Zun&Giu

Zun&Giu အသက်ကြီးလာရင် ပြန်ကြည့်ဖို့အတွက် ကိုယ်ပိုင်အမှတ်တရတွေကို တင်ချင်သလိုတင်နေ​သော Page ပါ။ 🇮🇹🇲🇲

23/02/2026

Hello Snow ❄️❄️❄️🏔️🗻

ကိုယ်ဝန် ၉ လကျော်နဲ့ နှင်းတောင်သွားခြင်းအမှတ်တရ 🤰
ဒီ trip ကတော့ “နှင်းကြည့်ချင်တယ်” လို့ ပူဆာတဲ့ကျမရဲ့ အမေ အတွက်🤍 ကျမတို့ လင်မယားက လိုက်ပို့ပေးဖြစ်ခဲ့တဲ့ ခရီးစဉ်လေးပါ ❤️❤️❤️

၉ လကျော်ဗိုက်လေးနဲ့ နှင်းပေါ်လမ်းလျှောက်ရတာကတော့
penguin လို တစ်လှမ်းချင်း သတိထားပြီး လျှောက်ခဲ့ရတယ် 🐧😂

ဟိုရောက်တော့ အမေနဲ့ ညီမနဲ့ ကလေးအဖေနဲ့
Yuki ပါပေါင်းပြီး နှင်းတွေနဲ့ ဆော့ကြ၊ ရယ်ကြ၊ La Ciambella စီးကြနေတာကို ကြည့်ပြီး အပျော်ကူးစက်လာတာနဲ့ အမှတ်တရ Video ရိုက်ပေးခဲ့ပါတယ် 🤍

La Ciambella ကိုစီးချင်ပေမဲ့ ဗိုက်ကြီးကြောင့်မစီးရဘူးလို့ Overprotective မုဝင်နေသော ယွကျားက “ အမလေး တခါထဲ စီးရင်း ကလေးထွက်ကျသွားမယ်” လို့ပြောလို့ ဒီဗိုက်ကြီးသည်က အောက်မှာ ထိုင်ပြီး Yuki ကိုထိန်းပြီး သူတို့တွေဆော့တာကိုစောင့်ရပါတယ်🤭

၉ လကျော်ဆိုတော့ anytime ready stage 👶🏻
ဒါတောင် အပြန်လမ်း ကားပေါ်မှာ ဗိုက်နာနာလေး ဖြစ်လာတော့ ယောကျ်ားက မျက်လုံးပြူးပြီး “ဆေးရုံသွားရမလား?” လို့ panic ဝင်သွားတယ် 😆

မဟုတ်ပါဘူးဆင့်… practice contractions (fake contractions) ပါ 🤭 ခဏနေ သက်သာသွားမယ်လို့ ပြောရသေးတယ် 😜 ဂယက်တွေ

This is normal : my body is preparing for the labor that’s coming quite soon 🤗

ဒီမေမေ strong ဖြစ်လို့မဟုတ်ပါဘူး…
အမေပျော်တာ၊ မိသားစု ပျော်နေတာကို ကြည့်ရင်း
ကိုယ်လည်း ပျော်သွားတာပါ 🤍

ဒီတစ်ခါတော့ မစီးနိုင်ခဲ့ပေမယ့်
နောက်တစ်ခါ ဒီနှင်းတောင်ကို ပြန်လာမယ်ဆိုရင်
baby ကို လက်ထဲချီပြီး ပြန်လာမယ်နော် 👶🏻❄️

Music: Sunshine And Lollipops
Musician: Cool Hand Juke (from Audiio)

( Disclaimer: No copyright infringement intended. I DO NOT OWN THIS MUSIC in my video, it belongs to the owner of their rights.)







