Chinland News

  • Home
  • Chinland News

Chinland News "He who controls the media controls the mind of public"

ဟားခါးမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ချင်းသူရဲကောင်းတို့...🙏 မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်🥀😭
26/12/2025

ဟားခါးမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ချင်းသူရဲကောင်းတို့...🙏 မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်🥀😭

ကျေးလက်နေ ပြည်သူများအနေဖြင့် ၃ရက်တာအတွင်း တီးတိန်မြို့ပေါ်သို့သွားလာခြင်းမပြုရန်  PDF Zoland အသိပေး  ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀...
26/12/2025

ကျေးလက်နေ ပြည်သူများအနေဖြင့် ၃ရက်တာအတွင်း တီးတိန်မြို့ပေါ်သို့သွားလာခြင်းမပြုရန် PDF Zoland အသိပေး

ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။
ချင်းပြည်၊ တီးတိန်မြို့နယ်ရှိ ကျေးလက်နေပြည်သူများအေနဖြင့် ၃ရက်တာအတွင်း တီးတိန်မြို့ပေါ်သို့ ခရီးသွားလာခြင်းမပြုကြရန် PDF Zoland တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၆ ရက်၊ ၂၇ ရက်၊ ၂၈ ရက်၊ တို့တွင် တီးတိန်မြို့ပေါ်နှင့် ဒေသအတွင်းရှိ ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက်အပြင်ထွက်ခြင်း ခရီးသွားလာခြင်းကို တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် စစ်ကော်မရှင်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် မဲရုံနေရာအနီးတဝိုက်တွင် ဗုံးပေါက်ကွဲခြင်း၊ သေနတ်ပစ်ခတ်ခြင်းများရှိလာပါက ပြည်သူများ နစ်နာမှုမရှိစေရေး ရှောင်လွဲနိုင်ရန် ယခုကဲ့သို့ မြို့ထဲအသွားအလာကို ပိတ်ပင်ထားခြင်းဖြစ်ကြောင်း PDF Zoland တပ်ဖွဲ့ စစ်ဦးစီးချုပ်က ရှင်းပြသည်။

"မိမိတို့နေအိမ်၌သာ နေထိုင်လျက် အသွားအလာသတိထားရန်နှင့် ကျေးလက်ေနပြည်သူများသည်လည်း ခရီးသွားလာခြင်းမပြုကြရန် လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Breaking News ချင်းပြည်၏ မြို့တော် ဟားခါးမြို့ ၂၆၆ တပ်ကုန်းကို  CDF-Hakha က ဝင်ရောက်စီးနင်းတိုက်ခိုက်၊ လက်နက်တချို့သိမ်း...
26/12/2025

Breaking News ချင်းပြည်၏ မြို့တော် ဟားခါးမြို့ ၂၆၆ တပ်ကုန်းကို CDF-Hakha က ဝင်ရောက်စီးနင်းတိုက်ခိုက်၊ လက်နက်တချို့သိမ်းဆည်းရ

ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။
ချင်းပြည် ဟားခါးမြို့ ရုန်းတောင်မှာ အခြေစိုက်တဲ့ ခလရ ၂၆၆ တပ်ကုန်းကို CDF-Hakha တပ်ဖွဲ့က ယနေ့မနက်အစောပိုင်းမှာ ဝင်ရောက်၀ီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ခလရ ၂၆၆ တပ်ကုန်းထဲက TV Tower နားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ယနေ့ ဒီဇင်ဘာ ၂၆ ရက် မနက် ၈နာရီဝန်းကျင်အထိ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်က သေဆုံးမှုအခြေအေနမရှိမသိရသေးပေမယ့် လက်နက် တချို့ကို CDF-Hakha က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

16/12/2025
ပလက်ဝမြို့နယ်က ဒေသခံခူမီးချင်းလူမျိုးများကို နေရပ်မှ ပျောက်ကွယ်သွားစေရန် ULA/AA ကရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာဟု GKO ပြော...
15/12/2025

