Naga Entertainment.

Naga Entertainment. နာဂဒေသ၏ သဘာဝအလှတရားနှင့် ရိုးရာယဥ်ကျေးမူဓလေ့ များ ကို မျှဝေသည်။

နာဂ‌ဒေသကို နစ်ခြမ်းခွဲဖို့ကြိုးစားနေတဲ့ မြန်မာစစ်တပ် နှင့် အိန္ဒိယနိုင်ငံ။‎‎နှစ်နိုင်ငံနယ်စပ်ကို ခြံစည်းခတ်ရန် အိန္ဒိယအစ...
05/12/2025

နာဂ‌ဒေသကို နစ်ခြမ်းခွဲဖို့ကြိုးစားနေတဲ့ မြန်မာစစ်တပ် နှင့် အိန္ဒိယနိုင်ငံ။

‎နှစ်နိုင်ငံနယ်စပ်ကို ခြံစည်းခတ်ရန် အိန္ဒိယအစိုးရက လုပ်ဆောင်နေမှုကို နာဂအဖွဲ့အစည်းများနှင့် ဒေသခံများက လက်မခံကန့်ကွက်နေကြသည်။

‎နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ
‎နယ်ခြားမှတ်တိုင် အမှတ်(၁၇၃) (ပန်ဆောင်တောင် ကြားလမ်း) နှင့် အမှတ်(၁၇၂) အကြားနန်းယွန်းမြို့နယ်အတွင်းကျရောက်သော နေရာအား ခြံစည်းရိုးခတ်ရန် ၂၀၂၅ခုနှစ်တွင် စတင်ဆောင်ရွက်နေခြင်းကို အရှေ့နာဂအမျိုးသမီးအသင်း (ENWA) က ယမန်နေ့ (ဒီဇင်ဘာလ၄ရက်) နှင့် ညီညွတ်သော တန်ရှန်းနာဂကောင်စီ (UTNC) က နိုဝင်ဘာလ နိုဝင်ဘာလ၂၁ရက်တို့တွင် အသီးသီးကြေညာချက်ထုတ်ပြန် ကန့်ကွက်ကြခြင်းဖြစ် သည်။

‎“တဖက်သတ် သတ်မှတ်ထားတဲ့ နယ်စပ်စည်းမျဥ်းခြားတာကြောင့် တဖက် ၊ တခြမ်းဆီမှာ နေထိုင်နေကြတဲ့ နာဂလူမျိုး မိသားစုတွေကို အမျိုးမျိုးပုံစံနဲ့ ခွဲနေခြင်းဟာ လူ့အခွင့်အရေး ၊ ဌာနေ တိုင်းရင်းသားအခွင့်အရေးတွေကို ချိုးဖောက်နေတာသာဖြစ်ပြီး ဒီလိုချိုးဖောက်နေခြင်းကို လုံးဝ ကန့်ကွက်ရှုံချပါတယ်” ဟု ENWA က ဆိုသည်။

‎ဒီမိုကရေစီနိုင်ငံကြီးအဖြစ် သတ်မှတ်ထားသော အိန္ဒိယအနေဖြင့် ဌာနတိုင်းရင်းသားတွေရဲ့ ပိုင်ဆိုင်မှု နှင့် ဘိုးဘွားများ၏ ရိုးရာဓလေ့ထုံးစံများကို အလေးထားတန်ဖိုးထားပြီး ဌာနေတိုင်းရင်းသားများ၏ အသံကို အဓိကနားထောင်ရန်လိုအပ်ကြောင်း အရှေ့နာဂအမျိုးသမီးများအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

‎ယခုခြံစည်းရိုးကာရံသည့် နယ်စပ်ပိုင်းခြားကန့်သတ်သော နယ်မြေသည် တန်ရှန်းနာဂလူမျိုးများ နေထိုင်သည့်‌ဒေသ ဖြစ်ပြီး လူမျိုးတခုတည်း ၊မိသားတစုတည်း ဌာနေနာဂလူမျိုး၏ တည်ရှိမှုကို မသိကျိုး ကျွံပြုကာ ဆောင်ရွက်လာခြင်းဖြစ်ပြီး မည်သည့် အာဏာစက်ကမျှ ပိုင်းခြားဖျောက်ဖျက်၍ မရနိုင်ကြောင်း ညီညွတ်သော တန်ရှန်းနာဂကောင်စီ (UTNC) ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

