Ramgarh Mahamuni Central Buddhist Temple

Ramgarh Mahamuni Central Buddhist Temple Ramgarh Mahamuni Central Buddhist Temple

06/09/2025
02/09/2025
রামগড় মহামুনি বৌদ্ধ বিহারের কাজ চলতেছে.......
31/08/2025

রামগড় মহামুনি বৌদ্ধ বিহারের কাজ চলতেছে.......

မင်္ဂလာပါ 🙏🙏🙏
22/08/2025

မင်္ဂလာပါ 🙏🙏🙏

ရင်္ဂွါ မဟာမုနိ ဘုရားကြီး ကျောင်းတိုက် ဘဒ္ဒန္တ သုမနာ မဟာထေရာ ဆရာတော် အတွက် ကျောင်းမြေအလှု မင်္ဂလာ နှင့် တကွာ သံဃာဒါနလှူဒ...
02/08/2025

ရင်္ဂွါ မဟာမုနိ ဘုရားကြီး ကျောင်းတိုက် ဘဒ္ဒန္တ သုမနာ မဟာထေရာ ဆရာတော် အတွက် ကျောင်းမြေအလှု မင်္ဂလာ နှင့် တကွာ သံဃာဒါနလှူဒါန်းပါသည့် ဤကုသုလ်ကြောင်း ခက္ခရသရီ မြီု့ အောင်ကျော်စိန် မီသားစု ဒကာ ဒကာမများ အားလုံး ဘေးရန်ကင်းကွာ ချမ်းသာပါစေဗျာသာဓု သာဓု သာဓု!

22/07/2025

ভয়াবহ বিমান দুর্ঘটনায় মাইলস্টোন কলেজের প্রতিভাবান শিক্ষার্থী উক্যসাইন মারমা আর আমাদের মাঝে নেই। সবকিছু ব্যর্থ করে নিভে গেল এক সম্ভাবনাময় জীবন। একটি স্বপ্ন, একটি ভবিষ্যৎ হারিয়ে গেল। আমরা শোকাহত, বাকরুদ্ধ। তুমি চিরকাল আমাদের হৃদয়ে থাকবে।

19/07/2025

#ရဟန်းတော်များ #ဝါဆိုရခြင်းအကြောင်း
+++++++++++

အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်း၌ ရဟန်းအပေါင်းနှင့် သီတင်းသုံးစဉ် ရဟန်းတို့သည် ဥတုသုံးပါး လုံးပင် ဒေသစာရီ ကြွချီကြကုန်၏။ ထိုအခါ လူတို့သည် သာသနာတော်မှ ပြင်ပဖြစ်သော တိတ္တိတို့သော်မှလည်း မိုးလအတွင်း၌ ကိန်းအောင်းတည်နေ ကြသေး၏။ ငှက် တိရစ္ဆာန်တို့သော်မှလည်း သစ်ပင်ဖျားဝယ် အသိုက် လုပ်ကာ ကိန်းအောင်းတည်နေကြသေး၏။ သာကီဝင်မင်းသား ရဟန်းတို့ ကား ကိန်းအောင်းတည်နေခြင်းမရှိဘဲ စိမ်းလန်း၍ အသက်ရှင်နေသော မြက် သစ်ပင်တို့ကို နင်းနယ်ည|င်းဆဲကြကုန်လျက် ပိုးမွှားငယ်တို့ကိုလည်း သေ ကြေပျက်စီးခြင်းသို့ ရောက်စေကြကုန်လျက် ဒေသစာရီကြွချီနိုင်ကြပါပေ၏ ဟု ပြစ်တင်ကဲ့ရဲ့ကြသည်။

ထိုအခါ မြတ်စွာဘုရားသည် လူတို့ပြစ်တင်ကဲ့ရဲ့သံကိုကြားသဖြင့် ရဟန်းတို့အား ရဟန်းတို့ ..... ဝါသို့ကပ်ခြင်းငှာ (မိုးတွင်းသုံးလ၌ ကိန်း အောင်းတည်နေခြင်းငှာ) ခွင့်ပြုတော်မူ၏ဟု ပညတ်ခွင့်ပြုတော်မူ၏။ ဝါကပ်ခြင်းသည် ပုရိမဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟု နှစ်ပါး ဖြစ်သည်။ ယင်းနှစ်ပါးတို့တွင် ပုရိမဝါကို ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ ညဉ့် အရုဏ်မတက်မီ ဣမသ္မိံဝိဟာရေ ဣမံတေမာသံ ဝဿံ ဥပေမိ (ဤကျောင်းအာရမ်အတွင်း၌ ဤဝါတွင်းသုံးလပတ်လုံး ဝါသို့ကပ်ပါ၏၊ နေပါ၏။) ဟု နှုတ်ဖြင့် သုံးကြိမ်ဆို၍ ကပ်ရသည်။ ကျောင်းအာရမ်မှတစ်ပါး ခွင့်ပြုအပ်သော ဇရပ်၊ တန်ဆောင်း၊ လှည်း၊ လှေ စသည်တို့၌ ဝါကပ်လိုမူ ဣဓဝဿံ ဥပေမိ (ဤအရပ်၌ ဝါသို့ကပ်ပါ၏၊ နေပါ၏။) ဟုဆို၍ ကပ်ရသည်။

