R5 ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก R5, ครีเอเตอร์ดิจิทัล, Chiang Mai.

02/08/2025

အိမ်ပြန်ချင်တယ် အိမ်ကိုလွမ်းတယ်လို့ရင့်ကျက်ချင်ယောင်ဆောင်ပြီးစကားလုံးလှလှလေးသာပြောနေကြတာ တကယ်တော့  အမေ့ကိုလွမ်းတာပါပဲကျွ...
01/08/2025

အိမ်ပြန်ချင်တယ် အိမ်ကိုလွမ်းတယ်လို့
ရင့်ကျက်ချင်ယောင်ဆောင်ပြီး
စကားလုံးလှလှလေးသာပြောနေကြတာ
တကယ်တော့ အမေ့ကိုလွမ်းတာပါပဲ
ကျွန်တော်တို့ဟာ လောကကြီးမှာ
အခက်အခဲတွေကြုံရတိုင်း အမေ့ကိုသတိရကြတယ်
လူကြီးတစ်ယောက်ဖြစ်နေသည့်တိုင်အောင်
အမေ့ရင်ခွင်မှာတော့ ကလေးတစ်ယောက်လိုပဲကို
လုံခြုံမှုနဲ့ ပျှော်ရွှင်စရာတွေများတဲ့
ရပ်ဝန်းလေးမလို့ထင်ပါရဲ့ … အိမ်ကိုပြန်ချင်တဲ့
အဓိကအကြောင်းအရာက အမေ့ကိုလွမ်းတာပါပဲ


အချစ်ရေးမှာ ငါ့ကို မရွေးသရွေ့ နင်တို့ လူရွေးမှားနေအုံးမှာဘဲ
31/07/2025

အချစ်ရေးမှာ ငါ့ကို မရွေးသရွေ့
နင်တို့ လူရွေးမှားနေအုံးမှာဘဲ


လူတွေ… တစ်ခါတလေ လှည့်စားနေသလားထင်ရတယ်။ပိုက်ဆံမရှိတော့အိမ်မှာပဲ သက်သတ်လွတ် စားကြတယ်။ပိုက်ဆံရှိလာပြန်တော့အပြင်ဆိုင်ကောင်းက...
29/07/2025

လူတွေ… တစ်ခါတလေ လှည့်စားနေသလားထင်ရတယ်။
ပိုက်ဆံမရှိတော့
အိမ်မှာပဲ သက်သတ်လွတ် စားကြတယ်။
ပိုက်ဆံရှိလာပြန်တော့
အပြင်ဆိုင်ကောင်းကောင်းမှာ သက်သတ်လွတ် သွားစားကြတယ်။
ပိုက်ဆံမရှိတော့
စက်ဘီးစီးကြတယ်။
ပိုက်ဆံရှိလာတော့
အားကစားရုံက စက်နင်းစက်ပေါ်မှာ လေ့ကျင့်ကြတယ်။
ပိုက်ဆံမရှိတုန်းက
အစာရှာဖို့ လမ်းလျှောက်ရတယ်။
ပိုက်ဆံရှိလာပြန်တော့
အဆီချဖို့ လမ်းလျှောက်ရပြန်တယ်။
ချစ်ခြင်းမေတ္တာက တည်ကြည်နေဖို့လိုတယ်လို့ ပြောကြတယ်။
ဒါပေမဲ့...
ပိုက်ဆံမရှိတုန်းက မိန်းမက အတွင်းရေးမှူး။
ပိုက်ဆံရှိလာတော့ အတွင်းရေးမှူးက မိန်းမဖြစ်လာတယ်။
ချမ်းသာချင်ကြတာ စင်စစ်မို့
ဆင်းရဲချင်ယောင် ဆောင်နေကြတာလား။
စျေးတင်ရောင်းတာ မကောင်းဘူး ပြောကြတယ်။
ဒါပေမဲ့...
စျေးကစားနေတာလည်း သူတို့ပဲ။
ငွေက မိစ္ဆာဆိုပြီး ဆွေးနွေးကြတယ်။
ဒါပေမဲ့...
ငွေနောက်ကပဲ လောဘနဲ့လိုက်နေကြတယ်။
နေရာမြင့်ရင် တိတ်ဆိတ်နေဖို့ လိုတယ်လို့ သတိပေးကြတယ်။
တကယ်တော့…
အဲဒီနေရာရဖို့ပဲ တော်လှန်နေကြတာပေါ့။
အချစ်၊ ငွေ၊ ခံစားချက်…
လူတိုင်း ပြောတာနဲ့ ပြုတာ မတူဘူး။
တစ်နေ့တာ အလုပ်လုပ်ပြီး ဂျင်မှာ ကစားဖို့ မမောပေမဲ့
အမေ့အိမ်မှာကူဖို့တော့ ဝန်လေးတယ်။
တရားထိုင် ၃ မိနစ်က အချိန်အကြာကြီးထင်တယ်။
ဒါပေမဲ့…
ရုပ်ရှင်ထိုင်ကြည့်ဖို့ ၃ နာရီတော့ မဖြစ်မနေ အဆင်ပြေတယ်။
ဗယ်လင်တိုင်းဒေးရောက်ဖို့ တစ်နှစ်စောင့်ကြတယ်။
ဒါပေမဲ့…
အမေ့မွေးနေ့ကိုတော့ မေ့နေကြတယ်။
လမ်းမှာ ဗိုက်ဆာနေတဲ့ကလေးကို မုန့်တစ်ချပ်မပေးနိုင်ကြပေမဲ့
ပန်းချီကားတစ်ချပ်ကို သိန်းချီဝယ်နိုင်တယ်။
ဟာသတွေအပေါ်မှာ Share တစ်ချက် မလွှဲနိုင်ပေမဲ့
အတွေးပေးတဲ့ စာမျိုးတွေတော့ လက်တွန့်နေကြတယ်။
စဉ်းစားကြည့်ပါ။
ပြောင်းလဲကြပါ။
အဆုံးမှာ…
သေသွားတဲ့နောက်မှာတောင် မယူသွားနိုင်တဲ့အရာတွေကို
ဘယ်လောက်တန်ဖိုးထားနေကြတာလဲ။
Credit မူရင်း



