30/08/2025
တစ်ခါတုန်းက အိန္ဒိယပြည်ရဲ့ နာမည်ကြီးရွာတစ်ရွာမှာ မင်္ဂလာပွဲကြီးတစ်ခု ကျင်းပနေတာပေါ့။ ဒီမင်္ဂလာပွဲဟာ လူကြီးချင်းပေးစားတဲ့စနစ်နဲ့ဆိုတော့ သတို့သားနဲ့ သတို့သမီးက မင်္ဂလာဦးညတောင် တစ်ယောက်မျက်နှာတစ်ယောက် သေချာမမြင်ဖူးသေးဘူး။
အဲ့ဒီနေ့က သတို့သမီးလေး လပ်ဗလီဆင်းက မင်္ဂလာဆောင်အဝတ်အစားအပြည့်နဲ့ မျက်နှာပေါ်မှာ အပြုံးပန်းလေးတွေနဲ့ပေါ့။ ဒါပေမယ့် စိတ်ထဲမှာတော့ မကျေနပ်ချက်တစ်ခုရှိနေတယ်။ ဒီယောက်ျားက ပညာတတ်ပါတယ်ဆိုပြီး လူကြီးတွေက လိမ်ညာပြီး ပေးစားထားတာကို သူမသိနေတာကိုး။
ဒါနဲ့ မင်္ဂလာပွဲစခါနီးမှာ လပ်ဗလီဆင်းက သတို့သား ရမ်ဘာရန်းကို မိုက်ခရိုဖုန်းရှေ့မှာ ခပ်တည်တည်ပဲ မေးခွန်းတစ်ခု မေးလိုက်တယ်။ "၁၅ နဲ့ ၆ ပေါင်းရင် ဘယ်လောက်လဲ" တဲ့။
ခက်တာက ရမ်ဘာရန်းက ဒီမေးခွန်းကို ကြက်သေသေနေတာပဲ။ ရေတွက်စက်နဲ့တောင် တွက်လို့မရတဲ့ ပုံစံမျိုးနဲ့ ခေါင်းကုတ်ပြီး စဉ်းစားနေတာ။ နောက်ဆုံးမှာတော့ အောင်မြင်မှုရသွားတဲ့လူတစ်ယောက်လိုပဲ မျက်နှာကို ဝင်းလက်ပြီး အသံကျယ်ကျယ်နဲ့ "၁၇ ပါ!" လို့ဖြေချလိုက်တယ်။
၁၇ ဆိုတဲ့အသံကြားလိုက်တာနဲ့ လပ်ဗလီဆင်းတစ်ယောက် စိတ်တိုဒေါသထွက်ပြီး “နားပါဦးနော်...” ဘာညာမပြောတော့ပဲ ပွဲထဲကနေ ဒေါသတကြီး ထွက်ပြေးတော့တာပဲ။
သတို့သမီးရဲ့အဖေ မိုဟာဆင်းကလည်း ပွဲပျက်မှာစိုးလို့ သမီးဖြစ်သူနောက်ကို ပြေးလိုက်ပြီး "သမီးရယ်၊ နားလည်မှုလေးနဲ့ပေါ့" ဆိုပြီး လိုက်ဖျောင်းဖျတာပေါ့။ ဒါပေမဲ့ သမီးဖြစ်သူက "အဖေရယ်၊ ပထမတန်းကလေးတောင် ဖြေနိုင်တဲ့မေးခွန်းကို မဖြေနိုင်တဲ့သူကို ဘယ်လိုလုပ် လက်ထပ်ရမှာလဲ၊ နောင်တစ်ချိန် သားသမီးတွေမွေးလို့ '၃ သုံးလီ ၉' လို့ သင်ပေးလို့မှ မရရင် ဘယ်လိုလုပ်မလဲ!" ဆိုပြီး ပြန်ငြင်းလိုက်တော့တာပဲ။
ဒီလိုနဲ့ မင်္ဂလာပွဲကြီးဟာလည်း ရယ်စရာတွေနဲ့အတူ ပျက်သွားခဲ့ပြီး နှစ်ဖက်စလုံးက လက်ဖွဲ့ပစ္စည်းတွေ ပြန်အပ်ကြရတယ်။ ဒီအဖြစ်အပျက်ကိုကြည့်ပြီး ကျွန်တော်ဆို စဉ်းစားလို့ရတယ်၊ တကယ်လည်း မယူသင့်ဘူးလေ။ သမီးလေးရဲ့အဖေက သမီးလေးကို ဖြောင်းဖျတော့ သမီးလေးကလည်း တည့်တိုးပဲ ဖြေလိုက်တာ "တစ်တန်းကလေးဖြေနိုင်တဲ့ မေးခွန်းကို မဖြေနိုင်တဲ့သူကို ဘယ်လိုလုပ်လက်ထပ်ရမှာလဲ" တဲ့။
ဟုတ်တယ်လေ၊ လက်ထပ်ပြီးလို့ ကလေးတွေရလာရင် ဒီလူက ဘယ်လိုလုပ် သင်ပေးတော့မှာလဲ? ဒါ့ကြောင့် ဒီလိုကိစ္စမျိုးဆို တကယ်လည်း မယူသင့်ပါဘူး။