30/10/2025
🌹အေးချမ်းတဲ့ အချစ်ဟာ လိုချင်တဲ့မျက်စိနဲ့ မဟုတ် ပဲ ပေးချင်တဲ့စိတ်နဲ့ မေတ္တာထားခြင်းဖြစ်တယ်
🌹ဒီလူနဲ့ ချစ်လိုက်ရင် ငါ့အတွက်ဘာရမလဲ ဆိုတာ ကိုမတွေးပဲ သူနဲ့အတူ ဘယ်လိုပျော်အောင်နေမလဲ ၊ သူ့ကို ဘာပေးရမလဲ ၊ ဘယ်လိုမျိုး မျှဝေရမလဲဆို တာကိုပဲ ဦးစားပေးတဲ့အခါ အေးချမ်းရတာပါပဲ ။
🌹ကိုယ်ပေးရင် ပေးသလောက် ပြန်ရချင်တာက လူ့ အတ္တပေမဲ့လည်း သူတစ်ယောက်ဟာ ကိုယ်ချစ် ရသူဖြစ်တာကြောင့် သူအဆင်ပြေရင်ရပြီး ၊ သူ ကျန်းမာနေရင် ပျော်ရွှင်နေရင် ကိုယ်ကလည်း ဘေးကနေကြည်နူးရတာဟာ အေးချမ်းတဲ့မေတ္တာ ပါ ။
🌹ကိုယ်ပေးတိုင်းပြန်မရလည်း အချစ်ဟာ .. အချစ် ပဲမို့ ကိုယ်ပေးနိုင်သလောက် ပေးဆပ်ပြီး ၊ ကိုယ့် မေတ္တာနဲ့ကိုယ် ပြည့်စုံစေတာဟာ မွန်မြတ်တဲ့ချစ် ခြင်းတရားပါ။
🌹သူဘေးကင်းဖို့ ၊ အစစအရာရာ အဆင်ပြေစေဖို့ မေတ္တာပို့ပေးရတာဟာလည်း ပျော်စရာတစ်မျိုးပါ ပဲ ။
🌹ဒီနည်းလေးနဲ့ လူတစ်ယောက်ကိုချစ်နိုင်သည် အထိ နှလုံးရည်ပြည့်ဝလာတဲ့အခါ အချစ်ကြောင့် မပူလောင်ရတော့ဘူး ၊ မနာကျင်ရတော့ဘူး ။
🌹အခြားလူတွေအပေါ်တောင် မေတ္တာထားဆက်ဆံ ရသေးတာပဲ အသွားပြန် မရှိသည့်တိုင် ၊ ကိုယ်ချစ် တဲ့သူအတွက် မေတ္တာပေးရတာဟာ စိတ်ချမ်းသာ စရာပဲလေ ။