Chinland News

  • Home
  • Chinland News

Chinland News "He who controls the media controls the mind of public"
(2)

ကပစ စက်ရုံများအနီးထိ ရခိုင့်တပ်တော် - AA ပူးပေါင်းတပ်များ ထိုးဖောက်တိုက်ခိုက်နေ  စက်တင်ဘာလ ၈ ရက်။ပဲခူးတိုင်းအနောက်ခြမ်း၊...
08/09/2026

ကပစ စက်ရုံများအနီးထိ ရခိုင့်တပ်တော် - AA ပူးပေါင်းတပ်များ ထိုးဖောက်တိုက်ခိုက်နေ

စက်တင်ဘာလ ၈ ရက်။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ် မသုန်ကျေးရွာအနီးတွင် စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းက ရခိုင့်တပ်တော် (AA) နှင့် ပူးပေါင်းတပ်များက စစ်တပ်စခန်းများအနီးအထိ ထိုးဖောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ကပစ - ၁၆ နှင့် ကပစ-၉ တို့မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည့်အပြင် လေကြောင်းမှလည်း စစ်ကူတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ရေးလေ့လာသူများကမူ ကပစ စက်ရုံနယ်မြေများအနီးသို့ တော်လှန်ရေးတပ်များ ပိုမိုနီးကပ်လာခြင်းသည် စစ်တပ်၏ စက်ရုံလုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများအပေါ် ဖိအားများ တိုးလာစေနိုင်ကြောင်း သုံးသပ်ထားသည်။

🔴ချင်းပြည် (Chinland) ပြည်သူ့ရဲတပ်ဖွဲ့ကို အလွှာ(၂) လွှာဖြင့် ဖွဲ့စည်းထားပြီး ရဲတပ်ဖွဲ့အင်အား ၂၃၇ ဦးရှိကြောင်း သိရ  စက်တင...
08/09/2026

🔴ချင်းပြည် (Chinland) ပြည်သူ့ရဲတပ်ဖွဲ့ကို အလွှာ(၂) လွှာဖြင့် ဖွဲ့စည်းထားပြီး ရဲတပ်ဖွဲ့အင်အား ၂၃၇ ဦးရှိကြောင်း သိရ

စက်တင်ဘာလ ၈ ရက်။
ချင်းပြည်(Chinland) အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြည်သူ့ရဲတပ်ဖွဲ့ကို ချင်းပြည် (Chinland) အဆင့်နှင့် မြို့နယ်ဒေသ အဆင့်ဟူ၍ အလွှာ နှစ်လွှာဖြင့် ဖွဲ့စည်းထားကြောင်း သိရပြီးရဲတပ်ဖွဲ့ အင်အား စုစုပေါင်း (၂၃၇) ဦးရှိကြောင်း သိရှိရသည်။ အဆိုပါအနက် (၄၉) ဦးတို့မှာ CDM နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြောင်း ချင်းပြည်သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးပြီး (၂) နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာ ( ၂၀၂၆ ဩဂုတ်) အရ သိရှိရသည်။

“ပြည်ထဲရေးဝန်ကြီးဌာနကတော့ ကျမတို့ Chinland Govenment နဲ့ မြေပြင်မှာရှိတဲ့ ဒေသန္တရအစိုးရတွေ ကြားထဲကို အဓိကချိတ်ဆက်ပေးတဲ့ ဝန်ကြီးဌာနဖြစ်ပါတယ်။ ကျမတို့က အစိုးရစနစ်တခုကို တည်ဆောက်တဲ့အခါမှာ အဓိကအကျဆုံးဖြစ်သလို အကုန်လုံးလည်း သိထားပြီးဖြစ်တဲ့အတိုင်း Law & Order တရားဥပဒေစိုးမိုးရေးပေါ့နော်။ ဥပဒေစိုးမိုးရေးတွေ ရှိဖို့လိုလာတာ ဖြစ်တယ်။ ဒါကို ဝန်ကြီးဌာနကနေပြီးတော့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းဖော်ဆောင်နိုင်ခဲ့ပါတယ်။" ဟု ဩဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သေ အစီရင်ခံစာ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားတွင်လည်း အစိုးရတာဝန်ရှိသူက မိတ်ဆက်ရှင်းလင်းပြောကြားထားသည်။

