Chinland News

  • Home
  • Chinland News

Chinland News "He who controls the media controls the mind of public"

16/12/2025
ပလက်ဝမြို့နယ်က ဒေသခံခူမီးချင်းလူမျိုးများကို နေရပ်မှ ပျောက်ကွယ်သွားစေရန် ULA/AA ကရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာဟု GKO ပြော...
15/12/2025

ပလက်ဝမြို့နယ်က ဒေသခံခူမီးချင်းလူမျိုးများကို နေရပ်မှ ပျောက်ကွယ်သွားစေရန် ULA/AA ကရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာဟု GKO ပြော

ULA/AA ၏ စစ်မှုထမ်းအမိန့်ကြောင့် ပလက်ဝဒေသခံအများအပြား ထွက်ပြေးနေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရခိုင့်တပ်တော် (AA) က ဒေသခံ ခူမီးလူမျိုးများကို နေရပ်မှ ပျောက်ကွယ်သွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီး ယင်းသည် လူသားမျိုးနွယ်အပေါ် ရာဇာဝတ်မှု (Crime Against Humanity) နှင့် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်ခြင်း အရှိန်ပိုနက်လာခြင်းဖြစ်သည်ဟု Global Khumi Organization (GKO) က ထုတ်ပြန်သည်။

ဓာတ်ပုံသတင်း။၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သသော ချင်းပြည်(Chinland) ကောင်စီ ဒုတိယသက်တမ်း၊ ပထမအကြိမ် ကောင်...
15/12/2025

ဓာတ်ပုံသတင်း။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သသော ချင်းပြည်(Chinland) ကောင်စီ ဒုတိယသက်တမ်း၊ ပထမအကြိမ် ကောင်စီ အစည်းအဝေး မှတ်တမ်း ဓာတ်ပုံများ

ဒီဇင်ဘာလ ၁၅၊ ၂၀၂၅ ခုနှစ်။



ဖလမ်းမြို့နယ် တိုက်ပွဲမှာ CDF-Matupi စစ်ဦးစီးဌာနမှူး ကျဆုံး                 ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ချင်းပြည်နယ်၊ ဖ...
15/12/2025

ဖလမ်းမြို့နယ် တိုက်ပွဲမှာ CDF-Matupi စစ်ဦးစီးဌာနမှူး ကျဆုံး

ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ် မတူပီ ရဲ့ စစ်ဦးစီးဌာနမှူးတာဝန်ယူထားတဲ့ ဆလိုင်းအန်တိုနီ ကျဆုံးခဲ့တယ်လို့ ယင်းအဖွဲ့ဆီက သိရပါတယ်။

ဝေဘူလမှ တက်လာတဲ့ စစ်ကောက်စီ စစ်ကြောင်းနဲ့ ဒီဇင်ဘာလ ၁၂ ရက်‌နေ့ ဖလမ်းမြို့အ‌နီး Sumhrang ကျေးရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။

ဆလိုင်းအန်တိုနီ ဟာ CDF-Matupi တပ်ရင်း ၃မှာ တပ်စုမှူးနဲ့ တပ်ခွဲမှူးအဆင့် တာဝန်ထမ်းဆောင်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလ မှစ၍ CDF-Matupi မှာ စစ်ဦးစီးဌာနမှူးအဖြစ် တာဝန်ထမ်းဆောင် တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ ချင်းကာကွယ်ရေးဘက်က ထိခိုက်မှုရှိသလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုများတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အမျိုးသားတော်လှန်ရေးအတွက် ဂတိသစ္စာဆိုတဲ့အတိုင်း စစ်ဦးစီးဌာနမှူး ဆလိုင်းအန်တိုနီရဲ့ ပေးဆပ်မှုအပေါ် လေးစားဂုဏ်ပြုတယ်လို့ CDF မတူပီက ထုတ်ပြန်ပါတယ်။
#ဖလမ်း #ကျဆုံး

ဖလမ်းမြို့အနီးတိုက်ပွဲမှာ အကြမ်းစစ်သား ၁၄ ယောက်သေဆုံး၊ စစ်သုံ့ပန်းတစ်ယောက်ဖမ်းမိပြီး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမ...
11/12/2025

