Esther Leng

Esther Leng Keep your mind set up to date!

၂၀၂၂ ခုနှစ် ဂျွန်လ။Budapest မှာ ရေထဲ အလှသရုပ်ဖေါ်ကူးခတ်တဲ့the World Championships ပြိုင်ပွဲမှာမက္ကဆီကိုဖွါး အမေရိကန်နိုင...
09/06/2025

၂၀၂၂ ခုနှစ် ဂျွန်လ။

Budapest မှာ ရေထဲ အလှသရုပ်ဖေါ်ကူးခတ်တဲ့
the World Championships ပြိုင်ပွဲမှာ
မက္ကဆီကိုဖွါး အမေရိကန်နိုင်ငံသူ Anita Álvarez ဟာ
ပြစ်မျိုးကင်းစင် သရုပ်ဖေါ်ကူးခတ်ပြနေတယ်။
သူ့ကဏ္ဍ ပြီးသွားပြီ၊ လက်ခုပ်သံတွေလည်း ညံလို့။
ဒါပေမဲ့ သူမ ရေပေါ် ပေါ်မလာဘူး။

အမှန်တော့ သူမ မေ့မျောသွားတာ။
ခန္ဓာကိုယ်ဟာ ရေပေါ်တချက်ပေါ်လာပြီး
တဖြေဖြေးပြန်မြုပ်သွားတယ်။
တဖြေးဖြေးနစ်မြုပ်သွားတာ ရေကန်အောက်ခြေအထိပဲ။

ဒါပေမဲ့ ဘယ်သူမှ သတိမထားမိကြဘူး။
အားပေးကြည့်ရှုနေတဲ့ ပရိဿတ်တွေ သတိမထားမိသလို
ဒိုင်တွေကလည်း သတိမထားမိကြဘူး။
သူမ ဆက်ဖျော်ဖြေနေတုန်း လို့ထင်ကြပြီး
အားလုံး လက်ခုပ်တီးပေးနေကြတယ်။

ဒါပေမဲ့ သတိထားမိသူ တဦးတော့ရှိတယ်။
အဲဒါက သူမကိုလေ့ကျင့်ပေးတဲ့သူ
သူမရဲ့coach ဖြစ်သူ Andrea Fuentes ပါ။
သူမက Anita အကြောင်း ကောင်းကောင်းသိနေတယ်။
အချိန်ဘယ်လောက်ကြာရင် ရေပေါ်ပြန်ရောက်ရမယ်
ဆိုတာ တိတိကျကျသိတယ်။
ခုလည်း Andrea ရဲ့နှလုံးသားထဲကကို သိနေတယ်၊
Anita တခုခုတော့မှားနေပြီ။

နှစ်ခါ ပြန်မစဉ်းစားတော့ပဲ
အင်္ကျီအဝတ်အစားအပြည့် ရှူးဖိနပ်စီးလျှက်
ရေထဲကို ဒိုက်ထိုးပြီး ရေကန်အောက်ခြေအထိ
တောက်လျှောက်ကူးသွားတယ်။
Anita ကိုတွေ့တာနဲ့ ခါးကိုသိုင်းဖက်ပြီး
ရေပေါ်ကို ပြန်ကူးတက်လာခဲ့တယ်။
သူမ Anita အသက်ကို ကယ်လိုက်နိုင်တယ်။

ဒါ တကယ့်အဖြစ်အပျက်တခုပါ။
အဲဒိီကနေ စဉ်းစားစရာတွေ ရှိလာတယ်။

သင့်အမူအယာကိုကြည့်ပြီး
သင် အဆင်ပြေနေသလား မပြေဘူးလား
သတိထားမိတဲ့သူ ဘယ်သူရှိမလဲ၊
သင့်ကို တိတိကျကျသတိထားမိတဲ့သူ ရှိရဲ့လား။
သင် ပြုံးနေရင်တောင်မှ
အတွင်းစိတ်မှာ ဘာဖြစ်နေသလဲ သိတဲ့သူ ရှိသလား။
သင်ရေနစ်နေပြီး
ရေပေါ်ပြန်ကူးခတ်တက်နိုင်တဲ့အား မရှိတော့တဲ့အခါ
ဘယ်သူက တုန့်နှေးမှုမရှိပဲ
ရေထဲဒိုက်ထိုးဆင်း ကယ်မလဲ။

