KZ MEDIA

KZ MEDIA သတင်းအစုံအလင်သိနိုင်ဖို့ like & followလုပ်ခဲ့နော်။

20/05/2026

Night view

20/05/2026

Skytree

20/05/2026

Tokyo

19/05/2026

Disney Land in Japan

19/05/2026

Lamboghini 🫢

19/05/2026

Cyber Truck ✌️

😳 (၇) နှစ် သမီးလေးကို ပြန်ပေးဆွဲ သ-တ်ဖြတ်ခဲ့တဲ့ FedEx ကားမောင်းသမားကို ဆေးထိုး ကွပ်မျက်ရမယ့် သေဒဏ်ချမှတ်အမေရိကန်မှာ (၇) ...
19/05/2026

😳 (၇) နှစ် သမီးလေးကို ပြန်ပေးဆွဲ သ-တ်ဖြတ်ခဲ့တဲ့ FedEx ကားမောင်းသမားကို ဆေးထိုး ကွပ်မျက်ရမယ့် သေဒဏ်ချမှတ်

အမေရိကန်မှာ (၇) နှစ်အရွယ် မိန်းကလေးငယ်လေး Athena Strand ကို ပြန်ပေးဆွဲပြီး သ-တ်ပစ်ခဲ့တဲ့ FedEx ကားမောင်းသမား Tanner Horner ကို ယမန်နေ့ (မေလ ၅ ရက်) မှာ တရားရုံးက ဆေးထိုး ကွပ်မျက်ရမယ့်​ေ/သ ဒဏ်အမိန့် ချမှတ်လိုက်ပါတယ်။

ဒီအမှုဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း တက္ကဆက်ပြည်နယ် ပါရာဒိုက်စ်မြို့လေးမှာ ဖြစ်ပွားခဲ့ပြီး လူထုကြား ဒေါသထွက်စရာ အမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

Athena ဟာ သူမအတွက် ခရစ္စမတ်လက်ဆောင် လာပို့တဲ့ FedEx ကားမောင်းသမားရဲ့ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးသွားကာ (၂) ရက်အကြာမှာ သူမရဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရပါတယ်။

အသက် (၃၄) နှစ်အရွယ် Horner က ဖမ်းဆီးခံရပြီးနောက် သူဟာ Athena ကို ကားနဲ့ မတော်တဆ တိုက်မိသွားလို့ လူမသိအောင် ကားပေါ် တင်သွားခဲ့တာလို့ ကနဦး ထွက်ဆိုခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ဒီကလေးမလေးက တစ်စုံတစ်ဦးကို ကားတိုက်ခံရတဲ့အကြောင်း ပြန်ပြောပြမှာ စိုးရိမ်တာကြောင့် လည်ပင်းညှစ်သတ်လိုက်တာလို့ ဝန်ခံခဲ့ပါတယ်။

ခရိုင်ရှေ့နေ James Stainton ကတော့ Athena လေးဟာ ပြန်ပေးဆွဲခံရပြီးနောက် ဒဏ်ရာရရှိထားပုံ မရဘဲ FedEx ကားပေါ်မှာ အကောင်းအတိုင်းရှိနေတဲ့ ဗီဒီယိုမှတ်တမ်းကို တရားရုံးမှာ သက်သေပြခဲ့ပါတယ်။

Horner က ကလေးမလေးကို "မအော်နဲ့၊ အော်ရင် မင်းကို နာအောင်လုပ်မယ်" လို့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ယခု အမှုကို သီတင်း (၂) ပတ်ကြာ ကြားနာစစ်ဆေးပြီးနောက် ဂျူရီအဖွဲ့က Horner ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအစား ဆေးထိုး ကွပ်မျက်ရမယ့် သေဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဂျူရီအဖွဲ့ရဲ့ ဒီစီရင်ချက်အပေါ် Athena ရဲ့ မိခင် Maitlyn Gandy ကလည်း ထောက်ခံခဲ့ပါတယ်။

"သူ အသက်ရှူနေတဲ့ အချိန်တိုင်းဟာ ကျွန်မသမီးလေး ဆုံးရှုံးသွားတဲ့ အသက်ရှူသံတွေပဲ" လို့ Gandy က ကြေကွဲစွာ ပြောခဲ့ပါတယ်။
ရှေ့နေ Stainton က Horner ရဲ့ DNA တွေကို (၇) နှစ် သမီးလေးရဲ့ ကိုယ်ပေါ်မှာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ကားနဲ့ တိုက်မိလို့ ကားပေါ်တင်သွားတယ်ဆိုတဲ့ Horner ရဲ့ ပြောကြားမှုဟာ လိမ်ညာထွက်ဆိုမှုသာ ဖြစ်ကြောင်း၊ Athena ဟာ Horner ကို အသည်းအသန် ပြန်လည် ခုခံခဲ့တာကြောင့် သူမရဲ့ လက်သည်းတွေထဲမှာ Horner ရဲ့ DNA ကို တွေ့ရှိခဲ့ရတာဖြစ်ကြောင်း ရှေ့နေ တရားရုံးမှာ သက်သေပြခဲ့ပါတယ်။

