Naga Entertainment.

Naga Entertainment. နာဂဒေသ၏ သဘာဝအလှတရားနှင့် ရိုးရာယဥ်ကျေးမူဓလေ့ များ ကို မျှဝေသည်။

နေပြည်တော်က KIA နဲ့ တွေ့ဆုံဆွေးနွေးဖို့ စာပေးပို့စက်တင်ဘာ ၉၊ ၂၀၂၆နေပြည်တော်ဘက်က ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာ ကချ...
09/09/2026

နေပြည်တော်က KIA နဲ့ တွေ့ဆုံဆွေးနွေးဖို့ စာပေးပို့

စက်တင်ဘာ ၉၊ ၂၀၂၆

နေပြည်တော်ဘက်က ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ တွေ့ဆုံဆွေးနွေးဖို့ စာပေးပို့ထားတယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

စာထဲမှာ KIA နဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အကြောင်းအရာတွေ ထည့်သွင်းဖော်ပြထားတယ်လို့ သိရပေမယ့် လက်ရှိအချိန်အထိ စာပါအသေးစိတ်အချက်အလက်အားလုံးကို ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

တစ်ဖက်မှာတော့ ဗန်းမော်စစ်မျက်နှာပြင်ကို စစ်တပ်ဘက်က စစ်အင်အားဖြည့်တင်းနေပြီး KIA ပူးပေါင်းတပ်တွေကလည်း စစ်ကြောင်းနဲ့ ရေယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်နေတဲ့အတွက် ဗန်းမော်မြို့မရောက်မီ ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

အခုလို မြေပြင်မှာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေချိန်မှာပဲ နေပြည်တော်ဘက်က KIA နဲ့ ဆွေးနွေးဖို့ စာပေးပို့လာတာကြောင့် အဆိုပါ ဆက်သွယ်မှုဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အစပြုခြင်းလား၊ ဒါမှမဟုတ် စစ်ရေးအခြေအနေကို လျှော့ချဖို့ ကြိုးပမ်းမှုလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


#နေပြည်တော် #တွေ့ဆုံဆွေးနွေးရေး

ရွှေကူမှာ စစ်သင်္ဘော ၂ စီး KIA ပူးပေါင်းတပ် တိုက်ခိုက်၊ မီးလောင်ပျက်စီးစက်တင်ဘာ ၉၊ ၂၀၂၆ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ က...
09/09/2026

ရွှေကူမှာ စစ်သင်္ဘော ၂ စီး KIA ပူးပေါင်းတပ် တိုက်ခိုက်၊ မီးလောင်ပျက်စီး

စက်တင်ဘာ ၉၊ ၂၀၂၆

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ကမ်းကပ်ရပ်နားနေတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က ဒီနေ့မနက် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီး မီးလောင်ပျက်စီးခဲ့တယ် လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဆိုပါ ရေယာဉ်အုပ်စုဟာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းဖို့ စက်တင်ဘာ ၈ ရက်က ကသာမြို့ကနေ ဆန်တက်လာပြီး ရွှေကူမှာ ညအိပ်ရပ်နားစဉ် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

#ရွှေကူ #ဗန်းမော်
#ကချင်ပြည်နယ်

မဏိပူရ်ပြည်နယ် ဌာနေတိုင်းရင်းသာ ပြဿနာ မဖြေရှင်းပဲ  Arunachal SIR ကိစ္စ ဝင်ရောက်စွက်ဖက်နေသည့် ကူကီးအဖွဲ့အစည်းကို  AAPSU က...
09/09/2026

မဏိပူရ်ပြည်နယ် ဌာနေတိုင်းရင်းသာ ပြဿနာ မဖြေရှင်းပဲ Arunachal SIR ကိစ္စ ဝင်ရောက်စွက်ဖက်နေသည့် ကူကီးအဖွဲ့အစည်းကို AAPSU က ပြင်းထန်စွာကန့်ကွက်