ကျမတို့ဆီမှာ ထုတ်လွှင့်နေတဲ့ လှိုင်းတွေရှိတယ် လူတစ်ယောက်နဲ့တစ်ယောက်မှာအကြည်ဓာတ်မတူညီတာကလည်း အဲ့လှိုင်းတွေကြောင့်ပဲနော်။ ...
29/07/2025

ကျမတို့ဆီမှာ ထုတ်လွှင့်နေတဲ့ လှိုင်းတွေရှိတယ်
လူတစ်ယောက်နဲ့တစ်ယောက်မှာအကြည်ဓာတ်မတူညီတာကလည်း အဲ့လှိုင်းတွေကြောင့်ပဲနော်။
ကိုယ်ကစိတ်ကြည်နေတယ်ဆိုရင် ကောင်းတဲ့လှိုင်းတွေထုတ်သလို
အနီးကကောင်းတဲ့လှိုင်းတွေကိုထပ်ပြီးဆွဲငင်လေ့ရှိတယ်
ဒါကြောင့် စိတ်ချမ်းသာနေတဲ့အခါ ထပ်ခါထပ်ခါပျော်စရာတွေကြုံတွေ့ရတယ်လေနော်။
အဲ့လိုပဲ စိတ်ပူပန် စိတ်ညစ်နေတဲ့အခါ တနေကုန်စိတ်ညစ်စရာတွေပဲကြုံ ရတာ၊
ပြသနာတွေဖြေရှင်းရတာမျိုးဖြစ်တက်တယ်နော်။
ကိုယ်ထုတ်လွှတ်တာကို ကိုယ်ပြန်လက်ခံရတဲ့သဘောတရားမျိုးပါ။
စိတ်လေးကိုပြောင်းနိုင်တဲ့အခါ ကံပြောင်းပါတယ်
တစ်ခုခုဖြစ်ပြီဆိုရင် စိတ်ကိုအရင်သုံးသပ်ပါနော်။

crd to :gracetarot

တရေနိုးတိုင်း ထပ်စဉ်းစားမိသော လင်ရရှိအရေး 🥹🤭
27/07/2025

တရေနိုးတိုင်း ထပ်စဉ်းစားမိသော လင်ရရှိအရေး 🥹🤭

စိတ်ကြိုက်ကုတ်ဆိုပြီး ဝယ်ထားပေးပြီးတော့ တကယ်လဲကုတ်ရော ငြိုငြင်နေပြီလား 🙄🙄
25/07/2025

စိတ်ကြိုက်ကုတ်ဆိုပြီး ဝယ်ထားပေးပြီးတော့
တကယ်လဲကုတ်ရော ငြိုငြင်နေပြီလား 🙄🙄


အတူတူရှိနေပေမယ့် အမြင်ချင်း မတူနိုင်ကြတာ လူ့သဘာဝလေ...💬💬Harmony Without Uniformity: True harmony doesn’t come from everyo...
23/07/2025

အတူတူရှိနေပေမယ့် အမြင်ချင်း မတူနိုင်ကြတာ လူ့သဘာဝလေ...

