Life Chapter မိမိကိုယ်သာအားကိုးရာ !!!

မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်အခါက လှုပ်ခတ်ခဲ့သော ငလျင်ကြီး (၆)သွယ်...၁ ~ ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း- ကဆုန်လပြည့်...
23/04/2025

မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်အခါက
လှုပ်ခတ်ခဲ့သော ငလျင်ကြီး (၆)သွယ်...

၁ ~ ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း

- ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၊ မိုးသောက်ယံအချိန်မှာ ကိလေသာ အလုံးစုံကို အကုန်ပယ်သတ်နိုင်တဲ့ အာသဝက္ခယဉာဏ်တော်ကို ရတော်မူပြီ သဗ္ဗညုတရွှေဉာဏ်တော်ပိုင်ရှင် မြတ်ဘုရားအဖြစ်သို့ ရောက်ရှိသွားချိန်မှာ မြေကြီးသည် အားပြင်းစွာ တုန်လှုပ်ခဲ့ပါတယ်။

လှုပ်ခတ်ရခြင်း အဓိပ္ပါယ် - ကမ္ဘာပေါင်းများစွာ သံသရာဝဋ်ဆင်းရဲမှာ ကျင်လည်ခဲ့ပြီးနောက် ဉာဏ်အလင်း ရတော်မူသော မြတ်စွာဘုရားရှင် ပွင့်တော်မူသည်ကို မြေကြီးက သက်သေခံပေးခြင်းဖြစ်ပါတယ်။

၂ ~ ပထမဦးဆုံး ဓမ္မစကြာတရားတော် ဟောကြားခြင်း(ဓမ္မစက္ကပ္ပဝတ္တနသုတ်)

- ဘုရားဖြစ်ပြီ မိဂဒါဝုန်တောထဲမှာ ပဉ္စဝဂ္ဂီငါးပါးကို ပထမဦးဆုံး "တရားဦး" ဖြစ်တဲ့ "ဓမ္မစကြာ တရားတော်" ကို ဟောကြားချိန်မှာ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ်။

လှုပ်ခတ်ရခြင်း အဓိပ္ပါယ် - ဘုရားရှင်ရဲ့ သာသနာတော် စတင်ထွန်းကားခြင်းအနေနဲ့ လှုပ်ခတ်ခြင်းဖြစ်ပါတယ်။

၃ ~ တန်ခိုးပြာဋိဟာပြခြင်း (ယမကပါဋိဟာရိယ)

- ဘုရားရှင် သာဝတ္ထိမြို့ကို ရောက်စဉ်မှာ ဘုရားကိုလာပြိုင်ဆိုင်တဲ့ ရသေ့တို့ရဲ့ မာနကို ချိုးနှိမ်ရန်အလို့ငှာ ဝေဟင်သို့ ကြွတက်ပြီ တန်ခိုးပြာဋိဟာကို ပြတော်မူတဲ့အခါ ကမ္ဘာမြေကြီး တုန်လှုပ်ခဲ့ပါတယ်။

လှုပ်ခတ်ရခြင်း အဓိပ္ပါယ် - ဘုရားရှင်ရဲ့ အံ့ဖွယ်တန်ခိုးတော်ဟာ အသာလွန်ဆုံးဖြစ်တော်မူခြင်းကို ပြသလိုခြင်းဖြစ်ပါတယ်။

၄ ~ ပရိနိဗ္ဗာန်ပြုတော့မည်ဟု ကြေညာခြင်း (မဟာပရိနိဗ္ဗာန)

- မြတ်စွာဘုရား ပရိနိဗ္ဗာန်မပြုမီ ၃လအလို ကုသိနာရုံပြည်မှာ ပရိနိဗ္ဗာန်ပြုတော့မည့်အကြာင်းကို ကြေညာသောအခါ ကမ္ဘာမြေကြီးဟာ တုန်လှုပ်ခဲ့ပါတယ်။

လှုပ်ခတ်ရခြင်း အဓိပ္ပါယ် - လောကသုံးပါးရဲ့ ကြီးမြတ်သော အလင်းရောင်ဟာ ကမ္ဘာလောကမှ ထွက်ခွာတော့မည်ဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာလောကကြီး တုန်လှုပ်ခြင်းဖြစ်ပါတယ်။

