Naga Hills News

Naga Hills News Sharing Update and Verified News

ကြံ့ခိုင်ရေးပါတီအပါအဝင် လက်ရှိမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ လေးပါတီအား တရုတ်နိုင်ငံသို့အလည်အပတ်ဖိတ်ခေါ်Naga Hills News...
11/07/2024

ကြံ့ခိုင်ရေးပါတီအပါအဝင် လက်ရှိမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ လေးပါတီအား တရုတ်နိုင်ငံသို့အလည်အပတ်ဖိတ်ခေါ်

Naga Hills News
၂၀၂၄ခုနှစ်၊ ဇူလိုင် ၁၁ ရက်

တရုတ်ကွန်မြူနစ်ပါတီနှင့် မြန်မာနိုင်ငံရှိနိုင်ငံရေးပါတီများ ဆက်ဆံရေးပိုမိုခိုင်မာရေးရည်ရွယ်ချက်ဖြင့် လက်ရှိမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ လေးပါတီမှ ကိုယ်စားလှယ် (၁၇)ဦးအား တရုတ်နိုင်ငံသို့အလည်အပတ်ဖိတ်ခေါ်ကြောင်း ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ (၀၈.၀၇.၂၀၂၄)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုဖိတ်ခေါ်ခြင်းခံရသောနိုင်ငံရေးပါတီများနှင်ကိုယ်စားလှယ်အရေအတွက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၇)ဦး၊ ပြည်သူ့ပါတီ၊ ရခိုင်ဦးဆောင်ပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသားများပါတီများမှ ကိုယ်စားလှယ်(၃)ဦးစီအားဖိတ်ခေါ်ထားကြောင်းဖော်ပြထားသည်။

ခရီးစဥ်အနေဖြင့် ဇူလိုင်လ ၂၀ရက်နေ့မှ ၂၇ရက်နေ့အထိဖြစ်ပြီး ကုန်ကျစရိတ်များအားတရုတ်နိုင်မှ အကုန်အကျခံသွားမည်ဟုဖော်ပြပါရှိပါသည်။ ခရီးစဥ်အတွင်း လေ့လာကွင်းဆင်းရန်အတွက် ယူနန်ပြည်နယ်၊ ချင်းဟိုင်းမြို့သို့သွားရောက်ကာ တရုတ်နိုင်ငံ၏ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် Belt and Road Initiative ဆိုင်ရာပညာရှင်များနှင့်ဆွေးနွေးအမြင်ချင်းဖလှယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။



Happy Naga New Year Festival.နှစ်သစ်မှာ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လုပ်ဆောင်သမျှ ကြံဆောင်သမျှ အဆင်ပြေ အောင်မြင်...
14/01/2024

Happy Naga New Year Festival.
နှစ်သစ်မှာ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လုပ်ဆောင်သမျှ ကြံဆောင်သမျှ အဆင်ပြေ အောင်မြင်ကြပါစေ။

အာဟေး..အာဟေး...အာဟေး...

NSCN(K)အဖွဲ့ Wancho Region ဥက္ကဋ္ဌ ဦးဆောင်ပြီး စစ်သား ၂၆ ဦး NSCN(R)သို့ ကူးပြောင်းသွားကြောင်းသိရသည်။မည်သည့်အတွက်ကူးပြေ...
16/09/2023

NSCN(K)အဖွဲ့ Wancho Region ဥက္ကဋ္ဌ ဦးဆောင်ပြီး စစ်သား ၂၆ ဦး NSCN(R)သို့ ကူးပြောင်းသွားကြောင်းသိရသည်။
မည်သည့်အတွက်ကူးပြောင်းသွားသည်ကိုမူ အသေးစိတ်မသိရပေ။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ Naga News၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၇)ရက်၊ ကြာသပတေးနေ့ နံနက်ပိုင်းတွင်NSCN-K(YA) အဖွဲ့မှ သိုင်းဝမ်းဦး...
11/09/2023