‎အဆိုပါ ထုတ်ပြန်ချက်ကို နာဂရိုးရာယဥ်ကျေးမှုစာပေကော်မတီ(နန်းယွန်းမြို့နယ်၊ နာဂရိုးရာယဥ်ကျေးမှုစာပေကော်မတီ (ပန်ဆောင်မြို့နယ်၊တန်ရှန်းနာဂနှစ်ခြင်းခရစ်ယာန်အသင်းများ ကောင်စီ၊ တန်ရှန်းနာဂကျောင်းသားများအစည်းအရုံး တို့ကလည်း ထောက်ခံအတည်ပြုထားသည်။

‎အိန္ဒိယ - မြန်မာနယ်စပ်ခြံစည်းရုံးခတ်ခြင်းလုပ်ငန်းစဥ်ကို အိန္ဒိယနိုင်ငံက Border Roads Organization(BRO) အဖွဲ့က ဦးစီးလုပ်ကိုင်နေပြီး နာဂနှင့် ချင်းဒေသများအပါအဝင် ငါးနှစ်စီမံကိန်းသတ်မှတ်ကာ ရူပီး သန်း ၃၁,၀၀၀သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

‎မဏိပူရပြည်နယ်အစိုးရက ခြံစည်းရိုးကာရံမှုကို လက်ခံသော်လည်း နယ်စပ်နေ ဌာနတိုင်းရင်းသားများ ကမူ ကန့်ကွက်နေကြပြီး အရူနာချာပရာဒေ့ချ်ကပြည်နယ်ကမူ သဘောထားတစုံတရာ ထုတ်ပြန် ပြောဆိုခြင်းမရှိကြောင်း သိရသည်။


‎ #ခြံစည်းရိုးကာရံမှု
‎ #နာဂအဖွဲ့

05/12/2025

ရွေးကောက်ပွဲကို ပြည်လုံးကျွတ်ဆန့်ကျင်ဖို့ ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး မန်းလေးမြို့မာ ဆန္ဒပြသည့် (ရုပ်/သံ)

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ အပြင်မထွက်လူထုသပိတ်ဆင်နွဲ့ကြစို့

နန်းယွန်းမြို့ တွင် မီးလောင်မှု့ဖြစ်ပွားခဲ့------------- ယနေ့ မနက် ၄ နာရီ ၄၀ မိနစ် ကျော်လောက်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်...
04/12/2025

နန်းယွန်းမြို့ တွင် မီးလောင်မှု့ဖြစ်ပွားခဲ့
-------------
ယနေ့ မနက် ၄ နာရီ ၄၀ မိနစ် ကျော်လောက်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့ ရှရ ရပ်ကွက် တွင် ဘုရားမီးပူဇော်ရာ မှ မီးလောင်မှု့ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်း မှု့သည် ကြာမြင့်ချိန် ၁ နာရီ လောက်မီးလောင်ခဲ့ပြီး လူနေအိမ် နှင့် အိမ်ဆိုင် ၄ လုံး မီးလောင်မှု့ အတွင်း ပါသွား ခဲ့။

မီးလောင်ကျွမ်းမှု့တွင် ဒေါ်ရှမ်းမ (အိမ်ဆိုင်)၊
သိန်းကြွယ်(ဖုန်း ဆိုင်)၊ ဒေါ်ခင်အုံးမြင့် (အိမ်ဆိုင်) ဦးခူးသ လူနေအိမ် တို့ မီးလောင်ကျွမ်း မှု့တွင် ပါသွား ခဲ့။

ထိုမီးလောင်မှုကို မြို့ နေ ပြည်သူလူထုများသာ ရှိရာဆွဲဗုံးယူ ဝိုင်းဝန်းငြိမ်းသတ်ခဲ့တယ်လို့သိရပါတယ်။ မီးသတ်ဌာန၏ ဝန်ထမ်းများ အဆင်သင့်မရှိ တာကြောင့် မီးလောင်မှုအချိန်ကြာမြင့်သွားပြီး လူနေအိမ် ဆိုင် ခန်းများ မီးကူးမြန်ဆန်သွားခြင်းကြောင့်ဆုံးရှုံးမှုများသွားတယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှု့အား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေး အရေးယူမှု့များ ပြုလုပ် သွားမည်ဟုလည်း သိရှိရပါသည်။


.