ပလက်ဝမြို့နယ်က ဒေသခံခူမီးချင်းလူမျိုးများကို နေရပ်မှ ပျောက်ကွယ်သွားစေရန် ULA/AA ကရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာဟု GKO ပြော

ULA/AA ၏ စစ်မှုထမ်းအမိန့်ကြောင့် ပလက်ဝဒေသခံအများအပြား ထွက်ပြေးနေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရခိုင့်တပ်တော် (AA) က ဒေသခံ ခူမီးလူမျိုးများကို နေရပ်မှ ပျောက်ကွယ်သွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီး ယင်းသည် လူသားမျိုးနွယ်အပေါ် ရာဇာဝတ်မှု (Crime Against Humanity) နှင့် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်ခြင်း အရှိန်ပိုနက်လာခြင်းဖြစ်သည်ဟု Global Khumi Organization (GKO) က ထုတ်ပြန်သည်။

ဓာတ်ပုံသတင်း။၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သသော ချင်းပြည်(Chinland) ကောင်စီ ဒုတိယသက်တမ်း၊ ပထမအကြိမ် ကောင်...
15/12/2025

ဓာတ်ပုံသတင်း။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သသော ချင်းပြည်(Chinland) ကောင်စီ ဒုတိယသက်တမ်း၊ ပထမအကြိမ် ကောင်စီ အစည်းအဝေး မှတ်တမ်း ဓာတ်ပုံများ

ဒီဇင်ဘာလ ၁၅၊ ၂၀၂၅ ခုနှစ်။



ဖလမ်းမြို့နယ် တိုက်ပွဲမှာ CDF-Matupi စစ်ဦးစီးဌာနမှူး ကျဆုံး                 ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ချင်းပြည်နယ်၊ ဖ...
15/12/2025

ဖလမ်းမြို့နယ် တိုက်ပွဲမှာ CDF-Matupi စစ်ဦးစီးဌာနမှူး ကျဆုံး

ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ် မတူပီ ရဲ့ စစ်ဦးစီးဌာနမှူးတာဝန်ယူထားတဲ့ ဆလိုင်းအန်တိုနီ ကျဆုံးခဲ့တယ်လို့ ယင်းအဖွဲ့ဆီက သိရပါတယ်။

ဝေဘူလမှ တက်လာတဲ့ စစ်ကောက်စီ စစ်ကြောင်းနဲ့ ဒီဇင်ဘာလ ၁၂ ရက်‌နေ့ ဖလမ်းမြို့အ‌နီး Sumhrang ကျေးရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။

ဆလိုင်းအန်တိုနီ ဟာ CDF-Matupi တပ်ရင်း ၃မှာ တပ်စုမှူးနဲ့ တပ်ခွဲမှူးအဆင့် တာဝန်ထမ်းဆောင်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလ မှစ၍ CDF-Matupi မှာ စစ်ဦးစီးဌာနမှူးအဖြစ် တာဝန်ထမ်းဆောင် တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ ချင်းကာကွယ်ရေးဘက်က ထိခိုက်မှုရှိသလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုများတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အမျိုးသားတော်လှန်ရေးအတွက် ဂတိသစ္စာဆိုတဲ့အတိုင်း စစ်ဦးစီးဌာနမှူး ဆလိုင်းအန်တိုနီရဲ့ ပေးဆပ်မှုအပေါ် လေးစားဂုဏ်ပြုတယ်လို့ CDF မတူပီက ထုတ်ပြန်ပါတယ်။
#ဖလမ်း #ကျဆုံး

ဖလမ်းမြို့အနီးတိုက်ပွဲမှာ အကြမ်းစစ်သား ၁၄ ယောက်သေဆုံး၊ စစ်သုံ့ပန်းတစ်ယောက်ဖမ်းမိပြီး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမ...
11/12/2025