ရဲတပ်ဖွဲ့ဝင်အများစုမှာ မြို့နယ်နှင့် ဒေသလက်အောက်ခံများ ဖြစ်ကြပြီး ပြည်ထဲရေးဝန်ကြီးဌာနက လစဥ်ဦးဆောင်ကျင်းပသည့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးများကို ပုံမှန်တက်ရောက်ကြကြောင်း သိရှိရသည်။

ရေဦးမှာ ဈေးနဲ့ကားဝပ်ရှော့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၇ ဦးသေဆုံး စက်တင်ဘာ ၈ ရက်၊ ၂၀၂၆ ခုနစ်။စစ်ကိုင်းတိုင်း၊ ရေဦးမ...
08/09/2026

ရေဦးမှာ ဈေးနဲ့ကားဝပ်ရှော့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၇ ဦးသေဆုံး

စက်တင်ဘာ ၈ ရက်၊ ၂၀၂၆ ခုနစ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာက ဈေးနဲ့ကားဝပ်ရှော့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၇ ဦးသေဆုံးတယ်လို့ ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၇ ညနေ ၅ နာရီခန့်မှာ စစ်တပ်ဘက်က ကျေးရွာထဲကို စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲခဲ့သလို MI 35 နဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဂျိုင်ရိုကော်ပတာနဲ့ကြဲချတာက ဝပ်ရှော့ပေါ်ကျတယ်။ MI 35 နဲ့က ၁၁ ကြိမ်ပစ်တာ။ ဈေးထဲကို ။ ဈေးသိမ်းချိန်ဆိုတော့ အဲဒီမှာ လူမထိတာ။ ဈေးနဲ့ဝပ်ရှောကြ ကပ်လျက်ရှိတာ။ ဒီအတိုင်းလာပစ်တာ။ ဘာပွဲလမ်းမှလည်းမရှိဘူးလို့ ရေဦးမြို့နယ် ပကဖ တာဝန်ခံကပြော ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၂၀ ကနေ ၅၀ ကြားရှိ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၆ ဦးနေရာမှာတင်သေဆုံးပြီး နောက်ထပ်အမျိုးသား ၃ ဦးဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

😭💔 အဖေနဲ့အမေ ငယ်ငယ်ကပြောခဲ့တဲ့စကားမှတ်မိပါတယ်။ ယောကျော်းဆိုတာ တော်ရုံမငိုရဘူးသတ္တိရှိရမယ်တဲ့.....။အဖေနဲ့အမေ ပြောသလို သား...
07/09/2026

😭💔 အဖေနဲ့အမေ ငယ်ငယ်ကပြောခဲ့တဲ့စကားမှတ်မိပါတယ်။ ယောကျော်းဆိုတာ တော်ရုံမငိုရဘူးသတ္တိရှိရမယ်တဲ့.....။
အဖေနဲ့အမေ ပြောသလို သားမငိုပါဘူး စိတ်ချလက်ချ သွားကြပါ။ ရှေ့ရေးအတွက် ကြိုးစားသွားမှာပါ စိတ်မပူကြနဲ့ အဖေနဲ့အမေ🙏🙏🙏သားရှိနေသ၍မိသားစုအဆင်ပြေအောင် လုပ်ဆောင်သွားမယ်လို့ ကတိပေးပါတယ်။ 💪💪💪
✍️✍️
Phe Ling

😱ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ရခိုင့်တပ်တော် - AA က လူကုန်းကူးမှုဖြင့် ဖမ်းဆီး စက်တင်ဘာလ ၇ ရက်...
07/09/2026