၅ ~ ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း

- အင်ကြင်းပင်နှစ်ပင်ကြားလျောင်းတော်မူ၍

" ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာ မိဝေါ
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ။ "

"ချစ်သားရဟန်းတို့...
သင်တို့ကို ယခု နောက်ဆုံးအနေနဲ့ ငါဘုရား မှာ ကြားတော့မယ်။ရုပ် နာမ် ဓမ္မ သင်္ခါရတရားတို့သည်
ပျက်စီးခြင်းသဘော ရှိကြကုန်၏။ထို့ကြောင့် သင် ချစ်သားတို့သည် မမေ့မလျော့သော သတိတရားဖြင့်
ပြီးပြည့်စုံအောင် အားထုတ် ကြကုန်လော့။ " ဟုနောက်ဆုံး မှာကြားတော်မူပြီးနောက် ပရိနိဗ္ဗာန် စံဝင်တော်မူသော တခဏ၌ ပထဝီမြေကြီးဟာ ပြင်းထန်စွာတုန်လှုပ်ခဲ့ပါတယ်။

လှုပ်ခတ်ရခြင်း အဓိပ္ပါယ် - လောကသုံးပါးရဲ့ အားထားရာ မြတ်စွာဘုရားရှင်ဟာ သံသရာမှ အပြီးတိုင်ထွက်ခွာသွားခြင်းကြောင့် ဝမ်းနည်းပူဆွေးခြင်းအနေနဲ့ ကမ္ဘာမြေကြီးမြည်ဟီးလှုပ်ခတ်ခြင်းဖြစ်ပါတယ်။

၆ ~ ဘုရားရှင်၏ အဓိဋ္ဌာန်တော် (အဓိဋ္ဌာန)

- ဘုရားရှင်ရဲ့ ခရီးစဉ်တစ်လျှောက် အခါအားလျော်စွာ ဓမ္မကို ခိုင်မြဲစွာ တည်ထောင်ရန် (သို့မဟုတ်) သတ္တဝါတို့ရဲ့ အကျိုးစီးပွားအတွက် ကြီးမားသော အမှုကိစ္စတစ်ခုကို ပြုလုပ်ရန် အဓိဋ္ဌာန် ပြုတော်မူတဲ့အခါ မြေကြီးဟာ တုန်လှုပ်ခဲ့ပါတယ်။

လှုပ်ခတ်ရခြင်း အဓိပ္ပါယ် - ဘုရားရှင်ရဲ့ ခိုင်မာတဲ့ အဓိဋ္ဌာန် ကို သက်သေတည်တဲ့အနေနဲ့ မြေကြီးသည် တုန်လှုပ်ခြင်းဖြစ်ပါတယ်။

ဗုဒ္ဓသာသနံ စိရံတိဌတု🙏🙏🙏


#ဗုဒ္ဓဘုရား
#တရားတော်များ

%

မြတ်စွာဘုရားသာဒီအချိန်မှာ ပွင့်တော်မူမယ်ဆိုရင် သင်ဘာမေးခွန်းတွေ မေးဖြစ်မယ်ထင်လဲ?🙏🙏🙏  #တရားတော်များ #ဗုဒ္ဓဘုရား #အမေးအဖြေ
10/04/2025

မြတ်စွာဘုရားသာဒီအချိန်မှာ ပွင့်တော်မူမယ်ဆိုရင် သင်ဘာမေးခွန်းတွေ မေးဖြစ်မယ်ထင်လဲ?🙏🙏🙏


#တရားတော်များ
#ဗုဒ္ဓဘုရား
#အမေးအဖြေ

ခေတ်ပျက်ကြီးထဲမှာ မေတ္တာမပျက်ခဲ့တဲ့ အထက်တန်းစားများ...ပြီခဲ့တဲ့ ငလျင်ဘေးကြီးကြောင့် လူတန်းစားမျိုးစုံပေါ်လာခဲ့ပါတယ်။ လူတ...
10/04/2025

ခေတ်ပျက်ကြီးထဲမှာ မေတ္တာမပျက်ခဲ့တဲ့
အထက်တန်းစားများ...

