P𝐫o𝐦i𝐬e O𝐟 𝐋o𝐯e

P𝐫o𝐦i𝐬e O𝐟 𝐋o𝐯e P𝐫o𝐦i𝐬e O𝐟 𝐋o𝐯e �

တကယ်တမ်းကျတော့ ... "နေနိုင်ပြီ" ဆိုတာ မေ့သွားလို့ မဟုတ်ဘူး ။မနာကျင်တော့တာ မဟုတ်သလိုမင်းကို မလွမ်းတော့တာမျိုး မဟုတ်ဘူး ။လ...
11/06/2025

တကယ်တမ်းကျတော့ ...
"နေနိုင်ပြီ" ဆိုတာ မေ့သွားလို့ မဟုတ်ဘူး ။

မနာကျင်တော့တာ မဟုတ်သလို
မင်းကို မလွမ်းတော့တာမျိုး မဟုတ်ဘူး ။

လွမ်းနေတုန်းပဲ နာကျင်နေတုန်းပဲ
ဒါပေမယ့် ...
ဒီနာကျင်မှုတွေနဲ့အတူ
အသက်ဆက်ရှင်တတ်ဖို့ ကြိုးစားနေတာပါပဲ ။

နေနိုင်ဖို့ ကြိုးစားတယ်ဆိုတာ ...
ကိုယ့်နှလုံးသားကို
အရိုးသားဆုံး လိမ်ညာနေခြင်းပါပဲ ။

တစ်ယောက်ဟာ အခြားတစ်ယောက်နဲ့သက်ဝင်နေရင်ကိုယ်က မငြိတွယ်မိအောင်နေရမယ်အတင်းတိုးမဝင်ရဘူးတဲ့ချစ်ခြင်းမေတ္တာမှာလည်း ယဉ်ကျေးမှုရ...
09/06/2025

တစ်ယောက်ဟာ အခြားတစ်ယောက်နဲ့
သက်ဝင်နေရင်
ကိုယ်က မငြိတွယ်မိအောင်နေရမယ်
အတင်းတိုးမဝင်ရဘူးတဲ့
ချစ်ခြင်းမေတ္တာမှာလည်း ယဉ်ကျေးမှုရှိရတယ် ။

09/06/2025

ကျွန်တော် ပင်ပန်းနေပြီထင်တယ် ...

နေရတာ ပျော်မနေတော့ဘူး
မနက်ဖြန်တွေကို မျှော်စရာအကြောင်းပြချက်တွေ
ရေရေရာရာရှိမနေတော့ဘူး

ပြီးတော့ ...
ရီရတယ်ဆိုတဲ့ရက်တွေ ရှားလာပြီ
ပင်ပန်းလိုက်တာလို့ မညည်းချင်တော့လောက်အောင်
တချို့ရက်တွေက
ရှင်သန်ရတာ ပင်ပန်းတယ် ။

ကျွန်တော် ပင်ပန်းနေပြီထင်တယ်
ပြီးတော့ ...
ကျွန်တော် နာကျင်နေပြီထင်တယ် ။

တကယ်လို့များကျွန်တော်တို့ တစ်စုံတစ်ဦးကိုလွမ်းဆွတ်နေချိန်မှာအဲ့တစ်စုံတစ်ဦးကလည်းကျွန်တော်တို့ကို လွမ်းဆွတ်နေမယ်ဆိုရင်တော...
08/06/2025

တကယ်လို့များ
ကျွန်တော်တို့ တစ်စုံတစ်ဦးကို
လွမ်းဆွတ်နေချိန်မှာ

အဲ့တစ်စုံတစ်ဦးကလည်း
ကျွန်တော်တို့ကို လွမ်းဆွတ်နေမယ်ဆိုရင်တော့

ထိုအလွမ်းဟာ သိပ်လှတာပဲ။

အမှန်အတိုင်း ၀န်ခံရရင်မင်းကို ဒီလောက်ထိချစ်မိသွားမယ်လို့ကိုယ့်ကိုယ်ကိုယ် မထင်ခဲ့ဘူး ...စကားတွေပြောနေရရင်ပျော်နေတတ်ပြီးမင...
03/06/2025

အမှန်အတိုင်း ၀န်ခံရရင်
မင်းကို ဒီလောက်ထိ
ချစ်မိသွားမယ်လို့
ကိုယ့်ကိုယ်ကိုယ် မထင်ခဲ့ဘူး ...