ဖလမ်းမြို့အနီးတိုက်ပွဲမှာ အကြမ်းစစ်သား ၁၄ ယောက်သေဆုံး၊ စစ်သုံ့ပန်းတစ်ယောက်ဖမ်းမိပြီး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။
ချင်းပြည်၊ ဖလမ်းမြို့အနီးမှာ ဒီကနေ့ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၄ ယောက် သေဆုံးပြီး၊ စစ်သုံ့ပန်းတစ်ယောက်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဝေဘူလမြို့ကနေ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် နဲ့ ချင်းအမျိုးသားတပ်မတော် - CNA ဦးဆောင်တဲ့ ချင်းလဲန်းအစိုးရကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ Tiphir နဲ့ Mangkheng ကြားမှာ တိုက်ပွဲအပြင်းအထန် ဆက်လက်ဖြစ်ပွားခဲ့ကြပါတယ်။

အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁၄ ယောက်သေဆုံးကာ ၁၀ ယောက်ဝန်းကျင်ဒဏ်ရာရရှိပြီး စစ်သုံ့ပန်း တစ်ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ထံကနေ ငါးကြင်းမှီး၊ကွန်မန်ဒိုစိန်ပြောင်း၊ စနိုက်ပါတွေအပါအဝင် လက်နက်ကြီးငယ်စုစုပေါင်း ၂၉ လက်၊ ကျည်ဆံ၊ RPG ဗုံးသီး၊ ဒရုန်း စတဲ့ စစ်ဘက်အသုံးအဆောင်အမြောက်အများ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

Ref: ChinlandInformationCenter



ကျွန်တော်တို့ UFC Flyweight Champion Joshua "The Fearless" Van ရဲ့ page က like၊ follower နည်းနေပါသေးတယ်။ ဆက်လက်...
11/12/2025

ကျွန်တော်တို့ UFC Flyweight Champion Joshua "The Fearless" Van ရဲ့ page က like၊ follower နည်းနေပါသေးတယ်။ ဆက်လက်ပြီး ဝန်းရံပေးကြစို့ 🙏

အဆင့်ဆင့် ဆက်ဆင့်ကမ်းရင်း Support လုပ်ပေးကြအောင်ပါဗျာ။

👇👇👇
https://www.facebook.com/share/1BL2rTVNUC/

 ချင်းပြည်၊ ချင်းလုံမြို့မှာ ဒီဇင်ဘာလ ၄ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ချင်းပြည်(Chinland) ကောင်စီ ညီလာ...
10/12/2025


ချင်းပြည်၊ ချင်းလုံမြို့မှာ ဒီဇင်ဘာလ ၄ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ချင်းပြည်(Chinland) ကောင်စီ ညီလာခံမှတ်တမ်း ဓါတ်ပုံများ

Photo credit- Chinland Channel

ချင်းပြည်(Chinland)ကောင်စီမှ UFC ချန်ပီယံ Joshua “The Fearless” Van သို့ ဂုဏ်ပြုလွှာပေးပို့ခြင်း ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (...
09/12/2025

ချင်းပြည်(Chinland)ကောင်စီမှ UFC ချန်ပီယံ Joshua “The Fearless” Van သို့ ဂုဏ်ပြုလွှာပေးပို့ခြင်း

၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်။

 ချင်းပြည်နယ်၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ်(MRO) ချင်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီ (CDF-Matupi)အပတ်စဥ်(2/2025) အခြေခံစစ်ပညာသင်တ...
08/12/2025


ချင်းပြည်နယ်၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ်(MRO) ချင်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီ (CDF-Matupi)

အပတ်စဥ်(2/2025) အခြေခံစစ်ပညာသင်တန်းသူ/သင်တန်းသားများ၏ စစ်ရေးပြမှတ်တမ်း ဓာတ်ပုံများ။






Address

H No-16 S/F, Block-D , Mahindra Park, Uttam Nagar, West Delhi

110059

Telephone

+916009048468

Website

Alerts

Be the first to know and let us send you an email when Chinland News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chinland News:

  • Want your business to be the top-listed Media Company?

Share