ပြီခဲ့တဲ့ ငလျင်ဘေးကြီးကြောင့် လူတန်းစားမျိုးစုံပေါ်လာခဲ့ပါတယ်။

လူတွေဒုက္ခမျိုးစုံရောက်တဲ့ထဲမှာ လက်လျှိုပြီ အခွင့်ကောင်းယူသွားတဲ့သူတွေကလည်း အများကြီးပါပဲ။

ဒါဟာ မေတ္တာတရား၊ ဂရုဏာတရားထားဖို့ အမြဲဆုံးမ ခံရတဲ့ 'မြန်မာနိုင်ငံ' မှာပါ။ အရမ်းရယ်ချင်စရာကောင်းပါတယ်။

ဒီလိုလူတွေကြားထဲမှာမှ လေးစားအတုယူစရာကောင်းတဲ့ အထက်တန်းစားပုဂ္ဂိုလ်တွေကိုလည်းအများကြီးတွေ့ရပါတယ်။

ကိုယ့်ဆီမှာ မပြည့်စုံလည်း မေတ္တာဂရုဏာနဲ့ ဒုက္ခတွေရောက်နေတဲ့သူတွေကို ဖေးမကူညီကြတဲ့ အထက်တန်းစားပုဂ္ဂိုလ်တွေကို သာဓုခေါ်လိုက်ရပါတယ်။ 🙏🙏🙏

လိုင်းပေါ်မတက်လာတဲ့ မလူမသိသူမသိ မေတ္တာတွေပေးခဲ့ကြတဲ့ပုဂ္ဂိုလ်တွေကိုလည်း သာဓုခေါ်အပ်ပါတယ်...


#တရားတော်များ
#ငလျင်ဘေးဒဏ်
#မေတ္တာ


တစ်ချို့လူတွေ ဝဠ်ကြွေးတွေပေးဆပ်ခဲ့ကြပြီပြီကျန်နေခဲ့တဲ့ ကျုပ်တို့ရော ဘာဝဠ်ကြွေးတွေ  ပေးဆပ်ရဦးမှာလဲ?ဘယ်လိုပုံ ဘယ်လိုနည်းတွ...
07/04/2025

တစ်ချို့လူတွေ ဝဠ်ကြွေးတွေပေးဆပ်ခဲ့ကြပြီပြီ

ကျန်နေခဲ့တဲ့ ကျုပ်တို့ရော ဘာဝဠ်ကြွေးတွေ ပေးဆပ်ရဦးမှာလဲ?

ဘယ်လိုပုံ ဘယ်လိုနည်းတွေနဲ့ ဒုက္ခတွေဟာ ကျုပ်တို့ဆီလာဦးမှာလဲ?

ကျုပ်တို့ ကျန်နေသေးတယ်ဆိုတာ ကုသိုလ်ကောင်းမှုတွေ လုပ်ဖို့ အခွင့်ရေးပေးနေတာ / သတိပေးနေတာ...

ဒါ့ကြောင့် ကပ်ဆိုက်နေတဲ့ခေတ်ကြီးထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေကို တတ်နိုင်သမျှ ဖိနှိပ်ကြပြီ ကောင်းမှုကုသိုလ်တွေများများလုပ်ကြရအောင်...

" သံသရာလည်နေသ၍ ဆင်းရဲခြင်းရှိရဦးမှာပါ "
🙏🙏🙏


#ဗုဒ္ဓဘုရား
#သံသရာ
#ဝဠ်ကြွေး

အရေးကိစ္စတစ်ခုခုကြုံလို့ ဘာမှလုပ်မထိကိုင်မထိတော့ဘူးဆိုရင် ဒါလေးရွတ်ဖတ်ပူဇော်လို့ရပါတယ်။🙏🙏🙏"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ...
07/04/2025

အရေးကိစ္စတစ်ခုခုကြုံလို့ ဘာမှလုပ်မထိကိုင်မထိတော့ဘူးဆိုရင် ဒါလေးရွတ်ဖတ်ပူဇော်လို့ရပါတယ်။🙏🙏🙏

"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"

အနက်ဓိပ္ပါယ် ;