စက်တင်ဘာ ၉၊ ၂၀၂၆

မဏိပူရ်ပြည်နယ်အတွင်း ကသည်း၊ ကူကီးနှင့် နာဂအသိုင်းအဝိုင်းများကြား ဆက်လက်တည်ရှိနေသည့် ပဋိပက္ခများနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို မဖြေရှင်းနိုင်သေးချိန်တွင် မဏိပူရ်အခြေစိုက် Kuki Human Rights Council (KHRC) က Arunachal Pradesh ပြည်နယ်၏ Special Intensive Revision (SIR) မဲစာရင်းစစ်ဆေးရေးလုပ်ငန်းနှင့် ပတ်သက်၍ အိန္ဒိယအမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) နှင့် ကုလသမဂ္ဂထံ တင်ပြခဲ့ခြင်းအပေါ် All Arunachal Pradesh Students’ Union (AAPSU) က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။

AAPSU ဥက္ကဋ္ဌ Meje Taku က KHRC အနေဖြင့် Arunachal Pradesh ၏ ဌာနေတိုင်းရင်းသားရေးရာများနှင့် ပြည်တွင်းရေးကိစ္စများအပေါ် ဝင်ရောက်ပြောဆိုရန် ရပ်တည်ခွင့်မရှိကြောင်း ပြောဆိုခဲ့သည်။ ၎င်းက SIR ကိစ္စသည် Arunachal Pradesh ပြည်နယ်နှင့် ထိုပြည်နယ်၏ ဌာနေတိုင်းရင်းသားများနှင့် သက်ဆိုင်သည့် ပြည်တွင်းရေးကိစ္စဖြစ်ကြောင်း အလေးပေးပြောဆိုသည်။

AAPSU ၏ တုံ့ပြန်ချက်အရ KHRC သည် အခြားပြည်နယ်၏ ဌာနေတိုင်းရင်းသားရေးရာကို နိုင်ငံတကာအဆင့်သို့ တင်ပြနေချိန်တွင် မဏိပူရ်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး၊ လုံခြုံရေးနှင့် လူမျိုးစုအကြား ပဋိပက္ခများကို မည်သို့ကိုင်တွယ်ဖြေရှင်းနေသည်ဆိုသည့် မေးခွန်းများလည်း ပေါ်ပေါက်လာသည်။

ထို့ကြောင့် AAPSU က Arunachal Pradesh ၏ SIR ကိစ္စကို နိုင်ငံတကာအဖွဲ့အစည်းများထံ မတင်ပြမီ KHRC အနေဖြင့် မဏိပူရ်အတွင်းရှိ ကိုယ့်ဒေသ၏ ပဋိပက္ခနှင့် လူ့အခွင့်အရေးပြဿနာများကို ဦးစွာ အာရုံစိုက်ဖြေရှင်းသင့်သည် ဟု ဝေဖန်ထားသည်။

KHRC ဘက်ကမူ ယင်းတင်ပြမှုသည် Arunachal Pradesh ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ SIR လုပ်ငန်းစဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူ့အခွင့်အရေးနှင့် မဲပေးခွင့်ဆိုင်ရာ စိုးရိမ်မှုများ ကို အာရုံစိုက်တင်ပြခြင်းဖြစ်သည်ဟု ဆိုထားသည်။

သို့သော် AAPSU ၏ တုံ့ပြန်မှုက မဏိပူရ်အတွင်းရှိ ပဋိပက္ခများ မပြေလည်သေးချိန်တွင် အခြားပြည်နယ်တစ်ခု၏ လူမျိုးရေးနှင့် ဌာနေတိုင်းရင်းသားရေးရာအပေါ် ဝင်ရောက်တင်ပြခြင်းသည် ယုံကြည်မှုနှင့် လက်ခံနိုင်မှုဆိုင်ရာ မေးခွန်းများကို ဖြစ်ပေါ်စေနိုင်ကြောင်း ထင်ဟပ်စေသည်။