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ
Naga News

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၇)ရက်၊ ကြာသပတေးနေ့ နံနက်ပိုင်းတွင်
NSCN-K(YA) အဖွဲ့မှ သိုင်းဝမ်းဦးဆောင်သော စစ်ကြောင်းသည်
မကြာသေးမီက အဖွဲ့သစ်နာမည်ဖြင့်ခွဲထွတ်သွားသော NSCN (Angmai)အဖွဲ့အား သွားရောက်ပစ်ခတ်ရာ အိုင်းမိုင်းအဖွဲ့မှ ရဲဘော်သုံးဦးကျဆုံးသွားကြောင်းသိရသည်။ ယခုချိန်ထိ စစ်ရေးတင်းမာလျက်ရှိပြီး နှစ်ဖက်အဖွဲ့မှ တိုက်ပွဲဆက်ဖြစ်မည့်အနေအထားတွင်ရှိသောကြောင့် ကျေးရွာနေ
ဒေသခံများမှ စိုးရိမ်မှုမြှင့်တက်လျှက်ရှိကြောင်း သတင်းရရှိသည်။ ခွဲထွတ် NSCN(Angmai)အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သော ယခင် NSCN(K) Konyak Region ဥက္ကဋ္ဌ ခမ်းပိုင်သည် မကြာသေးမီက အိန္ဒိယအစိုးရနဲ့ဆွေးနွေးရန် နယူးဒေလီသို့သွားရောက်ခဲ့ပြီး ထိုမှအပြန် အိန္ဒိယနိုင်ငံဖက်ခြမ်းတွင်အခြေစိုက်သောNSCN (IM)အဖွဲ့နဲ့ပူးပေါင်းသွားကြောင်း အိန္ဒိယအခြေစိုက်သတင်းမီဒီယာများမှတစ်ဆင့်ကြားသိရသည်။

Naga News

နာဂအမျိုးသားအရေး လုပ်ဆောင်ရန် ဖားကန့်တွင် နာဂ လက်နက်ကိုင်အဖွဲ့ တပ်သားသစ်စုဆောင်း19 March 2023 - Kachinwaves ဖားကန့်တွင် ...
20/03/2023

နာဂအမျိုးသားအရေး လုပ်ဆောင်ရန် ဖားကန့်တွင် နာဂ လက်နက်ကိုင်အဖွဲ့ တပ်သားသစ်စုဆောင်း

19 March 2023 - Kachinwaves

ဖားကန့်တွင် မတ်လ ၈ ရက်နေ့၌ နာဂလူမျိုး လူငယ် အယောက် ၅၀ ကို အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO)က တပ်သားသစ်စု‌ဆောင်းသည့်အနေဖြင့် ခေါ်ဆောင်သွားကြောင်း ENNO အတွင်းရေးမှူးက ဆိုသည်။

ENNO အဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းလိုက်သည့် လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။

၎င်းတပ်သားသစ်စုဆောင်းခြင်းသည် မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးစုဆောင်းခြင်း မဟုတ်ဘဲ၊ အမျိုးသားရေးအလုပ်ကို နာဂလူငယ်များ နားလည်လာရန်အတွက် လမ်းပြပေးခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ဖားကန့်မြို့တွင် နေထိုင်နေကြသည့် နာဂလူငယ်များနှင့် ရေမဆေး‌ကျောက်စိမ်းရှာဖွေသူများအား တပ်သားသစ်စုဆောင်း ဖမ်းဆီးခြင်းဖြစ်ပြီး စုဆောင်းခံရသည့်အထဲမှ ၁၇ ဦးကို ပြန်လွတ်ပေးခဲ့ကြောင်း ENNO အတွင်းအရေးမှူးက ဆက်ပြောသည်။

နာဂလူငယ်များသည် နိုင်ငံရေးအား နားလည်မှုမရှိ‌သေးခြင်းနှင့် ENNO ၏ မူဝါဒကို မသိရှိ‌သေးသည့်အတွက် ပြည်သူများအနေဖြင့် တပ်သားသစ်စုဆောင်းခြင်းအပေါ် နားလည်းမှုလွဲမှားခြင်းသာဖြစ်ပြီး ENNO အနေဖြင့် ဖားကန့် သာမက အခြားနာဂ ဒေသများတွင်လည်း တပ်သားသစ်များကို စုဆောင်းသွားမည်ဖြစ်ကြောင်း အတွင်းရေးမှူးက ဆိုသည်။