ပိုအရေးကြီးတဲ့အချက်က

သင်ကရော တယောက်ယောက်အတွက်
အဲလိုသတိထားပေးမယ့်သူ ကယ်တင်ပေးမယ့်သူ
ဖြစ်နိုင်မလား။
သင်ချစ်ရပါတယ် ဆိုတဲ့သူတယောက်အတွက်
ရေနစ်နေတာ သတိထားမိတဲ့အခါ
ဒိုက်ထိုးဆင်းပြီး ဆယ်ယူလာတဲ့သူ ဖြစ်နိုင်မလား။

ဒါမှမဟုတ်
ဘာဖြစ်လို့ ဖြစ်မှန်းမသိပဲ လက်ခုပ်တီးကောင်းတုန်း
ဆိုတဲ့သူများ ဖြစ်နေမလား။

အမှန်တော့ ကျုပ်တို့အားလုံးလိုအပ်တာက
ကျုပ်တို့ကို ကြည့်နေကြတဲ့သူတွေ မလိုပဲ
သတိထားပေးနေတဲ့သူတွေ လိုအပ်နေတာပါ။
ကျုပ်တို့ အရှူံးပေးလုပြီ ဆိုတာသိပြီး
ဝင်တားပေး ဝင်ကယ်ပေးတဲ့သူတယောက်ယောက်
ရှိနေဖို့ပါပဲ။

Interesting World မှဖတ်ယူသည်။

ဒါကြောင့် ကိုယ့်အနားက ဆွေမျိုးတွေကိုတန်ဖိုးထားပါ....
08/06/2025

ဒါကြောင့် ကိုယ့်အနားက ဆွေမျိုးတွေကို
တန်ဖိုးထားပါ....

ကိုယ့်ဆိုဒ်ကိုယ်သိပြီး ပြောတတ်အောင် တိုင်းထားနော်ဒါမှ ready madeဝယ်ဝတ်ရင် အဆင်ပြေမှာ😘🌸🤍
08/06/2025

ကိုယ့်ဆိုဒ်ကိုယ်သိပြီး ပြောတတ်အောင် တိုင်းထားနော်
ဒါမှ ready madeဝယ်ဝတ်ရင် အဆင်ပြေမှာ😘🌸🤍

ကြောင်ချစ်သူများ သတိထား*********************ကြောင်သန်းများ၊ ကြောင်မွှေးများ မျက်လုံးထဲဝင်သည်မှစ၍ ယခုကဲ့သို့ မျက်လုံးတွင်...
07/06/2025

ကြောင်ချစ်သူများ သတိထား
*********************
ကြောင်သန်းများ၊ ကြောင်မွှေးများ မျက်လုံးထဲဝင်သည်မှစ၍ ယခုကဲ့သို့ မျက်လုံးတွင်း၌ သံကောင်များ ဖြစ်တည်လာသည်၊၊ ကြောင်များအား နမ်းရှိုက်ခြင်းကို မိတ်ဆွေများ သတိထားပါ၊၊

မေတ္တာဖြင့်..


ယောက်ျားလေးများအနေဖြင့်အိမ်ထောင်ပြု သည့်အခါ ဝသောမိန်းကလေးများကိုသာအိမ်ထောင်ဖက်အနေဖြင့် ရွေးချယ်သင့်ပါသည်။မနက်အိပ်ရာနိူးသ...
05/06/2025

ယောက်ျားလေးများအနေဖြင့်
အိမ်ထောင်ပြု သည့်အခါ ဝသောမိန်းကလေးများကိုသာ
အိမ်ထောင်ဖက်အနေဖြင့် ရွေးချယ်သင့်ပါသည်။

မနက်အိပ်ရာနိူးသည်နှင့်
ပိန်သောမိန်းကလေးများသည်
အလှအပပြင်ဆင်ချိန်တွင်
ဖတ်တီးမလေးများသည်
မနက်စာစားရန် ပြင်ဆင်နေပြီဖြစ်ပါသည်။