- သမ္မာသမ္ဗုဒ္ဓဿ : သစ္စာလေးပါးတရားမြတ်ကို ကိုယ်တိုင် မှန်ကန်စွာ သိမြင်တော်မူသော။
- အရဟတော : ကိလေသာအညစ်အကြေးတို့မှ ကင်းစင်တော်မူသော။
- ဘဂဝတော : ဣဿရိယ,ဓမ္မ,ယသ,သိရီ,ကာမ,ပယတ္တ,တည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူထသော။
- တဿ : (ဗုဒ္ဓဿ) ထိုမြတ်စွာဘုရားအား။
- နမော : ရှိခိုးပါ၏ အရှင်ဘုရား။

ပေါင်းချုပ်အဓိပ္ပါယ် ;

ဘုန်းတော်ခြောက်ပါးအစရှိသော အကောင်းဆုံးဂုဏ်တော်များနဲ့ ပြည့်စုံတော်မူပြီး ကိလေသာအညစ်အကြေးတွေက လုံးဝကင်းစင်ကာ သစ္စာလေးပါးတရားကို ကိုယ်တိုင်သိမြင်တော်မူတဲ့ မြတ်စွာဘုရားကို ကျွန်တော်မျိုး (ကျွန်မမျိုး) ရိုသေမြတ်နိုးစွာ ရှိခိုးပါတယ်။


#ဗုဒ္ဓဘုရား
#နမောတဿ

ကမ္ဘာပေါ်မှာ အရေးကြီးဆုံးက "မေတ္တာတရား" မဟုတ်လား..- ပိုက်ဆံရှိတယ် ဒါပေမယ့် သဘာဝဘေးအန္တရာယ်နဲ့ မလွတ်ဘူး။- ကျန်းမာရေးကောင်...
06/04/2025

ကမ္ဘာပေါ်မှာ အရေးကြီးဆုံးက "မေတ္တာတရား" မဟုတ်လား..

- ပိုက်ဆံရှိတယ် ဒါပေမယ့် သဘာဝဘေးအန္တရာယ်နဲ့ မလွတ်ဘူး။

- ကျန်းမာရေးကောင်းတယ် သဘာဝဘေးအန္တရာယ်က ခေါ်ဆောင်သွားပြန်တယ်။

- ခင်ဗျား ဘယ်လောက် ရှောင်ရှောင်လွတ်ချင်မှလွတ်မယ်။

- ကမ္ဘာကြီးကိုဆေးကြောသန့်စင်ပေးမှာလည်း သဘာဝတရားကြီးပါပဲ။

သေတဲ့သူကသေ ကျန်တဲ့သူကလည်း ပူပင်သောကတွေနဲ့

သဘာဝကြီးက ဒဏ်ခတ်လိုက်တဲ့အခါ ကမ္ဘာကြီးဟာမျက်ရည်ကျရတယ်

ဗုဒ္ဓဘာသာလား၊ ခရစ်ယာန်လား၊ ဟိန္ဒူလား၊ အစ္စလာမ်လား?

နောက်ဆုံးကျန်ခဲ့တာ လူသား၊ သတ္တဝါတွေနဲ့ "မေတ္တာတရား" ပါပဲ

ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုဝဋ်ကြွေးတွေပေးဆပ်ရမလဲ မသိကြတဲ့အတွက် အချင်းချင်း မေတ္တာတရားတွေထားပြီး ကောင်းတာလေးတွေလုပ်ကြရအောင်လား....🙏🙏🙏


#မေတ္တာတရား
#🙏🙏🙏

‼️လူတွေ ​သေဆုံးပြီရင် မကျွတ်မလွတ် ဝိဉာဉ်ဘဝနဲ့ (၇)ရက်နေတယ်ဆိုတာ မှန်လား?ခုအခြေအနေတွေကြား အသက်ပေးဆပ်လိုက်ရတဲ့သူ တစ်ချို့တွ...
05/04/2025

‼️လူတွေ ​သေဆုံးပြီရင် မကျွတ်မလွတ် ဝိဉာဉ်ဘဝနဲ့ (၇)ရက်နေတယ်ဆိုတာ မှန်လား?