စကားတွေပြောနေရရင်
ပျော်နေတတ်ပြီး
မင်းကို ငေးနေရရင်
ကျေနပ်နေရုံလောက်ပဲ
ချစ်ချင်ခဲ့တာ ။

ကိုယ်က ...
အများကြီး မျှော်လင့်တတ်တော့
ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ချင်ခဲ့တာ ။

ဒါပေမယ့်
မပြောရတဲ့ရက်တွေမှာ
ကိုယ် ဘယ်လောက်မျှော်နေမိကြောင်းတွေ
မင်းမသိပါဘူး

မင်းအသံလေးမကြားရပဲ
ညတွေ အိပ်မပျော်ချင်ခဲ့ဘူး

၀န်ခံပါတယ် ...
မင်းကိုဒီလောက်ထိ ချစ်မိသွားမယ်လို့
ကိုယ့်ကိုယ်ကိုယ်လည်း မထင်ခဲ့ဘူး။

01/06/2025

တစ်ယောက်ယောက်အပေါ်မှာ
စိတ်ရိုင်သွားတဲ့အခါပဲဖြစ်ဖြစ်
ငါ့ကိုသစ္စာဖောက်မိတော့မယ့်အချိန်မှာပဲဖြစ်ဖြစ်။

ငါတို့ရဲ့အမှတ်တရတွေကိုထည့်တွက်ပေးပါ
ငါတို့ရဲ့စည်းတွေကိုငဲ့ကွက်ပေးပါ။

ကုန်ကုန်ပြောရရင်
အခြားတယောက်ကို
တကယ်စိတ်ပါသွားရင်တောင်
ငါ့ကိုအသိပေးပါ။

ငါ့အပေါ်မှာပွင့်လင်းတာဟာလည်း
ငါ့ကိုချစ်သလိုပါပဲ
ငါ့အပေါ်ရိုးသားသလိုပါပဲ။

အားလုံးကိုခွင့်လွတ်ပေးမှာမို့
မလိုတော့တဲ့အခါပဲဖြစ်ဖြစ်
ထွက်သွားချင်တဲ့အခါပဲဖြစ်ဖြစ်
ငါ့ကိုအသိပေးသောအားဖြင့်
တစ်ခါလောက်ငါ့အပေါ်ရိုးသားပေးပါ။

ပြိုင်မတွဲပါနဲ့
လျို့ဝှက်မထားပါနဲ့
ငါ့နှလုံးသားကို ငါ နှစ်ခါမနာကျင်စေချင်ဘူး။

လိုလိုလားလား မရှိရင်တော့ကျနော်လည်း ရှိနေ ပေးချင်မှ ရှိနေ‌ပေးနိုင်မယ် ။တစ်ဖက်တည်းကချည်း ဖြစ်နေတဲ့စိတ်ခံစားချက်တွေနဲ့ တစ်ဖ...
31/05/2025

လိုလိုလားလား မရှိရင်တော့
ကျနော်လည်း ရှိနေ ပေးချင်မှ ရှိနေ‌ပေးနိုင်မယ် ။

တစ်ဖက်တည်းကချည်း ဖြစ်နေတဲ့
စိတ်ခံစားချက်တွေနဲ့ တစ်ဖက်ကို
အသိပေးရတာမျိုး တွေ ၊

အသိအမှတ်ပြုမခံရတာမျိုးတွေလောက်
ဝမ်းနည်းစရာကောင်းတာ မရှိဘူး ။

မျှော်လင့်ချက်တွေနဲ့ နိုးထတယ် မပျော်ရွှင်ချင်းတွေနဲ့ဘဲ အလုပ်သွားရတယ် ပင်ပန်းမှုတွေနဲ့ အခန်းပြန်လာရတယ် သတိရချင်းတွေနဲ့ အိ...
29/05/2025

