06/06/2026
မန်ဂျာရို (Mounjaro) – တကယ့် Miracle ဆေးလား၊ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ဆေးလား?
မင်္ဂလာပါ။ ဒီနေ့လူအများကြီး စိတ်ဝင်စားနေတဲ့ မန်ဂျာရို (Mounjaro) ဆိုတဲ့ ပိန်ဆေးအကြောင်း အသေးစိတ် ပြောပြချင်လို့။ ဂျပန်၊ ကိုရီးယား၊ အမေရိကန်မှာ celebrity နဲ့ influencer တွေ သုံးနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အခုအချိန်မှာ အရမ်း ဟိုက်ဖြစ်နေပါတယ်။
မန်ဂျာရို ဆိုတာ ဘာလဲ?
Mounjaro ဆိုတာ Tirzepatide ဆိုတဲ့ ဆေးပါ။
မူလက Type 2 Diabetes (ဆီးချိုရောဂါ) ကုသဖို့ ထုတ်လုပ်ထားတာပါ။ ဒါပေမဲ့ ဆေးသုံးသူတွေမှာ ကိုယ်အလေးချိန် အများကြီး ကျသွားတာကို တွေ့ရတော့ “ပိန်ဆေး” အနေနဲ့ ကမ္ဘာတစ်ဝှမ်း လူကြိုက်များလာခဲ့တာပါ။
ဘယ်လို အလုပ်လုပ်သလဲ?
• အစားစားချင်စိတ်ကို သိသိသာသာ လျော့စေတယ်
• ဗိုက်ပြည့်နေတာ ကြာရှည်စေတယ်
• အစာချေဖျက်နှုန်း နှေးကွေးစေတယ်
• သွေးချိုကို ထိန်းညှိပေးတယ်
ဒါကြောင့် သဘာဝကျကျ calorie intake ကျသွားပြီး ကိုယ်အလေးချိန် ကျလာတာပါ။
တကယ် ပိန်နိုင်လား?
ဟုတ်ပါတယ်။ လေ့လာချက်တွေအရ ၃-၆ လ အတွင်း ၁၀kg ကျော် အထိ ကျနိုင်ပါတယ်။ အချို့လူတွေဆို ၁၅-၂၀% အထိ ကျသွားတာ ရှိပါတယ်။
ဒါပေမဲ့ — ဆေးထိုးရုံနဲ့ အလိုလို ပိန်သွားတာ မဟုတ်ပါဘူး။ အစားအသောက် မထိန်းရင်၊ လေ့ကျင့်ခန်း မလုပ်ရင် ပြန်တက်လာနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးရှိလား?
ရှိပါတယ်။
အဖြစ်များဆုံး ဘေးထွက်ဆိုးကျိုးတွေကပျို့အန်ခြင်း
ဝမ်းလျှော / ဝမ်းချုပ်ခြင်း
အစာမကြေခြင်း
အစာမကြေသလို feeling
မစားချင်လို့ အားနည်းသွားခြင်း
တချို့မှာတော့ severe side effects တွေလည်း ဖြစ်နိုင်ပါတယ်။
ဆရာဝန်ကြီးကြပ်မှုမရှိဘဲ သုံးတာ အရမ်းအန္တရာယ်များပါတယ်။
ဂျပန်မှာက prescription လိုအပ်တဲ့ ဆေးပါ။ Diabetes ကုသရေးအတွက် တရားဝင်ရရှိနိုင်ပြီး၊ ပိန်ဆေး အနေနဲ့ အချို့ကလင်းနစ်တွေမှာ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဈေးကြီးပြီး fake product တွေ အများကြီး ရှိနေတော့ သတိထားဖို့ လိုပါတယ်။
အရေးကြီးဆုံး အချက်က
ပိန်ချင်တာ နဲ့ ကျန်းမာချင်တာ က တခါတလေ မတူပါဘူး။
Mounjaro က ကောင်းကောင်း ကူညီပေးနိုင်ပေမဲ့ ဆေး + ကျန်းမာရေးနေထိုင်မှု ပြောင်းလဲမှု နှစ်ခု ပေါင်းစပ်မှ ရေရှည် အောင်မြင်မှာ ဖြစ်ပါတယ်။
အစားအသောက် ထိန်းသိမ်း၊ လေ့ကျင့်ခန်း လုပ်၊ အိပ်စက်မှု ကောင်းအောင် လုပ်ပါ။ ဆေးသုံးဖို့ စိတ်ကူးနေရင် သေချာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဒီဘလော့က အချက်အလက်တွေ ဖြစ်ပြီး ဆေးကုသမှု အကြံပေးချက် မဟုတ်ပါဘူး။ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက်ပါ။
Big Boing