ဖလမ်းမြို့အနီးတိုက်ပွဲမှာ အကြမ်းစစ်သား ၁၄ ယောက်သေဆုံး၊ စစ်သုံ့ပန်းတစ်ယောက်ဖမ်းမိပြီး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။
ချင်းပြည်၊ ဖလမ်းမြို့အနီးမှာ ဒီကနေ့ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၄ ယောက် သေဆုံးပြီး၊ စစ်သုံ့ပန်းတစ်ယောက်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဝေဘူလမြို့ကနေ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် နဲ့ ချင်းအမျိုးသားတပ်မတော် - CNA ဦးဆောင်တဲ့ ချင်းလဲန်းအစိုးရကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ Tiphir နဲ့ Mangkheng ကြားမှာ တိုက်ပွဲအပြင်းအထန် ဆက်လက်ဖြစ်ပွားခဲ့ကြပါတယ်။

အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁၄ ယောက်သေဆုံးကာ ၁၀ ယောက်ဝန်းကျင်ဒဏ်ရာရရှိပြီး စစ်သုံ့ပန်း တစ်ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ထံကနေ ငါးကြင်းမှီး၊ကွန်မန်ဒိုစိန်ပြောင်း၊ စနိုက်ပါတွေအပါအဝင် လက်နက်ကြီးငယ်စုစုပေါင်း ၂၉ လက်၊ ကျည်ဆံ၊ RPG ဗုံးသီး၊ ဒရုန်း စတဲ့ စစ်ဘက်အသုံးအဆောင်အမြောက်အများ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

Ref: ChinlandInformationCenter



ကျွန်တော်တို့ UFC Flyweight Champion Joshua "The Fearless" Van ရဲ့ page က like၊ follower နည်းနေပါသေးတယ်။ ဆက်လက်...
11/12/2025

ကျွန်တော်တို့ UFC Flyweight Champion Joshua "The Fearless" Van ရဲ့ page က like၊ follower နည်းနေပါသေးတယ်။ ဆက်လက်ပြီး ဝန်းရံပေးကြစို့ 🙏

အဆင့်ဆင့် ဆက်ဆင့်ကမ်းရင်း Support လုပ်ပေးကြအောင်ပါဗျာ။

👇👇👇
https://www.facebook.com/share/1BL2rTVNUC/

 ချင်းပြည်၊ ချင်းလုံမြို့မှာ ဒီဇင်ဘာလ ၄ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ချင်းပြည်(Chinland) ကောင်စီ ညီလာ...
10/12/2025


ချင်းပြည်၊ ချင်းလုံမြို့မှာ ဒီဇင်ဘာလ ၄ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ချင်းပြည်(Chinland) ကောင်စီ ညီလာခံမှတ်တမ်း ဓါတ်ပုံများ

Photo credit- Chinland Channel

ချင်းပြည်(Chinland)ကောင်စီမှ UFC ချန်ပီယံ Joshua “The Fearless” Van သို့ ဂုဏ်ပြုလွှာပေးပို့ခြင်း ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (...
09/12/2025

ချင်းပြည်(Chinland)ကောင်စီမှ UFC ချန်ပီယံ Joshua “The Fearless” Van သို့ ဂုဏ်ပြုလွှာပေးပို့ခြင်း

၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်။

 ချင်းပြည်နယ်၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ်(MRO) ချင်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီ (CDF-Matupi)အပတ်စဥ်(2/2025) အခြေခံစစ်ပညာသင်တ...
08/12/2025


ချင်းပြည်နယ်၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ်(MRO) ချင်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီ (CDF-Matupi)

အပတ်စဥ်(2/2025) အခြေခံစစ်ပညာသင်တန်းသူ/သင်တန်းသားများ၏ စစ်ရေးပြမှတ်တမ်း ဓာတ်ပုံများ။






UFC Flyweight ချန်ပီယံသစ် Joshua Van ကို CNF  ဂုဏ်ပြုဒီဇင်ဘာလ ၈ ရက်၊ ၂၀၂၅ ခုနှစ်။UFC Flyweight ချန်ပီယံခါးပတ်ကို လောလောလ...
08/12/2025

UFC Flyweight ချန်ပီယံသစ် Joshua Van ကို CNF ဂုဏ်ပြု

ဒီဇင်ဘာလ ၈ ရက်၊ ၂၀၂၅ ခုနှစ်။
UFC Flyweight ချန်ပီယံခါးပတ်ကို လောလောလတ်လတ်သိမ်းပိုက်ထားတဲ့ ချင်းဖိုက်တာလေး Joshua Van ကို ချင်းအမျိုးသားတပ်မတော် CNF က ဂုဏ်ပြုကြောင်း ဒီကနေ့ ထုတ်ပြန်ပါတယ်။