စျေ း ဝယ်ရာတွင် ငပိန်လေးများသည်
ကိုယ်အလေးချိန်ထိန်းရန် ဝယ်ယူရပြီး
ဖတ်တီးမလေးများသည် စားကောင်းမည့်
အရာများသာ ဝယ်ယူရပါသည်။

ငပိန်လေးများ
သည် အလှအပပစ္စည်းများ
ဝယ်ယူရန် စျေးဖိုးချွေတာနေချိန်တွင်
ဖတ်တီးမလေးများသည် သားငါးအစုံပါရန်
ဝယ်ယူနေပါသည်။

ထို့ကြောင့်
ငပိန်မလေးများအား ယောက်ျားလေးများအနေဖြင့်
ပေါင်းသင်းပါက အစားဆင်းရဲခြင်းကို
ခံစားရပါမည်။
ဖတ်တီးမလေးများအား လက်ထပ်ပေါင်းသင်းခြင်းဖြင့် စားကောင်းသောက်ဖွယ်များ စားရနိုင်ပါသည်။

ထို့ပြင်
ငပိန်မလေးများအတွက် အဝတ်အစား
နောက်ဆုံးပေါ် ခဏခဏထွက်ရှိသည့်အပြင်
ငပိန်မလေးများရဲ့ ဆိုဒ်ကိုလည်း မှတ်သား
ဝယ်ယူပေးရသဖြင့် ပင်ပန်းဆင်းရဲခြင်းကို
ခံစားရနိုင်ပါသည်။

ဖတ်တီးမလေးများအတွက် အဝတ်အစားဝယ်ရာတွင် နောက်ဆုံးပေါ်များ၌ ဆိုဒ်ကြီးထွက်ရှိခြင်း နည်းပါးခြင်းအပြင် ဝယ်ယူရာတွင် ဆိုဒ်မှတ်သားစရာမလိုပဲ
အကြီးဆုံးဆိုဒ် ဝယ်ယူပေးရသဖြင့်
သက်သာခြင်း ချမ်းသာခြင်းအကျို း ခံစားရနိုင်ပါသည်။

ဖတ်တီးမလေးများ၏ ကောင်းကျိူ း

မြန်မာနိုင်ငံသည် ရာသီဥတု သုံးမျို းရှိပြီး
မိုးရာသီ နှင့် ဆောင်းရာသီ တို့တွင်
ဖတ်မတီးလေးများ၏ ရင်ခွင်သည်
အနွေးထွေးဆုံး ဖြစ်ပါသည်။

သစ္စာရှိခြင်းနှင့်ပေါ်လွင်ခြင်း

ဖတ်တီးမလေးများသည်
နောက်ထပ်ယူမည့်သူမရှိခြင်းကြောင့်
ယောက်ျားများအပေါ် အလိုလိုက်အကြိုက်ဆောင်သည့်အပြင်
ဖောက်ပြန်ရန် အလွန်နည်းပါးလေသည်။
ဖတ်တီးမလေးများဖြင့် တွဲသွားပါက
ယောက်ျားလေးများသည် ပေါ်လွင်ထင်ရှား
လှပနေပါသည်။

***ဖတ်တီးမလေးများအား
လက်ထပ်ခြင်းဖြင့်
လှပသော ဘဝများ
ပိုင်ဆိုင်ကြပါစို့ *****

credit

ပါးနပ်တဲ့ အပြောအဆိုနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်က "လူသားစိတ်သဘောထား" နဲ့ "ဆက်သွယ်ရေးအတတ်ပညာ" တို့ပါ။  ၁။ လူသားစိတ်သဘ...
29/05/2025

ပါးနပ်တဲ့ အပြောအဆိုနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်က "လူသားစိတ်သဘောထား" နဲ့ "ဆက်သွယ်ရေးအတတ်ပညာ" တို့ပါ။