Horner ရဲ့ ရှေ့နေကတော့ သူ့အမှုသည်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရှိနေကြောင်း၊ သူ့မိခင်က ကိုယ်ဝန်ဆောင်စဉ်မှာ အရက်သောက်ခဲ့ပြီး Horner ကိုယ်တိုင်ကလည်း အော်တစ်ဇင် (autism) ဝေဒနာရှင် ဖြစ်တာကြောင့် ယခုလို ဖြစ်ရတာလို့ ခုခံလျှောက်လှဲခဲ့ပေမဲ့ တရားရုံးက လက်မခံခဲ့ပါဘူး။


#အမေရိကန်
MEDIA

မရွှန်းလဲ့ထူး ဆေးဖိုးနှင့်မိသားစု ဘဝရှေ့ရေးအတွက်ကျွန်တော့်ထံမှတဆင့်လှူဒါန်းထားသောအနယ်နယ်အရပ်ရပ်ရေခြားမြေခြားမှလှူဒါန်းအလ...
19/05/2026

မရွှန်းလဲ့ထူး ဆေးဖိုး
နှင့်
မိသားစု ဘဝရှေ့ရေး
အတွက်
ကျွန်တော့်ထံမှတဆင့်
လှူဒါန်းထားသော

အနယ်နယ်အရပ်ရပ်
ရေခြားမြေခြားမှ
လှူဒါန်းအလှူငွေ
23223013.25ကျပ်အား

မရွှန်းလဲ့ထူး
မိခင်အမည်ဖြင့်
MABဘဏ်တွင်
စာရင်းသေအပ်နှံပေးခြင်း
နေ့တိုးစာရင်းဖွင့်အပ်ပေးခြင်းများ
လုပ်ဆောင်ပေးခဲ့ပြီ
ဖြစ်ပါသည်ခင်ဗျာ

Dr.ကျော့သာစိန်မှ
ကျွန်တော်ထံတွင်ရရှိသော
အလှူငွေများထဲမှ
သိန်း၅၀ကျပ်အား

မရွှန်းလဲ့ထူး
ဆေးဖိုး
ခရီးစရိတ်များ
လိုအပ်လျှင်သုံးနိူင်ရန် အတွက်
ထိမ်းသိမ်းခိုင်းထား၍
ချန်ရစ်ပြီး
အလုံးစုံပေးအပ်ပြီး
ဖြစ်ပါသည်ခင်ဗျာ
(မရွှန်းလဲ့ထူး ဆေးကုသခံယူနေချိန်အထိသာဖြစ်ပါသည်)

ဖြစ်စဉ်
အစမှ
ယနေ့အထိ

အငြိမ်းစား ဆရာဝန်မကြီး
Dr.ကျော့သာစိန်
အနုပညာရှင်
ဥက္ကာမင်းသာ
နှင့်
လုပ်ကိုင်ကူညီပေးကြသူများ

အကြံဉာဏ်ပေးသူများ
ခွဲစိတ်ကုသပေးသော
ကျန်းမာရေးဝန်ထမ်းများ
အနယ်နယ်အရပ်ရပ်မှ
လှူဒါန်းသူများ
တစ်ဦး
တစ်ယောက်ခြင်းစီတိုင်းအား

မရွှန်းလဲ့ထူး
မိသားစုကိုယ်စား
ကျေးဇူးအထူး
တင်ရှိပါသည်ခင်ဗျာ
🥰🥰🥰

မူရင်း ကိုလှိုင်ဇေယျာဦး

အောင်ရဲလင်း ကြိုက်ရင်လည်း ကြိုက်ချင်စရာလေးပဲ 😍 အိမ်ဖော်ဆိုတာလေးက ကြည်ကြည်လင်လင် အရပ်သူစ.စ်စ.စ် ရုပ်လေး ❤သူမပြောနဲ့ ငါတော...
19/05/2026

အောင်ရဲလင်း ကြိုက်ရင်လည်း ကြိုက်ချင်စရာလေးပဲ 😍 အိမ်ဖော်ဆိုတာလေးက ကြည်ကြည်လင်လင် အရပ်သူစ.စ်စ.စ် ရုပ်လေး ❤

သူမပြောနဲ့ ငါတောင် မြင်မြင်ချင်း ချစ်စရာလေးလို့ ပြောမိတယ်...အားလုံး လက်ခံလား??


