Sai Moon's Design

Sai Moon's Design Creative Design Blog by Sai Moon (Founder of Bixel, Typeface Designer at One Type). Join Our Sub Reddit Channel : www.reddit.com/r/logodesign_myanmar/

Kamen Rider Zeztz - 仮面ライダーゼッツ Myanmarize Titleခါမန်းရိုက်ဒါ ဇက်ဇု ရဲ့ ပထမဆုံး Trailer ကတော့ ဒီနေ့ မနက် Asahi TV ရဲ့ Supe...
06/07/2025

Kamen Rider Zeztz - 仮面ライダーゼッツ Myanmarize Title

ခါမန်းရိုက်ဒါ ဇက်ဇု ရဲ့ ပထမဆုံး Trailer ကတော့ ဒီနေ့ မနက် Asahi TV ရဲ့ Super Hero Time နဲ့အတူ Official TOEI Tokusatsu YouTube Channel တွေမှာပါ တပြိုင်နက်တည်းလွှင့်ခဲ့ပါတယ်။

Kamen Rider Zeztz ကိုတော့ Japan အသံထွက်နဲ့ စာလုံးအတိုင်း Kamen Rider Zetsu - ဇက်ဇု အဖြစ်ဘာသာပြန်ထားပါတယ်။

#မြန်မာ

"လူငယ်လေး"2021 January လပိုင်း Covid ကာလတုန်းက ဒီ Album လေး လုပ်နေတာ Design ကိစ္စတွေကို ကျနော်နဲ့လုပ်ဖြစ်မယ်ဆိုပြီး တက္က...
05/07/2025

"လူငယ်လေး"

2021 January လပိုင်း Covid ကာလတုန်းက ဒီ Album လေး လုပ်နေတာ Design ကိစ္စတွေကို ကျနော်နဲ့လုပ်ဖြစ်မယ်ဆိုပြီး တက္ကသိုလ် ကျောင်းနေဘက်သူငယ်ချင်း A Moe နဲ့ ဆွေးနွေးခဲ့ကြတာပါ။

ဒါပေမယ့် February လမှာ အာဏာသိမ်းကိစ္စဖြစ်သွားတာတွေ နိုင်ငံရေး အခင်းအကျင်းတွေကြားမှာ သူငယ်ချင်းတွေ မဆုံဖြစ်ကြတော့ဘဲ ဒီ Album လေးကို A Moe လဲ ဆက်မလုပ်ဖြစ်သေးတာရယ် ကျနော်လဲ ကိုယ်ရေးကိုယ်တာတွေရော မီးမမှန်တာတွေရောနဲ့ အဆက်အသွယ်ပြတ်သွားကြတယ်ပေါ့လေ။

ပြီးခဲ့တဲ့ 2025 March လထဲ ထိုင်းမှာ ပြန်ဆုံဖြစ်ကြရင်း သူ့သီချင်းတွေ Mixing အကုန်ပြီးပြီဖြစ်တာရယ် မွေးနေ့မတိုင်ခင် Design ပြီးရင်ရတယ်ဆိုတာတွေနဲ့ပဲ အလုပ်စအပ်တယ်ပေါ့လေ။

ကျနော်လဲ နေရာသစ်ကိုပြောင်းခါစဖြစ်နေတာရယ် အဆင်မပြေတာတွေတစ်ခုပြီးတစ်ခုဖြစ်နေတာရယ်တွေကြောင့် June လကုန်မှပြီး Design ကို အပြီးသတ်ပေးနိုင်တယ်။ ဒါတောင် Lyric Book Design ကျန်နေသေးတယ်။

Album ထဲက သီချင်းတွေကို ၁၀ ရက်လောက်နားထောင်ဖြစ်ရင်းကနေ Album Title ကိုက "လူငယ်လေး" ဆိုတဲ့အတိုင်း တက်လမ်းတွေ အများကြီးရှိနေတဲ့ လှေကားထစ်တွေဟာ အခိုးအငွေ့တွေလိုပဲ သေချာမမြင်ကြရတဲ့ အနာဂတ်ကို ရည်ညွှန်းပြီး Design Concept ကိုစထိုင်ဖြစ်ခဲ့ပါတယ်။