၁။ လူသားစိတ်သဘောထား
လူတိုင်းမှာ
ကိုယ့်အမြင်ကို ခုခံတတ်တဲ့ သဘောသဘာဝ" ရှိပါတယ်။ တစ်စုံတစ်ယောက်က "မင်းမှားနေတယ်" လို့ တိုက်ရိုက်ပြောလိုက်ရင်၊ ဦးနှောက်က ချက်ချင်း စိတ်ခုခံမှု ဖြစ်ပေါ်စေပြီး အကြံပြုချက်ကို လက်မခံချင်တော့ဘူး။ ဒါက သဘာဝကျတဲ့ တုံ့ပြန်မှုပါ။

၂။ ဆက်သွယ်ရေးအတတ်ပညာ
အထက်က
ဥပမာမှာ "ဒီလိုလုပ်ရင် ပိုကောင်းမယ်
ဆိုတဲ့ ပြောဟန်က နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် နည်းလမ်း ဖြစ်ပါတယ်။ ဒီလိုပြောတဲ့အခါ တစ်ဖက်လူကို ဝေဖန်မှုမဟုတ်ဘဲ အကူအညီပေးသလို ခံစားရစေတယ်။ ဒါ့ကြောင့် သူတို့ကို "မင်းကအမှား" လို့မပြောဘဲ ဒီနည်းက ပိုထိရောက်မယ် လို့ ပြောင်းပြောတာက ပိုအကျိုးရှိပါတယ်။

၃။ဒီနေရာမှာ ဒီလိုလုပ်ရင် ဘယ်လိုထင်လဲ?" လို့ မေးပြီးမှ အကြံပေးတာက ပိုပြီးလက်ခံနိုင်စေတယ်။
ချီးမွမ်းခြင်းနဲ့ စပါ။
မင်းရဲ့ ကြိုးစားမှုကို ငါသိပါတယ်၊ ဒါပေမယ့် ဒီနည်းက ပိုမြန်မယ်ထင်တယ်" ဆိုရင် စိတ်မထိခိုက်ဘဲ အကြံကို လက်ခံနိုင်တယ်။

၄။ အခြေခံစိတ်ပညာ
တစ်ဖက်သားကို သူတို့မှားနေတယ်လို့ ခံစားရစေရင်၊ သူတို့ဟာ သင့်အကြံကို လက်မခံဘဲ သူတို့အမှားကိုတောင် ပိုပြီးခိုင်မာစွာ ကာကွယ်လာတတ်ကြတယ်တဲ့။ ဒါကြောင့် ပြောဆိုမှုနည်းလမ်း က အရေးကြီးတာပါ။

ပါးနပ်တဲ့ ပြောဆိုမှုက "ဘာပြောလဲ"
ထက် "ဘယ်လိုပြောလဲ" ပေါ်မှာ အခြေခံပါတယ်။ တစ်ဖက်သားရဲ့ စိတ်ထားဂုဏ်သိက္ခာ လက်ခံနိုင်မှု တို့ကို ထိခိုက်မှုအနည်းဆုံးနဲ့ သင့်ရည်ရွယ်ချက်ကို အောင်မြင်စွာ ရောက်အောင်သွားနိုင်ဖို့ တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် "မင်းမှားတယ်" မပြောဘဲ "ဒီလိုဆို ပိုကောင်းမယ်" လို့ ပြောင်းပြောတတ်ဖို့ လေ့ကျင့်ပါ။ 😊

ခွန်အားဖြစ်စေသောစာပေ
(ရသစာပေ)
Ko Chit Lay

လောကကြီးက မတရားပါဘူးဆိုရင်တောင်မှမင်းကိုယ်တိုင်က တရားအောင်နေလို့ရတယ် မဟုတ်ဘူးလား။
26/05/2025

လောကကြီးက မတရားပါဘူးဆိုရင်တောင်မှ
မင်းကိုယ်တိုင်က တရားအောင်နေလို့ရတယ်
မဟုတ်ဘူးလား။

ယောက်ျားတိုင်း လိုချင်နေတဲ့ မိန်းမ ဖြစ်အောင် မနေပါနဲ့ ၊ ယောက်ျားတိုင်း မရနိုင်တဲ့ မိန်းမ ဖြစ်အောင်နေပါ ။ ယောက်ျားတိုင်း ...
24/05/2025