“ENNO/ ENDA အနေနဲ့ အခုလက်ရှိမှာတော့ စစ်သားစုဆောင်းခြင်း စစ်အင်အားတည်ဆောက်နေတဲ့ ကာလဖြစ်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့် ဒီနာဂဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အချုပ်အခြာတည်မြဲတဲ့ ဒေသအနေနဲ့ ENNO/ENDA တပ်မတော်အနေနဲ့ ကာကွယ်စောင့်ရှောက်ဖို့ရှိ ပါတယ်။ ကျွန်တော်တို့ကတော့ စစ်သားအင်အားတည်ဆောက်တဲ့ ကာလဖြစ်တဲ့အတွက် နေရာအတိအကျ မရှိဘူး။ ဖားကန့်မှာပဲရယ်လို့ မရှိဘူး။”ဟု အတွင်းရေးမှူးဂျေမီက ပြောသည်။

တပ်သားစုဆောင်းခြင်းခံရသည့် လူငယ်များ၏ မိဘများအနေဖြင့် စိတ်ပူပင်ခြင်းမရှိရန်နှင့် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်နေသည့် နွေဦးတော်လှန်ရေးတွင် NUG နှင့် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း မဟာမိတ်လုပ်ကာ တိုက်ခိုက်နေကြောင်း ဆိုသည်။

အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (Eastern Naga National Organization) နှင့် Eastern Naga Defence Army - ENDA ကို ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ နာဂအရေးကို လုပ်ဆောင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

crd..Kachinwaves

16/03/2023
26/02/2023
ခန္တီးမြို့မရဲစခန်းမှ နိုင်ငံရေးအကျဉ်သား ၂၀ ဦးခန့်  ထွက်ပြေးလွတ်မြောက်ခန္တီး - အောက်တိုဘာ ၁၈၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ခန္တ...
23/10/2022

ခန္တီးမြို့မရဲစခန်းမှ နိုင်ငံရေးအကျဉ်သား ၂၀ ဦးခန့် ထွက်ပြေးလွတ်မြောက်

ခန္တီး - အောက်တိုဘာ ၁၈၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်သား ၂၀ ဦးခန့် ယနေ့ နံနက် ၄ နာရီခန့်က ထွက်ပြေးလွတ်မြောက်လာကြောင်းသိရသည်။

KPDF များ၊ နာဂရဲဘော်များနှင့် အရပ်သားပြည်သူအချို့ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားသုံးဦး ထပ်မံဖမ်းဆီးခံခဲ့ရသည်ဟု ကချင်လွတ်မြောက်ရေးတပ် (KIA) မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“နာဂရဲဘော်က ၁၅ ယောက်နဲ့ KPDF က ၄ ယောက်လို့တော့ကြားတယ် အရပ်သားတွေလည်း ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကနေ သူတို့က မနက်တစ်နာရီလောက်မှာ ထွက်လာမယ်လို့ ပြောတယ်။ ဒီမနက် လေးနာရီ ငါးနာရီလောက်မှာ သူတို့(စကစ) တွေ မြို့ထဲမှာ လိုက်ဖမ်းတာ အဲ့အချိန်ဖမ်းမိသွားတာ” ဟုသူကပြောသည်။

ဖမ်းဆီးခံခဲ့ရသူသုံးဦးမှာ ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက်ရှိ နေအိမ်တွင် ယနေ့ နံနက် ၅ နာရီခန့်က ပြန်လည် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အဓိကတော့ သတင်းပေးတွေကြောင့် ပြန်ဖမ်းခံလိုက်ရတာ။ ဇီးဖြူကုန်းရပ်ကွက်ဆိုတာ ကျယ်သလိုနဲ့ ဘယ်သူဘယ်ဝါဆိုတာ ခန့်မှန်းလို့ ရတဲ့နေရာ ဖြစ်နေတယ်လေ။ ပြီးရင် ရဲစခန်းနဲ့လည်း နီးတယ်ဆိုတော့” ဟု သူက ပြောသည်။

