆောက်ရာ၌လည်း ဖလမ်းနှင့် အပြိုင်အဆိုင်အားဖြင့် ဟားခါးမြို့နယ်၊ဘုံးရုံး(Bungzung)မြို့၌ လည်းကောင်း၊ ထန်လန်မြို့ အနီး၌လည်းကောင်း လေယဥ်ကွင်းသစ် တည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်အဆင့်အထိ ကြိုးစားခဲ့ကြပါသည်။ ထိုသို့မက ဗြိတိသျှတို့၏ သတ်မှတ်ပေးထားလိုက်သည့် ချင်းတိုင်းရင်းသား ဘာသာအစီစဥ်တွင် အသုံးပြုနေကြသည့် (Chin-Laizo)ရုံးသုံးစကားကိုလည်း ဟားခါး(Lai Holh)ဖြင့် အစားထိုးနိုင်ရေးအတွက် မနည်းကြိုးစားခဲ့ကြပါသည်။

(၉)ယခုနောက်ဆုံး ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းမှုများ ဖြစ်ပေါ်လာသည့်အခါ စစ်အာဏာရှင်စနစ်ကို တော်လှန်ရန်အတွက် ဖလမ်းနယ်သားများက CNO/CNDF ကို ဖွဲ့စည်းလာခဲ့ကြပါသည်။ ယင်း CNO/CNDF ကို ချင်အားလုံးနှင့် CNF/CNA ကို ထောက်ခံအားပေးနေသူတိုင်းက Zahau တပ်/ No Than Kap တပ် ဆိုပြီး အမျိုးမျိုး မနာလို စိတ်ဓာတ်နဲ့ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထို့သို့မက ဖလမ်းမြို့နယ်အတွင်းရှိ မျိုးနွယ်စု အချင်းချင်းကြား၌ မျိုးနွယ်စုအလိုက် အမုန်းတရားများ ပြန့်ပွားလာအောင် အမျိုးမျိုး သွေးခွဲမှုများ ဖန်တီးပေးခဲ့ကြပြီး CNO/CNDF ကို ပြိုကွဲစေနိုင်ရေးအတွက် နောက်ကွယ် အခကြေးငွေတွေပေးပြီး နည်းလမ်းပေါင်းစုံအသုံးပြုကာ ကြိုးစားခဲ့ကြပါသည်။

နိဂုံးချုပ်အနေဖြင့်

ဖလမ်းသားများအနေဖြင့် ဘိုးဘေးခေတ်ကတည်းမှ ယနေ့အထိ ဟားခါးသားများအပေါ် မနာလို စိတ်ဓာတ်များကို ကျွန်တော်တို့ လုံး၀ မထားရှိခဲ့ကြပါ။ ဟားခါးသားများ၏ ပိုင်ဆိုင်ထားသည့် အများဆိုင်ရာ ပစ္စည်းများကိုလည်း မနာလို စိတ်ဖြင့် လုယူ ခဲ့ခြင်းလည်း တစ်စုံတစ်ခုမှ ဖလမ်းသားများက မလုပ်ခဲ့ကြပေ။ ယနေ့အထိ ဟားခါး/ထန်တလန်သားများသည် Falam(Lailun)မှ ဆင်းသက်လာခဲ့ကြသည့် ကျွန်တော်တို့ ဖလမ်းသားများ၏ ဆွေမျိုး အနီးစပ်ဆုံးများသာ ဖြစ်ကြသည်ဟု သဘောထား ကြီးမားစွာ လက်ခံ လျက်ရှိနေဆဲ့ ဖြစ်ပါသည်။

သို့သော် ဟားခါးသားများအနေဖြင့် ဖလမ်းကို ဖျက်ဆီးပြီး ဟားခါးမြို့တော်တည်မြဲရေး၊ဟားခါး(Laiholh)ကို ချင်းဘုံစကားအဖြင့် ဖန်တီးနိုင်ရေး၊ ချင်းပြည်ကာကွယ်ရေးနှင့် လုံခြုံရေးသည် CNF/CNA မှသာ တာ၀န်ယူ ထိန်းချုပ်နိုင်ရေးနှင့် ဖလမ်းအားလုံးကို ဟားခါး(CNF/CNA)Lai အောက်သို့ ထားရှိလိုသည့် စိတ်ဓာတ်ဖြင့် ဖလမ်းကို ယနေ့အထိ နိုင်ငံရေးအရ ပြိုင်ဆိုင်နေခဲ့ကြပါသည်။ ၄င်း ဟားခါးသား(CNF/CNA)များ၏ ခေတ် အဆက်ဆက် ဖလမ်းအပေါ် မနာလို နိုင်ငံရေး Ideology Mindset ထားရှိနေခြင်းများကို လုံး၀ ပြုပြင် ပြောင်းလဲနိုင်ကြရန် ကျွန်တော် အထူး တိုက်တွန်းအပ်ပါသည်။