ယောက်ျားတိုင်း လိုချင်နေတဲ့
မိန်းမ ဖြစ်အောင် မနေပါနဲ့ ၊
ယောက်ျားတိုင်း မရနိုင်တဲ့
မိန်းမ ဖြစ်အောင်နေပါ ။
ယောက်ျားတိုင်း လွယ်လွယ်ရတဲ့
မိန်းမ ဖြစ်အောင် မနေပါနဲ့ ၊
ယောက်ျားတိုင်း လွယ်လွယ်မရနိုင်တဲ့
မိန်းမ ဖြစ်အောင် ကြိုးစားပါ ။
ပျော့ညံ့နေတဲ့မိန်းမ ဖြစ်အောင် မနေပါနဲ့ ၊
စိတ်ဓာတ် မာကျောတဲ့
မိန်းမတစ်ယောက် ဖြစ်အောင် ကြိုးစားပါ ။
မပြတ်သားတဲ့မိန်းမ ဖြစ်အောင်မနေပါနဲ့ ၊
ဆုံးဖြတ်ချက်ချပြီး နောက်လှည့်မကြည့်တတ်တဲ့
မိန်းမဖြစ်အောင် ကြိုးစားပါ ။
အရာရာ အရှုံးပေးတတ်တဲ့
မိန်းမ ဖြစ်အောင် မနေပါနဲ့ ၊
အရှုံးတွေထဲက သင်ခန်းစာယူပြီး
ဘဝခရီးဆက်နိုင်တဲ့ မိန်းမဖြစ်အောင်နေထိုင်ပါ ။
မျက်ရည်လွယ်တဲ့
မိန်းမ ဖြစ်အောင် မနေပါနဲ့ ၊
မျက်ရည်ကျတိုင်း ကိုယ့်မျက်ရည်ကိုယ်သုတ်ပြီး
ပြုံးနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ ။
အချစ်တွေ အလွမ်းတွေနဲ့ အချိန်ကုန်နေတဲ့
မိန်းမ ဖြစ်အောင် မနေပါနဲ့ ၊
အချစ်ဆိုတာ မရှိမဖြစ် မဟုတ်ဘူး ဆိုတဲ့
စိတ်ဓာတ်နဲ့ နေထိုင်တတ်အောင် ကြိုးစားပါ ။
အိမ်နောက်ဖေးမှာ ဘဝကုန်ဆုံးတော့မယ့်
မိန်းမ ဖြစ်အောင် မနေပါနဲ့ ၊
အိမ်ဦးခန်းမှာ အိမ်ထောင်ဦးစီးကို လမ်းပြနိုင်တဲ့
မိန်းမ တစ်ယောက် ဖြစ်အောင် ကြိုးစားပါ ။
အသိဉာဏ္မဲ့တဲ့
မိန်းမ ဖြစ်အောင် မနေထိုင်ပါနဲ့ ၊
အသိဉာဏ်ကြွယ်တဲ့
မိန်းမ တစ်ယောက် ဖြစ်အောင် ကြိုးစားပါ ။
တန်ဖိုးမဲ့ မိန်းမ တစ်ယောက်
ဖြစ်အောင် မနေထိုင်ပါနဲ့ ၊
တန်ဖိုးကြီးတဲ့ မိန်းမတစ်ယောက်
ဖြစ်အောင် ကြိုးစားပါ ။ ❤️

#ဆရာအောင်သင်းစာပေ
#ဘဝအတွတ်စာဖတ်ပါ
#ဘဝစာပေနှင့်ဗဟုသုတများ
#စာပေဗဟုသုတများ

❤️အိမ်ထောင်သည်အမျိုးသမီးတယောက်ဘဝမှာ အလိုအပ်ဆုံးအရာက မိမိလင်ယောကျားရဲ့ ချစ်မြတ်နှိုးမှုပါပဲ...❤️    ကိုယ့်ကို အရိပ်တကြည့်...
23/05/2025