ပြန်လည်ဖမ်းဆီးခံခဲ့ရသူ သုံးဦး မည်သူမည်ဝါဖြစ်သည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်လာသူများမှ အချို့မှာ လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းပြီး နာဂရဲဘော်အချို့မှာ အခွန်ကောက်နေစဉ် အစုလိုက်ဖမ်းဆီးခံခဲ့ရသူများ ပါဝင်ကာ ခန္တီးမြို့မ အချုပ်ခန်းတွင် တစ်လကျော်ခန့် ဖမ်းဆီးချုပ်နှောင်ခံထားရပြီးဖြစ်ကြောင်းသိရသည်။

နိုင်ငံရေးအကျဉ်းသားအချို့ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်မျာက ခန္တီးမြို့အတွင်း လုံခြုံရေးတင်းကြပ်လျက်ရှိပြီး မျက်နှာချင်းဆိုင်ရွာရှိ ဒေသအခေါ် ကချင်ရွာဘုန်းကြီးကျောင်းတွင်လည်း အင်အား ၄၀ ခန့်ကဖြင့် တပ်စွဲထားကြောင်း သိရသည်။

ဖားကန့်မြို့နယ် တာမခန်မြို့သစ်နှင့် မိုင် ၆၀ ခန့်အကွာအဝေးတွင်ရှိသော ခန္တီးမြို့တွင် ၂၀၁၉ ဒေသဆိုင်ရာ အချက်အလက်အရ အိမ်ထောင်စု ခုနှစ်ထောင်ခန့်ရှိပြီး လူဦးရေ ၃၇၀၀၀ ကျော်နေထိုင်သည်။

the 74 media

23/10/2022

ဤသတင်းစာမျက်နှာတွင်အကြောင်းအမျိုးမျိုးကြောင့် သတင်းတင်ခြင်းများပုံမှန်မဆောင်ရွက်နိုင်ခဲ့သော်လည်း လာမယ့်ကာလများတွင်နာဂဒေသနဲ့ပတ်သက်သောအ​ရေးကြီးသတင်းများကို အလျင်းသင့်သလိုတင်သွားမည်ဖြစ်သည်။

Naga News

နာဂဒေသကိုစိုးမိုးဖို့ အိန္ဒိယက လက်နက်ကိုင်အသစ် ဖွဲ့ပေးနေဟု NSCN ပြောCNI News၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅အိန္ဒိယသည် အရှေ့ဘက်...
07/02/2022

နာဂဒေသကိုစိုးမိုးဖို့ အိန္ဒိယက လက်နက်ကိုင်အသစ် ဖွဲ့ပေးနေဟု NSCN ပြော

CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅

အိန္ဒိယသည် အရှေ့ဘက်ခြမ်း နာဂဒေသကို စိုးမိုးရေးအတွက် လက်နက်ကိုင်အဖွဲ့သစ်များ ဖွဲ့စည်းရန် ရည်ရွယ်လုပ်ဆောင် လာ နေသည်ဟု ဦးယုံးအောင် ဦးဆောင်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)က ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန် ပြောကြားသည်။

NSCN/GPRN သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ နာဂဒေသတွင် မလိုလားအပ်သော လှုပ်ရှားမှု ဆောင်ရွက်နေသည့် အိန္ဒိယ အစိုးရ၏ ဆိုးရွားသော အကြံအစည်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ဦးယုံးအောင်၏ NSCN က “မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့များက နာဂအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်သဘောထားကွဲလွဲမှုများ၊ မုန်းတီးရေး၊ တင်းမာမှုများ လှုံ့ဆော်လျက် နာဂဒေသ ထိခိုက်နစ်နာအောင် လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံအပေါ် ၎င်း၏ နိုင်ငံရေးသြဇာလွှမ်း မိုးမှု ထိန်းသိမ်းရန်နှင့် ဟန်ချက်ညီစေရန်အတွက် အိန္ဒိယသည် မြန်မာ့နိုင်ငံရေးတွင် အမြဲတမ်းဆိုသလို နှစ်ဖက် ကစားမှုမျိုး ရှိ သည်။ ထို့ကြောင့် အိန္ဒိယသည် ပဋိပက္ခ၏ နှစ်ဘက်စလုံးနှင့် လိုက်လျောညီထွေရှိအောင် ထိန်းညှိလျက် နာဂဒေသ အတွင်း အရှေ့ဘက်ခြမ်း နယ်မြေစိုးမိုးရေးအတွက် လက်နက်ကိုင်အဖွဲ့သစ်များ ဖွဲ့စည်းရန် ရည်ရွယ်လုပ်ဆောင်လာသည်” ဟု ပြော သည်။