Title Design ကတော့ ဒါက ဒုတိယ Option ပါ။ လူငယ်လေးတွေရဲ့ လောင်မြိုက်လို့ကောင်းနေဆဲ Youth Energy တွေကို ဖော်ပြချင်တာကြောင့် အပေါ်ကို ညွှန့်တက်သွားတဲ့ ပုံစံလေးကို အဓိကထားပြီး ရေးဖြစ်ထားပါတယ်။

သူငယ်ချင်းကြီး A Moe တစ်ယောက်ရဲ့ သီချင်းကောင်းလေးတွေ အောင်မြင်ပါစေလို့ဆုတောင်းရင်း မိတ်ဆွေတို့လဲ အားပေးချင်တယ်ဆိုရင် Apple Music, iTunes, YouTube Music, Spotify, Joox နဲ့ TikTok တို့မှာပါ အားပေးလို့ရပါပြီတဲ့ခင်ဗျာ။

K-Pop Demon Hunters - Movie Myanmarize TitleNetflix ကနေ ထုတ်လွှင့်လိုက်တဲ့ K-Pop Demon Hunters ကို ကြည့်ပြီးကြပြီလားဗျ။ ...
21/06/2025

K-Pop Demon Hunters - Movie Myanmarize Title

Netflix ကနေ ထုတ်လွှင့်လိုက်တဲ့ K-Pop Demon Hunters ကို ကြည့်ပြီးကြပြီလားဗျ။ အရမ်းမိမိုက်တဲ့ Animation Style နဲ့ လုံးဝ K-Pop အထာ Visual အလန်းတွေအပြင် K-pop သီချင်းပေါင်းများစွာကိုပါ နားထောင်ရင်း ကြည့်ရတာမို့လို့ ရှယ်ပါပဲ။

Sony Animation ကနေ ထွက်လာတဲ့ Animation Movie ဖြစ်သလို Rise of the Guardians (2012) ကို အတူတူတွဲ Direct လုပ်ခဲ့ကြတဲ့ Maggie Kang နဲ့ Chris Appelhans တို့ရဲ့ ပေါင်းစပ်လက်ရာဖြစ်ပြီး Chris Appelhans ဟာ နာမည်ကြီး Coraline (2009) နဲ့ ချစ်စရာ Wish Dragon (2021) တို့ကို Directing လုပ်ခဲ့သူလဲဖြစ်ပါတယ်။

နာမည်ကြီး K-Pop Idol TWICE တို့ EXO တို့ရဲ့ သီချင်းတွေ အပြင် တခြားများစွာသော K-Pop Song တွေနဲ့ K-Pop Culture တွေကို Action တွေအပြည့်နဲ့ ကြည့်ရတာဆိုတော့ အတော်လေး သဘောကျစရာကောင်းတဲ့ Animation Movie တစ်ခုပါပဲ။ ဒီတစ်ခေါက် Title လေးကတော့ "ကေပေါ့ပ် မကောင်းဆိုးဝါး နှိမ်နင်းသူများ" ဆိုပြီး စာလုံးလေးတွေ အရမ်းများသွားတာမို့လို့ မူရင်း Vibe လေးမပျောက်အောင် သေချာလေး ပြန်ဆွဲထားပါတယ်။

#မြန်မာ ゚viralシ

The Alters - Game Myanmarize TitleThe Alters ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Release လုပ်ထားတဲ့ Game လေးတစ်ခုပါ။ ပျက်စီးတော့မ...
20/06/2025