အထူးအားဖြင့် ဝါကပ်သောအခါ အကာအာရမ်ရှိသောကျောင်းဖြစ် လျှင် အကာအာရမ်ကို၊ အကာအာရမ်မရှိသော ကျောင်းနှင့် တစ်ပါးသော နေရာဖြစ်လျှင် အရပ်ဌာနတစ်ခုခုကို ပိုင်းခြားသတ်မှတ်၍ ထိုပိုင်းခြားသတ် မှတ်အပ်သည့် အတွင်း၌ ဝါကပ်ရသည်။ ဝါထပ်သော နှစ်ဖြစ်လျှင် ပထမ ဝါဆိုလ၊ ဒုတိယဝါဆိုလဟု နှစ်လဖြစ်ရာ ဒုတိယ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ ညဉ့်၌ ဝါကပ်ရသည်။

ပစ္ဆိမဝါကို ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့ ညဉ့်အရုဏ် မတက်မီ ဝါကပ်ရသည်။ ဝါကပ်ပုံမှာ ပုရိမဝါကပ်ပုံနှင့်တူ၏။ ပုရိမဝါကပ်သော ရဟန်းသည် သီတင်းကျွတ်လပြည့်နေ့ ပဝါရ ဏာပြုပြီး သို့မဟုတ် လပြည့်ကျော် တစ်ရက်နေ့ ဝါကျွတ်သည်။ ပစ္ဆိမဝါကပ်သော ရဟန်းသည် တန်ဆောင်မုန်းလပြည့်နေ့ ပဝါရဏာပြုပြီး သို့မဟုတ် လပြည့်ကျော် တစ်ရက်နေ့ ဝါကျွတ်သည်။ ပုရိမဝါဖြစ်စေ၊ ပစ္ဆိမဝါဖြစ်စေ ဝါကပ်ပြီးသော ရဟန်းသည် ဝါတွင်းသုံးလပတ်လုံး မိမိဝါကပ်သော ကျောင်းအာရမ်အတွင်းမှ သို့မဟုတ် ပိုင်းခြားသတ်မှတ်သည့် အရပ်ဌာနအတွင်းမှ တစ်ပါးသောအရပ်ဌာနသို့ ညဉ့်အရုဏ်မတက်မီ မိမိဝါကပ်သည့် အရပ်ဌာနအတွင်းသို့ ညဉ့်အိပ်မသွား ရ။ ခဏခေတ္တသွားလျှင်လည်း ပြန်ရောက်ရသည်။ ဝါကပ်သည့် အရပ် ဌာန၌အရုဏ်တက်စေရသည်။ တစ်ပါးသောနေရာအရပ်၌ အရုဏ်တက်စေ လျှင် ဝါကျိုး ဝါပြတ်သည်။ ဝါကျိုး ဝါပြတ်လျှင် အပြစ်ရှိသည်။ ဝါကပ်ပြီးသော ရဟန်းသည် ဝါတွင်းသုံးလအတွင်း၌ တစ်စုံ တစ်ခုသော အရပ်ဌာနသို့ ခွင့်ပြုအပ်သော တစ်စုံတစ်ခုသော အကြောင်း ကိစ္စဖြင့် ညဉ့်အိပ်သွားလိုလျှင် အန္တောသတ္တာ ဟ¸န္တရေ ပဋိနိဝတ္တေ ဿာမိ (ခုနစ်ရက် အတွင်း၌တစ်ဖန် ပြန်လာပါမည်)ဟု ဝါကပ်ရာ အရပ်ဌာနအတွင်း၌ ဝါပန်၍ မိမိအလိုရှိရာ အရပ်ဌာနသို့ သွားရသည်။ သွားသော်လည်း တစ်ပါးသော အရပ်ဌာန၌ အလွန်ဆုံး ခြောက်ညဉ့်သာ အိပ်၍ ခြောက်ကြိမ်သာ အရုဏ်ခံရသည်။ ခုနစ်ကြိမ်မြောက် ညဉ့်အရုဏ် တက်စေလျှင် ဝါကျိုး ဝါပြတ်သည်။ အပြစ်လည်းရှိသည်။ ရက်ကြာကြာ သွားလိုလျှင် ခုနစ်ရက်တစ်ကြိမ် ဝါကပ်သောအရပ်ဌာနသို့ ပြန်လာပြီးလျှင် ယင်းခုနစ်ရက်နေ့ အရုဏ်ခံပြီးမှ ရှစ်ရက်နေ့ တစ်ဖန် ဝါပန်၍သွားရသည်။ ဤကား ဝါဆိုသည် စသည်ဖြင့်သုံးစွဲသော ဝါ၏ အကြောင်းအရာ အတ္ထုပ္ပတ်တည်း။
တိပိဋက မြန်မာပြန်

@ # #မင်္ဂလာရှိသော နံနက်ခင်းလေးပါ @ #@.....
15/07/2025

@ # #မင်္ဂလာရှိသော နံနက်ခင်းလေးပါ @ #@.....

@  morning al@ #
14/07/2025

@ morning al@ #

Address

Ramgarh

Website

Alerts

Be the first to know and let us send you an email when Ramgarh Mahamuni Central Buddhist Temple posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share