မြင်းခြံခရိုင်အတွင်း တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ ၈ ခု ပူးပေါင်းပြီး အထူးလှုပ်ရှားစစ်ကြောင်းဖွဲ့စည်းနိုဝင်ဘာ ၂၉ ရက်၊ ၂၀၂၅ ခ...
29/11/2025

မြင်းခြံခရိုင်အတွင်း တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ ၈ ခု ပူးပေါင်းပြီး အထူးလှုပ်ရှားစစ်ကြောင်းဖွဲ့စည်း

နိုဝင်ဘာ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။
မန္တလေးဒေသ၊ မြင်းခြံခရိုင်အတွင်းရှိ ပြန့်ကျဲနေတဲ့ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ ၈ ဖွဲ့စုစည်းပြီး မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်းကို ဖွဲ့စည်းလိုက်ကြောင်း ပါဝင်တဲ့တပ်အသီးသီးက နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ကြပါတယ်။

စစ်ကြောင်းမှာ Natogyi People Defece Force NPDF ၊ Taung Tha People Defence Force - TTA PDF ၊ Natogyi Guerrilla Force NGF ၊ Myingyan Black Tiger MBT ၊ Onemore Column ၊ Ngazun PDF ၊ ငါန်းဇွန်မီးနဂါးတပ်ဖွဲ့နဲ့ အားမာန်သစ်ပြောက်ကျားတပ်ဖွဲ့တို့နဲ့ ပူးပေါင်းဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ref: The Voice of Spring


ချင်းပြည် ULA/AA ထိန်းချုပ်နယ်မြေ ပလက်ဝမှာ သက်ငယ်မုဒိန်းမှုကျူးလွန်ခဲ့သူကို ထိရောက်စွာအရေးယူပေးဖို့ GKO တောင်းဆို၂၀၂၅ ခု...
28/11/2025

ချင်းပြည် ULA/AA ထိန်းချုပ်နယ်မြေ ပလက်ဝမှာ သက်ငယ်မုဒိန်းမှုကျူးလွန်ခဲ့သူကို ထိရောက်စွာအရေးယူပေးဖို့ GKO တောင်းဆို

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်၊
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒလက်ကိုင်းကျေးရွာမှာ အသက်မပြည့်သေးတဲ့ လေးတူ(ချင်း) မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူကို ထိရောက်စွာ အရေးယူပေးဖို့ ပလက်ဝဒေသခံခူမီးချင်းမျိုးနွယ်စုအဖွဲ့အစည်းဖြစ်တဲ့ Global Khumi Organization (GKO) က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရခိုင့်တပ်တော်(ULA/AA)က ပလက်ဝမြို့နယ်ကို အုပ်ချုပ်နေစဥ်အတွင်း ရခိုင်ပြည်နယ်မှ ရခိုင်တိုင်းရင်းသားများစွာကို ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာနေရာချပေးခဲ့ကာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့၊ ညနေ ၅ နာရီချိန်လောက်မှာ ပလက်ဝမြို့နယ်၊ ဒလက်ကိုင်းကျေးရွာက ဒေသခံ လေးတူ(ချင်း) မိန်းကလေးငယ်ကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပြည်လုံးကြီးကျေးရွာနေ ဦးထွန်းလှိုင် အသက် ၄၆ နှစ်အရွယ်က ဒလက်ကိုင်းရွာမြောက်ပိုင်းတောစပ်တစ်နေရာမှာ အဆိုပါ ချင်းအမျိုးသမီးငယ်ကို ခေါ်ဆောင်ပြီး ၃ ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့အပေါ် ULA / AA အနေဖြင့် ထိရောက်စွာ အရေးယူပေးဖို့နဲ့ပွင့်လင်းမြင်သာမှုမရှိပဲ တရားစီရင်တဲ့အပေါ်ကိုလည်း စိုးရိမ်မှုတွေ ရှိတဲ့ကြောင်း Global Khumi Organization (GKO) အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Address

H No-16 S/F, Block-D , Mahindra Park, Uttam Nagar, West Delhi

110059

Telephone

+916009048468

Website

Alerts

Be the first to know and let us send you an email when Chinland News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chinland News:

  • Want your business to be the top-listed Media Company?

Share