27/09/2025
|| အေးချမ်းသွားတာပဲ||
©©©©©©©©
||| တခါတရံမှာ လမ်းမှာဖြစ်စေ
ကားဂိတ်တွေမှာဖြစ်စေ
ဘုရားမှာဖြစ်စေ
မိုးထဲလေထဲမှာ
သနားစရာကလေးငယ်လေးတွေကို တွေ့မိတယ် |||
||| သူတို့မျက်နှာလေးတွေဟာ
ညှိုးငယ်နွမ်းလျနေသော်လည်း
ဘဝရဲ့ခါးသည်းမှုဒဏ်ကို
အရွယ်နဲ့မလိုက်အောင် ရင်ဆိုင်ရုန်းကန်နေရရှာတယ်|||
®®®®®®®
လူဆိုတာ
ဘဝတစ်ခုရပ်တည်နိူင်ဖို့အတွက်
ကြိုးစားနေရမှာပါ
အခုအချိန်မှာ မကြိုးစားရင်
နောင်ကျရင် ပိုပြီးကြိုးစားရလိမ့်မယ်
နောင်မှာလဲ မကြိုးစားရင်
ကိုယ်မွေးလိုက်တဲ့သားသမီးတွေ
ခက်ခဲစွာရုန်းကန်ကြရလိမ့်မယ်
®®®®®®®®®®®®®®
မိဘခင်းပေးတဲ့လမ်း ဖြောင့်ဖြူးရင်
သားသမီးတွေရဲ့ အနာဂါတ်ဟာ
လွယ်ကူစွာနဲ့
သူတို့ဘဝဟာ လှပသာယာနေနိူင်ပါတယ် ။
မိဘလုပ်တဲ့သူက
ဘဝမှာ ပေါ့ပေါ့နေ ပေါ့ပေါ့စား
နေခဲ့ရင်တော့.......။
စိတ်မကောင်းစရာတွေ
ကျွန်တော်ဆက်မတွေးချင်တော့ပါ။
®®®®®®®®®®®
ဘဝမှာ
လူရယ်လို့မွေးဖွားလာရင်
မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်(၃)ရပ်
ရှိပါတယ်။
||| ၁။ မိမိဘဝကို လက်ရှိအခြေအနေထက်ပိုတိုးတက်အောင် လုပ်ရမယ်
၂။ ကိုယ့်ကိုမွေးဖွားပေးခဲ့တဲ့မိဘနှစ်ပါးကို အေးချမ်းပျော်ရွှင်ထားနိူင်ရမယ်(စောင့်ရှောက်ရမယ်)
၃။ ကိုယ်သားသမီးတွေကို ကိုယ့်ဘဝထက်ပိုပြီးတိုးတက် ပိုပြီးသာအောင် မြှင့်တင်လုပ်ဆောင်ပေးရမယ်
ဒါဟာ လူပီသတဲ့
လူသားတစ်ယောက်ရဲ့
မဖြစ်မနေ လုပ်ဆောင်ရမယ့်တာဝန်ပါ ။|||