💬💬Harmony Without Uniformity:
True harmony doesn’t come from everyone agreeing—
it’s about mutual respect for differing views. This quote nudges us to embrace diversity
as a force for growth rather than conflict.

𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 𝗦𝗵𝗼𝘄𝘀 𝗨𝗽 𝗗𝗶𝗳𝗳𝗲𝗿𝗲𝗻𝘁𝗹𝘆 𝗳𝗼𝗿 𝗘𝘃𝗲𝗿𝘆𝗼𝗻𝗲လူတစ်ယောက်နဲ့တစ်ယောက်ဟာ resilience ( ခံနိုင်ရည်ရှိခြင်း )တွေမတူနိုင်ကြပါဘူး။...
22/07/2025

𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 𝗦𝗵𝗼𝘄𝘀 𝗨𝗽 𝗗𝗶𝗳𝗳𝗲𝗿𝗲𝗻𝘁𝗹𝘆 𝗳𝗼𝗿 𝗘𝘃𝗲𝗿𝘆𝗼𝗻𝗲
လူတစ်ယောက်နဲ့တစ်ယောက်ဟာ resilience ( ခံနိုင်ရည်ရှိခြင်း )တွေမတူနိုင်ကြပါဘူး။
ဘာလို့ မတူလဲဆိုရင် ဖြတ်သန်းလာရတဲ့ ဘဝ အတွေ့အကြုံ နဲ့
ရင်ဆိုင်ဖြတ်သန်းလာရပုံတွေ၊ ကိုယ်စီ emotions တွေနဲ့
အခြေအနေတွေအပေါ် တုံ့ပြန်တဲ့ပုံစံ နောက် ဖြစ်ပေါ်ကြုံဆုံရတဲ့ပြဿနာတွေအပေါ်
ကိုင်တွယ် ဖြေရှင်း၊ ကုစား cope လုပ်တဲ့ပုံစံတွေ မတူညီကြဘူး။
မြင်ဖူးကြမှာပါ…

🔲 တချို့က ဝမ်းနည်းတယ်။ ဒါပေမယ့် ရှေ့ဆက်တယ်။
🔲 တချို့က သူတို့ကိုယ်သူတို့ rebuild မလုပ်ခင်မှာ အချိန်အနည်းငယ်ယူ break လုပ်ကြတယ်။
🔲 တချို့က အခြေအနေကို ကုစားဖို့ support ယူကြတယ်။
🔲 တချို့က အချိန်တစ်ခု ကိုယ့်ကိုယ်ကိုယ် သီးခြားငြိမ်သက်စွာ နေရင်း ပြန်လည်အားဖြည့်တယ်။

cope လုပ်တဲ့ပုံစံ တွေအမျိုးမျိုးရှိနိုင်တာကြောင့် ကိုယ့်ပုံစံ၊ ကိုယ်နဲ့နှိုင်းယှဉ်ပြီး ယတိပြတ် သတ်မှတ်လို့မရပါဘူး။

Resilience တွေမတူညီဘူးဆိုရာမှာ -
သူ့အနားမှာ ဘယ်လို support network တွေရှိလဲ (သို့) ဘယ်လို ဖြေရှင်းပုံတွေနဲ့ ဘဝမှာ
ရှေ့ဆက်ရင်ဆိုင်ခဲ့လဲ (သို့) ကိုယ်ပိုင် resilience အတွက် ဘယ်လို resources တွေကိုယ်တိုင် သို့မဟုတ်
အနီးပတ်ဝန်းကျင်ဆီက ရှာမှီး၊ ရယူ၊ သင်ယူနိုင်ခဲ့လဲ စတာတွေနဲ့လည်း ဆိုင်ဦးမယ်။
ဒါ့ကြောင့် ကုစားမှုတွေမှာ ကိုယ့်ရဲ့ cope လုပ်တဲ့ပုံစံအတိုင်း မဖြစ်နေတဲ့သူတွေ၊
အလွယ်တကူမကျော်လွှားနိုင်တဲ့သူတွေကို ကိုယ်နဲ့ compare လုပ်ပြီး တပြေးတည်းမြင်နေလို့ မရနိုင်ဘူး။

𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 𝗦𝗵𝗼𝘄𝘀 𝗨𝗽 𝗗𝗶𝗳𝗳𝗲𝗿𝗲𝗻𝘁𝗹𝘆 𝗳𝗼𝗿 𝗘𝘃𝗲𝗿𝘆𝗼𝗻𝗲. ပါပဲ။

Crd with respect To : Andrea

゚viralシfypシ゚viralシalシ

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ R5ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์