25/12/2025
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန
လဟယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရက်စွဲ၊၂၀၂၅ခုနှစ်ဒီဇင်ဘာလ(၂၄)ရက်
ထုတ်ပြန်ချက် - ၁/၂ဝ၂၅
လည် သူ့ ကာ ကွယ် ရေး အဖွဲ့
အကြမ်းဖက်စစ်ကော်မရှင်သည် ပြည်သူလူထုရွေးချယ်တင်မြောက်ထားသောအစိုးရကို မတရားအာဏာသိမ်းလုယူ ပြီး ပြည်သူလူထုအပေါ် နေ့စဉ်ရက်ဆက် ဥပဒေမဲ့ အကြမ်းဖက်မှုများ ကျုးလွန်လျှက်ရှိပါသည်။နာဂဒေသတွင်လည်း စစ်ကော် မရှင်၏ အုပ်ချုပ်ရေးယန္တရားကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးရုံးမှ ဒေသတခုလုံးကို စီမံပြီး ပြည်သူလူထုများအပေါ်ဖိနှိပ်အုပ် ချုပ်လျှက်ရှိနေပါသည်။
ထို့ကြောင့်နာဂဒေသတခုလုံးတွင် စစ်ကော်မရှင်၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်မှုပြုလုပ်နေကြသော ဝန်ထမ်းများ နှင့်စစ်ကော်မရှင်အားထောက်ပံ့အားဖြည့်ပေးနေကြသောအဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များကိုသတိပေးဖောက်ခွဲမှုအဖြင့် လဟယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လဟယ်မြို့ပေါ်ရှိ မြေအောက်(UG)အဖွဲ့များ ပူးပေါင်းပြီး (၂၀.၁၂.၂၀၂၅)ရက်နေ့ ညနေ (၃း၅၅)နာရီတွင် ပြုလုပ်ခဲ့ပါသည်။
२० နာဂဒေသတွင်နာဂဦးစီးရုံးမှစီမံချက်ရေးဆွဲပြီး လူငယ်များကို နည်းလမ်းမျိုးစုံဖြင့် တပ်သားစုဆောင်းရေးပြုလုပ်လျှက် ရှိရာနာဂဒေသသည် စစ်ကော်မရှင်၏ တပ်သားသစ်စုဆောင်းမှုကောင်းသော နယ်မြေသဖွယ်ဖြစ်လာနေပါသည်။စစ်ကော်မရှင် ၏ တပ်သားသစ်စုဆောင်းရေးတွင် အချို့သောနာဂလက်နက်ကိုင်များလည်း ပါဝင်ပါတ်သက်နေကြောင်း တွေ့ရှိရပါသည်။
နာဂလက်နက်ကိုင်အဖွဲ့တချို့သည် နာဂအမျိုးသားရေးကို အကြောင်းပြပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် ကို မကာကွယ်ဘဲ စစ်ကော်မရှင်နှင့်ပူးပေါင်းကာ ကိုယ်ကျိုးစီးပွားရှာနေကြပြီး နာဂအမျိုးသားရေးကို အလွှဲသုံးစား လုပ်နေကြ ကြောင်း ဝမ်းနည်းစွာတွေ့ရှိရပါသည်။ ထို့ကြောင့် ပြည်သူလူထုဖက် မရပ်တည်ဘဲ ပြည်သူအားလုံး၏ ဘုံရန်သူဖြစ်သော စစ် ကော်မရှင်နှင့် ပူးပေါင်းလုပ်ဆောင်မှု မပြုလုပ်ကြပါရန် သတိပေးလိုပါသည်။
ງ ယခုပြုလုပ်သောစစ်ဆင်ရေးတွင် Star Link အသုံးပြုနေကြသော အရပ်သားပြည်သူများ ကလေးသူငယ်များ ရှိနေပါ သဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရပါသည်။ လူထုကို မထိခိုက်စေလိုသောကြောင့် ရုံးအတွင်း ထိရောက်သည့်ဖောက်ခွဲမှု လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ ရုံးဝင်းအတွင်း၌သာ ဖောက်ခွဲမှုပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ် ကော်မရှင်၏ယန္တရားလည်ပတ်မှု ပတ်၀န်းကျင်နေရာများတွင် စုဝေးသွားလာခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် သတိပေး ထုတ်ပြန်လိုက်