17/02/2026

မေမေနဲ့သမီးငယ်နဲ့အတူတူ အီတလီစကားပြောကြမယ် အစီအစဉ် Part 2
Carnevali holiday ကျောင်းပိတ်ရက်မှာ အိမ်မှာနေရင်း ချည်ထိုးနေတဲ့မေမေကို သမီးငယ်ကဘယ်လို ဆရာလုပ်ကြမလဲ? 😍🤭 ဆရာလုပ်ရခြင်းအကျိုးဆက်လေးကရော? 🥰 သေချာတာက သားအမိနှစ်ယောက်လုံး ချစ်ဖို့ကောင်းနေပါတယ်။

13/02/2026

မေမေနဲ့သမီးငယ်နဲ့ အတူတူ အီတလီစကားပြောကြမယ်အစီအစဉ် - part 1

တကယ်တော့ အမေ့ကိုအဓိက ကအိမ်မှာ အီတလီစကား ပြောစေ ချင်တာပါ။ အဲ့ဒါနဲ့ပဲ အငယ်မ ဖွေးဖွေးကို အမေ့ကို စကားသွားသွား ပြောခိုင်းနေရင်းနဲ့ အမေနဲ့ညီမတော်ဖွေးဖွေး အပြင်မှာ တကယ်ပြောနေတဲ့ စကားတွေကို နောက်တခေါက် ထပ်ပြောခိုင်းပြီး Video လေးရိုက်လိုက်တော့ သရုပ်ဆောင်နေမှန်းတော့ သိသာသွားတာပေါ့နော်။ ဒါပေမဲ့ သားအမိနှစ်ယောက်သား ချစ်ဖို့ကောင်းလို့ တင်လိုက်ပါတယ်။

19/02/2025

Feb 18 က ချစ်ရတဲ့ တီချယ်ကို Milan မှာသွားရောက်တွေ့ဆုံကြပြီး အိမ်ကအငယ်ဆုံးလေး ညီမလေးကို မော်ဒန်လုပ်ပြီး Short Video လေးရိုက်လာခဲ့ပါတယ်။

Milano (Milan) ဟာ အီတလီရဲ့ မြောက်ပိုင်း Lombardy ပြည်နယ်က မြို့တစ်မြို့ဖြစ်ပြီး အီတလီရဲ့ စီးပွားရေးနှင့် ဖက်ရှင်မြို့တော် တစ်ခုအဖြစ် နာမည်ကြီးပါတယ်။

Milano ရဲ့ ထင်ရှားမှု
1. စီးပွားရေးနှင့် ငွေကြေးရေးရာ – အီတလီရဲ့ ဘဏ်လုပ်ငန်း၊ စတော့ရှယ်ယာဈေးကွက် (Borsa Italiana) တို့ရှိပြီး နိုင်ငံတကာစီးပွားရေးစင်တာတစ်ခုပါ။

2. ဖက်ရှင်မြို့တော် (Fashion Capital) – Gucci, Prada, Versace, Armani, Dolce & Gabbana စတဲ့ နာမည်ကြီး Brand တွေရဲ့ Headquarters တွေရှိပြီး Milan Fashion Week ကမ္ဘာ့အကြီးမားဆုံး အခမ်းအနားတွေထဲမှာ ပါဝင်ပါတယ်။

3. ယဉ်ကျေးမှုနှင့် အနုပညာ – နာမည်ကြီး Leonardo da Vinci ရဲ့ “The Last Supper” ကို Santa Maria delle Grazie ဘုရားကျောင်းမှာ ကြည့်ရှုနိုင်ပါတယ်။

4. ဗိသုကာလက်ရာများ –
• Duomo di Milano (Milan Cathedral) – Gothic စတိုင် ဆောက်လုပ်မှုအလှဆုံး တစ်ခု။
• Galleria Vittorio Emanuele II – ဥရောပရဲ့ အဟောင်းဆုံး Shopping Mall တစ်ခု။
• Teatro alla Scala – ကမ္ဘာ့အကြီးမားဆုံး Opera Theatre များထဲမှ တစ်ခု။

5. ဘောလုံးအားကစား – AC Milan နဲ့ Inter Milan ဆိုတဲ့ နာမည်ကြီးဘောလုံးအသင်းနှစ်သင်းရှိပြီး, San Siro အားကစားကွင်းကြီးမှာ ကျင်းပကြပါတယ်။

Music: Apart
Musician:
( Disclaimer: No copyright infringement intended. I DO NOT OWN THIS MUSIC in my video, it belongs to the owner of their rights.)