အဆိုပါအငြင်းပွားမှုသည် မဏိပူရ်အတွင်း ကသည်း–ကူကီး–နာဂ ပဋိပက္ခများအပြင် အိမ်နီးချင်းပြည်နယ်များ၏ ဌာနေတိုင်းရင်းသားရေးရာနှင့် နိုင်ငံရေးကိစ္စများအပေါ် ပြင်ပအဖွဲ့အစည်းများ၏ ဝင်ရောက်ပြောဆိုမှုအထိ သက်ရောက်လာနေသည့် အခြေအနေကို ထပ်မံမီးမောင်းထိုးပြနေသည်။


တနိုင်းမြို့တွင် ပထမတန်းကျောင်းသား မြွေကိုက်ခံရပြီး သေဆုံးတနိုင်း၊ စက်တင်ဘာ ၉၊ ၂၀၂၆ကချင်ပြည်နယ်၊ တနိုင်းမြို့ ပုန်ခုန်းရ...
09/09/2026

တနိုင်းမြို့တွင် ပထမတန်းကျောင်းသား မြွေကိုက်ခံရပြီး သေဆုံး
တနိုင်း၊ စက်တင်ဘာ ၉၊ ၂၀၂၆
ကချင်ပြည်နယ်၊ တနိုင်းမြို့ ပုန်ခုန်းရပ်ကွက်ရှိ မူလတန်းလွန်ကျောင်းတွင် ပထမတန်းတက်ရောက်နေသည့် အသက် ၆ နှစ်ခွဲအရွယ် ကျောင်းသားတစ်ဦး စက်တင်ဘာ ၈ ရက် ညနေပိုင်းက မြွေကိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ မောင်ဆွတ်ဖရိန်အောင် ဖြစ်ပြီး လဝါးစစ်ဘေးရှောင်မိသားစုမှ ဖြစ်သည်။ ၎င်းသည် ယခုနှစ်မှစတင်ကာ အဆိုပါကျောင်းတွင် လာရောက်ပညာသင်ကြားနေခြင်းဖြစ်ပြီး ရုပ်အလောင်းကို လက်ရှိတွင် ဒူးကောင်းရပ်ကွက်၌ ထားရှိထားကြောင်း သိရသည်။
ဖြစ်စဉ်အရ ကျောင်းဆင်းချိန်တွင် မိဘများကို စောင့်ဆိုင်းနေစဉ် အတန်းခန်းအတွင်း ကြမ်းပြင်ပေါ်သို့ လက်ထောက်လိုက်ရာ ဘယ်ဘက်လက်ဖမိုးကို မြွေကိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ မြွေကိုက်ခံရပြီးနောက် တနိုင်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကုသခဲ့သော်လည်း အသက်မကယ်နိုင်ဘဲ သေဆုံးခဲ့သည်။
အဆိုပါမြွေမှာ တောကြီးမြွေဟောက် ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းတာဝန်ရှိသူများထံ သွားရောက်မေးမြန်းခဲ့သော်လည်း ဖြေကြားပေးနိုင်ခြင်းမရှိဘဲ အထက်တာဝန်ရှိသူများထံ မေးမြန်းရန် ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။
ကျောင်းအတွင်း မြွေတစ်ကောင်ထက်ပို၍ ရှိနေနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိနေသဖြင့် ကျောင်းသားမိဘများအနေဖြင့် ကြောက်ရွံ့စိုးရိမ်နေကြပြီး ကျောင်းဝန်းကျင်နှင့် အတန်းခန်းများကို သေချာစွာ ရှင်းလင်းသန့်ရှင်းပေးရန် တောင်းဆိုနေကြသည်။
တနိုင်းဒေသတွင် ကျောင်းသားတစ်ဦး ကျောင်းအတွင်း မြွေကိုက်ခံရပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်မှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ရပ်ဖြစ်ကြောင်း သိရသည်။