😱ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ရခိုင့်တပ်တော် - AA က လူကုန်းကူးမှုဖြင့် ဖမ်းဆီး

စက်တင်ဘာလ ၇ ရက်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် ရခိုင့်တပ်တော် (AA) က လူကုန်ကူးမှုဖြင့် ဖမ်းဆီးထားကြောင်း ယမန်နေ့ စက်တင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးခံရသူသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဟုမ်းကျေးရွာမှ အသက် ၂၁ နှစ်အရွယ် မခိုင်မြတ်မွန် ဆိုသူဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

မခိုင်မြတ်မွန် ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ ညတွင် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် တည်ခိုးနေစဥ် AA မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ထိုနောက် ၎င်းကို AA က ထောင်ဒဏ် ၇ နှစ်နှင့် ငွေဒဏ်ပါ ကျခံနိုင်သည့် လူကုန်ကူးမှု ဥပဒေဖြင့် တရားစွပ်စွဲထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

AA ၏ ထုတ်ပြန်ချက်အရ အကျိုးဆောင်လိုင်စင်မရှိဘဲ မလေးရှားနိုင်ငံကို သွားရောက်လိုသူ ၂ ဦးထံမှ ငွေကြေးများ ရယူကာ ပို့ဆောင်ပေးရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့ သွားလိုသူ နှစ်ဦးကိုလည်း ခေါ်ဆောင်ခဲ့သည်။

ရန်ကုန်မြို့ အလယ်ဗဟိုလမ်းတွင် လူငယ်တစ်ဦးကို နေ့ခင်းဘက် အဓမ္မဆွဲဖမ်းသည့် ရုပ်သံထွက်ပေါ် စက်တင်ဘာ ၇ ရက်၊ ၂၀၂၆ ခုနစ်။ ရန်က...
07/09/2026

ရန်ကုန်မြို့ အလယ်ဗဟိုလမ်းတွင် လူငယ်တစ်ဦးကို နေ့ခင်းဘက် အဓမ္မဆွဲဖမ်းသည့် ရုပ်သံထွက်ပေါ်

စက်တင်ဘာ ၇ ရက်၊ ၂၀၂၆ ခုနစ်။
ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ်အတွင်းရှိ ဆောက်လက်စ ကန်ထရိုက်တိုက်ရှေ့တွင် အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးကို အရပ်ဝတ်တစ်ဦးက အဓမ္မဆွဲခေါ်ဖမ်းဆီးသွားသည့် ရုပ်သံဖိုင် ယနေ့ နေ့ခင်းပိုင်း၌ လူမူကွန်ရက်ပေါ်ထွက်လာခဲ့သည်။

ရန်ကုန်မြို့ ၊ သမိုင်း၊ အလယ်ဗဟိုလမ်းတွင် စက်တင်ဘာ ၆ ရက် နေ့ခင်းပိုင်း၌ အရပ်ဝတ်တစ်ဦးက အဓမ္မဖမ်းဆီးခြင်းဟု သိရသည်။

အလယ်ဗဟိုလမ်းဆိုတာက သမိုင်းပေါ်တော်မူဘုရားရှိတဲ့ လမ်းကိုပြောတယ်။ အခုဖမ်းတဲ့နေရာက အလယ်ဗဟိုလမ်းနဲ့ အင်းစိန်လမ်းမကြားက ရပ်ကွက်ထဲမှာလို့ ပြောနိုင်တယ်။ မရမ်းကုန်းအပိုင်ထဲမှာ ဟု သမိုင်းလမ်းဆုံအနီးနေ ပြည်သူတစ်ဦးက ပြောသည်။

PDF တည်ထောင်ခြင်း ၅ နှစ်ပြည့်မှာ စစ်ဘက်ဆိုင်ရာ ဘွဲ့၊ ဆုနဲ့ တံဆိပ် ၅ မျိုးကို လူ ( ၁,၇၉၂) ဦးအား NUG ချီးမြှင့်  စက်တင်ဘာ ...
07/09/2026