17/02/2025

World UNESCO ဖြစ်တဲ့ Dolomiti ဆီသို့
Feb 14 📍Castelrotto Village
Feb 15 📍Alpe di Siusi 🏔️
Feb 16 📍Rifugio Lagazuoi 🏔️
Feb 17 📍Allege 🏔️ ဖြတ်ပြီး အိမ်ပြန် တောင်အောက်ရွာတွေလိုက်လည်။ အဲ့ဘက်ဒေသမှာ အီတလီလူမျိုးအပြင် ဂျာမန်တွေပါနေထိုင်ကြတာဖြစ်ပြီး အီတလီစကားအပြင် ဂျာမန်စကားပါပြောကြပါတယ်။ လမ်းကဆိုင်းဘုတ်ကအစ စားသောက်ဆိုင် Menu ကအဆုံး လမ်းညွှန်အကုန်လုံးကို အီတလီလို ဂျာမန်လို နှစ်မျိုးလုံးရေးသားဖော်ပြကြပါတယ်။
ကမ္ဘာအမွေအနှစ်ဖြစ်တဲ့ Dolomiti (The Dolomites) ဟာ အီတလီမြောက်ပိုင်းမှာရှိတဲ့ တောင်တန်းကြီးတစ်ခုဖြစ်ပြီး UNESCO World Heritage Site အဖြစ်လည်း သတ်မှတ်ထားပါတယ်။ ဒီတောင်တန်းကြီးဟာ Trentino-Alto Adige, Veneto, Friuli Venezia Giulia ပြည်နယ်များထဲမှာ တည်ရှိပြီး အလှပဆုံးတောင်တန်းနယ်မြေတွေထဲက တစ်ခုဖြစ်ပါတယ်။
Dolomiti ဟာ လှပတဲ့ တောင်ကုန်းမြင့်မြင့်၊ ရှုခင်းအလှ၊ သဘာဝတရားကြီးမြတ်မှုတွေကြောင့် “Pale Mountains” လို့လည်း ခေါ်ကြပါတယ်။ လမင်းရောင်ခြည်တောက်တဲ့အခါမှာ တောင်များဟာ rosy-pink color (Enrosadira effect) ကိုပြောင်းသွားတာကြောင့် ပိုမိုထူးခြားလှပပါတယ်။
Dolomiti ရဲ့ နာမည်ကြီးထင်ရှားမှုတွေကတော့
1. လည်ပတ်ခရီးစဉ် – ရေတံခွန်များ၊ ရေကန်များ၊ တောင်ကုန်းများစွာရှိပြီး တောင်တက်ချင်သူတွေအတွက် သင့်လျော်တဲ့နေရာပါ။
2. စကီးစခန်းများ (Ski Resorts) – Winter Sports အတွက် နာမည်ကြီးပြီး Cortina d’Ampezzo, Val Gardena, Alta Badia စတဲ့ Ski Resorts တွေရှိပါတယ်။
3. တောင်တက်ခြင်း (Hiking & Climbing) – Tre Cime di Lavaredo, Marmolada စတဲ့ နာမည်ကြီးတဲ့တောင်များမှာ တောင်တက်နိုင်ပါတယ်။
4. အစားအသောက် – Trentino-Alto Adige ဒေသရဲ့ စားသောက်ကုန်များ (Speck, Canederli, Strudel) တွေကလည်း လူကြိုက်များပါတယ်။

Music: Dear Autumn
Musician:
( Disclaimer: No copyright infringement intended. I DO NOT OWN THIS MUSIC in my video, it belongs to the owner of their rights.)

