Daily Volg

Daily Volg အားလုံး ကျန်းမာကြပါစေ...

11/10/2025

အရသာရှိပြီး လုပ်ရတာလွယ်တဲ့ ဖျော်ရည်...
#ဟင်းချက်နည်းများ #မုန့်လုပ်နည်းများ

ဟင်းချက်ချိန်တွေကို ချွေတာနိုင်မယ့် ဟင်းချက်အနှစ်လုပ်နည်း...ဟင်းချက်တဲ့အချိန်မှာ အနှစ်ရဖို့ ဆီသ-တ်ရတာက တကယ်အချိန်ပေးရပါတ...
08/10/2025

ဟင်းချက်ချိန်တွေကို ချွေတာနိုင်မယ့် ဟင်းချက်အနှစ်လုပ်နည်း...

ဟင်းချက်တဲ့အချိန်မှာ အနှစ်ရဖို့ ဆီသ-တ်ရတာက တကယ်အချိန်ပေးရပါတယ်နော်...

အဲဒါကြောင့် ဟင်းချက်အနှစ်လေးကို တပတ်စာလောက်ချက်ထားမယ်ဆိုရင် ဟင်းချက်တဲ့အချိန်တွေ တော်တော်သက်သာသွားမှာ ဖြစ်ပါတယ်။

ဘယ်လိုလုပ်ထားလဲ ဆိုရင်တော့..
- ကြက်သွန်ဖြူ နဲ့ကြက်သွန်နီကို ကိုယ်လိုချင်သလောက် ကြိတ်ထားပါ။
- အိုးထဲ ဆီများများထည့်ပြီး ဆီပူလာပြီဆိုရင် ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊နီတွေထည့်ပါ။
- ကြက်သွန်တွေနွမ်းလာပြီဆိုရင် ဆနွင်းနဲ့ အရောင်တင်မှုန့် ထည့်ပြီး စိမ်းနံ့ပျောက်ရင် ချလို့ရပါပြီ။
- ဟင်းချက်အနှစ်လေးကို ဘာဟင်းချက်ချက် အနှစ်နဲ့လိုချင်ရင် ထည့်ချက်လိုက်ရုံပါပဲ။တကယ် အချိန်ကုန်သက်သာပါတယ်နော်။
- ရေခဲသေတ္တာထဲထည့်ထားရင် ၁ ပတ်လောက်ထိ အထားခံပါတယ်နော်။

#ဟင်းချက်နည်းများ #ဟင်းချက်နည်းအမျိုးမျိုး #ဟင်းချက်အနှစ်

06/10/2025

မုန်လာဥနီ အချိုပွဲ...
#မုန့်လုပ်နည်းများ #ဟင်းချက်နည်းများ

05/10/2025

ဆေးဘဲဥကို အရသာရှိအောင်သုပ်စားကြမယ်...
#ဟင်းချက်နည်းအမျိုးမျိုး #ဟင်းချက်နည်းများ #ဆေးဘဲဥ

04/10/2025

သွေ:အားကောင်းစေမယ့် အ-မဲ-သားပဲတောင့်ရှည်...
#ဟင်းချက်နည်းများ #ဟင်းချက်နည်းအမျိုးမျိုး

03/10/2025

ချိုချိုလေးနဲ့ စားလို့ကောင်းတဲ့ သရက်သီးကျောက်ကျော...
#ဟင်းချက်နည်းအမျိုးမျိုး #ကျောက်ကျော

အချိန်ကြာတဲ့အထိ ကန်စွန်းရွက်ကြော် အစိမ်းရောင် မပျောက်အောင်ကြော်နည်း...ကန်စွန်းရွက်တွေကို အရွက်ရော အရိုးရော ရောပြီး ရေစင်...
30/09/2025

အချိန်ကြာတဲ့အထိ ကန်စွန်းရွက်ကြော် အစိမ်းရောင် မပျောက်အောင်ကြော်နည်း...