#မြွေအန္တရာယ် #တနိုင်းမြို့

🔴   — UNC က မဏိပူရ်အတွင်း စီးပွားရေးပိတ်ဆို့မှုကို အကန့်အသတ်မရှိ တိုးမြှင့်မည်စက်တင်ဘာ ၈၊ ၂၀၂၆(UNC) က မဏိပူရ်ပြည်နယ်အတွင...
09/09/2026

🔴 — UNC က မဏိပူရ်အတွင်း စီးပွားရေးပိတ်ဆို့မှုကို အကန့်အသတ်မရှိ တိုးမြှင့်မည်

စက်တင်ဘာ ၈၊ ၂၀၂၆

(UNC) က မဏိပူရ်ပြည်နယ်အတွင်း လက်ရှိပြုလုပ်နေသည့် ခရိုင်အချင်းချင်း စီးပွားရေးပိတ်ဆို့မှုကို စက်တင်ဘာ ၉ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁ နာရီမှစတင်ပြီး ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သွားမည်ဟု ကြေညာလိုက်သည်။

UNC ၏ ထုတ်ပြန်ချက်အရ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်များကို မဏိပူရ်ပြည်နယ်အတွင်းရှိ အဓိက အမျိုးသားအဝေးပြေးလမ်းမကြီးများပေါ်တွင် ရပ်တန့်စေမည်ဖြစ်ပြီး ပိတ်ဆို့မှုကို အချိန်ကာလ သတ်မှတ်ထားခြင်းမရှိဘဲ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

ပိတ်ဆို့မှုတွင် NH-2၊ NH-202 (Jessami)၊ NH-37 (Jiribam) နှင့် NH-102A (Tadubi–Ukhrul) လမ်းကြောင်းများ ပါဝင်မည်ဖြစ်သည်။

UNC က ယခုလုပ်ဆောင်မှုသည် မေလ ၁၃ ရက်က Leilon Vaiphei ဒေသတွင် နာဂအရပ်သား ၆ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ တရားမျှတမှုရရှိရေး တောင်းဆိုခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

အစိုးရအနေဖြင့် သေဆုံးသူ ၆ ဦးနှင့် ၎င်းတို့၏ မိသားစုများအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် ပျက်ကွက်နေသည်ဟု UNC က ဝေဖန်ထားပြီး ဖြစ်ရပ်တွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသူများကို အရေးယူပေးရန် တောင်းဆိုထားသည်။

ထို့အပြင် မဏိပူရ်ပြည်နယ် ဒုတိယဝန်ကြီးချုပ် Nemcha Kipgen ကို ရာထူးမှ ဖယ်ရှားပေးရန်လည်း UNC က တောင်းဆိုထားသည်။

တစ်ချိန်တည်းတွင် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ မီဒီယာလုပ်ငန်း၊ လျှပ်စစ်၊ ဆက်သွယ်ရေးနှင့် ရေပေးဝေရေးကဲ့သို့ အရေးကြီးသည့် ဝန်ဆောင်မှုများနှင့် ပစ္စည်းများကို သယ်ဆောင်သည့် ယာဉ်များအား ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့်ပြုမည်ဟု UNC က ဆိုသည်။

UNC က တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိသည်အထိ ပိတ်ဆို့မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နာဂပြည်သူများအနေဖြင့်လည်း ပိတ်ဆို့မှုတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

အရှေ့နာဂလူငယ်များကို အသက်မပြည့်မီ အလုပ်ခိုင်းစေမှုများ ရပ်တန့်ရန် ENNO/ENDA သတိပေးစက်တင်ဘာ ၈၊ ၂၀၂၆အရှေ့နာဂအမျိုးသားအဖွဲ့...
08/09/2026

အရှေ့နာဂလူငယ်များကို အသက်မပြည့်မီ အလုပ်ခိုင်းစေမှုများ ရပ်တန့်ရန် ENNO/ENDA သတိပေး