ခုအခြေအနေတွေကြား အသက်ပေးဆပ်လိုက်ရတဲ့သူ တစ်ချို့တွေဟာ မကျွတ်မလွတ်ဖြစ်နေကြတယ်လို့ ကြားသိရပါတယ်။ မြန်မာလူမျိုးတွေအနေနဲ့ ​သေဆုံးပြီရင် (၇)ရက် မကျွတ်မလွတ်ပဲ လိုက်သွားနေတယ်လို့ထင်ကြပါတယ်။

ဒါဟာ မှားယွင်းတဲ့ အတ္တဝါဒတစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းကို လှည်းကူးဆရာတော် အရှင်အဘယာလင်္ကာရက ဒီလိုမျိုးမိန့်တော်မူခဲ့ဖူးပါတယ်။

" လူ​တွေသေရင် အိမ်မှာ (၇)ရက်နေတယ်ဆိုတာ ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်ဘူး။ အတ္တဝါဒသာဖြစ်တယ်။ဗုဒ္ဓဘာသာတွေမှာ အဲ့အယူအဆမရှိရဘူး။ လူသေပြီဆိုလို့ရှိရင် ချက်ချင်းကိုအမျှဝေတာကောင်းတယ်။ ဒီနေ့သေရင် ဒီနေ့အမျှဝေလိုက်။ အကယ်၍မကျွတ်မလွတ်ဖြစ်နေလို့ရှိရင်လည်း အဲ့တာ ဝိဉာာဉ်ဖြစ်နေတာမဟုတ်ဘူး ပြိတ္တာဖြစ်နေတာ၊ ပြတ္တာဘုံဘဝရောက်နေတာ။ တစ်ချို့က အဲ့ပြိတ္တာကောင်ကိုပဲ ဝိဉာာဉ်အနေနဲ့ ခုနှစ်ရက်နေတယ်ထင်နေတာ "

ဆရာတော်တိုင်းဟာ ဒီလိုပဲ ဟောကြားခဲ့တာပါ။ဒါ့ကြောင့် ဝိဉာာဉ်အနေနဲ့ (၇)ရက်နေတယ်ဆိုတဲ့ အယူအဆဟာ ဗုဒ္ဓဘာသာအယူအဆမဟုတ်တဲ့အတွက် အဲ့လိုမှားယွင်းတဲ့ အသိကို စွန့်လွှတ်ထားသင့်ပါတယ်။

အကယ်၍ တစ်ယောက်ယောက်ဆုံးလို့ ကိုယ်က သူ့ကို မြင်ရအသံကိုကြားရနေတယ်ဆိုရင် သေချာတာက "အစွဲအလမ်းတွေကြောင့် ပြိတ္တာဘုံဘဝ" ရောက်နေပြီဆိုတာ နှလုံးသွင်းပြီ ကုသိုလ်လုပ် အမျှဝေပေးလိုက်ပါ။🙏🙏🙏


#မဟာဝိဟာရလှည်းကူးဆရာတော်
#ဗုဒ္ဓအဆုံးအမ
#တန်ဖိုး

"အနားမှာရှိတုန်း တန်ဖိုးထားပါ"ခုလိုအခြေအနေတွေကြားထဲမှာ 6သကွဲ,ကွဲ ခဲ့ရတဲ့ လူတွေအများကြီးရှိတယ်ဆိုတာ အားလုံးအသိပါ။ "ကွေးသေ...
04/04/2025

"အနားမှာရှိတုန်း တန်ဖိုးထားပါ"

ခုလိုအခြေအနေတွေကြားထဲမှာ 6သကွဲ,ကွဲ ခဲ့ရတဲ့
လူတွေအများကြီးရှိတယ်ဆိုတာ အားလုံးအသိပါ။

"ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ" ဆိုတဲ့စကားအတိုင်း ခုဖြစ်ခုပျက်တဲ့ အနိစ္စသဘောတရားတွေ မြန်မာနိုင်ငံကလူတွေ အားလုံးမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါပြီ။

ငလျင်ဒဏ်ခံစားခဲ့ရတဲ့သူတွေရဲ့ မျက်ရည်သောကတွေကိုလည်း ကျွန်တော်တို့လည်း ခံစားခဲ့ကြရတာအမှန်ပါ။