PDF တည်ထောင်ခြင်း ၅ နှစ်ပြည့်မှာ စစ်ဘက်ဆိုင်ရာ ဘွဲ့၊ ဆုနဲ့ တံဆိပ် ၅ မျိုးကို လူ ( ၁,၇၉၂) ဦးအား NUG ချီးမြှင့်

စက်တင်ဘာ ၇ရက်၊ ၂၀၂၆ ခုနစ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအတွင်း စစ်ရေးတာဝန်တွေကို ထူးထူးချွန်ချွန် ထမ်းဆောင်ခဲ့သူတွေကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်အရ အခုချီးမြှင့်တဲ့ ဘွဲ့၊ ဆုနဲ့ တံဆိပ်တွေဟာ အစိုးရအနေနဲ့ စစ်ဘက်ဆိုင်ရာကဏ္ဍမှာ အမြင့်ဆုံး အသိအမှတ်ပြု ဂုဏ်ပြုမှုတွေဖြစ်ပြီး အမျိုးအစား ၅ မျိုးပါဝင်ပါတယ်။

အဲဒီထဲမှာ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ HPR ကို ၁ ဦး၊ ပြည်သူ့တော်လှန်ရေးသူရဲကောင်ဘွဲ့ LPR ကို ၂၁ ဦး၊ ပြည်သူ့ဇာနည်းဆု PMNS ကို ၁,၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု PMLS ကို ၈၁ ဦးနဲ့ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် BRS ကို ၄၂ ဦးတို့ ရရှိခဲ့ပါတယ်။

ဒါကြောင့် ဒီတစ်ကြိမ်မှာ စစ်ဘက်ဆိုင်ရာ ဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်ခံရသူ စုစုပေါင်း ၁,၇၉၂ ဦး ရှိတယ်လို့ NUG က ပြောပါတယ်။

NUG အနေနဲ့ ဒီလို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်ချီးမြှင့်တဲ့ အစီအစဉ်ကို နောင်မှာလည်း နှစ်စဉ် ဆပ်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါတပ်နယ်တွင် လူ ၈ ဦး အလင်းဝင်လာဟု စစ်တပ်လော်ဘီချန်နယ် ဖော်ပြ စက်တင်ဘာ ၇ ရက်၊ ၂၀၂၆ ခုနစ်။ယောဒေသ၊ ဂန့်ဂေါမြို့ရှိ ခလရ...
07/09/2026

ဂန့်ဂေါတပ်နယ်တွင် လူ ၈ ဦး အလင်းဝင်လာဟု စစ်တပ်လော်ဘီချန်နယ် ဖော်ပြ

စက်တင်ဘာ ၇ ရက်၊ ၂၀၂၆ ခုနစ်။
ယောဒေသ၊ ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်သို့ လူ ၈ ဦး အလင်းဝင်ရောက်လာကြောင်း စစ်ကောင်စီတပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်တစ်ခုက ယနေ့ စက်တင်ဘာ ၇ ရက်တွင် ဓာတ်ပုံများနှင့် အတူ ဖော်ပြထားကြောင်း သိရပါသည်။

အဆိုပါချန်နယ်တွင် အလင်းဝင်ရောက်လာသူများသည် မည်သည့်အဖွဲ့မှ ဖြစ်ကြောင်း၊ မည်သည့်ဒေသမှ လာရောက်ကြောင်းနှင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ဖော်ပြထားခြင်းမရှိဘဲ ဂန့်ဂေါတပ်နယ်တွင် အလင်းဝင်လာသူ အမျိုးသား ၈ ဦး ဟုသာ ရေးသားဖော်ပြထားပါသည်။