ထို့နောက် အိန္ဒိယ၏ရည်ရွယ်ချက်မှာ လက်ရှိဖြစ်ပေါ်နေသော မြန်မာပြည်တွင်းရေးပဋိပက္ခတွင် အပြစ်မဲ့ နာဂလူငယ်များကို လွဲမှားစွာအသုံးချရန် လေ့ကျင့်ပေးခြင်း၊ လက်နက်ကိုင်စေခြင်းဖြစ်ကြောင်း၊ ထိုလုပ်ရပ်သည် နာဂတို့၏ ဇာတိမြေပေါ်တွင် ရှုပ်ထွေးမှုများနှင့် အထင်မှားစရာများစွာကို ဖန်တီးရာရောက်ပါသည်ဟုလည်း SNCN ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

သို့သော် NSCN က မည်သူတို့ ဖွဲ့စည်းလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်းကိုတော့ မပြောပေ။
လက်ရှိတွင် နာဂဒေသနှင့် ခန္တီးဒေသဘက်တွင် နွေဦးတော်လှန်ရေးမှာ ပါဝင်သော ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)များ ဖွဲ့ စည်း၍ လှုပ်ရှားသည် လက်နက်ကိုင်အဖွဲ့တချို့ရှိကြောင်း ဒေသခံများက ပြောသည်။

NSCN/GPRN က နာဂဆန့်ကျင်ရေး စိတ်ဓာတ်များ ဖန်တီးနေသူ မည်သူမဆို သည်းခံနေမည်မဟုတ်ဘဲ အထူးသဖြင့် နာဂ နယ်မြေ၏ အရှေ့ဘက်ခြမ်း ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲခြင်းမျိုး လက်ခံမည်မဟုတ်ဟု ဆိုသည်။

၎င်းက “NSCN/GPRN သည် အိန္ဒိယ(သို့မဟုတ်) မြန်မာနိုင်ငံ၏ ပြည်တွင်းအသီးသီး၏ နိုင်ငံရေးများတွင် ပါဝင်ပတ်သက် ခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း အသိပေးလိုပြီး နာဂနယ်မြေကို ခွဲခြားရန် ကြိုးပမ်းလှုပ်ရှားမှုမှန်သမျှကို ပြင်းပြင်းထန် ထန် ကန့်ကွက်ပါသည်”ဟု ပြောသည်။

ဒီမိုကရေစီတိုက်ပွဲတွင် နာဂပြည်သူများကို စာနာစိတ်နှင့်ဝမ်းနည်းမှုများ မျှဝေခံစားခဲ့သော်လည်း မြန်မာ့နိုင်ငံရေး မတည် ငြိမ်မှုကြောင့် နာဂများအပေါ် ခွဲထုတ်ခြင်းအား ခွင့်မပြုနိုင်ဘူးဟုလည်း ဦးယုံးအောင် ဦးဆောင်သည့် NSCN က ပြောသည်။

NSCN ကို ၁၉၈၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် မြန်မာနာဂ ကပ္ပလန်နှင့် အိန္ဒိယနာဂ မွီးဗာ၊ အိုက်ဇက်ချီရှီဆူတို့ ဦးဆောင် ဖွဲ့စည်းကာ နာဂနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေစဉ် သဘောထားကွဲလွဲ၍ ကပ္ပလန် ဦးဆောင်သည့် NSCN-K နှင့် မွီးဗာ-အိုက်ဇက်ချီရှီဆူတို့ ဦးဆောင်သော NSCN-IM ဆိုပြီး နှစ်ဖွဲ့ကွဲသွားခဲ့သည်။