The Alters - Game Myanmarize Title

The Alters ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Release လုပ်ထားတဲ့ Game လေးတစ်ခုပါ။ ပျက်စီးတော့မယ့် နေ ၃ စင်း စကြာဝဠာထဲက ဂြိုဟ်တစ်ခုပေါ် ပျက်ကျခဲ့တဲ့ ယာဉ်ပျံကနေ တစ်ဦးထဲ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ Jan Dolski ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ ကစားရမှာပါ။ Alters ဆိုတဲ့အတိုင်း Jan ဟာ သူ့ဘဝတွေကို အပြောင်းအလဲဖြစ်စေတဲ့ အကွေ့အကောက်မှတ်ဉာဏ်တွေကို ဘဝကွဲအဖြစ် ပြင်ဆင်ပြီး သူ့ရဲ့ ဘဝကွဲကိုယ်ပွားတွေကို ဖန်တီးရင်း ဒီဂြိုဟ်ပေါ်ကနေ အသက်ရှင်လွတ်မြောက်ဖို့ ကြိုးစားရမှာပါ။

ဒီ Game မှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ Alternate Timeline တွေခွဲလိုက်တာမဟုတ်ဘဲ ဘဝထဲက အရေးကြီးဆုံးဖြတ်မှုတွေကနေ ဘဝတွေ ကွဲပြားသွားတာကို Quantum Computer နဲ့ မှတ်ဉာဏ်ကို ပြင်ဆင်ပြီး ကိုယ်ပွား Clone တွေကို မွေးထုတ်တာမျိုးပါ။ Survival Game ဖြစ်ပေမယ့် Alters တွေရဲ့ ဘဝအကြောင်းတွေ အချိုးအကွေ့တွေကနေ ဖြစ်သွားတာမျိုးကိုပါ ဖတ်ရ ကြည့်ရတဲ့အတွက် အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ Game လေးပါပဲ။

The Alters ကိုတော့ ကျနော် 'ဘဝကွဲများ' လို့ ဘာသာပြန်ပြီး မလုပ်ဖြစ်တာကြာပြီဖြစ်တဲ့ Game အတွက် Myanmarize Title လေးဖန်တီးဖြစ်ခဲ့ပါတယ်။

#မြန်မာ ゚viralシ

၈၀ - Vector Portrait
17/06/2025

၈၀ - Vector Portrait

13/06/2025

Apple ရဲ့ Liquid Glass လေးကို Photoshop ထဲမှာ ဖန်တီးကြမယ်။
အမြန်ဆုံး အလွယ်ဆုံး Apple Liquid Glass ကို အတူတူလုပ်ကြည့်ကြရအောင်...

P.S. အခု Video ထဲမှာ အသုံးပြုထားမိတဲ့ Photo အတွက် Grand Mercure Hotel ကို Credit ပေးပါတယ်ခင်ဗျာ

Sai Moon

TRON Ares - Movie Myanmarize Titleငယ်ငယ်တုန်းက Arcade Game ဖြစ်တဲ့ ဆိုင်ကယ်နောက်မီးအလင်းတန်းနဲ့ ပြိုင်ဘက်ဆိုင်ကယ်ကို လို...
12/06/2025

TRON Ares - Movie Myanmarize Title

ငယ်ငယ်တုန်းက Arcade Game ဖြစ်တဲ့ ဆိုင်ကယ်နောက်မီးအလင်းတန်းနဲ့ ပြိုင်ဘက်ဆိုင်ကယ်ကို လိုက်ပိတ်ပြီး ဖျက်စီးရတဲ့ Game လေးကို ရုပ်ရှင်အဖြစ် ထပ်ပြီး မြင်ရပြန်ပါပြီ။ ရှေ့ Movie တွေဖြစ်တဲ့ TRON, TRON : Legacy တွေမှာတုန်းကတော့ Digital World ထဲကို ဆွဲငင်ခံရပြီး Virtual Digital World ထဲက AI Being တွေရဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရင်း အမိုက်စား Futuristic Style Suit တွေ Weapon တွေ Bike တွေကို ကြည့်ရှုခဲ့ကြရတာပါ။
ဒီတခါမှာတော့ Digital World ထဲကနေ Ares ဆိုတဲ့ Program က Real World ကိုရောက်လာပြီး AI Being တွေနဲ့ လူသားတွေကြားထဲက အမိုက်စား Action တွေကို ကြည့်ကြရမှာပါ။