စက်တင်ဘာ ၈၊ ၂၀၂၆

အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO/ENDA) က အသက်မပြည့်သေးသည့် အရှေ့နာဂကလေးငယ်များကို မိသားစုစီးပွားရေးအခက်အခဲများကြောင့် ရွှေမှော်ဒေသများနှင့် အခြားမြို့ရွာများသို့ အလုပ်လုပ်ရန် စေလွှတ်ခြင်းနှင့် လုပ်ငန်းရှင်များက အလုပ်ခန့်ထားခြင်းများကို ရပ်တန့်ရန် သတိပေးလိုက်သည်။

ENNO/ENDA ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်စာအမှတ် ၀၃/၂၀၂၆ အရ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ရန်နှင့် အသက်မပြည့်သေးသူများကို အခကြေးငွေဖြင့် အလုပ်လုပ်စေခြင်း မပြုလုပ်ရန် မိဘများအား တိုက်တွန်းထားသည်။

ထို့အပြင် ရွှေမှော်ဒေသရှိ လုပ်ငန်းရှင်များအနေဖြင့်လည်း အသက်မပြည့်သေးသည့် အရှေ့နာဂလူငယ်များကို အန္တရာယ်ရှိနိုင်သည့် သို့မဟုတ် ကြမ်းတမ်းသော လုပ်ငန်းခွင်များတွင် အလုပ်ခန့်ထားခြင်း မပြုရန် ENNO/ENDA က သတိပေးထားသည်။

အဖွဲ့အစည်း၏ မြေပြင်စုံစမ်းချက်များအရ ရွှေမှော်လုပ်ငန်းရှင်အချို့သည် အရှေ့နာဂဒေသမှ ရောက်ရှိလာသည့် အသက်မပြည့်သေးသော လူငယ်များကို မူးယစ်ဆေးဝါးများ ပေးအပ်အသုံးပြုစေပြီး လုပ်ငန်းခွင်တွင် ခိုင်းစေမှုများရှိနေကြောင်း သိရှိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကိစ္စသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ၏ သတ်မှတ်ချက်များနှင့် ဆန့်ကျင်နိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း ENNO/ENDA က ဆိုပြီး ထိုလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသည်။

တစ်ချိန်တည်းတွင် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ရွှေမှော်ဒေသများတွင် အန္တရာယ်ရှိသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသော အရှေ့နာဂလူငယ်များကို ကူညီပေးရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကာကွယ်ပေးကာ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်သည့် လူငယ်များဖြစ်လာစေရန် လမ်းညွှန်ပံ့ပိုးပေးရန်လည်း တိုက်တွန်းထားသည်။

ENNO/ENDA က ထုတ်ပြန်ချက်ပါ အချက်များနှင့်အညီ မြေပြင်အခြေအနေများကို ဆက်လက်စိစစ်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Ref: ENNO/ENDA Central Committee Statement No. 03/2026 — 8 September 2026


မီဇိုရမ် လောင်တလိုင်ခရိုင်တွင် ဒုက္ခသည်နှင့် နိုင်ငံခြားသားများအတွက် ကန့်သတ်ချက် ၇ ချက် ထုတ်ပြန်စက်တင်ဘာ ၈၊ ၂၀၂၆မြန်မာစစ...
08/09/2026

မီဇိုရမ် လောင်တလိုင်ခရိုင်တွင် ဒုက္ခသည်နှင့် နိုင်ငံခြားသားများအတွက် ကန့်သတ်ချက် ၇ ချက် ထုတ်ပြန်