ထို့နောက် ကပ္ပလန်ဦးဆောင်သော NSCN-K သည် မြန်မာနိုင်ငံဘက်ခြမ်းတွင် အခြေစိုက်၍ အိန္ဒိယအစိုးရကို တော်လှန် လျက်ရှိပြီး မွီးဗာနှင့် အိုက်ဇက်ချီရှီဆူ ဦးဆောင်သည့် NSCN-IM ကမူ အိန္ဒိယဘက်ခြမ်းမှာ အခြေစိုက်ကာ အိန္ဒိယအစိုးရ အား တော်လှန်လျက်ရှိသည်။

လက်ရှိမှာတော့ NSCN-IM သည် အိန္ဒိယအစိုးရနှင့် ၁၉၉၇ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံရေးသဘော တူညီချက် လက်မှတ်ရေးထိုးကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ညှိနှိုင်းလျက်ရှိနေသလို NSCN-K ကတော့ ၂၀၁၂ ခုနှစ်၊ ဧပြီလ မှာ မြန်မာအစိုးရနှင့် တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral)ရေးထိုးထားသည်။

သို့သော် NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့်အတွက် ဒုဥက္ကဋ္ဌဖြစ်သူ ဦးခမ်းငေါ်ကို NSCN-K ၏ ယာယီဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်တွင် ဖြုတ်ချခံလိုက်ရပြီး ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြောက်ခဲ့သည်။

ထို့နောက် ဦးယုံးအောင် ဦးဆောင်သော အုပ်စုနှင့် ဒုစစ်ဦးစီးချုပ် နီကီဆူမီ ဦးဆောင်သော အုပ်စုကြား ငြိမ်းချမ်းရေးဆွေးနွေး ရန် သဘောထားကွဲလွဲကာ နှစ်ခြမ်းကွဲသွား၍ နီကီဆူမီက အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူကာ NSCN-NK ဆိုသော အမည် ကို သုံးကာ ဦးယုံးအောင်က NSCN-YA ဟု အတိုကောက်ခေါ်ဝေါ်ကြသည်။

Website တွင် ဖတ်ရှုရန်---------------https://cnimyanmar.com/index.php/political-2/politics-local/4091-nscn-4


#ဦးယုံးအောင်
#နာဂ
#အိန္ဒိယ
#နိုင်ငံရေး
#ပြည်တွင်း




NSCN ကိုတွေ့ရစဉ်

CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw
CNI Telegram Channel---https://t.me/ChannelNewsIndependent

CNI News၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅အိန္ဒိယသည် အရှေ့ဘက်ခြမ်း နာဂဒေသကို စိုးမိုးရေးအတွက် လက်နက်ကိုင်အဖွဲ့သစ်များ ဖ.....

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြေညာချက်အမှတ်၊ ၂/၂၀၂၂ရက်စွဲ၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်စစ်ကောင်စီအားကူညီပံ့ပို့ထောက်ခံနေကြ...
07/02/2022

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ကြေညာချက်အမှတ်၊ ၂/၂၀၂၂
ရက်စွဲ၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်

စစ်ကောင်စီအားကူညီပံ့ပို့ထောက်ခံနေကြသော နာဂဒေသမှ သတင်းပေးဒလန်များ၊ Non CDM ဝန်ထမ်းများ၊ ဆိုင်ပိုင်ရှင်များနှင့် NPDF လုပ်ငန်းစဉ်များအား ဟန့်တားနှောက်ယှက်နေသောပုဂ္ဂိုလ်/အဖွဲ့အစည်းများ သိရှိလိုက်နာဆောင်ရွက်သွားရန် သတိပေးထုတ်ပြန်ချက်။

01/11/2021

Address

Dimapur

Website

Alerts

Be the first to know and let us send you an email when Naga Hills News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share