12/01/2025

Verona မြို့လေးသို့ သွားလည်ရင် သွားသင့်သောနေရာများ❤️

အီတလီရဲ့ Veneto ဒေသမှာရှိပြီး သမိုင်းနောက်ခံနဲ့အနုပညာအတွက် တော်တော်မိုက်တဲ့မြို့လေးတစ်ခုပဲဖြစ်တယ် ။ ဇွန်တို့နေတဲ့ Vicenza နဲ့လည်း နီးပြီး ကမ္ဘာကျော် Venice မြို့နဲ့လည်း နီးနီးလေး။ Shakespeare ရဲ့ Romeo and Juliet ပြဇာတ်လေးထဲက ဇာတ်အိမ်တည်ထားတဲ့ နာမည်ကျော်နေရာတစ်ခုလို့လည်းပြောလို့ရတယ်။ Juliet ရဲ့အိမ် (Casa di Giulietta) ကိုလည်း သွားကြည့်ဖြစ်အောင်သွားကြည့်သင့်တယ်။ 😍

ရှေးဟောင်း Arena di Verona (Roman amphitheater) က opera ပွဲတွေအတွက်လည်း အသုံးပြုကြပြီး အထင်ကရနေရာတစ်ခုဖြစ်တဲ့အပြင် ရိုးရာယဉ်ကျေးမှုလေးတွေကို ရှာဖွေလေ့လာနိုင်မယ်။ Piazza delle Erbe ရဲ့လမ်းထဲမှာ လျှောက်လည်ပြီး Torre dei Lamberti ကိုမြင်ရအောင်သွားကြည့်နော်။ 😘

နောက်တော့ Castelvecchio ရဲတိုက်နဲ့ Ponte Scaligero တံတားလေးကိုလည်း သွားဖို့ တိုက်တွန်းပါတယ်။ ဒီအပြင် Adige မြစ်ရဲ့ တိုက်ခက်တဲ့လေဝှေ့ဝှေ့လေးကလည်း အေးအေးဆေးဆေး လည်ပတ်ရင်း အမှတ်တရကောင်းတစ်နေ့ဖြစ်စေမယ်။ အတွဲတွေဆိုရင် အရမ်း Romantic ဆန်တယ်လို့ခံစားရပြီး မိသားစုနဲ့ဆိုလည်း သာယာတဲ့ခံစားချက် ရမှာ အသေအချာပါ။ 🥰

အစားအသောက်ဆိုရင်တော့ Risotto all’Amarone ကိုစားဖို့မမေ့ပါနဲ့။ Verona ရဲ့ထင်ရှားတဲ့ရိုးရာအစားအစာတစ်ခုပါ။ Verona သွားတာနဲ့အတူ သမိုင်းရဲ့လက်ရာတွေ၊ အနုပညာနဲ့ချစ်ခြင်းတရားတွေကို လုံလောက်စွာခံစားရပါလိမ့်မယ်။ ❤️

ဒီလောက်ပါပဲ။ ✨✨✨
Verona မြို့လေးက ကိုယ့်အတွက် အရေးကြီးတဲ့ အမှတ်တရမြို့လေးမလို့ ပိုပြီး ချစ်ဖို့ကောင်းတယ်လို့ ခံစားရလို့ ရေးလိုက်ပါတယ်။ 😘

Indirizzo

Vicenza

Telefono

+393245525799

Sito Web

Notifiche

Lasciando la tua email puoi essere il primo a sapere quando Zun&Giu pubblica notizie e promozioni. Il tuo indirizzo email non verrà utilizzato per nessun altro scopo e potrai annullare l'iscrizione in qualsiasi momento.

Contatta L'azienda

Invia un messaggio a Zun&Giu:

Scelte rapide

Condividi