ဒါကြောင့် ထပ်ဆောင်းပြီ အသိပေးလိုက်ချင်တာကတော့ ကိုယ့်ကိုချစ်တဲ့လူတွေ (ဒါမှမဟုတ်) ကိုယ်ကချစ်ရတဲ့လူတွေ ရဲ့ လက်တစ်စုံဟာ ကိုယ့်အနားမှာရှိနေတုန်း

- တန်ဖိုးထားပေးကြပါ။
- မေတ္တာတရားတွေနဲ့ဆက်ဆံပေးကြပါ။
- ဂရုဏာတရားတွေနဲ့ဆက်ဆံပေးကြပါ။
- ကျွေးချင်တာတွေ ပေးချင်တာတွေလည်း ပေးကြ ကျွေးကြပါ။

အဖေ၊အမေ၊ ညီအကိုမောင်နှမနဲ့ မိသားစုဝင်သဖွယ်
ချစ်ခင်မြတ်နိုးရတဲ့သူတွေကို ချစ်ကြောင်းပြောကြပါ။

ဘယ်အချိန်မှာ ဘယ်လိုနည်း ဘယ်လိုပုံနဲ့ ခွဲခွာကြရမလဲဆိုတာအားလုံးမသိကြတဲ့အတွက် "ရှိတုန်း တန်ဖိုးထားကြပါ"🙏🙏🙏


#စာစု
#မိသားစု
#တန်ဖိုး

မြန်မာနိုင်ငံမှာ ဘာ့ကြောင့် ကပ်တွေဆိုက်ရောက်နေရတာလဲ?ကပ်ဆိုက်ရတဲ့အကြောင်းကို ပါချုပ်ဆရာတော်ဘုရားကြီးက ဒီလိုမိန့်တော်မူခဲ့...
04/04/2025

မြန်မာနိုင်ငံမှာ ဘာ့ကြောင့် ကပ်တွေဆိုက်ရောက်
နေရတာလဲ?

ကပ်ဆိုက်ရတဲ့အကြောင်းကို ပါချုပ်ဆရာတော်ဘုရားကြီးက ဒီလိုမိန့်တော်မူခဲ့ဖူးပါတယ်။🙏

" လူတွေရဲ့ စရိုက်တွေကြောင့် လောကကြီးတစ်ခုလုံးက ကပ်တွေဆိုက်နေရတာပဲဖြစ်တယ်။ လူတွေရဲ့လုပ်ရပ်ဟာ မှန်ကန်တဲ့လမ်းကြောင်းနဲ့ သွေဖီဆန့်ကျင်လာပြီဆိုရင် လူတွေကိုဒဏ်ခတ်တဲ့အနေနဲ့ သဘာဝတရားကြီးဟာ လူတွေကိုပြန်ပြီတော့
ဒုက္ခပေးလာတယ် "

ဒါတွေဟာ မှန်ကန်တဲ့ ဟောကြားချက်တွေပါ။ ကျုပ်တို့အချက်အလက်ကျကျစဉ်းစားကြည့်ရင် လူတွေရဲ့ လုပ်ရပ်တွေကြောင့် ကမ္ဘာကြီးဟာညစ်ညမ်းလာတယ်။လေထု၊မြေထု၊ရေထုတွေဟာလည်း ညစ်ညမ်းလာတာနဲ့အမျှ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်ဖို့ အခြေအနေတွေဖန်တီးလာစေပါတယ်။ ခုဆိုရင်ကမ္ဘာကြီးဟာ အရမ်းနေမကောင်းဖြစ်နေပါပြီ။ လူတွေဟာလည်း ခုထိ လောဘ၊ဒေါသ၊မောဟတွေနဲ့
ငြိတွယ်တုန်းပါပဲ။

ဒါ့ကြောင့် လူဖြစ်တဲ့ခဏမှာ-
- ကမ္ဘာကြီးအပေါ်မေတ္တာထားပါ
- သတ္တဝါတွေအပေါ်မေတ္တာထားပါ
- အချင်းချင်းဝိုင်းဝန်းကူညီဖေးမကြပါ
ကိုယ်က အားလုံးအပေါ်မေတ္တာထားရင် မေတ္တာတရားရဲ့ရောင်ပြန်ဟပ်တာတွေခံစားရပါလိမ့်မယ်🙏🙏