ပြောင်းလဲမှုမပြုနိုင်ကြပါက ဘိုးဘေးတို့၏ ကျမ်းကျိန် ကျောက်စာ ဘေးထွက် ဆိုးကျိုးများကို ဟားခါး သားစဥ်များက ဆက်လက် ခံစားသွားကြရမှာကို စိုးရိမ်မိရပါသည်။

Salai Thang(8 / 4/ 2025)
Innland(Homeland)

Credit #

03/11/2024

Kan Dothlengnak San Fiang Uhsi!
===========================

Pathian ih pekmi ram le kan miphun nunnak asi mi calai, nunphung le țong pawl kilveng ding țuanvo zo cio parah a um.

Kan miphun pi aiawh CNO/CNDF rinsan ko uhsi. Mipi in mai ti theinak zawn cio in țanpi uhsi. Tlamtlingmi an um lo, kan zaten țuantlang ahcun nehnak kan co ding.

CNDF ralkap 53 in ram le miphun hrangah an nunnak le thisen an hlan.
Midang in nunnak thap in Falam khawpi lle ram kilveng dingah ralhrang SAC an do.
Midang in Inn le lo an can, midang in rualban nawn lo hliamhma tuar dinhmun an thleng.
Kan miphun le ram hrangah na ti theinak zawn cio sumpai, ruahnak, ei le in, thlacamnak in na tel ve maw?

SAC IH KAIH LO DINGIN MINO  HNEN THURAWN🔥🔥Theih cia zo a siko nan TUI NI  tiang Ramsung le Ramdang um mino (nunau mipa) ...
22/10/2024

SAC IH KAIH LO DINGIN MINO HNEN THURAWN
🔥🔥
Theih cia zo a siko nan TUI NI tiang Ramsung le Ramdang um mino (nunau mipa) kaih le harsatnak tuar an um rero ruangah himi thurawn tuah bet a si.

Ramdang ah na um maw, ramsung ah na um maw, himi thurawn hi loh theih loin thlun awla kaih le harsatnak na hrial phah thei ding.

Ramdang um hrang
👇🏽👇🏽👇🏽
Phone le messages
🔥
Ramdang na um laiah zalen zetin na phone sungah Ramsung hriamhreikai lakin na rualpi zuk siseh, midang ralthuam thawn zuk siseh, ramsung na lut hlanah hlon (delete) thluh aw.

Veikhat delete nakih a va tang mi khal delete bet tengteng aw. ah na tul tuk lo ahcun ramdang ih na hmanmi phone cu tanta lole zuar ta men aw.

Hriamhrei zuk le hriamhreikai rualpi thawn box, , tipawl in nan biakawknak khal hlonfai thluh aw.

um hrangah khual na tlawn hlan le surprised check a um thei ti na theih veten a tlunlam vekin tuah aw!!

👇🏽👇🏽👇🏽
Passport le ID (Hmatpungtin)
🔥
Ramdang na fehnak ih na hman mi na PP sungih na hmin le nulepa cu na ID (Hmatpungtin) le HRC (inthaungsuh) sungih nganmi thawn bangaw seh.

Hminsin:
K*m ṭhan ruangih suah ni danglam a si khalle a tlunih nganmi cu bangaw dingin PP lo tuah saktu sim tengteng aw! K*m lole suah ni bangaw lo cu a poi tuk lo.

Duhsaknak thawn...

Crd. Pu No Than Kap

Chinland Council ရဲ့ ပြဿနာက CNF/A ကလွဲရင် ဘယ်တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းမှ ချင်းပြည်မှာမနေရဘူး ဆိုတဲ့ ပြဿနာပါ။ CNF...
07/07/2024

Chinland Council ရဲ့ ပြဿနာက CNF/A ကလွဲရင် ဘယ်တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းမှ ချင်းပြည်မှာမနေရဘူး ဆိုတဲ့ ပြဿနာပါ။ CNF/A လက်အောက်မှာသာ အကုန်ဝင်စေချင်တယ်။
အဲ့ဒါကြောင့် အကြောင်းအမျိုးမျိုးပြပြီး ချင်း အချင်းချင်းဆိုရင်လည်း မရရအောင် ထိုးစစ်ဆင် ဖျက်ဆီးဖြစ်ချင်တာ...

အောက်ပုံကို ကြည့်ခြင်းဖြင့် သိရှိနိုင်သည်။

Address

Delhi

Website

Alerts

Be the first to know and let us send you an email when Miphun ankaa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share