𝐓𝐚𝐳𝐞 𝐌𝐞𝐝𝐢𝐚

𝐓𝐚𝐳𝐞 𝐌𝐞𝐝𝐢𝐚 တန့်ဆည်အကြောင်း သိကောင်းစရာအစုံအလင် သတင်းများ

ပထမဦးစွာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါရစေ ။စာရေးသူအနေဖြင့် လတ်တလော ကြားသိရသည့်သတင်းများအရ အလွန်စိတ်မကောင်းဖြစ်မိပါသည်။ ...
29/09/2025

ပထမဦးစွာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါရစေ ။

စာရေးသူအနေဖြင့် လတ်တလော ကြားသိရသည့်သတင်းများအရ အလွန်စိတ်မကောင်းဖြစ်မိပါသည်။

မိမိတို့တန့်ဆည်မြို့နယ်ကို စစ်ကြောင်းမထိုးသည်မှာ အတော်တန်ကြာခဲ့ပြီ ဖြစ်သည်။

သို့ပေမယ့် အခုရက်ပိုင်း လေကြောင်း တိုက်ခိုက်ခံရပြီး အရပ်သားထိခိုက်သေကြေပျက်စီး များစွာရှိပြီး အလွန်ဝမ်းနည်းကြေကွဲရပါသည်။

စာရေးသူအနေဖြင့် တန့်ဆည်မြို့နယ်သူ/သားများကို (အထူး)မှာကြားချင်သည်မှာ မိမိကိုယ်ကို သတင်းပေး မဖြစ်စေလိုပါ။

ဆိုလိုသည်မှာ Starlink internet သည် ယခင်ထက် ပေါပေါသည်သည် သုံးလို့ရနေပြီ ဖြစ်သောကြောင်း Facebook ၊TikTok စသည်တို့ကို လွတ်လပ်စွာ သုံးစွဲခွင့်ရှိသော်လည်း

လုံခြုံရေးပေါက်ကြားရန် ဖြစ်ပေါ်စေနိုင်သောအချက်များကို အထူးသတိပြုပေးပါရန်။

တည်နေရာအတိအကျ သိစေနိုင်သော videos ၊ ပွဲလမ်းသဘင် ကျင်းပသော videos များ အတတ်နိုင်ဆုံး ရှောင်ကြဉ်စေလိုပါသည်။

ကျေးရွာအမည်၊လမ်းအမည်ကို အသုံးပြုပြီး social media ပေါ်တွင် ဖော်ပြခြင်းကိုလည်း ရှောင်ကြဉ်စေလိုပါသည်။

တန့်ဆည်သူ/သားများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။

住所

Taze-yeu
Chiyoda-ku, Tokyo
02221

ウェブサイト

アラート

𝐓𝐚𝐳𝐞 𝐌𝐞𝐝𝐢𝐚がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

𝐓𝐚𝐳𝐞 𝐌𝐞𝐝𝐢𝐚にメッセージを送信:

共有する