#မြန်မာ ゚viralシ

Apple WWDC 2025 ရဲ့ မင်းသားကြီးဖြစ်တဲ့ Liquid Glass အကြောင်း ပေါ့ပေါ့ပါးပါး ပြောကြရအောင်ကျနော်ကတော့ User တစ်ယောက်အနေနဲ့ရ...
10/06/2025

Apple WWDC 2025 ရဲ့ မင်းသားကြီးဖြစ်တဲ့ Liquid Glass အကြောင်း ပေါ့ပေါ့ပါးပါး ပြောကြရအောင်

ကျနော်ကတော့ User တစ်ယောက်အနေနဲ့ရော Designer တစ်ယောက်အနေနဲ့ပါ ကျနော့်အမြင်လေးတချို့ကို ပုံတစ်ပုံချင်းစီမှာ တိုတိုထွာထွာလေး လေဖန်ထားပါတယ်ခင်ဗျ

iOS 7 မှာ UI အပြောင်းအလဲကြီး လုပ်ခဲ့ပြီးနောက် ဆယ်စုနှစ် တစ်ခုကျော်လာတဲ့နောက် Apple က OS တွေကို UI အပြောင်းအလဲ အကြီးမားဆုံးလုပ်ဖြစ်တာလဲဖြစ်ပါတယ်။ ဒါ့အပြင် Release Year နဲ့တိုက်ပြီး OS တွေကို 26 လို့ပြောင်းလဲခေါ်ဝေါ်ထားပါသေးတယ်

The Fantastic Four - First Steps Regional PostersThe Fantastic Four - First Steps Movie အတွက် Regional Poster ထပ်လုပ်ဖြစ...
09/06/2025

The Fantastic Four - First Steps Regional Posters

The Fantastic Four - First Steps Movie အတွက် Regional Poster ထပ်လုပ်ဖြစ်တာလေးတွေပါ။

Poster 01 မှာတော့ Vintage Silhouette Style ဖြစ်တာမို့ Myanmar Regional Poster မှန်းသိသာစေချင်တာကြောင့် ရန်ကုန်မှာရှိတဲ့ အထင်ကရ အဆောက်အဦ/ Landmark တွေနဲ့ ရွှေတိဂုံစေတီ Silhouette ထည့်ဆွဲဖြစ်ပါတယ်။

Poster 02 ကတော့ နာမည်တွေကို Pin Badge အဖြစ်ပြထားတာမို့လို့ မူရင်းအရသာအတိုင်းပဲ ပြန်ဆွဲထားပါတယ်။

Fantasidecar ကတော့ ရှေ့ရက်ကတင်ထားပြီးသားမို့လို့ ထည့်မပြောတော့ပါဘူးခင်ဗျ

ဒီတစ်ခေါက်မှာ ဖုန်း Wallpaper အဖြစ်အသုံးပြုလို့ရအောင် Comment မှာ Wallpaper Download ရယူနိုင်မယ့် Link လေးရှိပါတယ်ခင်ဗျ

#မြန်မာ

The Fantastic Four - First Steps Regional Poster - UnofficialMeet the Fantasidecar!The Fantastic Four ရုပ်ရှင် ရုံတင်ဖို...
08/06/2025

The Fantastic Four - First Steps Regional Poster - Unofficial

Meet the Fantasidecar!