စက်တင်ဘာ ၈၊ ၂၀၂၆

မြန်မာစစ်ဘေးရှောင်များ ထောင်နှင့်ချီ နေထိုင်နေသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်တွင် ဒုက္ခသည်များနှင့် နိုင်ငံခြားသားများ၏ သွားလာနေထိုင်မှုကို ထိန်းချုပ်ရန် ကန့်သတ်ချက် ၇ ချက်ပါ အမိန့်တစ်ရပ်ကို ခရိုင်အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါအမိန့်တွင် လောင်တလိုင်မြို့ပေါ်၌ ဒုက္ခသည်များနှင့် နိုင်ငံခြားသားများ အိမ်ငှားနေထိုင်ခြင်းကို ကန့်သတ်ထားပြီး ည ၈ နာရီနောက်ပိုင်း အရေးပေါ်ကိစ္စမှအပ အပြင်ထွက်ခွင့် မပြုကြောင်း ဖော်ပြထားသည်။ အခြားရပ်ကွက် သို့မဟုတ် ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်သူများအနေဖြင့် မူလဒေသမှ ပြောင်းရွှေ့ခွင့်စာ တင်ပြရမည်ဖြစ်သည်။

ထို့အပြင် အလုပ်လုပ်ကိုင်နေသည့် ဒုက္ခသည်များသည် သက်ဆိုင်ရာ ဒေသကောင်စီနှင့် လူငယ်အသင်းများထံမှ Work Permit ရယူထားရမည်ဖြစ်ပြီး အာဏာပိုင်များက စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုသည်။

အိမ်ရှင်များ၊ ဟိုတယ်နှင့် Home Stay လုပ်ငန်းများအနေဖြင့်လည်း နိုင်ငံခြားသားဧည့်သည်များ၏ မှတ်ပုံတင်အချက်အလက်များနှင့် ဝင်ထွက်မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံသားဖြစ်ကြောင်း အထောက်အထားမရှိသူများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအာဏာပိုင်များထံ သတင်းပို့ရမည်ဟု အမိန့်တွင် ပါရှိသည်။

ဟိုတယ်နှင့် Home Stay များသည် ဧည့်သည်များထံမှ Voter ID၊ Aadhaar Card၊ ယာဉ်မောင်းလိုင်စင် စသည့် တရားဝင်အထောက်အထားများ၏ မိတ္တူများကို ရယူထားရမည်ဖြစ်ပြီး ဧည့်သည်ဝင်ထွက်မှတ်တမ်းနှင့် အပတ်စဉ်အစီရင်ခံစာများကိုလည်း ခရိုင်ရဲတပ်ဖွဲ့ထံ တင်ပြရမည်ဖြစ်သည်။

လောင်တလိုင်ခရိုင်သည် မြန်မာနိုင်ငံ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အပြင် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးနှင့် လူဝင်လူထွက်များပြားသည့် ဒေသဖြစ်သောကြောင့် အဆိုပါကန့်သတ်ချက်များသည် ဒေသအတွင်းရှိ မြန်မာစစ်ဘေးရှောင်များနှင့် နိုင်ငံခြားသားများအပေါ် တိုက်ရိုက်သက်ရောက်နိုင်ကြောင်း သိရသည်။


မဏိပူရ်တွင် KLA  စခန်း ဝင်ရောက်စီးနင်း၊ ၈ ဦး ဖမ်းဆီးပြီး လက်နက် ၇ လက် သိမ်းဆည်းစက်တင်ဘာ ၇၊ ၂၀၂၆ | မဏိပူရ်အိန္ဒိယနိုင်ငံ ...
07/09/2026

မဏိပူရ်တွင် KLA စခန်း ဝင်ရောက်စီးနင်း၊ ၈ ဦး ဖမ်းဆီးပြီး လက်နက် ၇ လက် သိမ်းဆည်း

စက်တင်ဘာ ၇၊ ၂၀၂၆ | မဏိပူရ်

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ Kangpokpi ခရိုင်၊ Saikul ရဲစခန်းနယ်မြေအတွင်းရှိ Gampum ကျေးရွာ၌ မဏိပူရ်ရဲတပ်ဖွဲ့၊ CoBRA၊ CRPF၊ Mahila တပ်ဖွဲ့ဝင်များနှင့် RAF တပ်ဖွဲ့များ ပူးပေါင်းကာ စက်တင်ဘာ ၇ ရက်တွင် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း မဏိပူရ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့များသည် Kuki Liberation Army (KLA) နှင့် ဆက်နွှယ်သည်ဟု သံသယရှိသည့် ခွင့်ပြုချက်မရှိသော/တရားမဝင် စခန်းတစ်ခုကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးမှ လူ ၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အော်တိုမက်တစ်လက်နက် ၇ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖမ်းဆီးရမိသူများနှင့် သိမ်းဆည်းရမိသည့် လက်နက်များကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်နှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ထိန်းသိမ်းထားကြောင်း သိရသည်။