ကန်စွန်းရွက်တွေကို အရွက်ရော အရိုးရော ရောပြီး ရေစင်အောင်ဆေးထားပါ။
ကြက်သွန်ဖြူ ၂မွှာလောက် ထောင်းထားပါ။
စပြီးကြော်မယ်ဆိုရင် ဒယ်အိုးကို အရင်ပူအောင်တည်လိုက်ပါ။
ဒယ်အိုးပူလာရင် ဆီထည့်ပြီး ဆီပူလာပြီဆိုရင် ကြက်သွန်ဖြူဆီသတ်ပါ။
ပြီးရင် ဆားထည့်ပါ။
ကြက်သွန်ဖြူနဲ့ ဆားလေးတွေရောသွားပြီဆိုရင် ကန်စွန်းရွက်ထည့်ပါ။
ကြက်စွန်းရွက်ထည့်ပြီး နည်းနည်းမွှေပြီးတာနဲ့ မီးပြင်းပြင်းတင်ပြီးကြော်ပါ။
အသားမှုန့် (သို့) အချိုမှုန့် အနည်းငယ်ထည့်ပါ။
အရွက်လေးတွေ နွမ်းလာပြီဆိုရင် ပန်းကန်ထဲချက်ချင်းထည့်ပါ။
သုံးဆောင်လို့ရပါပြီ...

အစိမ်းရောင်မပျက်စေတဲ့ အဓိက အချက် ၃ချက်ပါ။
၁။ ကန်စွန်းရွက်မထည့်ခင် ဆီထဲကို ဆားအရင်ထည့်တာပါ။
၂။ မီးပြင်းပြင်းနဲ့ကြော်တာပါ။
၃။ ကျက်ပြီဆိုရင် အိုးထဲမထားပဲ ချက်ချင်း ပန်းကန်ထဲပြောင်းထည့်တာပါ။

#ဟင်းချက်နည်းများ #ဟင်းချက်နည်းအမျိုးမျိုး #ကန်စွန်းရွက်ကြော်

ကင်တာမဟုတ်ပဲ ချက်စားတဲ့ ကိုရီးယား ဝက်ဆလပ်....ကိုရီးယားစားသောက်ဆိုင်တွေမှာ စားသလို ဝက်သားကင်နဲ့ တော်တော်ကိုတူပြီး စားလို့...
29/09/2025

ကင်တာမဟုတ်ပဲ ချက်စားတဲ့ ကိုရီးယား ဝက်ဆလပ်....

ကိုရီးယားစားသောက်ဆိုင်တွေမှာ စားသလို ဝက်သားကင်နဲ့ တော်တော်ကိုတူပြီး စားလို့ကောင်းပါတယ်။

ဘယ်လိုချက်လဲဆိုတာ မျှဝေပေးမယ်နော်...

ပါဝင်ပစ္စည်း...
၁။ ဝက်သုံးထပ်သား ၅၀၀ ဂရမ်ကို ပါးပါးလေးတုံးထား
၂။ ကြက်သွန်နီ ၁လုံး
၃။ ကြက်သွန်ဖြူ ၅မွှာ
၄။ ဂျင်း လက်တဆစ်
၅။ ကိုရီးယား ငရုတ်နှစ် ထမင်းစားဇွန်း ၂ ဇွန်း
၆။ ပဲငံပြာရည် အကြည် ထမင်းစားဇွန်း ၂ ဇွန်း
၇။ သကြား ထမင်းစားဇွန်း ၁ ဇွန်း
၈။ နှမ်းဆီ ထမင်းစားဇွန်း ၁ ဝက်
၉။ ဟင်းချက်အရက် အနည်းငယ်(မထည့်လည်းရပါတယ်)
၁၀။ ငရုတ်ကောင်းမှုန့်