❤️အိမ်ထောင်သည်အမျိုးသမီးတယောက်ဘဝမှာ အလိုအပ်ဆုံးအရာက မိမိလင်ယောကျားရဲ့ ချစ်မြတ်နှိုးမှုပါပဲ...❤️
ကိုယ့်ကို အရိပ်တကြည့်ကြည့် ချစ်တဲ့ ,ဂရုစိုက်ဖေးမတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ရတဲ့ အမျိုးသမီးဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးပါ.💛💛
ချစ်ခြင်းမေတ္တာကို အခြေခံထားတဲ့ အိမ်ထောင်တခုမှာ ငွေကြေးဥစ္စာတွေက သူ့အလိုလိုနောက်ကပါလာပါတယ်..မိန်းမကိုချစ်တော့ ပိုင်ဆိုင်သမျှရှာဖွေသမျှအရာရာဟာ မိန်းမဆီပဲ စီးဆင်းပါတယ်..မိမိဇနီးစိတ်ဆင်းရဲရမယ့်အရာမှန်သမျှကို တတ်နိုင်သမျှ မလုပ်မိဖို့ ရှောင်ရှားပါတယ်..အရာရာဟာ မိမိဇနီး, သားသမီးအတွက်ပါ..💛💛

အဲ့လိုယောကျားကို ရထားတဲ့မိန်းမကတော့ အသိုင်းအဝိုင်းကြား မျက်နှာပွင့်ဂုဏ်ရှိပါတယ်..အဲ့နောက်မှ သစ္စာရှိတာ, နွေးထွေးတာ, ကြင်နာမှုနဲ့ထွေးပွေ့တာက သူ့အလိုလိုပါပြီးသားပါ.
💛💛.မိသားစုအတွက် အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးရှိတဲ့ အိမ်ထောင်ဦးစီးယောကျားကောင်းတယောက်ကို သင်ပိုင်ဆိုင်ထားရင် ကမ္ဘာပေါ်မှာ သင်ဟာ ကံအကောင်းဆုံးအမျိုးသမီးတယောက်ပါ..

ငါတို့ရွာက ဝါးအိမ်လေး☺️😅🥰Crd Photos
19/05/2025

ငါတို့ရွာက ဝါးအိမ်လေး☺️😅🥰

Crd Photos

😭ငါသိချင်တာတခုက💔အဲ့ဒီလေယာဉ်မောင်းခဲ့ပြီးBomb ကြဲခဲ့တဲ့ကောင်အိမ်ပြန်ရောက်လို့သူ့မိသားစုက အလုပ်အဆင်ပြေခဲ့လားမေးတဲ့အခါ သူဘယ...
15/05/2025

😭ငါသိချင်တာတခုက💔

အဲ့ဒီလေယာဉ်မောင်းခဲ့ပြီး
Bomb ကြဲခဲ့တဲ့ကောင်
အိမ်ပြန်ရောက်လို့
သူ့မိသားစုက အလုပ်အဆင်ပြေခဲ့လား
မေးတဲ့အခါ သူဘယ်လိုပြန်ဖြေလဲ

“ဟာ နည်းနည်းတော့ ပင်ပန်းခဲ့တာပေါ့
လေယာဉ်ပျံကြီးကို ဟိုး မိုးပေါ်မှာ
အမြင့်ကြီးပျံခဲ့ရတာလေ။
အောက်မှာ ခပ်ပျပျလေး မြင်နေရတဲ့
တဲစုစုနဲ့ အဆောက်အဦတွေဆီ
သေချာချိန်ပြီးမှ Bomb တွေ
ကြဲချခဲ့ရတာ”

သူ အဲ့လိုပဲဖြေပြီး ပြီးသွားမလား။

ညဖက် အိမ်မှာ အနားယူပြီး
Online သုံးတဲ့အခါမှာ
အပြစ်မဲ့တဲ့ သူ့သားသမီးအရွယ်လောက်ရှိမယ့်
ကလေးငယ်လေးတွေဟာ
ဘာမှ မသိလိုက်ရပဲ ကြွေလွင့်သွားခဲ့တာကို
သူသိတဲ့အခါ သူ့စိတ်ထဲမှာ
ဘယ်လိုတွေ တွေးနေမလဲ
ကျနော် တအားသိချင်တာပဲ

credit

Address

Delhi

Alerts

Be the first to know and let us send you an email when Esther Leng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Esther Leng:

Share