စစ်ဆင်ရေးပြီးဆုံးပြီးနောက် အဆိုပါ စခန်းကို လုံခြုံရေးတပ်ဖွဲ့များက သော့ခတ်ကာ တံဆိပ်ခတ်ပိတ်သိမ်းခဲ့ကြောင်း မဏိပူရ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများ၏ နောက်ခံအချက်အလက်များနှင့် သိမ်းဆည်းရမိသည့် လက်နက်များနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။



CHURACHANDPUR | Phaibong ကျေးရွာတွင် UKNA အဖွဲ့ဝင် ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရမဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ် (Churachandpur)...
06/09/2026

CHURACHANDPUR | Phaibong ကျေးရွာတွင် UKNA အဖွဲ့ဝင် ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ် (Churachandpur) ခရိုင်၊ Henglep Sub-Division အတွင်းရှိ Phaibong ကျေးရွာ တွင် စက်တင်ဘာ ၂ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့များနှင့် United Kuki National Army (UKNA) အဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး UKNA အဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Assam Rifles က ထုတ်ပြန်ပြောကြားသည်။

Assam Rifles ၏ ပြောကြားချက်အရ Phaibong ကျေးရွာအနီးတွင် UKNA အဖွဲ့ဝင်များ လှုပ်ရှားနေကြောင်း ထောက်လှမ်းရေးသတင်းရရှိပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် စစ်ဆင်ရေးပြုလုပ်ခဲ့သည်။
စစ်ဆင်ရေးအတွင်း UKNA ဘက်မှ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု Assam Rifles က ဆိုသည်။
ပစ်ခတ်မှုအပြီးတွင် UKNA အဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဘက်က ပြောကြားထားသည်။ ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူနိုင်ရန် သက်ဆိုင်ရာနေရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိ သည့်လက်နက်များ

• MA ရိုင်ဖယ် ၂ လက်
• AK-56 ရိုင်ဖယ် ၁ လက်
• 40 mm Lathode လက်နက် ၁ လက်
• Lathode လက်ပစ်ဗုံး ၇ လုံး
• AK မဂ္ဂဇင်း ၁၅ ခု
• ကျည်ဆန်များနှင့် အခြားစစ်အသုံးအဆောင်များ ကို သိမ်းဆည်းရမိခဲ့ကြောင်း Assam Rifles က ပြောသည်။

ကူကီးပြည်သူများ လိုက်ပါလာသည့် ကားများ အရှေ့အနောက်တွင် ရှိနေသော်လည်း TBA အမှတ်အသားပါ ယာဉ် ၂ စီးကိုသာ ရွေးချယ်ပစ်မှတ်ထား လ...
05/09/2026

ကူကီးပြည်သူများ လိုက်ပါလာသည့် ကားများ အရှေ့အနောက်တွင် ရှိနေသော်လည်း TBA အမှတ်အသားပါ ယာဉ် ၂ စီးကိုသာ ရွေးချယ်ပစ်မှတ်ထား လုပ်ကြံမှု။

KANGPOKPI, MANIPUR — မေလ ၁၃ ရက်က Thadou Baptist Association (TBA) နှင့် ဆက်နွှယ်သည့် ဘာသာရေးခေါင်းဆောင်များ သေဆုံးခဲ့သည့် လမ်းမပေါ် ချောင်းမြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ Thadou Inpi Manipur (TIM) က အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) အနေဖြင့် ဖြစ်စဉ်ကို ပြည့်စုံပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။