အာရှရဲ့အကြီးဆုံးယာဉ်ကျေးမှုပြပွဲများထဲက တစ်ခုဖြစ်တဲ့ နာဂလန်းပြည်နယ်က Hornbill Festival ======အာရှတိုက်ရဲ့ အကြီးဆုံးယာဉ်က...
04/12/2025

အာရှရဲ့အကြီးဆုံးယာဉ်ကျေးမှုပြပွဲများထဲက တစ်ခုဖြစ်တဲ့ နာဂလန်းပြည်နယ်က Hornbill Festival
======

အာရှတိုက်ရဲ့ အကြီးဆုံးယာဉ်ကျေးမှုပြပွဲများထဲက တစ်ခုဖြစ်တဲ့ နာဂလန်းပြည်နယ်ရဲ့ Hornbill Festival ပွဲတော် ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်ကနေစတင် နာဂအမွေအနှစ်ကျေးရွာ Kisama, Kohima မှာကျင်းပခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်မှာအဆိုပါပွဲတော်ကို ၂၀၀၀ ပြည့်နှစ်ကနေစတင်ကျင်းပလာခဲ့ရာ ယခုဆိုရင် ၂၆ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

အဆိုပါပွဲတော်အတွင်း နာဂ မျိုးနွယ်စုများရဲ့ကြွယ်ဝသောယာဉ်ကျေးမှုအမွေအနှစ်များကိုပြသထားပြီး အိန္ဒိယရဲ့ အတက်ကြွဆုံးယာဉ်ကျေးမှုပွဲတော်များထဲက တစ်ခုဖြစ်ကာ ရိုးရာအကများ၊ ဒေသတွင်းကစားနည်းများ၊ ရိုးရာ သီချင်းများ၊ လက်မှုပညာများ၊ နာဂအစားအစာများနဲ့ ပွဲတော်က အရမ်းစည်ကားနေပါတယ်။

အဆိုပါပွဲတော်ကို United Kingdom, အိုင်ယာလန်၊ပြင်သစ်၊ ဩစတေးလျ ၊ မာလ်တာ နဲ့ ဆွစ်ဇာလန် ဂျပန် စတဲ့ နိုင်ငံ ၇ နိုင်ငံကနေ လည်းပါဝင်အားဖြည့်ပေးခဲ့ကြတယ်လို့သိရပါတယ်။

ယာဉ်ကျေးမှုမြှင့်တင်ရန်နဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ၂၀၀၀ ပြည့်နှစ်ကနေစတင်ကျင်းပလာခဲ့တဲ့ အဆိုပါ ပွဲတော်ဟာ အာရှရဲ့အကြီးမားဆုံးသောယာဉ်ကျေးမှုပြပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲခဲ့ပြီး နိုင်ငံခြားသားများအပါ အဝင် နှစ်စဉ်လာရောက်လည်ပတ်သူ ၂ သိန်း မှ ၃ သိန်းအထိရှိပါတယ်။

၂၆ ကြိမ်မြောက် Hornbill ပွဲတော်ကို ဒီဇင်ဘာ ၁ ရက်က နာဂလန်းပြည်နယ်တွင် စတင်ကျင်း‌ပနေပြီး ဖွင့်ပွဲနေ့တစ်ရက်တည်းတွင် နိုင်ငံ...
02/12/2025

၂၆ ကြိမ်မြောက် Hornbill ပွဲတော်ကို ဒီဇင်ဘာ ၁ ရက်က နာဂလန်းပြည်နယ်တွင် စတင်ကျင်း‌ပနေ
ပြီး ဖွင့်ပွဲနေ့တစ်ရက်တည်းတွင် နိုင်ငံခြားသား ၃၆၃ ဦး၊ ပြည်တွင်း ၁၆,၈၃၁ အပါအဝင် လာရောက်လည်ပတ်သူ ၂၂,၅၀၀ ကျော်ပါဝင်ဆင်နွဲ‌နေကြသည်။