#ပါချုပ်ဆရာတော်ဘုရားကြီး

ဧပြီတစ်ရက်နေ့ ၊ ဆုံးရှုံးမှုတွေ ၊ဝမ်းနည်းခြင်းတွေနဲ့အတူ အားလုံးအတွက် ကောင်းခြင်းတွေကိုသာ ဆုတောင်းပါတယ်။ ထွက်ခွာသွားသူရော...
01/04/2025

ဧပြီတစ်ရက်နေ့ ၊ ဆုံးရှုံးမှုတွေ ၊ဝမ်းနည်းခြင်းတွေနဲ့အတူ အားလုံးအတွက် ကောင်းခြင်းတွေကိုသာ ဆုတောင်းပါတယ်။

ထွက်ခွာသွားသူရော ကျန်ခဲ့တဲ့သူပါ အရာရာဟာ ဘေးဘယာဝေးကွာလို့ အဆင်ပြေချောမွေ့ကြပါစေ ။



အမြန်ဆုံးအဆင်ပြေကြပါစေ ။
30/03/2025

အမြန်ဆုံးအဆင်ပြေကြပါစေ ။

မြန်မာငလျင်ဘေးအတွက် ဥရောပသမဂ္ဂက ကနဦးအရေးပေါ်အကူအညီအဖြစ် ယူရို ၂ ဒသမ ၅ သန်း ကူညီပံ့ပိုးဖို့ ဆုံးဖြတ်ကြောင်း ထုတ်ပြန်ပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ နောက်ထပ်အကူအညီတွေ ပေးအပ်ပံ့ပိုးနိုင်ဖို့အတွက် မြေပြင်အခြေအနေနဲ့ လိုအပ်ချက်တွေကိုလည်း အကဲဖြတ်နေတယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်ပြီးချိန်ကစလို့ အခြေအနေကို စောင့်ကြည့်နေပြီး သက်ရောက်မှု အခြေအနေတွေကို လွယ်လွယ်ကူက အကဲဖြတ်ဆောင်ရွက်နိုင်ဖို့ ကမ္ဘာ့မြေမျက်နှာပြင် စောင့်ကြည့်ရေးစနစ်ကိုလည်း အသက်သွင်းတပ်ဆင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
#မြန်မာနိုင်ငံ #ငလျင်ဘေးသင့်ဒေသ #အရေးပေါ်အကူအညီ #ဥရောပသမဂ္ဂ

ပျောက်ဆုံးနေသူ သို့မဟူတ် အဆက်သွယ်မရတဲ့ သူများကို Mizzima သို့ လူပျောက်ကြော်ညာ ပေးပို့နိုင်ပါတယ် ။
30/03/2025

ပျောက်ဆုံးနေသူ သို့မဟူတ် အဆက်သွယ်မရတဲ့ သူများကို Mizzima သို့ လူပျောက်ကြော်ညာ ပေးပို့နိုင်ပါတယ် ။



လူပျောက်ကြော်ငြာပေးပို့နိုင်ပါသည်

မကြုံစဖူး အင်အားပြင်းထန်လှသည့် ငလျင်ကြီးကြောင့် ပျောက်ဆုံးနေသူ သို့မဟုတ် အဆက်သွယ်မရဘဲဖြစ်နေသည့် မိမိတို့ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမများနှင့် ပတ်သက်၍ ကြော်ငြာပေးစေလိုလျှင် မဇ္ဈိမသို့ [email protected] အီးမေးလ်ပို့၍ဖြစ်စေ၊ ဗိုင်ဘာမှတဆင့်ဖြစ်စေ ပျောက်ဆုံးနေသူ အမည်၊ အလုပ်အကိုင်၊ နောက်ဆုံးအဆက်အသွယ်ရရှိခဲ့သောအချိန်နှင့် ပျောက်ဆုံးသွားသည်ဟု ယူဆရသော နေရာတို့ကို ရေးသားပေးပို့နိုင်ကြပါသည်။ ဗိုင်ဘာကိုရယူရန် QR code ကို scan ဖတ်လိုက်ပါ။

#မဇ္ဈိမသတင်းဌာန

ที่อยู่

Bangkok

เบอร์โทรศัพท์

+6677566798

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Life Chapterผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์