ချက်နည်း...
အထက်မှာပြောထားတဲ့ ၁၀မျိုးလုံး ရောနယ်ပြီး မိနစ် ၃၀ လောက် နှပ်ထားပါ။ ပြီးရင် အိုးထဲမှာထည့်ပြီး ချက်လိုက်ရင် ရပါပြီ။ တကယ်လို့ သူ့မှာပါတဲ့ရေနဲ့ မနူးရင် ရေနွေးလေးထည့်ပြီး ကိုယ်ကြိုက်တဲ့ အနေအထား ရအောင်ချက်ပါ။ အပေါ့ အငန် ကိုယ်လိုသလို ချိန်ဆပြီးထည့်ပါ။

ပြီးရင် ဆလပ်ရွက်ထဲထည့်ပြီး ကင်ချီလေးရယ်၊ ကြက်သွန်ဖြူလေးရယ်၊ ငရုတ်ပွရယ်၊ ကိုရီးယားငရုတ်နှစ်လေးရယ် ထည့်ပြီး သုံးဆောင်လို့ရပါပြီနော်...

ဝက်သားစားတယ်ဆိုရင် လုပ်စားကြည့်ပါအုံးနော်...

#ဟင်းချက်နည်းအမျိုးမျိုး #ဟင်းချက်နည်းများ #ကိုရီးယားဝက်ဆလပ် #အသားကင်

28/09/2025

ဆွေမျိုးမေ့သွားစေမယ့် ဟင်းချက်နည်းများ...

#ဟင်းချက်နည်းများ #ဟင်းချက်နည်းအမျိုးမျိုး #မုန့်လုပ်နည်းများ

စားကြပါအုံး...ကလေးတွေအရမ်းကြိုက်တဲ့ ပုစွန်အချိုချက်...လွယ်ကူရိုးရှင်းတဲ့ ဟင်းတစ်ခွက်ချက်နည်း...ပုစွန်ကို ဆားနဲ့ ဆနွင်းနည...
26/09/2025

စားကြပါအုံး...

ကလေးတွေအရမ်းကြိုက်တဲ့ ပုစွန်အချိုချက်...
လွယ်ကူရိုးရှင်းတဲ့ ဟင်းတစ်ခွက်

ချက်နည်း...
ပုစွန်ကို ဆားနဲ့ ဆနွင်းနည်းနည်းနဲ့ နယ်ပြီး ၁၅မိနစ်လောက်နှပ်ထား..
အိုးထဲဆီထည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကြိတ်ပြီး ဆီသ-တ်..
ဆနွင်းနဲ့ အရောင်တင်မှုန့်လေးထည့်..
ပြီးရင် နယ်ထားတဲ့ ပုစွန်လေးထည့်ပြီး ပုစွန်လေးတွေ ကွေးလာရင် စားလို့ရပါပြီ...

ပုစွန်အခွံတွေကတော့ အမှိုက်ထဲပြစ်ရင် မနံအောင် ဒယ်အိုးထဲမှာ လှော်လိုက်ပြီးမှ ပြစ်ရင် အမှိုက်ပုံးအနံ့မစွဲတော့ဘူးနော်...

#ဟင်းချက်နည်းများ #ပုစွန်ချက်နည်း

04/09/2025

ညဘက်ဗိုက်ဆာတတ်သူတွေအတွက် ချက်ပြုတ်နည်းများ...

#ဟင်းချက်နည်းအမျိုးမျိုး #မုန့်လုပ်နည်းများ #ဟင်းချက်နည်းများ

01/09/2025

အိမ်ရှင်မတွေအတွက်ရော၊ မီးဖိုချောင်ကို စိတ်ဝင်စားသူတိုင်းအတွက်ပါ အသုံးဝင်မယ့် ဟင်းချက်နည်း သုံးမျိုး...

#ဟင်းချက်နည်းအမျိုးမျိုး #မုန့်လုပ်နည်းများ #ဟင်းချက်နည်းများ

Address

Karwi

Alerts

Be the first to know and let us send you an email when Daily Volg posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share