The Fantastic Four ရုပ်ရှင် ရုံတင်ဖို့ ၁ လခွဲလောက် လိုသေးပေမယ့် International မှာ Regional Poster တွေ စထွက်နေတာမို့လို့ ကျနော်လဲ Regional Poster လေးတွေ စပြီးဆွဲဖို့ စိတ်ကူးဖြစ်သွားပါတယ်။

ဒီ Poster မှာတော့ Reed Richards သာ Myanmar မှာ သူတို့စီးမယ့် Retro Futuristic စီးတော်ယာဉ် ဖန်တီးဖြစ်မယ်ဆိုရင် ဆိုက်ကားကို မိုးပေါ်ပျံနိုင်စေမယ့်ဟာမျိုး ဖန်တီးလောက်ရဲ့ဆိုပြီး Fantasidecar (ဖန်တာဆိုက်ကား) အံ့ဖွယ်ဆိုက်ကားကို ဖန်တီးဖြစ်ခဲ့ပါတယ်။

ဒီ Poster မှာ Real World ဆိုက်ကားနဲ့ AI Generated Parts တွေကိုပေါင်းစပ်ထားပြီး Photoshop နဲ့ Adjusted & Retouched လုပ်ထားပါတယ်။

#မြန်မာ

PreAmp. - Amplify your songs!ကျောင်းနေဘက် မိတ်ဆွေသူငယ်ချင်းက သူ့ရဲ့ Extended Music Streaming Business တစ်ခုအတွက် Logo လာ...
06/06/2025

PreAmp. - Amplify your songs!

ကျောင်းနေဘက် မိတ်ဆွေသူငယ်ချင်းက သူ့ရဲ့ Extended Music Streaming Business တစ်ခုအတွက် Logo လာအပ်လို့ ဆွဲပေးဖြစ်တာလေးပါ။

PreAmp. ဆိုတာ သီချင်းအသစ်/Album အသစ် ထွက်တော့မယ့် အဆိုတော်တွေအတွက် Spotify တို့ YouTube တို့လိုနေရာတွေမှာ Release မလုပ်ခင် ပရိတ်သတ်တွေ အရင်ဆုံးနားထောင်ဖို့ လုပ်ထားတဲ့ Music Player လေးတစ်ခုပါ။ Digital Album Access Code ကိုဝယ်ယူပြီး Pre Release Album / Song တွေကို ဦးဦးဖျားဖျားနားဆင်လို့ရမယ့် Music Player Platform တစ်ခုဖြစ်တဲ့ PreAmp. အတွက်ကို Unique Wordmark အဖြစ် ကျနော်ကိုယ်တိုင် ဖန်တီးဖြစ်တဲ့ Typeface အသစ် ၂ ခုကိုပေါင်းစပ်ဖန်တီးပေးဖြစ်ခဲ့ပါတယ်။

Music PreAmp Equipment တွေရဲ့ Concept ဖြစ်တဲ့ Audio Wave ကို Bold & Clear ပိုဖြစ်အောင် ပြုပြင်ပေးတာကို Concept ယူပြီး Pre ကို ပါးတဲ့ Type Style နဲ့ Amp ကို ထူပြီးထင်ရှားတဲ့ Type Style ပေါင်းစပ်ဖန်တီးဖြစ်ခဲ့ပါတယ်။

Audio Recording တို့ရဲ့ သင်္ကေတ အသံသွင်းနေချိန် Red Light Blink လေးကို (.) Full Stop အနေနဲ့ ထပ်ပြီး ပေါင်းစပ်ထားပါတယ်။

ဒီ Page ကနေ Logo/ Brand Identity Project တွေ မတင်ဖြစ်ခဲ့တာ နည်းနည်းကြာသွားပြီဖြစ်တာမို့လို့ အလုပ်တွေ လက်ခံနေပါတယ်ဆိုတဲ့အကြောင်း ဒီ Brand Identity လေးနဲ့ ကြော်ငြာလေးဝင်ပါရစေခင်ဗျာ

住所

Nakano-ku, Tokyo

電話番号

+959456030321

ウェブサイト

https://www.behance.net/saimoondesign

アラート

Sai Moon's Designがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Sai Moon's Designにメッセージを送信:

共有する