‎အစ္စရေးအစိုးရဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများဖြစ်တဲ့ မဏိပူရ်နဲ့ မီဇိုရမ်ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ Bnei Menas...
27/11/2025

‎အစ္စရေးအစိုးရဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများဖြစ်တဲ့ မဏိပူရ်နဲ့ မီဇိုရမ်ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ Bnei Menashe (ဘေနီ မေနာရှေ) လူမျိုးစုဝင် ဂျူးအားလုံးကို ၂၀၃၀ ပြည့်နှစ်အရောက် အစ္စရေးနိုင်ငံသို့ ခေဆောင်မယ့် အစီအစဉ်တစ်ရပ်ကို တရားဝင် အတည်ပြုလိုက်ပြီလို့ မနေ့က နိုဝင်ဘာလ ၂၆ ရက်မှာ ကြေညာ။
‎ #အစ္စရေး #အိန္ဒိယ

မနေ့က Nov-23-2025 ရက်နေ့တွင့် ULFA(I) အရာရှိတစ်ဦး အိန္ဒိယ တပ်မတော်ထံ လက်နက်ချအညံ့ခံသွားတယ်လို့ အိန္ဒိယသတင်းတွေမှာဖော်ပြလ...
24/11/2025

မနေ့က Nov-23-2025 ရက်နေ့တွင့် ULFA(I) အရာရှိတစ်ဦး အိန္ဒိယ တပ်မတော်ထံ လက်နက်ချအညံ့ခံသွားတယ်လို့ အိန္ဒိယသတင်းတွေမှာဖော်ပြလာပါတယ်။ထို ULFA(I) အရာရှိသည် NSCN.K နဲ့ အနီးကပ် ဆက်ဆံရေးရှိသူတစ်ယောက်လဲဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် NSCN.K အနေနဲ့ ပေါက်ကြားသွားနိုင်တဲ့အရာတွေ သူနဲ့ ပတ်သက်ဖူးတဲ့ သူတွေလဲ ဂရုစိုက်နေကြဖို့လိုပါတယ်။

Senior ULFA (I) cadre Arunodoi Axom, originally known as Bijit Gogoi, has surrendered to the Assam Police. Officials confirmed that he laid down arms in Myanmar, and a police team is currently bringing him back to Assam. Gogoi, who hails from Chabua in Dibrugarh district, was one of the key figures of the banned outfit and is believed to have maintained close ties with ULFA (I) chief Paresh Baruah.



21/11/2025

တစ်ရွေ့ပြီးတစ်ရွေ့ လာနေတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း တော်လှန်ရေးတပ်ပေါင်းစု စစ်ကြောင်း (၁)


21/11/2025

လေရှီးမြို့မှာ MPT လှိုင်းရပါပြီ။
၄ရက် ၅ရက် အတွင်းပဲ အသုံးပြုလို့ရမည်။

မြန်မာ-အိန္ဒိယနယ်စပ်ကို အိန္ဒိယအစိုးရမှ ခြံစည်းရိုးကာရန် ပြင်ဆင်ဆောင်ရွက်နေမူအပေါ် (United Tangshang Naga Council-UTNC)မ...
20/11/2025

မြန်မာ-အိန္ဒိယနယ်စပ်ကို အိန္ဒိယအစိုးရမှ ခြံစည်းရိုးကာရန် ပြင်ဆင်ဆောင်ရွက်နေမူအပေါ် (United Tangshang Naga Council-UTNC)မှ ကန့်ကွပ် ကြေညာချက်ထုတ်ပြန်လိုက်သည်။

