15/08/2026
နွေပူပူမှာ ရေကစားချင်တဲ့သူများအတွက် Tokyo ကနေ သွားရလွယ်တဲ့ Tokyo Summerland ကို သွားဖို့ အကြံပေးချင်ပါတယ်ရှင်။ 💦
Indoor ရော Outdoor မှာပါ ရေကစားလို့ရပြီး MONSTER STREAM, Great Journey, DEKASLA တို့လို နာမည်ကြီးတဲ့ attraction တွေအပြင် ရေလွှာလျှောတွေလည်း အများကြီးရှိပါတယ်။ DEKASLA ကတော့ လူ ၄ ယောက်ကနေ ၅ ယောက်လောက် စီးလို့ရတဲ့ giant water slide ဖြစ်ပြီး စီးရတာ တော်တော်လေး ပျော်ဖို့ကောင်းပါတယ်။
ကျွန်မတို့တော့ မနက် ၉:၀၀ လောက် Tokyo Summerland ကိုရောက်တာနဲ့ အရင်ဆုံး picnic mat လေးယူပြီး 2nd floor မှာ နေရာယူထားလိုက်ပါတယ်။ ပစ္စည်းတွေကို အရင်ချထားပြီး ရေကူးဝတ်စုံလဲပြီးတာနဲ့ DEKASLA ကို စီးဖို့ တန်းစီခဲ့ပါတယ်ရှင်။ နာမည်ကြီးတဲ့ attraction ဆိုတော့ ၂ နာရီလောက်အထိ တန်းစီခဲ့ရပေမယ့် စီးကြည့်လိုက်တဲ့အခါ တကယ်ကို တန်းစီရကျိုးနပ်ပါတယ်။
ပြီးတော့ Indoor ရော Outdoor မှာပါ ရေကစားစရာတွေ အများကြီးရှိပြီး Monster Stream, Great Journey တို့လိုနေရာတွေမှာလည်း ပျော်ပျော်ပါးပါး ဆော့လို့ရပါတယ်။ Indoor Pool မှာတော့ ကိုယ့် float (ဘောကွင်း) နဲ့ကိုယ် ဆော့လို့ရပြီး လေထိုးဖို့နေရာတွေလည်း ရှိပါတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းတွေ သိမ်းထားဖို့ locker တွေလည်းရှိတာကြောင့် စိတ်ချရပါတယ်။
Picnic mat ခင်းမယ်ဆိုရင်တော့ 2nd floor မှာ ခင်းဖို့ အကြံပြုချင်ပါတယ်။ Pool ဘေးမှာ ခင်းရင် ရေစိုပြီး အိတ်တွေ၊ ပစ္စည်းတွေပါ စိုနိုင်လို့ပါ။ ဖျာမခင်းချင်ရင်လည်း paid seat တွေ ငှားပြီး အေးအေးဆေးဆေး နေလို့ရပါတယ်။
နေ့လည်စာစားဖို့ ဆိုင်တွေလည်း အများကြီးရှိပေမယ့်
ဈေးကတော့ နည်းနည်းကြီးပါတယ်။
အပြင်ကနေအစားအသောက်ယူသွားလို့လည်း ရပါတယ်။
Ticket စျေးကတော့ သွားမယ့်ရက်အလိုက် ပြောင်းလဲတတ်ပါတယ်။ ကျွန်မတို့သွားတဲ့ ရက်က C Period ဖြစ်လို့ လူကြီးတစ်ယောက် ¥5600 ကျပါတယ်ရှင်။ အဲ့ဒီနေ့မှာ မူလတန်းကျောင်းသား ¥3900၊ အလယ်တန်းကျောင်းသား ¥4900၊ 3 နှစ်ကနေ မူကြိုအရွယ်နဲ့ 65 နှစ်အထက်ဆို ¥2800 ဖြစ်ပါတယ်။
Ticket က 1Day Pass ကို ကြိုဝယ်ထားရတာဖြစ်ပြီး သွားမယ့်ရက်မတိုင်ခင် ၇ ရက်အလိုကနေ online ဒါမှမဟုတ် convenience store မှာ ဝယ်လို့ရပါတယ်။ Summerland ရောက်မှ same-day ticket ဝယ်လို့မရတာကိုတော့ သတိထားပေးပါနော်။
နောက်ပြီး ညနေ ၃:၀၀ နာရီကနေ စဆော့လို့ရတဲ့ After 3 Pass လည်းရှိတာကြောင့် တစ်နေကုန်မသွားချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်ရှင်။
ယူသွားသင့်တာတွေကတော့ ရေကူးဝတ်စုံ၊ သဘက်၊ picnic ဖျာ၊ ဘောကွင်း၊ ရေစိုခံဖုန်းအိတ်နဲ့ sunscreen တို့ပါ။ Pool area ထဲမှာ သတ်မှတ်ထားတဲ့ pool sandals / swim shoes တွေပဲ အသုံးပြုလို့ရတာကိုလည်း သတိထားပေးပါနော်။
Hachioji Station ကနေသွားမယ်ဆိုရင် JR Hachioji Station North Exit → 12番のりば ကိုသွားပြီး ひ03 / ひ07あ「サマーランド」行き ဘတ်စ်ကားကို စီးလို့ရပါတယ်။ Tokyo Summerland အထိ တိုက်ရိုက်ရောက်ပါတယ်ရှင်။ 🚌
ကားနဲ့လာမယ်ဆိုရင်တော့ စောစောလာဖို့ အကြံပြုချင်ပါတယ်။ ရှေ့ဘက် parking နေရာတွေ မြန်မြန်ပြည့်နိုင်ပြီး နောက်ဘက် parking မှာထားရရင် Summerland အထိ လမ်းလျှောက်ပြန်လာရတာရှိပါတယ်။ ကား parking fee က ¥2000 ဖြစ်ပါတယ်။
တစ်နေကုန် ရေကစားပြီး အပန်းဖြေချင်တဲ့သူတွေအတွက်တော့ Tokyo Summerland က တကယ်ကို သွားရကျိုးနပ်တဲ့နေရာလေးပါပဲနော်။🛝💦
Tokyo Summerland Website
https://www.summerland.co.jp/