ဒုက္ခသည်ဘဝကနေ အမေရိကန်စစ်တပ်အတွက် AI စစ်ရေယာဉ်တွေ တီထွင်ပေးနေတဲ့ မြန်မာနွယ်ဖွား HavocAI ကုမ္ပဏီ CEO ကိုပေါလွင် 🇺🇸⚓️​တစ်ခ...
19/05/2026

ဒုက္ခသည်ဘဝကနေ အမေရိကန်စစ်တပ်အတွက် AI စစ်ရေယာဉ်တွေ တီထွင်ပေးနေတဲ့ မြန်မာနွယ်ဖွား HavocAI ကုမ္ပဏီ CEO ကိုပေါလွင် 🇺🇸⚓️

​တစ်ချိန်က မြန်မာနိုင်ငံကနေ ဒုက္ခသည်အဖြစ် ထွက်ပြေးခဲ့ရတဲ့ ကလေးငယ်တစ်ဦးဟာ ယနေ့အချိန်မှာတော့ အမေရိကန်စစ်တပ်အတွက် AI နည်းပညာသုံး မောင်းသူမဲ့ရေယာဉ်တွေ တီထွင်ထုတ်လုပ်ပေးနေတဲ့ ကာကွယ်ရေးနည်းပညာကုမ္ပဏီရဲ့ CEO တစ်ဦး ဖြစ်လာခဲ့တယ်လို့ Forbes မဂ္ဂဇင်းက အထူးတလည် ရေးသားဖော်ပြလိုက်ပါတယ်။

​သူကတော့ HavocAI ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် (CEO) ကိုပေါလွင် ပဲ ဖြစ်ပါတယ်။

​ဘဝဖြတ်သန်းမှု ခရီးလမ်း

​၁၉၉၅ ခုနှစ်ဝန်းကျင် အသက် ၁၀ နှစ်အရွယ်မှာ မိဘတွေနဲ့အတူ မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ရောက်ရှိခဲ့ပါတယ်။

​ကယ်လီဖိုးနီးယားပြည်နယ်မှာ အခြေချနေထိုင်ခဲ့ပြီး ဖခင်ဖြစ်သူက ကုန်တင်ကားမောင်း၊ မိခင်ဖြစ်သူက သူနာပြုအကူအဖြစ် ရုန်းကန်လှုပ်ရှားခဲ့ကြရပါတယ်။

​၂၀၀၀ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံသားဖြစ်လာပြီးနောက် အမေရိကန်ရေတပ် စစ်တက္ကသိုလ် (US Naval Academy) တက်ရောက်ခဲ့ကာ အမေရိကန်ရေတပ်မှာ ၁၁ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ဆင်ရေးတွေမှာလည်း ပါဝင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

​အနာဂတ်စစ်ပွဲများနှင့် HavocAI

လက်ရှိမှာ ကိုပေါလွင်ဟာ HavocAI ကုမ္ပဏီကို တည်ထောင်ပြီး အမေရိကန်စစ်တပ်အတွက် ဈေးနှုန်းသက်သာပြီး အစုလိုက်အပြုံလိုက် အသုံးပြုနိုင်မယ့် AI မောင်းသူမဲ့ရေယာဉ်တွေကို တီထွင်နေပါတယ်။ ၎င်းရဲ့အဆိုအရ အနာဂတ်စစ်ပွဲတွေမှာ တန်ဖိုးကြီးစစ်သင်္ဘောကြီးတွေထက် ဈေးသက်သာပြီး အရေအတွက်အများကြီး ထုတ်လုပ်နိုင်တဲ့ မောင်းသူမဲ့ ဝေဟင်/ရေပြင်ယာဉ်တွေက ပိုမိုအရေးပါလာမယ်လို့ ဆိုပါတယ်။

​တရုတ်၏ စစ်ရေးဩဇာကို တားဆီးခြင်း

ကိုပေါလွင်ဟာ မြန်မာစစ်တပ်ကို ပံ့ပိုးပေးနေတဲ့ တရုတ်အစိုးရအပေါ် အမြင်မကောင်းကြောင်း ပွင့်လင်းစွာ ပြောဆိုထားသလို၊ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးကိုလည်း အားပေးထောက်ခံသူ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ စစ်ရေးဩဇာချဲ့ထွင်မှုကို တားဆီးဖို့အတွက် ၎င်းတို့ HavocAI ရဲ့ နည်းပညာတွေက အဓိကအခန်းကဏ္ဍကနေ ကူညီပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

​လက်ရှိမှာ HavocAI ကုမ္ပဏီဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန (Pentagon) ထံ မောင်းသူမဲ့ရေယာဉ်တွေ ရောင်းချခွင့်ရရှိထားပြီး အချိန်တိုအတွင်း ဒေါ်လာသန်းချီ ဝင်ငွေရရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

​(ဓာတ်ပုံ - HavocAI အမှုဆောင်အရာရှိချုပ် ကိုပေါလွင်)

​ #မြန်မာနွယ်ဖွား #အောင်မြင်မှုသတင်း

ဇနီးဖြစ်သူကို အသက်ဆုံးရှုံးအောင် အောက်လမ်းနည်းပညာနဲ့ လုပ်ထားတဲ့သူကို သိရှိရပီလို့ ပြောလာတဲ့ မင်းသားကြီး စိုင်းသီဟ
19/05/2026

ဇနီးဖြစ်သူကို အသက်ဆုံးရှုံးအောင် အောက်လမ်းနည်းပညာနဲ့ လုပ်ထားတဲ့သူကို သိရှိရပီလို့ ပြောလာတဲ့ မင်းသားကြီး စိုင်းသီဟ

住所

Tokyo Fussa Shimo
Fussa, Tokyo
197-0023

電話番号

+959774792436

ウェブサイト

アラート

KZ MEDIAがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

KZ MEDIAにメッセージを送信:

共有する