ZIN JAPAN LIFE

ZIN JAPAN LIFE Vlog & Knowledge Sharing

03/05/2026

"ဂျပန်ကို ကျောင်းဗီဇာနဲ့ လာတာ တကယ်ပဲ မှားသွားပြီလား?" 🇯🇵

အခုတလော Social Media ပေါ်မှာ ကျောင်းတက်တာ အချိန်ဖြုန်းတာပဲ၊ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်ဆိုတဲ့ စကားတွေ မကြာမကြာ တွေ့ရပါတယ်။ ဒီစကားတွေက တစ်စိတ်တစ်ပိုင်းတော့ မှန်ကောင်းမှန်နိုင်ပေမဲ့ အားလုံးအတွက်တော့ အမှန်တရားတစ်ခု မဟုတ်နေပါဘူး။

တကယ်တော့ ဒါဟာ ငွေကုန်၊ အချိန်ကုန်တာမျိုး မဟုတ်ဘဲ ကိုယ့်ဘဝ ရှေ့ဆက်ဖို့အတွက် Long-term Personal Investment (ရေရှည်ရင်းနှီးမြှုပ်နှံမှု) လုပ်နေတာပါ။ လူတစ်ယောက်ချင်းစီရဲ့ အခြေအနေ မတူညီနိုင်သလို၊ လျှောက်ရတဲ့ လမ်းကြောင်းချင်းလည်း မတူနိုင်ပါဘူး။ ဘယ်လမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် ကိုယ့်ရဲ့ရွေးချယ်မှုကို တန်ဖိုးထားပြီး အဆုံးထိ ဆက်လျှောက်နိုင်ဖို့က ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုမှာ ကျွန်တော့်ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံနဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားပါတယ်။

📌 ဗီဒီယိုလေးကို ကြည့်ပြီးရင်လည်း အခုလက်ရှိ ညီအစ်ကို မောင်နှမတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲလေးတွေရှိတယ်ဆိုရင် Comment မှာ ဝင်ရောက်ဆွေးနွေးသွားကြပါဦးခင်ဗျာ။

30/03/2026

Japan မှာ "အလုပ်တွေပဲ ဖိလုပ်ပြီး ပိုက်ဆံပဲ စုနေမယ်ဆိုရင် ၅ နှစ်၊ ၁၀ နှစ် ကြာတဲ့အခါ သင့်ဆီမှာ 'ပိုက်ဆံ' တစ်ခုပဲ ကျန်ပါလိမ့်မယ်။"

တကယ်တော့ ပိုက်ဆံဆိုတာကလည်း အခုလိုခေတ်ကြီးထဲမှာ အသုံးမခံပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာက လိုချင်တပ်မက်စရာတွေ၊ မျက်စိကျစရာ အသစ်အဆန်းတွေက အများကြီးရှိနေတာပါ။ ပိုက်ဆံဆိုတာ စုထားရုံနဲ့တင် မလုံလောက်တော့တဲ့ ခေတ်ဖြစ်နေပါပြီ။

ဒါက ကျွန်တော်ကိုယ်တိုင် ဂျပန်မှာဖြတ်သန်းခဲ့ရင်း ရရှိခဲ့တဲ့ သင်ခန်းစာတစ်ခုပါ။ ပိုက်ဆံက အရေးကြီးတာ မှန်ပေမယ့်... အဲ့ဒီထက် ပိုအရေးကြီးတဲ့၊ ဘယ်သူမှ လုယူလို့မရတဲ့ အရာတွေ ရှိပါသေးတယ်။

ဒီ Video မှာ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးထားပါတယ်...

✅ Inner Peace: ပစ္စည်းဥစ္စာတွေထက် ပိုအရေးကြီးတဲ့ စိတ်အေးချမ်းမှု။
✅ Gratitude: ပင်ပန်းနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး ကျေးဇူးတင်တတ်ဖို့။
✅ Professional Skills: ပိုက်ဆံထက် တန်ဖိုးရှိတဲ့ ကိုယ်ပိုင်အရည်အချင်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့။

အခုလိုခက်ခဲလှတဲ့ Japan မှာ ပိုက်ဆံနောက်ပဲ တကောက်ကောက်လိုက်ရင်း ကိုယ့်ရဲ့ 'ပျော်ရွှင်ခွင့်' နဲ့ အိမ်မက်တွေကို လမ်းခုလတ်မှာ အပျောက်မခံပါနဲ့။

住所

Minato, Tokyo

アラート

ZIN JAPAN LIFEがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

ZIN JAPAN LIFEにメッセージを送信:

ショートカット

共有する

カテゴリー