ဒေသတွင်း စစ်ရေးအခြေအနေများကို လေ့လာသူတစ်ဦးက အဆိုပါလူ ၈ ဦးမှာ ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက် ညပိုင်းက ဂန့်ဂေါမြို့အနောက်ဘက် ရာဇမုနိဘုရားအနီးတွင် KKG တပ်ရင်း ၆ မှ ဥဣဠ ဘဖြိုး၊ ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦးတို့ သတ်ဖြတ်ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်နေသည့် Black Dragon Force အဖွဲ့ခေါင်းဆောင် ချမ်းမင်းအောင် (ခ) ငြိမ်းသော်နှင့် ၎င်း၏ နောက်လိုက် ၇ ဦး ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားကြောင်း သိရပါတယ်။

ချင်းပြည် ပလက်ဝမြို့နယ်မှာ ဒေသခံအများစုရဲ့ သဘောထားဆန္ဆမပါဘဲ ရခိုင်ဘာသာဖြင့် စာသင်ကြားမှု ခူမီးအဖွဲ့ ကန့်ကွက် စက်တင်ဘာ ၇ ...
07/09/2026

ချင်းပြည် ပလက်ဝမြို့နယ်မှာ ဒေသခံအများစုရဲ့ သဘောထားဆန္ဆမပါဘဲ ရခိုင်ဘာသာဖြင့် စာသင်ကြားမှု ခူမီးအဖွဲ့ ကန့်ကွက်

စက်တင်ဘာ ၇ ရက်၊ ၂၀၂၆ ခုနစ်။
ချင်းပြည် ပလက်ဝမြို့နယ်မှာ ဒေသခံပြည်သူအများစုရဲ့ သဘောဆန္ဆမပါဘဲ ရခိုင်ဘာသာစကားဖြင့် ပညာရေး သင်ရိုးညွန်းတမ်းကို ပြဌာန်းကာ သင်ကြားစေမှုကို ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း
GKO က ကန့်ကွက်လိုက်ပါတယ်။

ပလက်ဝမြို့နယ်ကို ထိန်းခိုပ်ထားတဲ့ အာရက္ခတပ်တော် ULA/AA အနေနဲ့ ဒေသခံပြည်သူအများစုရဲ့ သဘောဆန္ဆမပါဘဲ ခုလိုရခိုင်ဘာသာဖြင့် ပညာသင်ကြားစေတာဟာ ပလက်ဝမြို့နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ခူမီးချင်းလူမျိုးတွေနဲ့ အခြားတိုင်းရင်းသားတွေအပေါ်မထီမဲ့မြင်ပြုရာရောက်သလို ဒေသခံတိုင်းရင်းသားလူမျိုးများ အချင်းချင်းကြား စိတ်ဝမ်းကွဲမှုကိုဖြစ်ပေါ်စေတယ်လို့ GKO က ပြောပါတယ်။

ဒေသခံပြည်သူအများစုရဲ့ သဘောဆန္ဒမပါဘဲ မိမိတို့အလိုကျ အတင်းအဓမ္မလုပ်ဆောင်နေတာဟာ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးကြေညာစာတမ်း UNDRIP ကို ချိုးဖောက်ရာရောက်ပြီး ULA/AA ရဲ့ လုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။

🔴မင်းတပ်မြို့နယ်အရှေ့ခြမ်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက် စက်တင်ဘာလ ၆ ရက်။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အ...
06/09/2026

🔴မင်းတပ်မြို့နယ်အရှေ့ခြမ်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်

စက်တင်ဘာလ ၆ ရက်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အရှေ့ခြမ်းရှိ တစ်နေရာကို စက်တင်ဘာလ ၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် ဂျက်ဖိုက်တာ ၂ စီးက ဗုံး ၆ လုံးခန့်ကို ၃ ကြိမ် ခွဲ၍ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို လက်ရှိတွင် မသိရှိသေးပေ။

Address

H No-16 S/F, Block-D , Mahindra Park, Uttam Nagar, West Delhi

110059

Telephone

+916009048468

Website

Alerts

Be the first to know and let us send you an email when Chinland News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chinland News:

Shortcuts

  • Want your business to be the top-listed Media Company?

Share