မျှော်လင့်ချက်တွေနဲ့ နိုးထတယ်
မပျော်ရွှင်ချင်းတွေနဲ့ဘဲ အလုပ်သွားရတယ်
ပင်ပန်းမှုတွေနဲ့ အခန်းပြန်လာရတယ်
သတိရချင်းတွေနဲ့ အိပ်စက်တယ် “ ဒီလောက်ပါပဲ
🍂🖤

တစ်ယောက်ထဲသီးသန့်နေလိုက်တယ်ဆိုတာထက်တစ်ယောက်ယောက်ကဖယ်ရှားလိုက်လို့တစ်ယောက်ထဲဖြစ်သွားတာဆိုရင် ပိုပြီးမှန်လိမ့်မယ်။
28/05/2025

တစ်ယောက်ထဲသီးသန့်နေလိုက်တယ်ဆိုတာထက်
တစ်ယောက်ယောက်ကဖယ်ရှားလိုက်လို့
တစ်ယောက်ထဲဖြစ်သွားတာဆိုရင်
ပိုပြီးမှန်လိမ့်မယ်။

28/05/2025

ကိုယ်ငိုနေပေမယ့် ... မင်းချော့ဖို့ မလိုတော့ပါဘူး ။

ဒီတစ်ကြိမ်တော့
မင်းဖက်က ပြန်လှည့်ကြည့်ခြင်းတွေကို
လိုချင်လို့
ကျတဲ့ မျက်ရည်တွေ မဟုတ်ပါဘူး

ဒီဆက်ဆံရေးက
ကိုယ် ဘယ်လောက်ပဲ ကြိုးစားကြိုးစား
ဘယ်တော့မှ မနွေးထွေးနိုင်တော့ဘူးဆိုတာကို
လက်ခံလိုက်တဲ့ မျက်ရည်တွေပါ

စကားတွေ
အရင်လို ပြောဖြစ်တော့မှာမဟုတ်ဘူး
ပြီးတော့ ...
မျက်ရည်တွေ အရင်ကလောက် ကျတော့မှာ မဟုတ်ဘူး ။

အခု ကိုယ်ငိုနေပါတယ်
ဒါပေမယ့် မင်း ချော့ဖို့ မလိုတော့ပါဘူး

ဒီမျက်ရည်တွေဟာ
မင်းကြောင့် ကျတဲ့ မျက်ရည်တွေမှ မဟုတ်တော့တာ
ကိုယ့်ကိုယ် မချစ်တဲ့ လူတစ်ယောက်ကို
အရှက်မဲ့လောက်အောင် ကပ်တွယ်နေမိတဲ့
ကိုယ့်ကိုယ်ကိုယ်အတွက် ကျတဲ့မျက်ရည်မို့
မင်း ချော့လို့လဲ အပိုပါပဲ ။

နာကျင်လို့ ၀သွားရင်
သူ့အလိုလို တိတ်သွားလိမ့်မယ်

လုံလောက်တာထက် နာကျင်ပြီးသွားတဲ့အခါ
မင်းကို မေ့သွားလိမ့်မယ် ။

ဒါပါပဲ ။ ။

ချစ်ရင် ... မရမကဆက်သွယ်ရမှာပေါ့ဆိုပြီးပဲကိုယ် ထင်ထားခဲ့တာ ။တကယ်တမ်းကျတော့လေ ...ကိုယ် မရှိလည်း အဆင်ပြေနေတဲ့ လူတစ်ယောက်ကို...
27/05/2025

ချစ်ရင် ... မရမက
ဆက်သွယ်ရမှာပေါ့ဆိုပြီးပဲ
ကိုယ် ထင်ထားခဲ့တာ ။

တကယ်တမ်းကျတော့လေ ...
ကိုယ် မရှိလည်း အဆင်ပြေနေတဲ့
လူတစ်ယောက်ကို
အမြဲတမ်း နှောင့်ယှက်နေဖို့မကောင်းသလို

လွမ်းပေမယ့်
တစ်ဖက်က လိုလိုလားလားမရှိတဲ့အခါကျရင်လည်း
ဆက်သွယ်ချင်မိတဲ့ စိတ်တွေကို
ထိန်းရတတ်တာမျိုးပေါ့ ။

Address

Delhi
Delhi
110005

Website

Alerts

Be the first to know and let us send you an email when P𝐫o𝐦i𝐬e O𝐟 𝐋o𝐯e posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category