နာဂလူမျိုးသည် အိန္ဒိယနိုင်ငံဖက်ရှိ နာဂလန်းပြည်နယ်၊ အရူးနားချာလ်ပရာဒေရှ့်ပြည်နယ်၊ မဏိပူပြည်နယ်၊ အဆမ်းပြည်နှင့် မြန်မာနိုင်ငံရှိ နာဂဒေသတို့တွင် နယ်မြေတစ်ဆက်တည်းနေထိုင်ကြသောလူမျိုးဖြစ်ပြီး ထိုနာဂနယ်မြေများအား အိန္ဒိယအစိုးရမှ ခြံစည်းရိုးကာရန် ပြင်ဆင်လျက်သည်။ ထိုလုပ်ရပ်အား အိန္ဒိယနိုင်ငံရှိ နာဂမျိုးနွယ်စုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နာဂလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် နာဂလန်းအစိုးရမှလည်း ကန့်ကွတ်ရှုပ်ချကြောင်း ထုတ်ပြန်ထားသည်။ နာဂလူမျိုးတို့သည် အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံတွင် ကျ‌ရောက်နေစေကာမူ ယခင်ကတည်းကပင် လွတ်လပ်စွာကူးလူးဆက်ဆံနေကြသည့် လူမျိုးဖြစ်သည်။



မဆလ ခေတ်တုန်းက နာဂတောင်တန်းတွေပေါ်ကိုပါတီစည်းရုံးရေးဆင်းတယ်။ရွာထဲက  ကလေး၊ လူကြီး၊ ကျား/မ အကုန်လုံးကိုခေါ်ပြီး စည်းရုံးရေ...
19/11/2025

မဆလ ခေတ်တုန်းက နာဂတောင်တန်းတွေပေါ်ကိုပါတီစည်းရုံးရေးဆင်းတယ်။

ရွာထဲက ကလေး၊ လူကြီး၊ ကျား/မ အကုန်လုံးကိုခေါ်ပြီး စည်းရုံးရေး တရားဟောတယ်။ မဆလပါတီကို ထောက်ခံမဲထည့်ကြဖို့ ဘာ၊ညာ သာရကာ။ရှေ့မှာ မဲပုံးတွေ ပြထားတယ်။

မဆလပါတီကို ထောက်ခံတဲ့သူတွေက မဲပုံးအဖြူရောင်ထဲကိုပဲ ထည့်ကြဖို့။ ကျန်တဲ့ မဲပုံးတွေထဲကိုလုံးဝ မထည့်ကြဖို့ သေချာစည်းရုံးတယ်။

နောက်ဆုံးကျ နာဂတိုင်းရင်းသားကြီးတစ်ယောက်က နာဂသံ ဝဲဝဲနဲ့ ထ မေးတယ်။

" မရှင်းလို့ မေးပါရစေ”

ပါတီ စည်းရုံးရေးမှူးကလည်း မေးပါ မေးပါ ဆိုပြီး ခွင့်ပြုတယ်။ နာဂတိုင်းရင်းသားကြီးက နာဂသံ ဝဲ ဝဲ နဲ့

" ငါ တို့ က မဲပုံးအဖြူထဲကိုပဲ
ထည့်ရမှာပေါ့နော်”

" ဟုတ်ပါတယ် ...
အဖြူထဲကိုပဲ ထည့်ရမှာပါ”

နာဂကြီးက နားမလည်သော အမူအရာဖြင့်
နာဂ သံ ဝဲ ဝဲ ဖြင့်

" အဲ့ထာများ
ကျန်ထဲ့မဲပုံးတွေကို
ဘာလို့ နင်တို့က အပင်ပန်းခံပြီး
တောင်ပေါ်ထိ သယ်လာရတာတုန်း
တောင်အောက်မှာပဲ ထားခဲ့ပေါ့။

မဲပုံးတစ်ပုံးတည်း သယ်လာပြီး
အားလုံး ..... ဒီ ပုံး ထဲ ကို ပဲ
ထည့်ကြလို့ ပြောလိုက်ရင်
ရနေတာပဲဟာ ”

Credit.

အမျိုးသားရေးကိုချစ်လို့ အမျိုးသားရေးလုပ်‌‌နေတယ်ထင်တာ အမျိုးသား‌ရေးကို ဗန်းပြပြီးကြံ့ဖွတ်ဘောမဖြစ်နေတာကိုး။😛😛
18/11/2025

အမျိုးသားရေးကိုချစ်လို့ အမျိုးသားရေးလုပ်‌
‌နေတယ်ထင်တာ အမျိုးသား‌ရေးကို ဗန်းပြပြီးကြံ့ဖွတ်ဘောမဖြစ်နေတာကိုး။😛😛

Address

Kohima

Telephone

+959425139454

Website

Alerts

Be the first to know and let us send you an email when Naga Entertainment. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share