TIM ၏ ပြောကြားချက်အရ အဆိုပါနေ့တွင် Thadou ခေါင်းဆောင်များ လိုက်ပါလာသည့် ယာဉ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ အထူးသဖြင့် ယာဉ်ရှေ့ပိုင်းတွင် TBA အမှတ်အသားများ ထင်ရှားစွာ ပါရှိနေသည့် ယာဉ် ၂ စီးကိုသာ ရွေးချယ်ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည် ဟု စွပ်စွဲထားသည်။

TIM က ဆက်လက်ပြောဆိုရာတွင် ထိုယာဉ် ၂ စီး၏ ရှေ့နှင့်နောက်တွင် သွားလာနေသည့် ယာဉ်များလည်း ရှိခဲ့ပြီး၊ အဆိုပါယာဉ်များတွင် Kuki လူမျိုးများအပါအဝင် လူများ လိုက်ပါလာခဲ့သော်လည်း တိုက်ခိုက်ခံရခြင်း မရှိခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် TIM က NIA အနေဖြင့် အဓိကမေးခွန်းတစ်ရပ်ကို ဖြေရှင်းပေးရန် တောင်းဆိုထားသည်—

“သေဆုံးသူများသည် Thadou လူမျိုးဖြစ်ခြင်းနှင့် TBA နှင့် ဆက်နွှယ်မှုရှိခြင်းကြောင့် သီးခြားခွဲခြားသတ်မှတ်ကာ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရခြင်းလား?”

ဟူသည့် မေးခွန်းဖြစ်သည်။

TIM ၏ ထုတ်ပြန်ချက်အရ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာသည် Kuki Suspension of Operation (SoO) အဖွဲ့များ လှုပ်ရှားနေသည့် နယ်မြေတစ်ခု ဖြစ်ပြီး Kuki Revolutionary Army (KRA) က ဖြစ်စဉ်နေရာအနီး လမ်းပေါ်တွင် “အခွန်ကောက်ခံရေးဂိတ်” တစ်ခု ဖွင့်လှစ်ထားသည်ဟုလည်း အဖွဲ့က စွပ်စွဲထားသည်။ Kuki National Front (KNF) နှင့် အခြား SoO ဆက်နွှယ်အဖွဲ့များ၏ လှုပ်ရှားမှုများကိုလည်း TIM က စုံစမ်းစစ်ဆေးမှုတွင် ထည့်သွင်းရန် တောင်းဆိုထားသည်။

ဒီဖြစ်ရပ်မှာ သေဆုံးခဲ့သူများ၏ လူမျိုးရေးအထောက်အထားနှင့် တိုက်ခိုက်မှု၏ ရည်ရွယ်ချက်တို့အပေါ် အမြင်ကွဲပြားမှုများလည်း ရှိနေသည်။ ထို့ကြောင့် မည်သူက တိုက်ခိုက်ခဲ့သလဲ၊ ဘာကြောင့် တိုက်ခိုက်ခဲ့သလဲ၊ အမှန်တကယ် မည်သူများက ပစ်မှတ်ထားခံခဲ့ရသလဲ ဆိုသည့် မေးခွန်းများကို သက်သေအထောက်အထားအပေါ် အခြေခံပြီး ဖော်ထုတ်ရန် လိုအပ်နေသည်။

TIM က NIA အနေဖြင့် ဖြစ်စဉ်ကို လူမျိုးရေးအခြေခံ ပစ်မှတ်ထားသတ်ဖြတ်မှု ဖြစ်၊ မဖြစ်အပါအဝင် အားလုံးကို စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူများကို ဥပဒေအရ အရေးယူပေးရန် တောင်းဆိုထားသည်။

Address

Ukhrul

Telephone

+959425139454

Website

Alerts

Be the first to know and let us send you an email when Naga Entertainment. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share