07/06/2024
🙉ထိုင်းနိုင်ငံမှ မျောက်ဘူဖေးပွဲတော်🙉
ကြားရတာနဲ့တင် စိတ်ဝင်စားစရာပါပဲနော်။
ထိုင်းနိုင်ငံ lopburi မှာ နေထိုင်တဲ့ မျောက်ဝံအမြောက်အများ ကို ဂုဏ်ပြုတဲ့အနေနဲ့
နှစ်စဥ် နှစ်တိုင်း ဇိမ်ခံပွဲ တစ်ခုကို ကျင်းပ. ပြုလုပ်ခဲ့ကြပါတယ်
အဲ့ပွဲတော်ကြီးဟာ ထိုင်းနိုင်ငံ ရဲ့ စိတ်ဝင်စား စရာကောင်းတဲ့ ယဥ်ကျေးမှုကို ပြသပေးပီး ကံကောင်းခြင်းတွေ ကို သယ်ဆောင်လာပေးတဲ့ မျောက်တေကို ကျေးဇူးတင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်
အဲ့ဒီ မျောက်ဘူဖေး ပွဲတော်ကြီးကို လူအများအပြားက နှစ်သက်ကြပီး ခရီးသွားပြည်သူတွေက နိုဝင်ဘာလ ရဲ့ နောက်ဆုံးအပတ် တနဂ်နွေ နေ့မှာ အခုလို အံ့မခန်း ဖြစ်ရပ်ကြီးကို တွေ့မြင်နိုင်ဖို့အတွက် မြို့တွင်းသို့ လာကြပါတယ်
နှစ်စဥ်နှစ်တိုင်း မှာ ပွဲတော်ကို မျောက်ဝတ်စုံ
ဝတ်ဆင်ထားတဲ့ အကသမားများက ကပြပီး ဖွင့်ပွဲ အခမ်းအနား ကို စ တင်ခဲ့ကြပါတယ်
မျောက်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အထူးဧညိ့သည်တွေ ရောက်လာကြတဲ့ အခါမှာတော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို အလှဆင်ထားကာ စားပွဲပေါ်မှာ ဖုံးအုပ်ထားတဲ့ စာရွက်တွေကို ဖယ်ရှားပစ်လိုက်ပါတယ်
မျောက်တွေက စားပွဲများကို ဖြတ်ကျော်ကာ ခုန်ဆင်းပီး နှစ်တန် လောက်များပြားလှတဲ့ သစ်သီးဝလံ ပိရမစ်ကြီးပေါ် တက်ပြီး စားသုံးတာဟာ မြင်ရသူတွေအဖို့ ပျော်စရာ ကောင်းလှပါတယ်လို့ ဆိုပါတယ်
ဒါကြောင့်လည်း ထိုင်းနိုင်ငံရဲ့ ဒီပွဲတော်ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ထူးဆန်းလှသော ဓလေ့ထုံးစံများထဲမှ တစ်ခု အပါအဝင် ဖြစ်နေပါတော့တယ်