09/08/2026
မနက်က ဆရာတစ်ယောက်ရဲ့ ဆောင်းပါးလေး ဖတ်မိတာနဲ့ တွေးမိတာလေးကို ရေးမိတာပါ။ ( ဒီ Post ကတော့ ဆရာကြီးတွေအတွက် မဟုတ်ပါဘူး။)
တရုတ်နိုင်ငံက Low budget films, production တွေနဲ့ သာမန် Studio အသေးစားလေးတွေမှာ လူတွေ အလုပ်ပြုတ်ကုန်တဲ့အကြောင်းလေးပါ။ အခုလက်ရှိ အခြေအနေမှာ Programming, Infrastructure နဲ့ Video Production စတဲ့ နေရာစုံမှာ AI က ထဲထဲဝင်ဝင် ပါဝင်လာတာက အဓိကအကြောင်းရင်းလို့ပဲ ပြောရပါမယ်။ Seedance လို နောက်ဆုံးထွက်လာတဲ့ AI တွေဆိုရင်လည်း တော်တော်ကြီးကို ကြမ်းလာတာ တွေ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိ Programming အပိုင်းမှာ AI က တော်တော်ကို အသုံးတည့်လာသလို၊ အရမ်းကောင်းနေတာကိုလည်း တွေ့ရပါတယ်။
အခုမှ ပြောချင်တဲ့ ပွိုင့်က လာပြီပေါ့နော်။ ကျွန်တော် အဓိက လုပ်ချင်တာက Visual Engineering နဲ့ Creative Technologist ပိုင်းပါ။ အရင်ကဆို လေ့လာသိရှိရမယ့် Scope က ကျဉ်းပေမယ့်၊ ဒီနောက်ပိုင်း ပြောင်းလဲလာတဲ့ အရာတွေကို လေ့လာရင်းနဲ့ နယ်ပယ်က တအားကို ကျယ်ပြန့်လာပါတယ်။
ဥပမာ - ပုံမှန် Programming လောက် သိထားရင် ရပြီထင်ခဲ့ရာကနေ Three.js, React Three Fiber နဲ့ GLSL တို့ပါ သိဖို့ လိုလာတာမျိုး၊ AR/VR ဘက် သွားမယ်ဆို WebGL သိရုံနဲ့ ရလောက်မယ့် အခြေအနေကနေ တခြား Toolkit တွေကိုပါ သိဖို့ လိုအပ်လာတာမျိုးတွေပေါ့။ ပြီးတော့ Video Production ဘက်သွားမယ် ဆိုရင်တောင်၊ ရေရှည်ရပ်တည်ဖို့က AI နဲ့ ပေါင်းစပ်တာတွေအပြင် VFX တွေကို AI၊ 3D Software တွေနဲ့ ပေါင်းပြီး ထိပ်တန်းအဆင့် (High-end) ပြနိုင်ဖို့ လိုအပ်လာတာမျိုးတွေပေါ့နော်။ အစ်ကိုတစ်ယောက် ပြောသလိုပါပဲ၊ အခုက Specialized Knowledge ထက်စာရင် Generally အကုန်သိဖို့ လိုလာတာမျိုး။ ဒါမှလည်း ကိုယ်က နေရာတစ်ခု ရလာမယ်လို့ ထင်ပါတယ်။ (ဒါကတော့ ကျွန်တော့်အမြင်ပေါ့နော်)
အခုလက်ရှိ Unity ကို လေ့လာနေရင်းနဲ့ သိလာရတာက၊ ကျွန်တော်တို့ သိထားတာ များလေလေ၊ AI အကူအညီနဲ့ ဖန်တီးမှုတွေက အဆုံးအစမဲ့ ဖြစ်လာလေလေပါပဲ။ ဘာလို့လဲဆိုတော့ အရင်က လေ့လာခဲ့တဲ့ Programming တွေ၊ Three.js လို ဟာတွေ၊ GLSL လို Deep Programming တွေက Game Engine တွေမှာ ပြန်ပြီး ကောင်းကောင်း အသုံးချလို့ ရနေတာမျိုးပါ။ ဒါ့အပြင် လက်ရှိလေ့လာနေတဲ့ Cinematography ကနေရတဲ့ Composition, Color နဲ့ Music ကို ခံစားနားလည်နိုင်စွမ်းတွေက Product Showreels တွေ၊ Gameplay နဲ့ Game Trailer တွေ ဖန်တီးရာမှာ တိုက်ရိုက် အသုံးဝင်လာပါတယ်။ React Three Fiber မှာဆို DaVinci Resolve ကနေ ထုတ်ထားတဲ့ LUTs တွေကိုပါ တိုက်ရိုက် သုံးလို့ရလာတာမျိုး၊ AR/VR ဆိုလည်း Game Engine တွေကိုပါ သိထားမှ ပိုအဆင်ပြေလာတာမျိုးတွေပေါ့။
အချုပ်အားဖြင့် ပြောရရင်တော့၊ ကျွန်တော်တို့ သွားမယ့် လမ်းကြောင်းပေါ် မူတည်ပြီး လေ့လာစရာတွေက အရမ်းများပါတယ်။ ဒါပေမယ့် အဓိကအချက်ကတော့ "ကိုယ့်ကိုယ်ကိုယ် ရှာတွေ့ဖို့" က အရေးအကြီးဆုံးပဲလို့ ထင်ပါတယ်။ ကိုယ်တကယ် Passion ရှိတဲ့ အရာကို တွေ့မှသာ၊ ဆက်စပ်ပြီး လေ့လာနိုင်မယ်၊ ပေါင်းစပ်ဖန်တီးဖို့ အတွေးအမြင်သစ်တွေ ရလာမှာမို့လို့ပါ။
ဘာလို့လဲဆိုတော့ ဘယ်လိုအရာကိုပဲ ဖန်တီးဖန်တီး၊ ကိုယ်တိုင်ဆီကပဲ ရနိုင်တဲ့ Unique ဖြစ်တဲ့ Taste တစ်ခု ပါဝင်နေမှသာ ကျွန်တော်တို့ရဲ့ "အနုပညာနဲ့ နည်းပညာ ပေါင်းစပ်ခြင်းရဲ့ ရသ" ကို ပရိသတ်ဆီ အပြည့်အဝ ပေးစွမ်းနိုင်မှာ ဖြစ်လို့ပါပဲ။